အောင်မြတ်သာနှင့်သိုက်ဆက်သာသနာ

အောင်မြတ်သာနှင့်သိုက်ဆက်သာသနာ+++++++++++++++++++++++++++“ ငအောင် ဘုန်းကြီးဝတ်ပြီ” ဆိုတဲ့စကားက မရမ်းချောင်ရွာတစ်ရွာလုံး နေ့ချင်းပြန့်နှံ့သွားခဲ့တယ်။အချို့က ရက်ပိုင်းပဲဝတ်မှာလို့ ပြောသလို၊ အချို့ကျတော့လဲ လူကြားအောင်အောင် ဟန်ပြလုပ်တာပါဆိုပြီး ပြောနေခဲ့ကြတယ်။ငအောင်ကတော့ ဘုန်းကြီးဝတ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး‌တဲ့နေ့ကစပြီး အရက်သောက်ခြင်းကို ယတိပြတ် ဖျက်ချလိုက်ပါတော့တယ်။နှစ်ပေါင်းများစွာ သောက်လာတဲ့ အစွဲက အရက်ဖြတ်တဲ့နေ့မှာပဲ အစွမ်းပြလာသလို လူကလဲ ဂယောင်ချောက်ချားတွေဖြစ်လာခဲ့တယ်။“ အစ်မ… အစ်မ”ရဟန်းခံပွဲအတွက်အလုပ်များနေတဲ့ မကြီးက ငအောင်ရဲ့ခေါ်သံကြောင့် ကန်တော့ပွဲပြင်နေတာကို ချပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။“ …

အောင်မြတ်သာနှင့်သိုက်ဆက်သာသနာ Read More

ကရင်ပြည်နယ်မှဓာတ်နန်းရှင်ဇွဲကပင်ကရင်နတ်မောင်နှမ

ကရင်ပြည်နယ်မှဓာတ်နန်းရှင်ဇွဲကပင်ကရင်နတ်မောင်နှမ~~~~~~~~~~~~~~~~~~~~~~~~~တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘ၀ဆိုးမှ …

ကရင်ပြည်နယ်မှဓာတ်နန်းရှင်ဇွဲကပင်ကရင်နတ်မောင်နှမ Read More

အောင်မြတ်သာနှင့်ကပ်ကျော်နန်းဦးစေတီ

အောင်မြတ်သာနှင့်ကပ်ကျော်နန်းဦးစေတီ+++++++++++++++++++++++++++++“ လူလေး… အောင်မြတ်သာ၊ လူလေး…”နားစည်ထဲမှာ ခပ်တိုးတိုးကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုဆတ်ခနဲဖွင့်ပြီး ထထိုင်လိုက်ရာ နံဘေးမှာရပ်နေတဲ့ ရသေ့ကြီးတစ်ပါးကို မြင်လိုက်ရတယ်။“ ဦးမာဂကြီး… ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ”“ ကေလာသတောင်မှာ တရားအားထုတ်ဖို့ သွားရင်း လူလေးရှိနေတယ်ဆိုတဲ့သတင်းကြောင့် ဝင်လာခဲ့တာ”“ ဦးမာဂကြီး လာရင်တော့ အကြောင်းထူးပါလာပြီနဲ့တူပါတယ်”အောင်မြတ်သာစကားကြောင့် ဦးမာဂကြီးက ပြုံးရုံပြုံးလိုက်ပြီး“ ‌အကြောင်းကတော့ ဒီမြို့ထဲက နန်းဦးစေတီကို သွားစေချင်တာပဲ လူလေးရေ”“ ဦးမာဂကြီး သွားစေချင်ရင်တော့ ဒီကိစ္စပြီးတာနဲ့ …

အောင်မြတ်သာနှင့်ကပ်ကျော်နန်းဦးစေတီ Read More

သရဲတွေကတဲ့ဇာတ်ပွဲ

သရဲတွေကတဲ့ဇာတ်ပွဲ မိုးရာသီကုန်ဆုံး၍ဆောင်းရာသီရောက်ချိန်တွင် လယ်သမားများမှာ မိုးတွင်းကာလစိုက်ပျိုးထား သောသီးနှံစပါးများ ရင့်မှည့်ချိန်ရောက်ပြီဖြစ်သော ကြောင့်ရိတ်သိမ်းကြ၏ ။ အိမ်ဝမ်းစာအတွက်စပါး၊ နောက်တစ်နှစ်စိုက်ပျိုး ရန်မျိုးစပါးများချန်၍ ကျန်သည်များကိုရောင်းချပြီး အကြွေးပေးစရာရှိသည်တို့ကိုပေး။ ပိုလျှံသောငွေကြေးလေးများဖြင့် အလှူအတန်းလေးများပြုတတ်ကြသည် ။ ကျေးလက်တောရွာများမှာ တစ်မိုးတွင်းလုံးနွားနဲ့ဖက်ရုန်း၍ပင်ပန်းခဲ့သမျှ ယခုလိုကာလရောက်ချိန် ဘုရားပွဲများတွင်စိတ်အမောအပန်းဖြေတတ်ကြသည် ။ မိမိတို့ရပ်ရွာတွင်ပွဲမရှိပါက တစ်ခြားသော နယ်များသို့ လှေတစ်တန်၊ လှည်းတတန်သွားရောက် ကြည့်ရူတတ်ကြသည် ။ ၁၉၆၇၊ ကာလများမို့မြို့ပြတွင်နေသူများမှာ …

သရဲတွေကတဲ့ဇာတ်ပွဲ Read More

တစ္ဆေတွေ လာတဲ့ည(စ/ဆုံး)

တစ္ဆေတွေ လာတဲ့ည(စ/ဆုံး) မူရင်းရေးသူ_ဆရာတာတေ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe ဘယ်သူက စခဲ့တဲ့ အစဉ်အလာတာတော့ တာတေ မသိဘူးဗျ၊ တာတေတို့နေတဲ့ ထနောင်းကုန်းနားက မီးလောင်ကုန်းမှာ ဘုရားပွဲ ပြီးလို့ တစ်ပတ်ဆိုရင် ဒီပွဲက စတာဗျ။ အကျွတ်အလွတ်ပွဲတဲ့ဗျာ…။ မီးလောင်ကုန်းသင်္ချိုင်းတောင်ဘက်က ဘိုးရုံထောင်ရဲ့ ယာတောထဲမယ် မ။ဏ္ဍပ်ထိုးပြီး လုပ်တာဗျ၊ စီစဉ်တာကတော့ မီးလောင်ကုန်းက ကာလသားတွေလူကြီးတွေပေါ့ဗျာ။ ရြာကေတာ့သူတို့ရွာက လုပ်တဲ့ပွဲမှာ ဝိုင်းဝန်းပြီး ချက်ကြ၊ …

တစ္ဆေတွေ လာတဲ့ည(စ/ဆုံး) Read More

ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ်

ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ်နိုင်ငံတကာရုပ်ရှင်တွေထဲမှာ မြင်တွေ့ရတဲ့ ဒဏ္ဍာရီလာ သတ္တဝါဆန်းကြီးတွေနဲ့ လူသားစားငါးမန်းတွေ၊ မိကျောင်းတွေအကြောင်းကိုတော့ ကလေးလူကြီးမကျန် သဘောကျနှစ်သက်ကြပါတယ်။ ဒီလိုပဲ မြန်မာရာဇဝင်တွေထဲမှာလည်း တကယ်ပဲရှိခဲ့တာလား၊ ပါးစပ်ပြော ဒဏ္ဍာရီတွေပဲလားဆိုတာ ခွဲခြားမရ လောက်အောင် ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေနဲ့ ယှဉ်တွဲပါဝင်နေတဲ့ အကြောင်းအရာ အတော်များများ ရှိပါတယ်။ ထင်ရှားတဲ့ အကြောင်းအရာတစ်ခုကတော့ လူယောင်ဖန်ဆင်းနိုင်တဲ့ နတ်မိကျောင်းလို့ သိကြတဲ့ ‘ငမိုးရိပ်’ ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘုရင်က ကြိမ်စကြာ …

ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ် Read More

မဆစ်ဆီ ပီယဆေး (စ/ဆုံး)

မဆစ်ဆီ ပီယဆေး (စ/ဆုံး)မူရင်းရေးသားသူ – ဆရာတာတေဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်းသေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာတာတုံး “” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးကတည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး “လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးကလမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။” …

မဆစ်ဆီ ပီယဆေး (စ/ဆုံး) Read More

ခေါင်းရိုက်သံ(စ/ဆုံး)

ခေါင်းရိုက်သံ(စ/ဆုံး)ရေးသားသူ…တာတေတပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိတယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ်ရွာလုံးမှာ အနည်းဆုံး ဆယ်ပွဲ၊ ဆယ့်ငါးပွဲလောက်ကို ရှိတာ။ ထမနဲထိုးတဲ့ ရက်တွေဆိုရင် တာတေတို့ ကာလသားတွေ မနက်လင်းအားကြီးမှပဲ အိမ်ပြန်ကြရတာဗျ။ တစ်အိမ်၊တစ်အိမ်ကို အနည်းဆုံးတော့ ဆယ်ဒယ်လောက်ထိုးကြတာ။ဘုန်းကြီးကျောင်းတွေပို့၊ အိမ်တွေလိုက်ဝေ၊ အနီးအနားရွာတွေ ပို့သဗျာ။ကျုပ်တို့ရွာမှာကလည်းထမနဲပွဲဆိုတာ ညရောက်မှ ထိုးကြတာဗျ။ နေ့ခင်းဘက်ကျတော့ ယာထဲဆင်းတဲ့ လူကဆင်း၊တောထဲ တောင်ထဲသွားတဲ့လူက သွားနဲ့ဆိုတော့ရွာမှာ …

ခေါင်းရိုက်သံ(စ/ဆုံး) Read More

မီးနေသည်_သရဲမ (စ-ဆုံး)

မီးနေသည်_သရဲမ (စ-ဆုံး) မိုးကလဲတစ်ဖွဲဖွဲလေးကျနေတယ်….. အချိန်ကတော့ညနေစောင်းနေ၀င်ရီတရောနွားရိုင်းသွင်းချိန်ပေါ့… ခြေလှမ်းကိုပုံမှန်လှမ်းရင်း…သူ့အိမ်ရှိရာကိုတန်းတန်းမတ်မတ်ကလေးပြန်လာတာပေါ့…. လူကလဲသောက်တတ်စားတတ်ဆိုတော့ဒီအချိန်ဆိုရင်လူကမှန်နေပြီလေ… “ဝုတြ…ဝုတြ…ဝုတြ….ဝူးးးအူးးးးးးးးးးအူးးးးး” “အာ….ဒီသောက်ခွေးတွေကလဲဒီနေရာမှာဘာလို့အ သေလာအူနေရတာတုန်း” ပြောရင်းပုံမှန်ပဲလမ်းဆက်လျှောက်လာခဲ့တယ်…ရှေ့နားရောက်တော့ခိုးလိုးခုလုနဲ့ ဘာလေးမှန်းမသိဘူးသူတက်နင်းမိလို့ကောက်ကိုင်ကြည့်လိုက်တော့မိန်းမရုပ်ကလေး လက်ရာကတော့အတော်ကောင်းတယ် ဒါနဲ့အိတ်ကပ်ထဲကောက်ထည့်ပြီးဆက်လျှောက်လာတယ် နောက်က ခွေးသုံးကောင်ကတော့တောက်လျှောက်ကိုကပ်လိုက်လာပြီးဆွဲဆွဲငင်ငင် အူလိုက်ဟောင်လိုက်ကိုလုပ်နေတော့တာပဲ ဒါလဲဂရုမစိုက်ဘူးသူအိမ်ကိုပြန်ရောက်အောင်ပြန်လာခဲ့လိုက်တယ် သူအိမ်ရှေ့ရောက်တဲ့အထိခွေးတွေကလိုက်ဟောင်နေတုန်းပဲ…. “ကိုအောင်လှရှင်ပြန်လာပြီလား” မိန်းမဖြစ်သူကလှမ်းမေးတယ်သားလေးနဲ့သမီးလေးကတော့ ညစာကြည့်ချိန်စာကြည့်နေတာပေါ့ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe “အေးပြန်လာပြီ ဒီနေ့လဲပင်ပန်းတယ်ကွာအလုပ်က” “ရှင်အလုပ်လားဖဲဝိုင်းလား…” “အေးနှစ်ခုလုံးပဲ…” ပြောရင်း၀တ်ထားတဲ့တိုက်ပုံအနက်ကလေးကိုတန်းမှာလွှားလိုက်ပြီးထမင်း၀င်စားလိုက်တယ် မိန်းမမတင်ကြည်ကတော့ဘုရားရှိခိုးဖို့ဘုရားစင်ရှေ့ထိုင်ပြီးဘုရားရှိခိုးနေတာတွေ့လိုက်တယ် လူကလဲနည်းနည်းလေးထွေနေပြီဖြစ်တော့အိပ်ချင်တာနဲ့တစ်ခါတည်းပဲအိပ်ယာ၀င်လိုက်တယ် ညအိပ်နေရင်းကအိမ်မက်လိုလို …

မီးနေသည်_သရဲမ (စ-ဆုံး) Read More

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း “ ဗွမ်း… ဗွမ်း… ဗွမ်း” တရားထိုင်နေရင်း ကြားလိုက်ရတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့အမြင်ထဲမှာလည်း နဂါးလေးကောင် ကမ်းစပ်တစ်နေရာမှာ ကူးခတ်နေတဲ့ပုံရိပ်ပေါ်လာခဲ့တယ်။ နဂါးလေးကောင်က ရေထဲမှာ အတန်ကြာဆော့ကစားနေရင်း ရေထဲကိုငုံ့လျှိုးပြီး ပြန်တက်လာချိန်မှာတော့ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားနှစ်ယောက်၊ မိန်းမနှစ်ယောက်အသွင်ဖြစ်နေတာကိုလဲ မြင်တွေ့လိုက်ရတယ်။ အဆိုပါလူလေးယောက်က အောင်မြတ်သာရှိတဲ့အရပ်ကို လှမ်းကြည့်ပြီး “ ဒီအရပ်ဒေသကို မကြာခင် သာသနာပြုမယ့် ရဟန်းတစ်ပါးရောက်လာလိမ့်မယ်၊၊ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe သူလာမှ …

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း Read More