Home / Ghost Stoey / ခေါင်းပြတ်တောင်စောင့်မဖဲဝါ(စ-ဆုံး)

ခေါင်းပြတ်တောင်စောင့်မဖဲဝါ(စ-ဆုံး)

ခေါင်းပြတ်တောင်စောင့်မဖဲဝါ(စ-ဆုံး)

ရေးသားသူ…တာတေ

“အရီး ရေ အရီး ဟ တာတေ အရီးရော ကွ” ကျုပ်ကအိမ်ရှေ့က မန်းကျည်းပင်အောက်ကကွစ်ပျစ်ပေါ် မှာနှီးထိုးဖို့လုပ်နေတာဗျ။ကျုပ်တို့အညာမှာ ကဘာပဲချည်ချည်နှီး နဲ့ပဲလေ စကော ဇကာရက်လည်းနှီးနဲ့ပဲလေ။ ကိုကြီးစိန်သောင်းကကျုပ်ကိုရယ်ပြပီး ဝိုင်းထဲဝင်လာတယ်။ကိုကြီးစိန်သောင်းကအလုပ်ကလည်းလွှတ်လု ပ်တဲ့လူဗျ အားသွားရင်လည်းအညိမ်နေတဲ့လူမဟုတ်ဘူး။တောထဲတောင်ထဲ သွားပီး သစ်ခုတ်ဝါးခုတ်တယ်။ကြက်ထောင်တယ်။ ယုန်ထောင်တယ်။တောဝက်ဘိထောင်တယ်။ဘိဆိုတာထောင်ခြောက်ကိုပြောတာဗျ ကိုကြီးစိန်သောင်းက ကျုပ်အမေနဲ့အဘကို လွှတ် ခင်တာဗျမကြာမကြာအိမ်လာလည်တယ်။ “တာတေတိုကတော့ တယ်လည်း အလုပ်လုပ်တာကိုကွအငြိမ်နေတယ်လို့ကိုမရှိဘူး ဒါကြောင့်လည်းထနောင်းကုန်းတင်မကဘူး ဘန့်ဘွေးကုန်ကအပျိုတွေပါ မင်းကိုလွှတ်သဘောကျနေကျတာ”ကိုကြီးစိန်သောင်းကကျုပ်ကိုစတာဗျို့။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

“ကိုကြီးစိန်သောင်းရယ်တော်စန်းပါဗျာမဟုတ်က ဟုတ်ကတွေ” ဘာမဟုတ်ရမှာတုန်းကွ တချို့အပျိုတွေကပြောသေး ဗျ တာတေကဘန့်ဘွေးကုန်းက စုန်းမလှယဉ်တစ်ယောက်ပဲ မိန်းမလို့ထင်တာနဲ့တူတယ် တခြားအပျိုတွေကို တစ်ချက်တောင်မကြည့်ဘူးတဲ့ဗျာ။ဟုတ်လည်းဟုတ်တာပဲတာတေရဲ့ငါလည်းမင်းကိုသတိထားမိတယ် ဘန်ဘွေးကုန်းဘိုးအောင်စိန်ကြီးသမီး လှယဉ်ကလေး သေသွားကတည်းက မုဆိုးဖိုကြီးလိုဖြစ်သွားတော့တာပဲကွာ၊ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားတော့ဘူး”ကပျ်ုစိတ်ထဲမှာ လှယဉ် ကအမြဲတမ်းရှိ နေတာဗျကိုကြီးစိန်သောင်းရဲ့”ကျုပ်ကကျုပ်ရင်ထဲရှိတဲ့အတိုင်းပြောလိုက်တာပါဗျာ ကိုကြီးစိန်သောင်းကမျက်နှာ ပျက်သွားရောဗျ ကျုပ်ပြောလိုက်တာကိုစိတ်မကောင်းဖြစ်သွားပုံပဲ။

ငါကစတာပါကွာ စိတ်မကောင်းမဖြစ်ပါနဲ့ငါအရီးကိုမျှစ်တွေလာပို့တာကွဘယ်ကမျှစ်တွေတုန်းဗျ ကျုပ်တောင်တောင်ပေါ်တက်ပီး မျှစ်ချိုးမလား လို့တွေးနေတာဗျ။ဒါကဒီနားတင်ချိုးလာတဲ့မျှစ်တွေပါကွာ ခါတောင်တိုကြက်မရုမ်းတို့ဘက်ကချိုးလာတဲ့မျှစ်တွေကွ သိပ်မကောင်းလှပါဘူး ခေါင်းပြတ်တောင်က မျှစ်တွေကကောငိးတာကွ။” ဗျာ ခေါင်းပြတ်တောင်ဟုတ်လား ကိုကြီးစိန်သောင်း” “အေးလေကွာ ခေါင်းပြတ်တောင်မှာကဒီချိန်ဆိုမျှစ်တွေလွှတ်ပေါပီလေကွာမျှစ်ပေါတော့ တောဝက်တွေ လာတယ်ငါတောင်မျှစ်ချိုးရင်းတောဝက်သွားထောင်မလားလို့” နို့ လူတွေပြောတော့ခေါင်းပြတ်တောင်မှာ ခေါင်း ပြတ်သရဲကြီး ရှိတယ်ဆို” ဒါတော့ငါမသိဘူးတာတေ ခေါင်းပြတ်တောင်မှာအုတ်ဂူကြီးတစ်လုံးရှိတာတော့ငါသိတယ်ဘယ်တုန်းကဘယ်သူသေလို့မြုပ်ထားတယ်တော့ငါမသိဘူးကွ” ဗျာဟုတ်လားကိုကြီးစိန်သောင်း” အေးလေကွာ အုပ်ဂူကြီးမှအကြီးကြီးအချွန်အတက်တွေနဲ့လုပ်ထားတာကွ ငါ့စိတ်ထဲထင်တာတော့ရှေးခေတ်တုန်းကဘုရင်တွေမင်းညီမင်းသားတွေသေလို့မြုပ်ထားတာထင်တယ်ကွ ကိုကြီးစိန်သောင်းသွားတော့တခါမှခြောက်တာလှန့်တာမခံရဘူးလား” ဟာမခံရပါဘူးကွာ”ငါကတောထဲရောက်ရာက်ရင်တောပိုင်တောင်ပိုင်တွေကိုတင်ဟယ်မြှောက်ဟယ် လုပ်အမဲလိုက်ခွင့် သားကောင်ထောင်ခွင့်တောင်းပီးတော့မှ, လုပ်စရာရှိတာလုပ်တာကွဒါကြောင့်လားမသိဘူးတခါမှတော့တခါမှခြောတာလှန့် တာမခံရပါဘူးကွာ။

ကိုကြီးစိန်သောင်းပြောတာနဲ့ကျုပ်တောင်ခေါင်းပြတ်တောင်ကိုစိတ်ဝင်စား လာ ပီးကိုကြီးစိန်သောင်းသွားရင်ကျုပ်ပါခေါ်ဗျာကျုပ်လည်းလိုက်မယ်‎ဟာ ကောင်းတာပေါ့ကွာနောက်နှစ်ရက်သုံးရက်ဆိုငါသွားမယ် မင်းအဆင်သင့် ပြင်ထားငါအရီးကိုမျှစ်တွေသွားပေးလိုက်ဦးမယ်။‎သုံးရက်မြောက်နေ့မှာတော့ကိုကြီးစိန်သောင်းနဲ့ ကျုပ်ခေါင်းပြတ်တောင်ကိုလိုက်ခဲ့တယ်။ တစ်တောလုံးကတော့စိမ်းလို့ဗျို့ဝါးရွက်တွေလေတိုးသံကလည်းတစ္ဆေတွေစကားပြောနေသလိုပဲဗျာ ဝါးပင်တွေပွတ်တဲ့အသံကလည်းသရဲတွေတကျိကျိနဲ့သွားချင်ပွတ်နေသလားထင်ရ တယ်။‎ခေါင်းပြတ်တောင်ဆိုတဲ့နမည်ကြီးကခြောက်နေတာလားတော့မပြောတတ်ဘူး စိတ်ထဲတော့ တစ်မျိုးပဲ။ကိုကြီးစိန်သောင်းပြောတာဟုတ်လိုက်တာဗျာမျှစ်တွေမှကောင်းလိုက်တာ။, ကိုကြီးစိန်သောင်းနဲ့ကျုပ်မျှစ်တွေချိုး ကြတာဗျို့ မျှစ်တွေဂုန်နီအိပ်နှစ်လုံးလောက်ရတော့မှ ဒညင်းသီးတွေဆွတ်ကျတာ ဒညင်းသီးတွေဂုန်နီအိပ်တစ်လုံးလာက်ရတော့မှိုကျင်းတွေလို့တစ်တင်းသားလောက်ရလိုက်သေးတယ်ဗျ။ကျုပ်လည်းခူးထားတဲ့အိပ်တွေကိုစည်းပီးတော့မှိုအိပ်ကတော့စည်းလို့မဖြစ်ဘူးဗျ မှိုတွေရိကုန်မှာဆိုးလို့အားလုံးပီးတော့။‎

“ကိုကြီးစိန်သောင်းကတာတေ မင်းနေခဲ့ဦးငါတောဝက်ထောင်လို့ကောင်းတဲ့နေရာသွားကြည့်လိုက်ဦးမယ် ကျုပ်ကတော့လွယ်အိပ်ကလေးထဲကနဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ထုပ်ပီး ဓမုဖြူဒေါ်ရီ မီခတ်ကလေးခတ်ပီးမီးညှိလိုက်တယ် ကိုကြီးစိန်သောင်းကတော်တော်လေးတော့ကြာသားဗျနေဝင်တော့မယ် ဒီတော့မှပြန်လာတယ်။” “တာတေမင်းပျင်းနေပီလား”‎ ပျင်းပါဘူးဗျာ နို့ကိုကြီးစိန်သောင်းယူသွားတဲ့ပစ္စည်းတွေရော အေးငါနေရာလိုက်ကြည့်ရင်းနေရာကောင်းတွေ့တာနဲ့ တခါထဲ ထောင်ခဲ့လိုက်ပီ။ဝက်ကိုဘိထောင်ခဲ့တယ်။တောကြက်တွေကိုသုတ်ကိုင်းထောင်ခဲ့တယ်။‎”ဘယ်နားမှာထောင်ခဲ့တာတုန်းဗျ ကိုကြီးစိန်သောင်းရဲ့”‎တောဝက်ဘိကတော့အုပ်ဂူကြီးနားမှာကွ တောကြက်ကတော့နည်းနည်းလှမ်းတယ်ကွ‎”ဗျာ အုပ်ဂူကြီးဟုတ်လား”‎”အဲ့ဒီဂုပ်ဂူကြီးကဘယ်နားမှာတုန်းဗျ”‎ဒီမြောက်ဘက်မှာကွမင်းကြည့်ချင်လို့လား အခုအဲ့ဘက်သွားမှာ ညအိပ်ဖို့သစ်ပင်လည်းငါရွေးပီးပီအုပ်ဂူကြီးနားမှာပဲ စားသောက်ပီးတာနဲ့တက်အိပ်ရုံပဲ ကဲမိုးမချုပ်ခင်သွားကျမယ် “နို့အိပ်တွေ သယ်ခဲ့ရမှာလားဗျ ကိုကြီးစိန်သောင်းရ “ဟာ တာတေကလည်းမင်းအိပ်တွေ ဘယ်သူကယူမှာတုန်းကွ တောင်ပေါ်ကဆင်းမှ လာသယ်ကျတာပေါ့ ကွ”ကျုပ်နဲ့ ကိုကြီးစိန်သောင်း မြောက်ဘက်ကိုထွက်လာခဲ့တယ် သိပ်မသွားရပါဘူးအုပ်ဂူကြီးတွေ့တော့တာပဲဗျ”ဒါငါပြောတဲ့ အုပ်ဂူကြီးလေကွာ”ဟုတ်တယ်ဗျို့။

အုပ်ဂူကြီးကဆယ်ပေလောက်မြင့်တယ်ဗျ ဗျက်တင်သာမာန်အုပ်ဂူသုံးလုံးစာလောက် ရှိတယ် ဂူကြီးတစ်ခု လုံးမည်းနေတာဗျ ပါလာတဲ့ဓားမြောင်နဲ့ အုပ်ဂူရဲ့ခေါင်းရင်းခြစ်ကြည့်လိုက်တယ်။ ဟော စာလုံးတွေပေါ်လာပြီဗျို့ ဂူမှာ ရေးထားတဲ့စာလုံးတွေပေါ်လာပီ”ဘုရင်မင်းမြတ်ရဲ့. သစ္စာတော်ခံ လကျ်ာတပ်မှုး‎ မင်းနဂါး(ခေါ်) မင်းကြီးနာဂပံသု”ဒီထိတော့ဖတ်လို့ရတယ်ဗျ အောက်ကစာတန်းတွေကတော့ ပဲ့ကုန်ပီဗျဒီတောကြီးထဲဂူလုပ်ပီး သဂြိၤုလ်ခဲ့ပုံထောက်တော့ စစ်တိုက်ရင်းကျသွားလို့ဂူသွင်းပီးထားခဲ့တာ လို့ထင်မိတယ်ဗျ ။”ကဲ တာတေ မင်းသုတေသနပီးရင် ဒို့ညစာစားကျစို့ဟေ့”ကျုပ်တို့စားသောက်ပီးတော့ ဆေးလိပ်ကလေးဖွာပီး အလင်းရောင်ကလေးမပျောက်ခင် သစ်ပင်ပေါ်တက် ခဲ့ကျတယ်။ အဲ ကျုပ်ကတော့မတက်ခင်အပေါ့သွား အုံးမယ်ဆိုပီး ပါလာတဲ့မျက်ကွင်းဆေးကို ကွင်းလိုက်တယ်ဗျ။ကျုပ်တို့သစ်ပင်ပေါ်စရောက် တာနဲ့မိုးစချုပ်တာပဲ။ကျုပ်ရောကိုကြီးစိန်သောင်းရော အိပ်ပျော်သွားတာပေါ့။”ဝေါ… ဖလန်း.. ဖလန်း.. ဖလန်း”‎ကျုပ်လန့်နိုးသွားတယ် မျက်စိဖွင့်ကြည့်တော့လရောင်ရှိတယ်ဗျ‎ကျီးတွေပြိုတာဗျို့။ဝေါခနဲပျံတက်သွား ပီးသစ်ပင်တွေပေါ်မှာပျံနေတယ်။‎ ” အား.. အား.. အ… အ”‎ကျီးပြိုသံကြောင့်ကျုပ်နိုးသွားပေမယ့် ကိုကြီးစိန်သောင်းကတော့မနိုးဘူးဗျ သူအိပ်တဲ့သစ်ကိုင်း ကျုပ်အိပ်တဲ့သစ်ကိုင်းကတစ်ကိုင်း စီလေဗျာ သိပ်တော့မဝေးပါဘူး။‎

ခုမှသေချာကြည့်မိတာဗျ လရောင်က လကျ်ာတပ်မှုးကြီးမင်းနဂါးရဲ့အုပ်ဂူပေါ်တည့်တည့်ကျနေတာဗျ ကျုပ်အုပ်ဂူကြီးကိုကြည့်ပီး ကျောချမ်းလာတယ်ဗျ။‎” ဝုန်း… “‎ အမလေး”‎ကျုပ်ပါးစပ်ကယောင်ပီးအော်လိုက်တာဗျ။တော်သေးတာပေါ့အသံကသိပ်မကျယ်လို့ပေါ့ အသံကအုပ်ဂူကြီးနဲ့ငါးလံလောက်ကွာတဲ့ နေရာကလာတာဗျ။အဲ့ဒီနေရာမှာ ယောကျ်ားငါးဖက်စာလောက်ရှိတဲ့ ညောင်ပင်ကြီး ကျုပ်ညနေကတွေ့တယ်ဗျ၊‎”ဟာ”ညောင်ပင်ကြီးဘေးကမှောင်ရိပ်ထဲမှာ ရပ်နေတဲ့မြင်းကြီးဗျ။နည်းတဲ့မြင်းကြီးမဟုတ်ပါဘူးဗျာ။”ဟာ”‎မြင်းပေါ်မှာ လူ လူ ဟောထွက်လာပီ၊မှောင်ထဲကနေထွက်လာပီ ဟာ ခေါင်းပြတ်ကြီးဗျာ မြင်းနက်ကြီးပေါ်မှာစီးလာတဲ့ လူကအရပ်ဆယ်ပေလောက်ရှိမယ်ဗျ။, သူစီးထားတဲ့မြင်းကလည်း သာမာန်မြင်းတွေထက် နှစ်ဆလောက်ကြီးတဲ့မြင်းကြီးဗျ။‎ဟာ. ရှေ့ကိုထွက်လာပီဗျို့ ကျုပ်ကိုကြီးစိန်သောင်းကိုလှမ်းကြည့်တော့သူလည်းနိုးနေတယ်ဗျ။, ကျုပ်ကိုလှည့်ကြည့်နေတယ်ကျုပ်ကသူကိုပါးစပ်ပိတ်ထားဆိုပီးလက်နဲ့လုပ်ပြလိုက်တယ် သူဘာမှမြင်ပုံမရဘူးဗျ ကျုပ်ကသာမျက်ကွင်းဆေးကွင်းထားလို့ မြင်နေရတာဗျ။မြင်းကြီးကမင်း နဂါးအုပ်ဂူကိုပတ်ပီးသွား နေတာဗျို့ဟော ရပ်ပီဗျို့ ရပ်ပီ။အုပ်ဂူကြီးရဲ့ ခေါင်းရင်းဘက်မှာ မြင်းပေါ်ကခေါင်းပြတ်ကြီးကသေသေခြာခြာကြည့်နေတာဗျို။‎ဟာ.ဒုက္ခတော့ရောက်ပီထင်တယ်ဗျိုကျုပ် ညနေကချစ်ထားတဲ့ စာတွေကိုသေခြာကြည့်နေတာဗျ။

အုပ်ဂူမှာထွင်းထာတဲ့မင်းနဂါးဆိုတဲ့ စာလုံးလက်နဲ့ပွတ်ကြည်နေတာ ကျုပ်စိတ်ထင်တော့ ခေါင်းပြတ်ကြီးတခုခုကို,သတိရနေတဲ့ပုံပဲဗျ။‎တောက်.. ဖြန်း‎ခနနေတော့ခေါင်းပြတ်ကြွီး ထွက်သွားတယ် ကြည့်ရတာတော့တောင်အောက်ကိုဆင်းသွားတဲ့ပုံပဲဗျ။‎, ,တာတေ မင်းဘာမြင်လို့တုန်း” “ခေါင်းပြတ်သရဲ ကြီးဗျို့ ကိုကြီးစိန်သောင်းရ”‎ပြောပြောဆိုဆို ကိုကြီးစိန်သောင်းကမျက်လုံးကြီးပြူးပီ ကျုပ်နေတဲ့သစ်ကိုင်းဖက်ကူးလာပါလေရော။, ဒါပေမယ့်. နှစ်ယောက်စလုံး မအိပ်ရဲတော့ဘူးပေါ့ဗျာ,‎,ကိုကြီစိန်သောင်း ဘာသံကြားလို့နိုးလာတာတုန်း”‎”ငါနားထဲဝုန်းဆိုတဲ့အသံကြီးကြားလို့နိုလားတာကွ”‎နေပါဦး တာတေ ရမင်းကျမြင်ရပီးငါကျဘာလို့မမြင်ရတာတုန့်း ထူးထူးဆန်းဆန်းများမြင်ရမလား ဆိုပီးညနေကအပေါ့သွားမယ်ဆိုပီးမျက်ကွင်းဆေးကွင်းထားတာဗျ။‎ငါဒီတေငါ်ကိုလာဖူးပါတယ်တခါမှဒီလိုမကြုံဖူးပါဘူး။ငါ့အထင်တော့ညနေကမင်းအုပ်ဂူကိုသွာလို့းလားမှမသိတာ‎ဟာ ဗျာမဆိုင်ပါဘူးဗျာ ဒီညလဆန်း(၁၃) ရက်ညဗျဒီခေါင်းပြတ်သရဲကြီးလဆန်း(၁၃) ရက်ညဆိုထွက်နေကျထင်တယ်‎မင်းဘာတွေမြင် လိုက်ရလည်းတာတေ‎ခေါင်းပြတ်သရဲကြီးကဟိုညောင်ပင်ငကြီကထွက်လာတာဗျ အဲ့ဒါသူနေတဲ့ဗိမ္မာန်ထင်တယ်, ထွက်လာပီအုပ်ဂူကိုပတ်ကြည့်တယ်ပီးတော့ကျုပ်ညနေကခြစ်ထားတဲ့စာလုံးတွေကိုလက်နဲပွတ်ကြည့်ပီးတာ့မြင်းကိုဖြန်းခနဲ့ရိုက်ပီးတောင်အောက်ကိုဆင်း သွားတယ်ဗျဟ ဘာသံတုန်းကွ‎”ဒုန်း.. ဒုန်း.. ဒုန်း”ဒါ ဘာဖြစ်တာတုန်း တာတေမသိဘူးဗျ ကျောက်တုန်းကြီးလိမ့်ကျတဲ့်အသံထင်တယ်။

“ခွပ်.. ခွပ်.. ခွပ်”‎မြင်းခွာသံနီးလာပီဗျ။ဟောတွေ့ပီဗျို့။ဟော သူ့လက်ထဲကိုင်လာတဲ့အထုပ်ကိုမြှောက်ပီးကြည့်နေတာဗျ။‎ဟာ ခေါင်းပြတ်ကြီး ဗျ အထုပ်မှမဟုတ်တာ။‎”အမလေး ဘုရား ဘုရား”ကျုပ်တစ်ကိုလုံး ကြက်သီးတွေဖြန်းကနဲ့ဖြန်းကနဲ ထသွားတာဗျို့။သူဖြတ်လာတဲခေါင်းကြီးကိုကြည့်နေတာဗျ။သူ့မှာသာခေါင်းမရှိတာဘယ်လိုကြည့်ပီးဘယ်လိုမြင်တယ်တော့ကျုပ်လည်းမသိဘူးဘူးဗျ။”ဟား ဟား ဟား ဟား”‎ခေါင်းပြတ်သရဲကြီးကအားရပါးရအော်ရယ်နေတာဗျသူ့ကြည်ရတာတော်တော်အားရကျေနပ်နေတဲ့ပုံပဲ‎ဟာ သွားပီး သွားပီသူထွက်လဲာ့ညောင်ပင်ကြီးဆီကို တန်းပီးသွားနေတာဗျ‎”ဝုန်း”‎ဟာပျောက်သွားပီဗျို့ ခေါင်းပြတ်သရဲကြီးပျောက်သွားပီဗျို့။‎ ကိုကြီးစိန်သောင်းလည်းကြားလိုက်တဲ့ပုံပဲဗျ ဘုရား ဘုရားနဲ့ပါးစပ်ကဘုရားပဲတနေတော့တာဗျို့။‎တာတေ မင်းဘာမြင် လိုက်တုန်း‎ခေါင်းပြတ်ကြီး လက်ထဲမှာလူခေါင်းပြတ်ကြီးဆွဲလာတာဗျ‎”ဟေ ဒီသူရဲကြီး ကလူသတ်နိုင်သလားတာတေ ရ”‎ဪ ကိုကြီးစိန်သောင်း ကလည်းသတ်နိုင်လို့ပဲ လူခေါင်းကြီးဖြတ်ယူလာတာပေါ့ဘယ်ရွာကဘယ်သူ့ကို သတ်လိုက်တယ်ဆိုတာ မနက်ဖြန်တော့သိရမှာပေါ့ဗျာ။ ဟာတာတေ ကလည်းလူသတ်တာဖြစ်ချင်မှဖစ်မှာပေါ့ကွ သူတို့တို့အချင်းသတ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့ကွအင်း ဒါလည်း ဟုတ်တာဘဲဗျ “ဝုတ် ဝုတ် ဝုတ် ဝူး ဝူး အီ အီ”ဟာ ခွေး အူသံကြီးပါလားခွေး အူသံဟုတ်လား ငါလည်းမကြားရပါလားတာတေ “အသာငြိမ်နေအုံးကိုကြီးစိန်သောင်းရေ အဲ့ဒါမဖဲဝါ ရဲ့ခွေးသံကြီးဗျ မဖဲဝါနဲ့ ဒီခေါင်းပြတ်ကြီးဘယ်လိုပတ်သတ်နေလည်းမသိဘူးဗျ” ဟာ ဟုတ်ပါ့ဗျာ လရောင်အောက်မှာရပ်နေတာမဖဲဝါရဲ့ခွေးကြီးနကိကျော်ပေါ့ ဟော သူ့နောက်ကပါလာမဖဲဝါကြီးဗျို့။

ကျုပ်ကိုကြီးစိန်သောင်းကို စကားမပြောဖို့ အချက်ပြလို က်တယ်”ဝူး ဝူး အီ အီ”‎ဟော အရပ်ဆယ်ပေလောက်မြင့်တဲ့မဖဲဝါကြီးပေါ့ဗျာ။‎ဆံပင်ကြီးကဖလျားချလို့ မျက်လုံးကြီးနှစ်လုံးက နီရဲပီးလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးစာလောက်ရှိတယ် ထဘီရင်,လျားကြီးနဲ့ဗျ ။ဟော ဟော မင်းနဂါးအုပ်ဂူကြီးပေါ်ခုန်တက်သွား ပီဗျ နွားပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးကြီးကအုပ်ဂူကိုပတ်ပြေးနေတာဗျ မဖဲဝါက ညောင်ပင်ကြီးကိုစိုက်ကြည့်နေတာဗျ ကျုပ်စိတ်ထင် ကွမ်းတစ်ယာ ညပ်လောက်ကြာတော့, လာတဲ့လမ်းအတိုင်းပြန်သွားရောဗျ။‎ကျုပ်လည်း ကျုပ်မြင်တာတွေကိုကိုစိန်သောင်းကြီးကိုပြော ပြပီးတော့ခနအိပ်လိုက်ကျတယ်။ကျုပ်တို့နိုးတော့နေတောင်ထွက်နေပါပီဗျာ။ ဟာ သုတ်ကိုင်းမှာကြက်တွေသုံးကောငိတောင်မိတယ်ဗျို ဝက်ထောင်ထားတဲ့ဆီသွားတော့လည်းမိတယ်ဗျို့သိပ်တော့မကြီးဘူး ခုနစ်ပိဿာ ရှစ်ပိဿာလောက်ပဲရှိမယ်ဗျ။‎ကျုပ်တို့လည်းအထုပ်တွေယူပီးတောင်အောက်ကိုဆင်းလာခဲ့တယ် ကိုကြီးစိန်သောင်းက ကပ္ပလီစုက သူ့အသိတစ်ယောက်ကိုလှည်းနဲ့လိုက်ပို့ခိုင်းတယ်။‎ထနောင်းကုန်း ရွာထဲဝင်လိုက်တာနဲ့ရွာထဲမှာတခုခုဖြစ်နေမှန်းကျုပ်သိလိုက်တယ် ရွာထဲကတွေ့သမျှလူတွေအကုန်လုံးမျက်နှာ ပျက်နေကျတယ်ဗျ။

“ကိုကြီး တာတေ”‎ဟော ကျောက်ခဲနဲ့ သံမဏိဗျ‎ဘယ်က ပြန်လာကျတ. တုန်းကွ‎အနောက်ပိုင်းကဗျ၊ဒီကောင်တွေကြည့်ရတာ မျကိနှာမကောင်းဘူးဗျ‎ဟေ့ကောင် ကျောက်ခဲ ညကရွာမှာဘာဖြစ်လို့တုန်း‎ ‘ကိုကြီး တာတေ ညက ရွာမှာလူသတ်သွားလို့ဗျ””ဟေ””ဟေ”ကျုပ်ရောကိုကြီးစိန်သောင်းရောဟေလိုအော်လိုက်မိတာဗျို့။”ဘယ်သူ့ကိုသတ်တာတုန်း သတ်တဲ့လူကိုမိလား” “ရွာနောက်ပိုင်းက ဘိုးယာခင်ကြီးကိုသတ်သွားတာဗျ””ဟေ.. ဘယ်လိုသတ်တာတုန်း ဓားနဲ့ထိုးသွားတာလား”မဟုတ်ဘူး ဗျ ခေါင်းကိုဖြတ်သွား အဲ့ဒီခေါင်းကိုလိုက်ရှာနေကျတာခုထိမတွေ့သေးဘူး”ဟေ”ကိုကြီးစိန်သောင်းကျုပ်ကို အဓိပ္ပာယ်ပါတဲ့အကြည့်တွေ့နဲ့ကြည့်တယ်ဗျ”အဲ့ဒီ ဘိုးတော်ကြီးငူငူငိုင်ငိုင်ဖြစ်နေတာနှစ်ရက်လောက်ရှိပီတဲ့ဗျ ကယောင်ကတမ်းတွေပြောပီးတော့၊” “ဘာတွေ ကယောင်ကတမ်းပြောလို့တုန်းကွ””နဂါးငါမှားပါတယ်ကွာ ငါ့ကြောင့်မင်းဒီလိုဖြစ်ရတာပါလို့ပြောတယ်တဲ့ဗျ””ဟာ”ကျုပ်အံဩလွန်းလို့အော်လိုက်မိတာဗျို့နို့ သတ်တဲ့လူကိုရော မိပီလားကွ”ညကတစ်အိမ်လုံးအိပ်မောကျနေကျတာတဲ့ဗျ ဘိုးတော်ကြီးဘယ်လိုအိမ်ပေါ်ကတခါးဖွင့်ပီး ဆင်းသွားမှန်းမသိဘူးတဲ့ဗျ။ မနက်မိုးလင်းတော့မှ ဝိုင်းထဖဲမှာခေါင်းပြတ်ကြီးနဲ့သေနေတာကိုတွေ့ကျတာတဲ့ဗျို့။ဝိုင်း ထဲမှာမြင်း ခွာရာတွေလည်းပေပွနေတာ ခြံတခါးကြီးလည်းပွင့်လို့ လို့ပြောကျတယ် ကိုကြီးတာတေ” ကျုပ်သက်ပြင်းချလိုက်တယ်။

မျက်လုံးထဲမှာတော့ခေါင်းပြတ်ကြီးကိုမြှော က်ကြည့်နေတဲ့ခေါင်း ပြတ်သရဲကြီးကိုပဲ မြင်တနေတေ့ာတာပေါ့ဗျာ”ဒီ ညနေ လေးနာရီ သြင်္ဂိုလ်မယ်ပြောတယ် ကိုကြီးတာတေ သူကြီးရော ဌာနကလူတွေရော အာလုံးရောက်ပီးပီးတဲ့။ “နို့ ခေါင်းရှာတွေ့လို့လားကွ”မတွေ့ပါဘူးဗျာခေါင်းမပါပဲ သြင်္ဂိုလ်ရမှာလေ”ညနေလေးနာရီထိုးတော့ အဘရောကျုပ်ရောကျောက်ခဲရောသံမဏိရောအသုဘလိုက်ပို့ကြတယ်လေကျုပ်တို့ရဲ ရာဇဝင်မှာတော့ခေါင်းမပါပဲ သြင်္ဂိုလ်ရတဲ့အသုဘပေါ့ဗျာ။ဒီ ကိစ္စကိုမဖဲဝါ သိလိမ့်မယ်ဆိုတာ ကျုပ်တွေးမိတာပေါ့ ဗျာ။ဒီလိုနဲ့ နောက်ခြောက်လလောက်ကြာတော့ “တာတေ ရေ ဟေ့ တာတေ”ဗျို့ကိုကြီးစိန်သောင်း ကျုပ်ဒီမှာ ရှိပါတယ်ဗျ၊ဒီလူက ကသောကမျောနဲ့ အိမ်ပေါ်ကိုတက်လာတာဗျ။ကိုကြီးစိန်သောင်းလာ ဘာဖြစ်လို့တုန်းဗျ။”တာတေ ငါ့အဘသိပ်အခြေနေမကောင်းဘူးကွ”ဗျာ ဘိုးကြာဥဘာဖြစ်လို့တုန်းဗျ ဟိုတစ်ပတ်ကကျုပ်နဲ့တွေလို့စကားပြောခဲ့သေးတယ်ဗျ”နေမကောင်းတာမဟုတ်ဘူးကွ တာတေရ” ဗျာ ကိုကြီးစိန်သောင်းရဘယ် လိုဖြစ်လို့တုန်းဗျ”ဟို.. ဘိုးယာခင်ကြီးဖြစ်တုန်းကလို့ ဖြစ်တာကွ”ဟင်ဘယ်လိုဖြစ်တာတုန်းဗျ၊”နဂါးငါမှား ပါတယ်ကွာ ဒိဗ္ဗပြောတာကိုငါနားယောင်သွားတာပါကွာ။မင်းမို့လားဒိဗ္ဗခေါင်းကိုဖြတ်သတ်သွားတာ ငါ့ကိုခွင့်လွှတ်ပါနဂါးရယ်ရန်သူ့ခံစစ်အတွင်းကိုမငိးဝင်သွားတာဒိဗ္ဗအကွက်ဆင်ပေးလိုက်တာပါကွာ ငါမဟုတ်ပါဘူး နဂါးရာတဲ့ကွာ” “ဟာ ဘယ်ချိန်ပြောတာတုန်းဗျ”ညက အိပ်ရင်းယောင်ပီးပြောတာကွ မနေ့ကနေ့ခင်းတည်း ကြောင်တောင်တောင်နဲ့တစ်ခွန်းစနှစ်ခွန်းစပြောနေတာကွ။”

ကိုကြီးစိန်သောင်း ကျုပ်တို့ခေါင်းပြတ်တောင်မှာညအိပ်တုန်းက ခေါင်းပြတ်သရဲကြီးထွက်လာတာရယ် မဖဲဝါလာတာရယ်စပ်စပ်နေလိမ့်မယ်ဗျ၊ဒီတော့ဒီ ဒီညမဖဲဝါကိုပင့်ပီးမေးကြည့်ရမယ်ဗျ။”လုပ်ကွာတာတေရာ ငါ့အဘဒီလိုဖြစ်တာရွာထဲကဘယ်သူမှမသိသေးဘူးကွ မြန်နိုင်သမျှမြန်မြန်လုပ်ကွာ “ဒီ ညလုပ်မယ်လေဗျာ‎”ဒါဆို ဘာလို့လည်း”‎”အမဲသားလိုလား”‎”ဗျာ.. အမဲသားရရင်တော့ပိုကောင်းတာပေါ့ဗျာ”‎ဒါဆိုငါသွားယူလိုက်မယ် ဘန့်ဘွေးကုန်းကဆင်ပေါက်တို့အမဲပေါ်တယ်ကွ‎ကိုကြီးစိန်သောင်းပြန်လာတော့ကျုပ်ချက်ပြုတ်ပီးတော့ ညကိုးနာရီထိုးတော့ ကိုကြီးစိန်သောင်းနဲ့ကျုပ်ထနောင်းကုန်းသင်္ချိင်းကို လာခဲ့ကြတယ်။ထုံးစံအတိုင်းပေါ့ဗျာကျောင်းအမကြီးဒေါ်မယ်ခရဲ့အုပ်ဂူကြီးပေါ်မှာ တင်ပီးမဖဲဝါကိုပက့်လိုက်တယ်ညနေထဲကမျက်ကွင်းဆေးကို မျက်စိတင်မကပဲနားကိုပါပွတ်ပီး ဒိဗ္ဗသေတမာန်တန်ကိုရွတ်ပီးဖွင့်ထားလိုက်တယ် မြင်လည်းမြင်ကြားလည်းကြားရမှာပေါ့ဗျာ။ ‘အရှေ့နေထွက်၊အနောက်နေဝင်၊တောင်တံငါ့ကွန်၊မြောက်ဓူဝံအတွင်းရောက်ရှိရာအရပ်ကအမြန်ဆုံးကြွရောက်ခဲ့ပါ သချုႋင်းရှင်မကြီးမဖဲဝါဗျား ထနောင်းကုန်းက တာတေ ပင့်ဖိတ်ပါတယ်ဗျား”‎”ဝူး. ဝူး. ဝူး. အီ အီ အီ”‎ဒီတစ်ခါမြန်တယ်ဗျို့။မဖဲဝါချက်ချင်းရောက်လာတယ် ကျုပ်ပြင်ထားတဲ့ဂူကြီးပေါ် ဒူးကြီးနှစ်လုံးထောင်ပီးစားတော့တာပဲဗျို့ သူစားလိုက် နက်ကျော်ကြီးအမဲသားတုန်းတွေချကျွေးလိုက်နဲ့ဗျ ခနနေတော့ကျုပ်ကိုမောကြည့်ပီးခေါင်းညိတ်ပြတယ်။

“တာတေ နားထောင်အဲ့ဒီခေါင်းပြတောင်ဆိုတာ မင်းနဂါးခေါင်းဖြတ်ပီးအသတ်ခံရတဲ့တောင်ပဲ၊မင်းနဂါးကလကျ်ာတပ်မှုးစစ်သူကြီးတစ်ယောက်ပဲ သူမှာသူငယ်ချင်းနှစ်ယောက်ရှိတယ် သူတို့လည်းဗိုလ်မင်းတွေပဲသူ သူ့သူငယ်ချင်းတွေကိုသိပ်ယုံကြည်တာ စစ်ရေးလျှိ့ဝှက်ချက်တွေကိုအကုန်ပြောပြတာ ဒါကိုဒိဗ္ဗနဲ့ဝံသကိုရွှေတွေအများကြီးပုံပေးပီးသတင်းတွေဝယ်ယူနေတာ‎ဒါကိုမင်းနဂါးကမသိတော့ အရေးကြီးတဲ့စစ် စင်ရေးကြီးတစ်ခုကိုသူငယ်ချင်းတွေကိုပြောပြလိုက်တယ် ဒါကိုရန်သူ့ဘက်ကသိသွားပီးမင်းနဂါးထောင်ချောက်ဆင်အဖမ်းခံလိုက်ရတယ် ။ဒါကိုမင်းနဂါးမသေခင်မှာသိသွားတော့အကြီးအကျယ်ဒေါသဖြစ်သွားတယ်။ ဒီစိတ်နဲ့သေတော့ သူ့ကိုခေါင်းဖြတ်တဲ့တောင်မှာပဲနေရတယ် အတိတ်ကစိတ်စေတနာကောင်းတော့ သူ့အတွက်နေစရာ ညောင်ပင်ဗိမ္မာန်ပေါက်လာတယ် ခေါင်းမရှိပေမာ့်သူမှာမြင်နိုင်ကြားနိုင်တဲ့အစွမ်းသူ့မှာရှိတယ်။ ထနောင်းကုန်းမှာ ဒိဗ္ဗကယာခင်ဆိုပီးတော့ဖြစ်လာတယ် ဝံသကကြာဥဆိုပီးဖြစ်လာတယ်။ဒါကိုမင်းနဂါးသိသွားတော့ ဒိဗ္ဗကိုခေါင်းဖြတ်သတ်သွားတယ် ခုဝံသအလှည့်ဖြစ်လာတာပေါ့။‎

“ဟုတ်… ဟုတ် ပါတယ်ဗျာမဖဲဝါရယ် အဲ့ကိစ္စဘယ်လိုလုပ်ရမလည်း လာမေးတာပါ”‎,ဒီကိစ္စတွေကို ဦးဆောင်ပီးလုပ်တာသစ္စာဖောက်ဒိဗ္ဗ ဝံသကိုဒိဗ္ဗကနှုတ်ပိတ်ခိုင်းခဲ့တာပဲရှိတာ ဒါကိုမင်းနဂါးလည်းသိတယ် ဒီတော့နင်သူ့ကို ကျွတ်လွတ်အောင်လုပ် ပေးလိုက်ရင်သူဘယ်သူ့ကိုမှ သတ်တော့မှာမဟုတ်တော့ဘူး။‎”ကျုပ် ဘယ်လိုလုပ်ပေးရမယ်ဆိုတာပြေပါမဖဲဝါ”‎သူ့ခေါင်းကိုပြန်ရရင် သူချက်ချင်းကျွတ်သွားမှာ သူ့ခေါင်းရှိတဲ့နေရာငါသိတယ် ဆေးစိမ်ထားတာအခုထိ အကောင်းကြီးရှိသေးတယ်‎”ဟာ.. ဟုတ်လား မဖဲဝါဘယ်မှာရှိတယ်ဆိုတာသာ ကျုပ်ကိုပြောပါကျုပ်ရအောင်ယူပေးပါ့မယ် “‎အဲ့ဒီ ခေါင်းပြတ်တောင်ရဲ့ မြောက်ဘက်မှာ ဆင်မတောင်ဆိုတာရှိတယ် အဒီတောင်ရဲ့ခါးပန်းမှာဂူပေါက်တစ်ခုရှိတယ် အဲ့ဒီဂူပေါက်တစ်ခုကဝင်သွားသွားရင် ကျောက်တလားတစ်ခုတွေ့လိမ့်မယ်အဲ့ဒီကျောက်တစ်လားထဲမှာ မင်းနဂါးရဲ့ခေါင်းရှိတယ်၊အဲ့ဒီခေါင်းကိုတလားပါယူလာပီး သူ့ဂူပေါ်တင်ပေးထားလိုက်၊ငါလည်းလာခဲ့မယ်အဲ့ဒီတောင်မှာမင်းနဂါးရဲ့သင်္ချိင်းရှိလို့ငါ့အဲ့တောင်ကို စောင့်နေရတာဟဲ့တာတေရဲ့နင်လဆန်း(၁၃) ရက်မတိုင်မီ လုပ်ကမယ်အဲ့ဒီည ဝံသခေါင်းကိုဖြတ်မှာ ထွက်အလာသူခေါင်းကိုမြင်သွားရင်အားလုံး ပီးသွားမယ်။‎” ပြောပီးစားပီးစားပီးတာနဲ့မဖဲဝါပြန်ထွက်သွားတယ်”‎”ဝူး. ဝူး. ဝူး အီ အီ အီ”‎နက်ကျေ်ာကြီးအူသံ တော်တော်ဝေးသွားတော့မှ ကျုပ်နဲ့ကိုကြီးစိန်သောင်းပြန်လာခဲ့ကြတယ်။‎

ဒီလိုနဲ့ လဆန်း(၁၂) ရက်နေ့စောစောမှာကျုပ်နဲ့ကိုကြီးစိန်သောင်းဆင်မတောင်ကိုထွက်ခဲ့ကျ တယ် ကျုပ်တို့ဆင်မတောင်မှာ ဂူပေါ က်ရှာတာတစ်ခုမကဘူးလေးငါးခုလောက်ရှိတာဗျ မဖဲဝါပြောတဲ့ကျောက်တလားဆိုတာလုံးဝရှာမတွေ့ဘူး ဒီလိုနဲ့မိုချုပ်သွားပီးနောက်နေ့မနက်မိုးလင်းတော့ ဒီနေ့(၁၃) ရက်လေဗျာကိုကြီးစိန်သောင်းလည်း သူ့အဘအတွက်စိတ်ပူတာပေါ့ ဒီလိုနဲ့ဆက်ရှာကြပီထမင်းစားချိန်ရောက်တော့ ပါလာတဲ့ကောက်ညှင်းကျည်တောက်ကလေးနဲ့ငါးခြောက်ဖုတ်ကလေး စားကျရင်ကျုပ်တို့နောက်ကမြယာပင်တွေကြားမှာဂူပေါက်တစ်ခုကျုပ်သွား တွေ့တယ်။ ကျုပ်တို့လည်းစားနေရာက ဂူထဲကိုချက်ချင်းဝင်သွားလိုက်တယ် ။‎ဟာ ဟိုမှာဗျ ကိုကြီးစိန်သောင်း ကျောက်တလား ကျုပ်ကကျောက်တလားအဖုံးကိုဆွဲဖွင့်လိုက်တော့‎”ဟာ”‎ဆေးစိမ်ထားတဲ့မင်းနဂါးခေါင်းပြတ်ကြီး ဗျာ ဆေးရည်တွေကတော့ မရှိတော့ဘူး ဒါပေမယ့် ဆေးအစွမ်းကြောင့်, ခေါင်းကြီးမပုတ်ဘူးဗျ ကျုပိဖြင်အံဩလိုက်တာဗျာ ဒါနဲကျုပ်တို့လည်းကျောက်တလား ကိုယူပီးတော့ ဆင်မတောင်ကနေ ခေါင်းပြတ်တောင်ကိုတက်ခဲ့ကြတယ် ညနေလေးနာရီလောက်ကျရောက်တယ်ဗျ ကျောက်တလားကိုမင်းနဂါးအုပ်ဂူကြီးပေါ်တင်ထား လိုက်လိုက်တယ်။‎

ကျုပ်နဲ့ကိုကြီးစိန်သောင်းလည်း ဟိုတခါသစ်ပင်ကြီးပေါ်ပဲ တက်နေလိုက်တာပေါ့ဗျာ ဒီလိုနဲ့မိုးစချုပ်တာပေါ့‎”ညသန်းခေါင်ကျော်တော့”‎”ဝုန်း”‎မင်းနဂါးထွက်လာပီ ကျုပ်ကညနေထဲ့မျက်ကွင်းဆေးကွင်းထားတော့ မြင်နေရတာပေါဗျာ‎”ဝူး. ဝူး. ဝူး. အီ အီ အီ”‎ဟာနက်ကျော်ကြီးအူသံဗျ။ ကျုပ်တို့နဲ့နီးနီးလေးကလာတာဗျ‎”ဟော မဖဲဝါ လည်းလာပီ”‎ကျုပ်ပြောတော့ကိုကြီးစိန်သောင်းကဟိုကြည့် ဒီကြည့်နဲ့ သူဘယ်မြင်ရမလည်းဗျာ‎မင်းနဂါး ခေါင်းပြတ်သရဲကြီကဟိုတစ်ခါတုန်းကလိုပဲ ချပ်ဝတ်တန်ဆာတွေနဲ့ဗျ ဟောမဖဲဝါရောက်လာပီဗျို့ မဖဲဝါက မင်းနဂါးအုပ်ဂူဘေးမှာရပ်ပီး ကျောက်တလားကိုလက်ညှိုးထိုးပြတယ်။ဟောမင်းနဂါးကြီးဂူနားကပ် လာပီတွေ့သွားပီ‎”အသင် လကျ်ာတပ်မှူးကြီး မင်းနဂါး သင်အလိုရှိတဲ့သင့်ရဲ့ခေါင်းပါ”‎မဖဲဝါပြောလိုက်တော့ မင်နဂါးကြီးကကျောက်တလားကြီးကိုဖွင့် ကြည့်လိုက်တယ်”‎”ဟား ဟား ဟား ဟား ဟား”‎မင်းနဂါးကအားရဝမ်းသာရယ်လိုက် တာဗျ။ပီးတော့ကျောက်တလားထဲက ခေါင်းကြီးကိုယူပီးသူ့လည်ပင်းငုတ်မှာတပ်လိုက်တယ် ။‎”ဟာ”အံဩစရာပါဗျာ ခေါင်းပြတ်ကြီးကလည်ပင်းငုတ်တိုပေါ်တင်လိုက်တာနဲ့ဆက်သွားရောဗျို့‎ကျုပ်မဖဲဝါကို ကျေးဇူးတင်ပါတယ်ဗျာ ။

ကျုပ်မရှိတဲ့နောက်မှာ ဒီသင်္ချိးကိုမဖဲဝါအစောင့်လည်းရသွားပီပေါ့ ကျုပ်သွားတော့မယ် မဖဲဝါကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာ။” ‎ဟာ”မင်းနဂါးကြီးကျွတ်သွားပီဝူး ဝူး အီ အီနက်ကျော်ကြီးအူလိုက်တဲ့အသံကတောကြီးတစ်ခုလုံး ကိုဟိန်းသွားတာဗျ မဖဲဝါကြီးပြန်သွားပီ။ဒါနဲ့ ကျုပ်တို့လည်းညတွင်းချင်းပြန်လာခဲ့ကျတယ်။ ကျုပ်ကိုကိုကြီးစိန်သောင်းတို့အိမ်ကိုလိုက်သွား ပီးဘိုးကြာဥအခြေနေကိုကြည့်လိုက်တယ်‎”ဩကာသ.. ဩကာသ.. ဩကာသ.. ကာယကံ..ဝစီကံ.. မနောကံ”‎ဘိုးကြာဥကဘုရားစင်အရှေ့မှာဘုရားရှစ်ခိုလို့းဗျ ဒီတော့မှ ကျုပ်ရောကိုကြီးစိန်သောင်းရော ရင်ထဲကအပူလုံးကြီးကျသွားတာပေါ့ဗျာ‎”ကျေးဇူးတင်လိုက်တာ တာတေရာ”‎ကျုပ်လည်းကိုကြီစိန်သောင်းရဲ့ရင်ထဲကစကားသံကိုနား ထောင်ပီးအိပ်ပြန်လာခဲ့တယ်။ကျုပ်ပြန်ရောက်တော့အဘနဲ့အမေတောင်နိုးနေပီဗျ။‎”ဟဲ့. ငွေစိန် ကောက်ညှင်းပေါင်းကျက်ပီလား ဒီမှာနင့်သားတာတေပြန်ရောက်လို့ “‎အမေယူလာတဲ့ကောက်ညှင်း ပေါင်းကိုစားရင်း ခေါင်းပြတ်တောင်ကအယြေကြာငိးတွေကို အဘနဲ့အမေကိုပြောပြလိုက်တာပေါ့ဗျာ။ ပြီးပါပြီ…။

Leave a Reply

Your email address will not be published. Required fields are marked *