” စပါးကြီးမြွေရဲ့ အန်ဖတ် ” (စ/ဆုံး)

” စပါးကြီးမြွေရဲ့ အန်ဖတ် ” (စ/ဆုံး)

ဒီတစ်ထပ်တိုက်လုံးချင်းလေးကို တစ်နှစ် အကြာမှာ အိမ်ရှင်က လက်ပြောင်းရောင်းခဲ့ ကျွန်တော်တို့ နှင့်ဆိုရင် သုံးဦးမြောက်ပဲ လို့ သိရတယ်။ တာ ခြံက ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သစ် ရိပ်၊ ဝါးရိပ် အုံကောင်းတယ်။ အိမ်နီးနားချင်း များ ကလည်း သူ့ဝန်းသူ့ခြံနဲ့ ပဲ။ ရေကလည်း ကောင်းမှ ကောင်း။ အုတ်စီရေတွင်းရယ်။ ရေထွက်အား ဘယ်လောက်ကောင်းလဲဆို အောက်ဘက်ရေပြင်က မြေပြင်ကုန်းပေါ် တစ်ခု တည်းခင်ဗျ။ စက်သီးကြိုးနဲ့ ရေဆွဲ စရာမလိုဘူး။ ဆွဲပုံးနဲ့ ကုန်းခပ်လိုက်ရုံပဲ၊ အဲဒါ ကြိုက်လွန်းလို့ ပွဲစားနဲ့ ညှိနှိုင်းပြီး ဝယ်လိုက်တာ။ ကျွန်တော်က ပွဲစားလုပ်ငန်း ဝါသနာ မပါပါဘူးဗျာ။ သို့သော် ဈေးမှာ အထည်ဆိုင်ဖွင့်ပြီး နေ့ပြန်ကလေးပေးနေတဲ့ ကျွန်တော့်မိန်းမ မချစ်ပိုကတော့ မြိုးမြိုးမြက်မြက်ကလေး ကျန်မယ်ထင်ရင် ပြန်ထုတ်လေ့ရှိတယ်လေ။ မချစ်ပို အမြတ်ကိုမျှော်ကိုးပြီး ပြန်ပြန် ထုတ်နေလို့ လည်း အခု ကျွန်တော် အသက် လေး ဆယ်ဝန်းကျင်ရောက်သည့်တိုင်အောင် အတည်တကျ အိုးပိုင်အိမ်ပိုင် နေခွင့်ကို မရ သေးဘူး။ ဝယ်ပြီးနေလိုက်၊ ဈေးကောင်းလေးရလို့ ပြန်ရောင်းလိုက်နဲ့ ။

အိမ်ပြောင်း၊ နေရာ ပြောင်းရ တာ ငါးကြိမ်ရှိပြီ။ “ကျွန်မ အမြော်အမြင်ကောင်းလို့ လာဘ်မြင်လို ခုလိုရွှေနဲ့ ငွေနဲ့ နေရတာ ဆိုတာရှင် သဘောပေါက်” အဲဒါ ကျွန်တော့်မိန်းမ မချစ်ပို အိမ်နဲ့ ခြံပြန် ရောင်းပြီးတိုင်း ပြောနေကျစကား။ ခုခြံနေရာကို ကျွန်တော်က ကြိုက်တယ်” “မချစ်ပို” “ဘာတုံး ကိုရွှေကံ” “ဒီနေရာလေးတော့ ပြန်မရောင်းပါနဲ့ ကွာ။ ခြံလေးက ရေနဲ့ သစ်ပင်နဲ့ စိမ်းစိမ်းစိုစို၊ သန့်သန့် ပြန့်ပြန့်လေး၊ ငါတို့ တစ်သက်လုံး နားနားနေနေ ခေါင်းချရာနေရာလို့ မှတ်ကြ “ရှင်က ဘာလာဘ်မြင်လို့ လဲ။ နေရာ ကလေးကောင်းရင် ကုလားထိုင်နဲ့ စာဖတ် မယ်၊ ဘုရား စာတွေအော်ဆိုမယ်။ ပြီးရင် အတိတ်အကြောင်း၊ နိမိတ်အကြောင်းပြော ပြီး ဟိုလူ့သနားလို့ ပေး လိုက်၊ ဒီလူ့သနားလို့ ပေးလိုက်နဲ့ အလကားဖြုန်းမယ်၊ ဒါပဲ..။ ဒါမှာ ရှင့် ကိုရွှေကံရဲ့ ။ လူဆိုတာ အိုစာမင်းစာ အတွက် ခုလောက်ကတည်းက ကြိုတင် စုဆောင်းနိုင်မှ တော်ကာတန်ကာကျမှာ အရောင်းအဝယ်ကိစ္စဖြစ်လာရင် ရှင်ဝင်ပါပါ ကျွန်တော်က တစ်ထပ်တိုက်အိမ်လေးကို ဆေးသုတ်ကုလားတွေခေါ်ပြီးဆေသုတ်လိုက် တယ်။ ဆေးသုတ်လိုက်တော့ အိမ်ရဲ့ အလှက ပိုပြီးဝင့်ကြွားသွားရော။ ပြီး…အိမ်ရှေ့က … ပန်းခြံဟောင်းလေးကို တူးဆွပေါင်းသင်ပြီး အရွက်လှပန်းရောင်စုံ စိုက်ပြီး နေ့စဉ်ပြုစုပျိုးထောင်လိုက်တော့ ကြာခင်သုံးလေးလမှာ ပန်းရောင်စုံနဲ့ ကြည့် လို့ လှတဲ့ ပန်းခင်း၊ ပန်းတော၊ ပန်းခြံလေး ဖြစ်လာပါရော။

ကျွန်တော်တို့ ခြံထောင့်မှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်။ ခြံစည်ရိုးတစ်လျှောက်မှာ ဝါး ယောက်ရုံ၊ ဝါးနက်ရုံ၊ ဝါးယားပင်ရုံရှိတယ်။ မျက်နှာစာမှာ သရက်ပင်၊ ပိန္နဲပင်ရှိတယ်။ မရမ်းပင်က မြောက်ဘက်အခြမ်းမှာ ကျွန်တော်က ကျွန်တော့်ဝါသနာ၊ ဝသီ၊ ဓလေ့အတိုင်း အရိပ်ကောင်းသည့် ညောင်ပင် အောက်မှာ ပက်လက်ကုလားထိုင်ချပြီး မနက်မိုးလင်းတာနဲ့ ပရိတ်ကြီးဆယ့် တစ်သုတ်ကိုရွတ်လို့ သုံးဆယ့်တစ်ဘုံသား အားလုံးကို အမျှအတန်းပေးဝေတယ်။ မိန်းမလုပ်သူ မချစ်ပိုက ဈေးမှာ ဆိုင်ဖွင့်ဖို့ အစောကြီး သူ့အချစ်တော် … မွေးစားသား တယ်ရီယာခွေး၊ ဂျက်ကီနဲ့ သွား။ သူ့မောင် အရင်း … ချစ်ကောင်းဦးဆိုတဲ့ ကျွန်တော့် ယောက်ဖ အလုပ်မရှိ၊ အကိုင်မရှိ လတ်လျားလတ်လျားကောင်က နေဖင်ထိုးမှ အိပ်ရာထမယ်။ ပြီးရင်ကျွန်တော်ခပ်ထားသည့်ရေကို အားရပါးရချိုးမယ်။ သည့်နောက်ဝတ်ကောင်းစားလှ ဝတ်ပြီး သူ့အစ်မရဲ့ ဆိုင် ကိုသွားမယ်။ လက်ဝါးဖြန့် မုန့်ဖိုးတောင်း။ သူလိုအလုပ်မရှိ၊ အကိုင်မရှိ ဂျလေဘီတွေ ကိုးချင်းကိုးချင်း လျှောက်သွားမယ်။ နောက် ပြီးရင် အရက်နံ့တသင်းသင်းနဲ့ ပြန်လာ။ ကျွန်တော်ချက်ပြုတ်ထားသည့် ထမင်း ဟင်းကို တဝတပြဲစား။ ဟင်းမကောင်းရင် ပူညံပူညံ ဗျစ်တောက်ဗျစ်တောက်လုပ်။ အရစ်ရှည်မယ်။

အစ်မလုပ်သူကလည်း သူ့မောင်ဘက်က ဝင်ပါပြီး ကျုပ်ကို ပူညံပူညံလုပ်မယ်။ ပြောရ ရင် သူ့ခွေးလေးဂျက်ကီကပါ ဝင်ဟောင်မယ်။ ပြီးရင် သူ့အခန်းထဲ ဝင်အိပ်၊ အဲဒါမျိုးက အရင်အိမ်မှာ နေကတည်းကပါပဲဗျာ။ ကျုပ်က လည်း ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ကတည်းက အလုပ်ရှာနေရပေမင့် ရှိတာလေးနဲ့ အစုစပ် လုပ်ငန်းများမှာ ရှယ်ယာဝင် ထားတာမို့ အကျိုးအမြတ်ဝင်ငွေ ရှိနေပါ တယ်ဗျာ။ သူတို့ လုပ်စာ ထိုင်မစားပါဘူး။ ပြောရရင် သည် အထည်ဆိုင်လုပ်ငန်းလည်း ကျုပ်ပဲ အရင်း တည်ပေးခဲ့တာပါ။ အချိန်ပိုနေတော့ ဝါသနာပါတဲ့ ဘုရားတရားအလုပ်ကလေးပဲ အာရုံစိုက်။ ပြီးရင် စာအုပ်မျိုးစုံဖတ်ပေါ့။ ယောက်ဖလုပ်သူလည်း ကြည့်မရလို့ အရေး မလုပ်ပေါင်။ သူတို့ လည်း သူတို့ မူနဲ့ နေချင်သလိုနေ၊ ကိုယ်လည်း ကိုယ့်မူနဲ့ နေချင်သလိုနေပါပဲ။ ဒီလိုနေရင်းက… ခြံထဲက ညောင်ပင်ကြီးမှာ နတ်စင်၊ ရေချမ်းစင်လေး ပြိုပျက်နေလို့ လက်သမား ခေါ်ပြီး စင် လေးတစ်စင် ရိုက်လိုက်တယ်။ ကျွန်တော်တို့ မြန်မာများမှာ ဆိုရိုးစကား ရှိ သမို့လား။ ညောင်ပင်ကြီးရင် ရုက္ခစိုးကြီးများ မှီ တင်းနေထိုင်လေ့ရှိသတဲ့ ။ ရုက္ခစိုးနတ်ဆိုတာကလည်း စတုမဟာရာဇ်အောက် နတ်ကြီးများ ဖြင်ပေ မင့် ဘုန်းတန်ခိုးကြီး သတဲ့ ။ လူယောင် ဖန်ဆင်းပြီး ရဟန်းအရှင်သူမြတ် သူတော်ကောင်းများ ထံမှာ တရားနာယူလေ့ ရှိ သတဲ့ ။

ကမ္ဘာတစ်ဆုံး အသက်ရှည်ကြလို့ နောင်ပွင့်မည့်ဘုရားရှင်ကိုတောင် ဖူးမြော်နိုင် သူများ လို့ ဓမ္မကျမ်းဂန်များမှာ ဆိုသလို အချို့ သော ရဟန်းပုဂ္ဂိုလ်များက နောင်ပွင့်မည့် ဘုရားရှင်ကို ဖူးချင် လွန်းလို့ “ငါတို့ ပျံလွန် ရင် ရုက္ခစိုးနတ်ကြီးများ ဖြစ်ရင် ကောင်းမှာ ပဲ” လို့ ဆိုကြဖူးဆိုပဲ။ ဒါကြောင့်.. ရုက္ခစိုးစင်လေးလုပ်ပြီး ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းကပ်၊ ညဘက်ရောက်ရင် ဆီမီး၊ ရှိခဲ့ရင်လည်းကျွနု်ပ်တို့ … မိသားစုကို အမွှေး တိုင်များ ကပ်လှူပြီး ရုက္ခစိုးကြီးများ စောင့်ရှောက်ပါလို့ ပြောဆို ရတယ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ညောင်ပင်အောက်မှာ ပရိတ်တရားများ ရွတ် ပြီးရင်လည်း ရုက္ခစိုးကြီးအပါအဝင် ခုနစ် ရက်သားသမီး၊ သုံးဆယ့်တစ်ဘုံသားများကို အလှူပေးရသည့် ကျွန်တော့်ဘဝမှာ စိတ် ကြည်နူးချမ်းမြေ့စရာ အလုပ်တစ်ခုပါပဲဗျာ။ တစ်နေ့လည်း ကျရော.. ထူးဆန်းအံ့ဩဖို့ ကောင်းသည့် ဖြစ်ရပ်ကို ကျွန်တော်တို့ ကြုံရပါရောခင်ဗျာရေ။ ကျွန်တော် ကမိုးလင်းရင် … အိပ်ရာက အစောကြီးနိုးတာကိုး။ နိုးတာနဲ့ ဘုရား သောက်တော်ရေလဲ။ ဘုရားရှိခိုး လုပ်တာ။ အဲဒါ အိပ်ရာကထလို့ မီးဖွင့်လိုက်ရော… ဟော.. ကြည့်စမ်း..။ အိမ်ရှေ့ဘုရားစင်အောက်မှာ ဧရာမမြွေ ကြီးတစ်ကောင် ခွေနေတာများ ။ “ဘုရားရေ….။ … မြွေကြီးက နည်းတာ မဟုတ်ဘူး ။ ကိုယ်လုံးကြီးက ဓာတ်ဘူးလုံး လောက် ရှိ နေတာ။ အခွေအခွေဆင့်ခွေပြီး ခေါင်းတင်လို့ နေတာများ ။ အလုံးကြီးမှ နည်းနည်းနောနော မဟုတ် ဘူး။ “ကိုရွှေကံ ဘာဖြစ်နေတာတုံး” “ဟို..ဟို.. မြွေ.. မြွေကြီး” “ဘာ…ဘာပြောတယ်။ ကိုကံ ဘာပြောလိုက်တယ်” “ဘုရားစင်အောက်မှာ ”မြွေကြီး “ဟင်” ဇနီးသည် မချစ်ပိုရော။ ယောက်ဖလုပ်သူ ချစ်ကောင်းဦးရော အိပ်မှုန်စုံမွှားနဲ့ နိုး လာပြီး ဘုရားစင်အောက်က မြွေပုံကြီးကိုလည်း မြင် ရော အမလေးလို့ လန့်အော်ပါရော။

“ဝုတ်…ဝုတ်” “ဝုတ်…ဝုတ်” ” မချစ်ပိုရဲ့ မွေးစားသား ဂျက်ကီဆိုတဲ့ အမွေးစုတ်ဖွား ခွေးလမ်းသရဲကလည်း ဝုတ်ဝုတ်နဲ့ ဟောင်လိုက်၊ အနားပြေးကပ် လိုက်၊ ကိုက်မလို့ လုပ်လိုက်နဲ့ ဟန်ရေးပြလို့ “ဘုရား..ဘုရား အကြီးကြီးပါလား၊ ဒါ..ဒါ ဘာမြွေတုံး ကိုကံ” “စပါးကြီး” “ဘုရားရေ။ လူကိုရစ်ပတ် ဆွဲဆန့်တဲ့ စပါးကြီးလား” “ဟုတ်တယ်” “ဒါဆို ဒီလိုကြည့်နေလို့မရဘူး။ အပြတ်ရှင်းမှ ရတယ်။ နေဦး..ခဏလေး” ယောက်ဖလုပ်သူက ပြောရင်းကနေ နောက်ဖေးကိုဝင်သွားလိုက်ပြီး နှစ်ခွမှ ိန်း ရှည်ကြီးကို ယူလာလိုက်ရော။ “ချစ်ကောင်းဦး မင်းဘာလုပ်မလို့ လဲ” “သတ်ပစ်ရမယ်လေဗျာ” “မလုပ်နဲ့ မလုပ်နဲ့ ” “လုပ်ရမှာ ပေါ့ ကိုကံရဲ့ ၊ ရှင်က မြွေကိုမ သတ်ဘဲ မမောင်းမနှင်ဘဲ ဘာလုပ်မလို့ လဲ ပြောပါဦး ကျွန်မတို့ ကိုကိုက်ရင် မျိုရင် ဘယ်လိုလုပ်မလဲ” “ကြာတယ်ဗျာ။ ရှင်းပစ်လိုက်မယ် ဖယ်” “ပြောရင်းကနေ နှစ်ခွမှ ိန်းရှည်နဲ့ ထိုးမ လို့ အနီးကိုတိုးလိုက်ရော မြွေပုံကြီးက လွန့် ပြီး ခေါင်း ထောင်ကြည့်လိုက်တာဗျ။ “အမလေးဗျ” ယောက်ဖလုပ်သူကို ကြောက်ပြီး မှ ိန်းကို ကိုင်လို့ နောက်ကိုအမြန်ဆုတ် လိုက်လေရဲ့ ၊ ဒီမှာတင်ပဲ ခွေးစုတ်ဖွားဂျက်ကီက ကိုက် မယ်ဆိုပြီး အရဲစွန့်လို့ တိုးကပ်လိုက်ရော။ “နောက်ဆုတ်..နောက်ဆုတ်။ ဂျက်ကီ…. ဂျက်ကီ….သား..သား မလုပ်နဲ့ ဘုရား..ဘုရား ဒီမှာ ကိုရွှေကံ” “ဘာတုံး ချစ်ပို” “ရှင် ဒီမြွေဆိုးကြီးကို ဘယ်လိုလုပ်မှာ လဲ ပြော၊ ရှင်မလုပ်ရဲရင် ကျွန်မ ဈေးရှေ့က ကုလား အုပ်စုကိုခေါ်ပြီး သတ်ခိုင်းလိုက် မယ်။ ပြော..” “နေပါဦးဟာ” ဒါနဲ့ ကျွန်တော်လည်း စပါးကြီးမြွေရဲ့ ရှေ့ မှာ ရပ်ပြီး ခန္ဓသုတ်ရွတ်လို့ မေတ္တာပို့ လိုက်တယ်။ “အသင်မြွေကြီး။ သင်နဲ့ ကျွနု်ပ်တို့ သည် ဘယ်ဘဝက ဘယ်လိုတော်စပ်ခဲ့ကြသည် ကို ကျွနု်ပ်မသိပါဘူး။

သင် ကျွနု်ပ်ရဲ့ အိမ်ကို အလည်ရောက်လာသည် ကို ဝမ်းမြောက်မိပါ တယ်။ သို့ သော် ကျွနု်ပ်ရဲ့ အိမ်သူအိမ်သား များက သင့်ကို စိုးရိမ်ကြောက်ရွံ့နေသည် မို့ သင်လည်း အသက် အန္တရာယ်ကင်းအောင်၊ အိမ်သူအိမ်သားများ လည်း နေရဲအောင် အသင်မြွေကြီး…ဤနေရာမှ သည် အခြား နေရာသို့ ရွှေ့ပြောင်းပေးပါ။ အသင်မြွေကြီး အသက်ရှည်ပါစေ၊ ကျန်းမာပါစေ။ အမျှ… အမျှအမျှ” ကျွန်တော်က ဒီလိုလည်း ပါးစပ်ကနေ ရို ရိုသေသေ လေးလေးစားစား ပြောလိုက်ရော ပရိတ်ရေအိုးလုံးလောက် ခေါင်းကြီးကိုမော့ လို့ ကျွန်တော်တို့ သုံးဦးကို တစ်လှည့်စီကြည့် ပြီး ဘုရား စင်ရှေ့ကလျှောလို့ အပြင်ကိုထွက် သွားလေရဲ့ ဗျာ။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ သွားနေတဲ့ စပါးကြီးမြွေကြီးကိုကြည့်ပြီး သူတို့ မောင်နှမ အတော်ကို ကြောက်လန့်နေတာများ မြွေကြီးဟာ အိမ်ရှေ့ကနေ တောင်ဘက် ခြမ်း ဝါးယောက်ရုံအောက်ကိုဝင်သွားပြီး ပျောက်သွားလေရဲ့ ။ ဂျက်ကီခွေးလမ်းသရဲက ဝါးယောက်ရုံကိုကြည့်ပြီး အားရပါးရဟောင် နေလိုက် တာရယ်။ သူ့သခင်မ မနည်းကို ဆွဲ ယူရလေရဲ့ ။ ပြောရရင်တော့ဗျာ…။ မနက်မိုးလင်းလို့ အိပ်ရာထမီးဖွင့်လိုက်တာနဲ့ အဲဒီ စပါးကြီးမြွေကြီး ဟာ ဟာ ဘုရားစင်အောက်မှာ ခွေအိပ်နေတာကို နောက်နေ့တိုင်း မြင်ရ ရော။ ချစ်ပိုတို့ မောင်နှမ အိမ်မှာ မနေရဲတော့ ဘူး။ သူတို့ မြွေကြီးကို နေ့ရော၊ ညပါ ဆဲရေးတိုင်းထွာပြီး သတ်ပစ်ဖို့ စီစဉ်ကြ တယ်။ “မလုပ်ပါနဲ့ ချစ်ပို” “မလုပ်လို့ မရဘူး။

ကျုပ်တို့ အိပ်နေတုန်း လူကိုလာမျိုရင် ဘယ်လိုလုပ်မလဲ” “သူ ဘုရားစင်အောက်မှာ ပဲ လာအိပ်တာ ပါကွာ။ ငါ မေတ္တာရပ်ခံလိုက်တိုင်း ပြန်ဆင်း သွား တာပဲဥစ္စာ။ မြွေကြီးက လူစကား နားလည်ပုံရတယ် ချစ်ပို” “ရှင့်ယောက်ဖ လူစကားနားလည်ရင် မြွေ နေရာမြွေနေလို့ ပြောပါလား ထွီ” “ကြည့်ရတာ မင်းတို့ ၊ ငါတို့ နဲ့ ဟိုး ဘဝဟောင်းတုန်းက အဆွေအမျိုးတော်စပ် လို့ လာတာ လား မသိဘူး။ မြွေအိမ်ပေါ် ရောက်တာ လာဘ်ပဲ မိန်းမ” “ဘာလာဘ်လည်း ။ ငါးပြားစေ့တစ်စေ့မရ ဘဲ ညဘက်အိပ်လို့ မပျော်၊ ရင်တွေတုန်နေရ တာ လာဘ်လား ပြော” “တစ်နေ့တော့ ပေးချင်ပေးမှာ ပေါ့ မိန်းမ ရာ။ ခုချိန်ထိ ငါတို့ လည်း ရန်မပြုဘူး။ မြွေသူတော် ကောင်းကြီးပါ” “ရှင် ဒီမြွေကြီးကို သတ်ချင်သတ်။ မသတ် ရင် ကျွန်မတို့ ရှင်နဲ့ အတူမနေဘူး။ အို… ကြာပါတယ်။ ကျက်သရေမရှိတဲ့ ဒီအိမ်နဲ့ ခြံ ကြီးကို အမြန်ဆုံး ရတဲ့ ဈေးနဲ့ ရောင်းမှာ ပဲ” အဲဒီ အချိန်ကစပြီး မချစ်ပိုတို့ မောင်နှမ ကျွန်တော်နဲ့ အတူမနေတော့ဘူး။ အိမ်ငှားနေ ကြ တယ်။ နံဘေးနံဘီက ဘာလို့ အတူမနေ ကြတာလဲလို့ မေးရင် အလွန်ကြီးမားတဲ့ စပါးကြီးမြွေကြီး တစ်ကောင် အိမ်ပေါ်လာ လာတက်နေလို့ လို့ မပြောဝံ့ဘူး။ လင်မယား စကားများ ထားလို့ လို့ ပြောရ တယ်။ သူမက ဒီအိမ်နဲ့ ခြံကို ပြန်ရောင်းဖို့ စီစဉ် လှုပ်ရှားနေတာကိုး။ မြွေကြီးတက်တက်လာ လို့ ဆို တာသိရင် ဘယ်လိုလူမျိုးက ဝယ်ရဲမှာတုံး။ ဒါပေမယ့်… အချို့ကလည်း ဒီအိမ်ခြံသည် လူနေမမြဲလို့ ဆိုပြီး မဝယ်ရဲကြဘူး။ သရဲခြောက်သလိုလို၊ ပုဏ္ဏကတိုက်သလိုလို ကောလဟလသတင်း ကလည်း လွင့်နေသကိုးဗျ။

ကျွန်တော်ကတော့ သူတို့ လည်း အတူမ နေရော ထူးဆန်းသည့် စပါးကြီးမြွေကြီးကို ညဘက် မှာ အစာကျွေးကြည့်တယ်။ ပထမ ကြက်သားစိမ်းကျွေးကြည့်တယ်။ မြွေကြီးက မစားဘူး။ နောက် ကြက်အရှင်၊ ဘဲအ ရှင် ဝယ်ကျွေးကြည့်တယ်။ အဲဒါလည်း သူမစားဘူး။ ဒါနဲ့ အသီးအနှံ ပြောင်းပြီးကျွေး ကြည့်ပြန်ရော။ ဒါလည်း မြွေကြီးက နမ်း တောင်မကြည့်ဘူး။ နောက်ဆုံး နွားနို့ကျိုပြီး ပန်းကန်လုံးနဲ့ တိုက်တော့မှ စပါးကြီးမြွေကြီး လိုလိုလားလား … စားသောက်လေရဲ့ ခင်ဗျာ။ အဲဒါနဲ့ ညတိုင်း နွားနို့ပျစ်ပျစ်လေး ဝယ်ကျိုပြီး ဘဝဟောင်းက အဆွေအမျိုးလို့ ယူဆရတဲ့ မြွေကြီးကို ကျွန်တော် စေတနာ ရှေ့ထား အာဟာရဒါနပြုခဲ့လိုက်တယ်။ ပြောရရင် … မြွေကြီးဟာ ကျွန်တော့်ကို ထူးခြားသည် အိပ်မက်များ ပေးခြင်း လုံးဝမ ရှိပါဘူး။ ကျွန်တော်ကလည်း အာရုံရစ ကောင်းစေလို့ မမျှော်မှန်းပါဘူး။ ကျွန်တော်နားလည်လက်ခံထားတာက ဒီ စပါးကြီးမြွေကြီးသည်ဘဝဟောင်းက ကျွန်တော် ရဲ့ အမေလား၊ အဖေလား၊ အစ်ကို ညီလား၊ နှမလား၊ အစ်မလား၊လား၊ သူငယ်ချင်းလား၊ ကျွန်တော့် ရဲ့ ကြွေးရှင် လား။ ဘာပဲဖြစ်ဖြစ် သူသည် ကျွန်တော့်အိမ်ပေါ် ရောက်လာသည့် ဧည့်သည် ၊ ဆရာလည်း ဖြစ်ချင် ဖြစ်မည်။ တပည့်လည်း ဖြစ်ချင်ဖြစ် မည်။ ကျွေးပျံ့ရှိလို့ ကျွေးရတာ ။ ဒါ ကုသိုလျပဲ၊ ဒါနပဲ။ စေတနာသန့်သန့်နှင့်ကျွေးရင် စေတနာ ကုသိုလ်ရမှာ ပဲ။ ဒီလို ကျွန်တော်နှလုံးပိုက် တယ်။ ကျွန်တော့်လည်း ရန်မပြုဘူးလေး ဗျာ။ နော့..။ မိုးလင်းရင် သူ့ဘာသာသူ ဆင်းသွားရော။ ညဘက်ဆို ရောက်နေရော။ ကဲ မဆန်းဘူး လား ဗျာ။ ဟင်..။ အဲဒါ.. မချစ်ပိုတို့ က ဒီအိမ်နဲ့ ခြံကို လိုက်စပ် ရောင်းပေယ့် လုံးဝမထွက်ဘူးဖြစ်နေတယ်။ အချို့က လည်း မြွေကြီးတစ်ကောင် အိမ်ပေါ် ရောက်နေလို့ ဆိုတာ သိုးသိုးသန့်သန့်ကြား ကြရတော့ လက်ရှောင်ကြတာပေါ့။ တစ်ည မချစ်ပိုနဲ့ သူ့ခွေးဂျက်ကီ အိမ်ကို ရောက်လာတယ်။

ကျုပ်ကလည်း မြွေကြီး လိမ္မာရေး ခြားရှိပုံရသည့်အကြောင်းနှင့် လုံး ဝအန္တရာယ်မပေးသည့်အကြောင်းပြောပြီး ကြောက်ဖို့ ။ ကျွန်တော်နှင့်အတူ ကုသိုလ်ဒါန ပြုဖို့ အကြံပြုစည်းရုံးရတာ ပေါ့ဗျာ။ ပြီး… ဘာသာရေးအမြင်၊ လောကီဂမ္ဘီရ အကြောင်းနဲ့ လည်း ဟောပြောနားချရတာပေါ့။ နောက်ပိုင်းကျမှကျွန်တော်သိခဲ့ရတဲ့ ဖြစ်စဉ်ကို အခုပဲ ပြောပြပါရစေဗျာ။ တစ်ညမှာ ပေါ့ဗျာ။ မြွေကြီးသည် ကျွန်တော်တို့ ကို လုံးဝ အန္တရာယ်မပြုမှန်းသိရော မချစ်ပို သိပ်မ ကြောက်တော့ ဘူး။ ဒါပေမဲ့ မချစ်ပိုရင်ထဲမှာ က ဒီမြွေကြီးကို လုံးဝမလိုလားဘူးလေ။ ပြီး…ကျွန်တော်နဲ့ သူနဲ့ က တစ်ခန်းစီအိပ် တာကိုး။ တစ်ည သန်းခေါင်ယံမှာ မချစ်ပို ဟာ ကျွန် တော်ထည့်ပေးထားတဲ့ မြွေကြီးရဲ့ နွားနို့ခွက်ထဲကိုပြန်အိပ်နေတာ။ အဆိပ်ခတ်ထည့်လိုက်ပြီး မိုးလည်း လင်းရော… အိပ်ရာက … ကျုပ်အလျင်ထကြည့်လိုက် တော့ စပါးကြီးမြွေကြီး မရှိဘူး။ ရှိနေတာက သမံတလင်းပေါ်မှာ နွားနို့ပန်းကန်လုံး မှောက်ပြီး အချစ်တော် နွားနို့အိုင်ထဲမှာ … မချစ်ပိုရဲ့ ခွေးစုတ်ဖွားဂျက်ကီ မျက်လုံးပြူး အကြောဆွဲပြီး သေနေတာကို ကျွန်တော်နဲ့ မချစ်ပို မြင်လိုက်ရရော။ မချစ်ပိုဟာ ခွေးလေးဂျက်ကီကိုကြည့်ပြီး ချုံးပွဲချငိုပါလေရောခင်ဗျာ။ “ဒါ..ဒါ…ရှင့်ယောက်ဖ မြွေဆိုးကြီးကိုက် လို့ သေရတာ ။ ကျွန်မခွေး၊ အဖိုးတန်းလေး သေပြီ.. သေပြီ။ ဟီး..ဟီး” ဒါနဲ့ ကျွန်တော် လက်အိပ်စွပ်ပြီး ခွေးကို အသေအချာစစ်ဆေးကြည့်တော့ ခွေးရဲ့ ခန္ဓာကိုယ် ပေါ်မှာ မြွေကိုက်ဒဏ်ရာ လုံးဝမရှိ ပါဘူးဗျာ။ အဲဒါ…… ကျန်နေတဲ့ နွားနို့အချို့ကိုယူပြီး ကျန်းမာရေးဌာန ဓာတ်ခွဲခန်းက … အသိ သူငယ်ချင်းကို စစ်ဆေးခိုင်းလိုက်ရော… “ကိုရွှေကံ” “ဘာဆေးစစ်ချက်ပေါ်လဲ ကိုကောင်းညွန့်” “နွားနို့ထဲမှာ အပြင်းစားအဆိပ်ကို တွေ့ရ တယ်” “ဗျာ” “အဆိပ်ရဲ့ အမျိုးအစားက………… ,, ဒါနဲ့ ကျုပ် မသိချင်ယောင် ဆောင်နေ လိုက်ပါတယ်။ နောက်နေ့ညမှာ သူ့မောင် ကျွန်တော့် ယောက်ဖ ချစ်ကောင်းဦးပါ လာ အိပ်တယ်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ကျုပ်ရဲ့ အသိမိတ်ဆွေ ဧည့်သည် တော်ခေါ်မလား။

ဒီ ခြံရဲ့ မူလအိမ်ရှင်ခေါ်မလား။ ပုံမှန်လာနေ သည့် စပါးကြီးမြွေကြီးကို ညစဉ် ဝတ္တရားမ ပျက် နွားနို့ပုံမှန် တိုက်နေဆဲပါပဲ။ ဒီလိုနဲ့ အိပ်ပျော်သွားတုန်းမှာ ပဲ… “ဒုန်း” “အား” “အား” အလို…အော်သံကြားရတယ်။ လူတစ် ယောက်ရဲ့ … ကြောက်လန့်တကြားအော်သံ။ ကျွန်တော်တို့ လင်မယား အိမ်ရှေ့ခန်းက လူ အော်သံကြားရလို့ မီးဖွင့်ပြီး အမြန်ပြေးကြည့် လိုက်ရော… “အမလေး…” “ဟာ..ဟာ…” “အမလေး…လုပ်ကြပါဦး။ ကျွန်မမောင်ကို ကယ်ပါဦး” “မြင်လိုက်ရသည့်မြင်ကွင်းက ရင်တုန် ချောက်ချားစရာပါဗျာ။ ကြည့်စမ်း…။ ကျွနု်ပ်ယောက်ဖ ချစ်ကောင်းဦးကို စပါးကြီးမြွေကြီးက ရစ်ပတ်ပြီး ညို့နေတာ။ စပါးကြီးမြွေကြီးရဲ့ ကြီးမားတုတ်ခိုင်သည့် ခန္ဓာကိုယ်အရစ်အခွေကြားမှာ ယောက်ဖချစ် ကောင်းဦး ဦးခေါင်းမျှသာပေါ်ပြီး မျက်လုံးပြူး အော်ဟစ်နေတယ်။ “ကိုကံ..ကိုကံ..လုပ်ပါဦး..မောင် လေး..မောင်လေး..အမလေး..လုပ်ကြပါဦး” “မြွေကြီးမြွေကြီး..မလုပ်ပါနဲ့ ။ ကျုပ် မေတ္တာရပ်ခံပါတယ်။ ခွင့်လွှတ်ပေးပါ မြွေ ကြီးခင်ဗျား။ မြွေကြီး ကျုပ်ရဲ့ မေတ္တာ၊ စေတနာကို ငဲ့ညှာသောအားဖြင့် ဒေါသကို လျှော့ချပေးပါ မြွေကြီးခင်ဗျား။ ပါးစပ်ကလည်း အော်ပြောရင်း မေတ္တ သုတ်ကို ရွတ်ဆိုပေးလိုက်ရော…။ အံ့ဩစရာ ပါပဲဗျာ။ စပါးကြီးမြွေကြီးကား အရစ်အခွေ များကို လျှော့ဖြေချပြီး အပေါက်ဝကနေ လူးလွန့်ထွက်သွားပါလေ ရော။ ချစ်ကောင်းဦးကတော့ စအိုကနေ ချေး သေးများ ထွက်ပြီး သမံတလင်းပေါ်မှာ မေ့မြောနေပြီ ဗျာ။ အဲဒါ ရေလောင်းချပြီး သံပရာသီးနဲ့ နှာနှပ်ယူမှ သတိပြန်ရလာခဲ့ တယ်။ “ချစ်ကောင်းဦး..ချစ်ကောင်းဦး” “မောင်လေး…မောင်လေး” “အင်း…အင်း….ဟင်း…ဟင်း” “သတိရပြီလား ယောက်ဖ..ဟင်..ဟင်” “အင်း..ရ…ရပြီ။

မြွေ…မြွေကြီးရော။ ကျွန်တော် ကြောက်ကြောက်တယ်” “မရှိတော့ပါဘူး။ ဆင်းသွားပါပြီ။ ပြောပါ ဦး ယောက်ဖ၊ မင်း ဘယ်လိုဖြစ်ရတာ တုံး” “ကျွန်….ကျွန်တော် အစ်ကို” မှား…မှားသွားပြီ “ဟေ….မင်းဘာမှားလို့ တုံး။ ပြောပါဦး…” ဒီမှာ ပဲ ယောက်ဖလုပ်သူက သူ့ရဲ့ ဖြစ်ပွား မှုများကို ပြန်ပြောပြတယ်။ အစ်မလုပ်သူ လည်း သူ့လုပ်ရပ် ပေါ်သွားရော။ “မှန်ရာပြောရရင် ကျွန်တော်တို့ မောင်နှမ ဒီမြွေကြီးကို လုပ်ကြံဖို့ တိုင်ပင်ကြတယ် အစ်ကို၊ ဒီမြွေကြီးသေမှ ဒီအိမ်နဲ့ ခြံကို ရောင်း လိုရမှာ ကိုး။ အစ်မက ဟိုတစ်နေ့က မြွေကြီး သောက်တဲ့ နွားနို့ မှာ အဆိပ်ခပ်ပြီး လုပ်ကြံခဲ့ တယ်။ နောက်ဆုံး အစ်မရဲ့ အချစ်ဆုံးခွေး လေးသာ အဆိပ်ပါတဲ့ နို့ကို သောက်ပြီး သေ ခဲ့ရတယ်။ မြွေကြီးက ဘာမှ မဖြစ်ဘူး။ ဒါနဲ့ းသေ ညတုန်းက ကျွန်တော်ကိုယ်တိုင် ရဲတင်း နဲ့ မြွေကြီးရဲ့ ဦးခေါင်းကို ခုတ်သတ်မယ်ဆိုပြီး အရက်သောက်လို့ ခုတ်မယ်လည်း လုပ်ရော။ ဒီမှာ စပါးကြီးမြွေကြီးက ကျွန်တော့်ကို ညှို့ တော့တာပဲ။ ညှို့ပြီး သူ့ကိုယ်လုံးနဲ့ လူကိုလာရစ်နေတာ။ အသံထွက်လို့ ရသမျှ ကြောက်လန့်တကြားအော်ဟစ်နေတုန်း အစ်ကိုတို့ ရောက်လာလို့ ကျွန်တော် မသေရ တာ ပဲ။ ဟူး..အစ်မ” “ဘာ..ဘာတုံး မောင်လေး” “ဒီ…ဒီမြွေကြီးက အရမ်းကိုထူးဆန်း တယ်။ သူ့ကို ကျွန်တော်တို့ ဘယ်လိုမှ လုပ်ကြံလို့ မရ ဘူး။ သူ ကျွန်တော်တို့ မောင်နှမကို ကျေနပ်ချင်မှ ကျေနပ်မှာ ဗျ” “အဲဒါ ဘယ်လိုလုပ်ကြမလဲဟင်..ဟင်။

ကျွန်မတို့ မှားပါပြီ ကိုရွှေကံ။ ကျွန်မတို့ ကို ကယ်ပါဦး၊ ကူညီပါဦးရှင်..အီး…ဟီး” “မစိုးရိမ်ပါနဲ့ ယောက်ဖနဲ့ မိန်းမရာ။ ငါ တာဝန်ယူပြီး မြွေကြီးကို တောင်းပန်မေတ္တာ ရပ်ခံပါ့ မယ်။ မင်း အတော်ကိုကံကောင်း တယ် ယောက်ဖ၊ ဒီမြွေကြီးမျိုးက လူကိုညှို့ ပြီးရင် သူ့ခန္ဓာကိုယ်နဲ့ ရန်သူကို ရစ်ပတ်မယ်။ ပြီး အညှို့ခံရသူရဲ့ ဦးခေါင်းပေါ်ကို သူ့ပါးစပ် က ချွဲပျစ်ပျစ်အရည်အမြှုပ်များ အန်ချရွှဲစိုစေ မယ်။ ပြီးရင် မင်းရဲ့ စအိုဝထဲကို သူ့ရဲ့ အမြီး ကို ထိုးသွင်းပြီး အရိုးပါကြေမွသွားအောင် ရစ်ပတ်ဆွဲဆန့်ပြီး ဦးခေါင်းကစပြီး မျိုချ လိုက်မှာ ” “ဘုရား..ဘုရား..ကြောက်စရာကောင်း တဲ့ မြွေပါလားနော်” “အမှန်က မင်းတို့ က သူ့ကိုရန်သူလို သဘောထားပြီး လုပ်ကြံရန်ပြုလို့ ပြန် အန္တရာယ်ပေးတာ ပါ။ ငါက သူ့ကို နေ့စဉ်၊ ညစဉ် ကျွေးမွေးစောင့်ရှောက်တော့ ငါ့ကို သူ ရန်ပြုလို့ လား ပြောပါဦး” “ဟုတ်တယ် အစ်မ” “ပြီးတာပြီးစေတော့ကွာ။ ငါ အဓိကပြော ချင်တာက ဒီမြွေကြီးဟာ ဒီအိမ်ခြံရဲ့ မူလမြေ ပိုင် ရှင်၊ ခြံပိုင်ရှင်။ အိမ်ရှင်ဆိုလည်း မမှား နိုင်ဘူးကွ။ ဒီလို မဟုတ်ဘူး ဆိုရင် ဒီ စပါးကြီးမြွေကြီးသည် ငါတို့ ၊ မင်းတို့ နဲ့ ဟိုး…ဘဝအဆက်ဆက်က အမိအဘ၊ အဆွေအမျိုး၊ သားသမီး၊ သားမယား။ ဆရာ သမား၊ ညီအစ်ကိုမောင်နှမ တော်စပ်ခဲ့လို့ များ တိရစ္ဆာန်ဘဝနဲ့ ငါတို့ နဲ့ ရေစက်ဆုံပြီး ပြန်တွေ့ကြသ လားဆိုတာ ပြောလို့ မရဘူး လေ။ တို့ ဘုရားရှင်က ဟောခဲ့သားပဲ၊ ဘဝ အဆက်ဆက်က ဆွေမျိုး မတော်စပ်ခဲ့သူ မရှိ တဲ့ ။ ဒါကြောင့် ထူးခြားစွာ ဘုရားစင် အောက်မှာ လာလာအိပ်နေလို့ အမိအဘ၊ ဆရာသမားလို့ … သဘောထားပြီး ကျွေးမွေးစောင့်ရှောက်နေတာပါ။ ကိုင်း..မင်း ငါက တို့ လည်း အမြင်မှန်နဲ့ နောင်တရကြပြီပဲ။ မြွေကြီးကို နွားနို့အာဟာရတို့ များကျွေးပြီး မေတ္တသုတ်ရွတ်လို့ ပါဦးကွာ” တောင်းပန်လိုက်ကြ ယောက်ဖနှင့်ဇနီးသည်တို့ဟာ ကြောက်လန့်အံ့ဩနောင်တများ ရပြီးနောက် သူတို့ ကိုယ် တိုင် နွားနို့ကျိုပြီး ညဘက် ရောက်လာသည့် စပါးကြီးမြွေကြီးရဲ့ ရှေ့မှာ ချပေးလို့ တောင်းပန်စကား ဆိုစေတယ်။

အံ့ဩစရာပါ ဆရာမှ ိုင်းရယ်။ မိုးလင်းလို့ သုံးယောက်သား ထကြည့်ကြရော.. မြွေကြီး လည်း မရှိတော့ဘူး။ နွားနို့သုံးခွက်လည်း ပြောင်သလင်းခါလို့ ။ “မြွေကြီးရော အစ်ကို” “ပြန်ဆင်းသွားရောပေါ့ကွာ” “ကိုရွှေကံ..ဟိုဟာ အန်ဖတ်တွေနဲ့ တူရဲ့ ” “အေးဟ” ဘာတွေတုံးရှင်။ သုံးယောက်သား ဝိုင်းကြည့်လိုက်ရော။ အန်ဖတ်ပုံကြီးဗျာ။ မြွေကြီးရဲ့ အန်ဖတ်ပုံဗျား။ ဒါနဲ့ ကျွန်တော်က သံပြားခွက်နဲ့ အန်ဖတ်ပုံ ကို ကောက်ကျုံးလိုက်ရော အဲဒီ မှာ ပစ္စည်း သုံးခု ကို သွားတွေ့တာ။ ဘာလဲ..သိလား။ ရွှေနဲ့ ကွပ်ထားသည့် လက်စွပ်သုံးကွင်း။ သေသေချာချာစစ်ဆေးလိုက် ရေဆေးပြီး ရော…ဘုရားရေ၊ ရွှေနဲ့ လုပ်ထားသည့် စိန် လက်စွပ်သုံးကွင်း။ အားလုံး အံ့ဩဝမ်းသာ ဖြစ်ကြပြီး အသီးသီး လက်သူကြွယ်ကိုယ်စီ မှာ စွပ်ကြည့်လိုက်ရော..အံကိုက်လို့ ဗျာ။ စာရေးဆရာရေ။ ကျွန်တော်တို့ စပါးကြီးမြွေထူးဆန်းကြီးရဲ့ အန်ဖတ်ပုံထဲက စိန်လက်စွပ်သုံးကွင်းရပြီး နောက်နေ့ကစပြီး မြွေကြီး ကျွန်တော်တို့ အိမ်ပေါ်ကို လုံးဝကိုမလာတော့ဘူးဗျာ။ ကျွန်တော်တို့ နေ့စဉ်၊ ညစဉ် နွားနို့သုံးခွက် နဲ့ စောင့်မျှော်ကြပေမင့် လုံးဝကိုမလာတော့ ဘူး ဗျာ။ အဲဒီ နောက်ပိုင်း ကျွန်တော်တို့ သုံးဦးသား သည် ခြံထဲရှိ ညောင်ပင်အောက်က ကွန်းစင် လေး ရှေ့မှာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ် ပြီး ညတိုင်း ပရိတ်ကြီးဆယ့်တစ်သုတ်ကို ရွတ်လို့ မြွေကြီး အပါအဝင် သုံးဆယ့်တစ်ဘုံ သားများကို အလှူအတန်းပေးဝေလျက်ပါပဲ စာရေးဆရာရယ်။

မောင်ညိုမှိုင်း(သန်လျင်) #crd

Leave a Reply

Your email address will not be published. Required fields are marked *