အိုကြီးအိုမ(စ/ဆုံး)

အိုကြီးအိုမ(စ/ဆုံး) ————– ‘မျက်စေ့အကျင့်၊ ဝမ်းအချင့် ’ တဲ့၊ ခေါင်းအုံးနံဘေးထားတဲ့ ဖုန်းကို လက်နဲ့စမ်းလို့ ယူပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ဒစ်ဂျစ်တယ်ကိန်းဂဏန်းက မနက် နှစ်နာရီမိနစ်နှစ်ဆယ်လို့ ပြနေပါပြီ၊ ပုံမှန်အိပ်ယာထချိန်ဆိုပေမယ့်လည်း တပို့တွဲလဆန်းရဲ့ ဆောင်းနံနက်ဟာ ရေခဲရည်စိမ်ထားသည့်အလား အေးစက်စက်နဲ့၊ ဒီလို တပို့တွဲလရောက်တိုင်း မူလတန်းဖတ်စာထဲက “ ပြာသိုလမှာချမ်းအေးသည်။ ခွာညိုပန်းနံ့ မွှေးသည်။ စုစုဝေးဝေး ထမနဲ ထိုးကြသည်။ …

အိုကြီးအိုမ(စ/ဆုံး) Read More

သူငယ်ချင်းကောင်း(စ/ဆုံး)

သူငယ်ချင်းကောင်း(စ/ဆုံး) ————————- ‘ကြီးကြီးမြ.သဇင်ဘယ်သွားလဲဟင်’ ‘ခုနတော့ရှိပါတယ်သမီးရဲ၊အိမ်ပေါ်ကိုတက်ကြည့်လိုက်ပါလားကွယ်’ ‘ဟုတ်ကဲ့ကြီးကြီး သွားကြည့်လိုက်မယ်နော်’ ညိုမြအပြေးကလေးတက်ကာကြည့်လိုက်သည်။တစ်အိမ်လုံးအနှံ့ရှာသော်လဲမတွေ့၊တွေ့သည်ကားစာတစ်စောင်ဖြစ်သည်။ကောက်ယူကာဖတ်ကြည့်လိုက်တော့. ‘မေမေ.သမီးချစ်သူနဲ့လိုက်သွားပြီနော်၊အမေ့ကိုအသိမပေးဘဲလုပ်ခဲ့မိတဲ့အတွက်သမီးကိုခွင့်လွှတ်ပါ ‘ဟာဒီကောင်မငါအတန်တန်ပြောနေတဲ့ကြားကလိုက်သွားပြန်ပြီဟာ၊ဒီကောင်ကငပွေ၊ငရှုပ်ပါဆိုတာကိုပြောလို့မရဖူး၊ငါမြင်နေသေးတယ်သဇင်၊နင်တစ်နေ့မှာဒုက္ခလှလှကြီးတွေ့မှာ’ စာကိုဖတ်ပြီးသည်နှင့်နုတ်မှတဖွဖွပြောမိသည်။ သဇင်ဆိုသည်ကလည်းအခြားသူမဟုတ်၊မိမိနဲ့ငယ်စဥ်ကတည်းကပေါင်းဖက်လာကြသူပင်၊ရင်းနှီးမှုခိုင်မာလာပြီးညီမအရင်းအချာတစ်ယောက်လိုသတ်မှတ်ထား၏။ကောင်းတူ၊ဆိုးဖက်နေထိုင်ကြဖို့ကိုလည်းအမြဲတွေးထားသည်။ အခုတော့မိမိပြောစကားကိုနားမထောင်၊ထင်ရာစိုင်းလျက်လုပ်ချင်တိုင်းလုပ်သွား၏။ ‘အင်း.နင်နဲ့တော့ခက်နေပြီသဇင်ရယ်၊ငါဘယ်လိုလုပ်ရမလဲဟာ.’ စာကလေးကိုလက်မှာကိုင်လျက်အိမ်အောက်ဆင်းလာသည်။ ‘တွေ့လားသမီး.’ ကြီးကြီးမြဆိုသူကဆည်းမေး၏။ညိုမြခေါင်းခါပြလိုက်သည်။ပြီးတော့စာကိုကြီးကြီးမြထံသို့ကမ်းပေးလိုက်၏။ ‘ဒါကဘာလဲသမီးရဲ့’ ညိုမြပြန်ဖြေဖို့တွန့်ဆုတ်နေမိသည်၊ကြီးကြီးမျက်နှာကိုစေ့စေ့ကြည့်ရင်း ‘သူ.ယောင်္ကျားနောက်ကိုလိုက်သွားပြီကြီးကြီး၊အဲ့စာထဲမှာရေးထားတယ်’ ‘ဟင်ဘယ်လို.ဘယ်လို့သမီး၊ငါ့သမီးလေးကလင်နောက်ကိုသွားတယ်.ဟုတ်လား’ ‘ဘယ်သူနဲ့များလဲကွယ်၊ကြီးကြီးကိုပြောပါအုံး’ ‘တင့်ဝေနဲ့ပါကြီးကြီး’ ‘ဘာ.တင့်ဝေနဲ့ဟုတ်လား၊ဒါဆိုရင်တော့ကြီးကြီးရဲသမီးလေးရေတိမ်နစ်ပါပြီကွယ်၊မကယ်နိုင်တော့ဖူးလားသမီးရယ်၊လုပ်ပါအုံးနော်’ တင့်ဝေရဲ့အကြောင်းကိုညိုမြသာမက၊မိခင်ဖြစ်သူကပါသိနေသည်။မိန်းကလေးတွေနဲ့ပတ်သက်လာရင်အနှောင့်အယှက်အပေးဆုံသူ၊ပြီးတော့မိန်းကလေးတစ်ယောက်နဲ့ပြသနာဖြစ်ပြီးလျော်ကြေးပေးထားရသေးသည်။ ဒီလိုလူမျိုးကိုမှသမီးကလင်သားအဖြစ်သတ်မှတ်လိုက်ပြီဆိုတော့စိတ်ချမ်းမြေ့စရာလမ်းမမြင်၊တခဏသာပျော်ရွင်မှုအရိပ်အ​ယောင်ကိုမြင်တွေ့ရမှာဖြစ်ပြီးကာလကြာသည်နှင့်အမျှမျက်ရည်နဲ့ဒူးသုတ်စရာသာရှိသည်။ ‘ကြီးကြီးအဲတာဘယ်လိုလုပ်ကြမလဲဟင်’ ‘ရအောင်ခွဲရမှာပေါ့သမီးရယ်၊ဒီတစ်လမ်းဘဲရှိတာ၊သူလက်ထဲမှာတော့ကြီးကြီးရဲ့သမီးဘဝအပျက်အစီးမခံနိုင်ဖူး’ ‘ဒါဆိုလာကြီးကြီး.၊သူတို့ဘယ်နေရာမှရှိလောက်တယ်ဆိုတာကိုသမီးသိတယ်’ ကြီးကြီးအားခေါ်လာပြီးညိုမြလိုက်စုံစမ်း၏။လက်မတင်လေးအတွင်းမှာသဇင်တို့နေထိုင်ရာသဲလွန်စကိုရခဲ့သည်။ ဤနေရာနဲ့သိတ်မဝေးသောတင့်ဝေ၏သူငယ်ချင်းအိမ်မှာပင်ရှိသေးကြောင်းသိရ၏။ …

သူငယ်ချင်းကောင်း(စ/ဆုံး) Read More

အမေ(စ/ဆုံး)

အမေ(စ/ဆုံး) အမေဟာ တော်တော်လေးကို သိလိုစိတ်တွေ များလာပါတယ် လမ်းမှာ လူတစ်ယောက်ဖြတ်သွားရင်ကို “ဟဲ့ ဟဲ့ အဲ့တာ ဘယ်သူလဲ သိလား”လို့ လိုက်မေးတတ်ပြန်တယ် အမေဟာ ကျမ သိတဲ့ အမေမဟုတ်တော့ဘူး တိတိကျကျပြောရရင် အမေအသက် ၇၁ နှစ်လောက်ကစပြီး ‌အမေပြောင်းလဲသွားခဲ့တယ်အမေဟာ အရင်က‌ဆို အတော့်ကို စည်းဘောင်နဲ့ နေတတ်သူပါ ဥပမာ ကျမကို မပြောဘဲ ကျမ …

အမေ(စ/ဆုံး) Read More

ရင်ထဲကစမ်းရေ(စ/ဆုံး)

ရင်ထဲကစမ်းရေ(စ/ဆုံး) နေ့လည် ထမင်းစားချိန်မှာတော့ မယ် နဲ့ ထွေးလေးတို့ထမင်းအတူစားကြတယ်။ ထွေးလေးက သူ့ထမင်းချိုင့်ကိုဖွင့်ကြည့်ပြီး။ မုန်ညင်းရွက်ကြော် နဲ့ငရုပ်သီးဆားထောင်း ပါတယ် မယ်ရေ.. အိုကေ..အိုကေ..ငါ့အကြိုက်ပဲ.. သူထည့်ပေးတဲ့မုန်ညင်းရွက်ကြော်ကို အနည်းငယ် ယူစားလိုက်တယ်။ မုန်ညင်းရွက်ကြော်က ခါးတယ် ထွေးလေး… ဟင်..ဟုတ်လား.. နေဦး..ငါစားကြည့်ဦးမယ်.. အေးဟယ်…ခါးလိုက်တာ.. အမေ ဘယ်လိုကြော်ပေးလိုက်တယ် မသိဘူး… အိမ်မှာ ဆီကုန်နေတယ်နဲ့ တူတယ်… ငါးကြင်းဆီဖတ်ကို ကြော်ထားတဲ့ဆီနဲ့ …

ရင်ထဲကစမ်းရေ(စ/ဆုံး) Read More

ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး)

ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး) ———————————— ကျောင်းပိတ်ရက်မို့ နားအေးပါးအေး နေရမလား အောက်မေ့တယ်။ ဧည့်ခန်းထဲမှာ အဖေနဲ့ အတူ မနက်စာ စားနေတုန်း ကိုလတ်မိန်းမက အငယ်မကိုချီပြီး ငိုကြီးချက်မနဲ့ အိမ်ရောက်လာကြတယ်။ စောစောစီးစီး ကျက်သရေ ကို တုံးတယ်။စားနေတဲ့ ကြက်ဥထမင်းကြော် အရသာကို ဘယ်ပျောက်သွားမှန်း မသိဘူး။ အိုးခွဲအိမ်ခွဲဖြစ်နေတာကို အခုထိ မုဆိုးဖိုအဖေဆီ လာလာပြီး ဒုက္ခပေးကြတုန်း။ အဖေက အပြုံးမပျက် …

ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး) Read More

ဆန္ဒတစ်စုံတစ်ရာ(စ/ဆုံး)

ဆန္ဒတစ်စုံတစ်ရာ(စ/ဆုံး) `ဟဲ့ မသာ မိုးတောင်စင်စင်မလင်းသေးဘူး အရည်ဖိုးကလာတောင်းနေပြီ သောက်လုပ်ကျအ​ကြောတင်းတင်းမလုပ်ချင်ဘူး´ `အလုပ်ကလေးများ နှစ်ရက် သုံးရက် ဆက်နေရင်ဖင်နာသလေး ခေါင်းကိုက်သလေးနဲ့ မျောက်များငါးပိနဲ့တို့လိုက်သလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ´ `အရည်ကျတော့ နေ့တိုင်း မြိုတယ် မရိုးနိုင်မမုန်းနိုင် တကယ်ထဲတော်´ ဘေးကပ်လျက် အခန်းမှ ဒေါ်ကျင်နု၏ မြည်တွန်တောက်တီးနေသံသည်ကား ကျွန်မတို့ဆိုင်ခန်းတွဲ၏ အချိန်မှန်ထွက်ပေါ်လာနေကြ နံနက်ချိန်ခါတေးသံသာပင်ဖြစ်သည်။သူမအလှည့်ပြီးလျင်တော့ ဒေါ်သေးသေးတို့သားအမိ၏ ဖျော်ဖြေမှုအလှည့်ကျပေလိမ့်မည်။ ကျွန်မတို့သည် ပျံကျစျေးသည်များသာဖြစ်ကြသည်။သည်အရပ်ဇာတိမဟုတ် …

ဆန္ဒတစ်စုံတစ်ရာ(စ/ဆုံး) Read More

ရွာကျော်လေးဖော်(စ/ဆုံး)

ရွာကျော်လေးဖော်(စ/ဆုံး) ————————- ချစ်လွင် ၊နောင်နောင် ၊အေးကို နှင့် လှဘို။ စပ်ချောင်းရွာကလေး၏ ရွာကျော်လေးယောက်။ ရုတ်ရုတ် ,ရုတ်ရုတ်ဆို ပြေးမကြည့်နဲ့ ..သူတို့အရင် ပါပြီးသား.. ။ အေးကိုအမေပြောသလို သန့်ခနဲဆို နန့်ခနဲပါတာ ဆိုတာမျိုး။ ရွာအလှူပွဲဆိုလည်း သူတို့ ရောက်ပြီးသား.. ။ ကထိန်ဆိုလည်း လက်မနှေး အဲ ခြေမနှေး။ မင်္ဂလာဆောင်ဆိုလည်း မဏ္ဍပ်မထိုးရသေးဘူး ..၊ …

ရွာကျော်လေးဖော်(စ/ဆုံး) Read More

မသေမချင်း(စ/ဆုံး)

မသေမချင်း(စ/ဆုံး) —————- “ဓားပြဗျိုး … ဓားပြ … ကယ်ကြပါဦး” နံနက် မိုးမလင်းမီ စူးရှစွာပေါ်ထွက်လာသည့် အသံဖြစ်သည်။ ရွာထဲတွင် နိုးသူတွေကလည်း နိုးနေပြီ။ ရွာသူရွာသားများထုံးစံအတိုင်း တုံးမောင်းခေါက်သည်နှင့် နိုးကြသည် ဖြစ်ရာ တုံးမောင်းသံကြားပြီး၍မှမကြာသေး “ဓားပြ” ဆိုသည့် အသံကို ကြားလိုက်ရခြင်းဖြစ်သည်။ တုတ်၊ ဓားတွေ ရရာဆွဲကာ ရွာသူရွာသားတွေ ပြေးထွက်လာကြသည်။ “ဘယ်မှာလဲ … …

မသေမချင်း(စ/ဆုံး) Read More

အိမ်မက်ဝိညာဉ်(စ/ဆုံး)

အိမ်မက်ဝိညာဉ်(စ/ဆုံး) ကျုပ်တို့ရွာ မနှစ်ကပြဇာတ် မှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဒီနှစ်မှာ ပြဇာတ်လုပ်မယ် မလုပ်ဘူးနဲ့အငြင်းပွားခဲ့ကြရာ နောက်ဆုံးတော့လည်း ရွာရဲ့ထုံးလမ်းစဉ်လာကို မဖြတ်လိုတာကြောင့် ဒီနှစ်လည်း ပြဇာတ်လုပ်ဖို့ တရွာလုံးသဘောတူ ဆုံးဖြတ်လိုက်ကြပြန်တယ်။ဒါပေမဲ့ ကျုပ်တို့ရဲ့ အစီစဉ်က နောက်ကျလွန်းနေပြီ။ခုဆိုသီတင်းကျွတ်လဆန်းထဲတောင် ရောက်နေပါပြီမဟုတ်လားဗျာ။ခုလိုရာသီနောက်ကျပြီဆို မင်းသမီးငှားရတာလည်း မလွယ်ဘူးဗျို့။မင်းသမီးတွေက ဒီလဆို ပွဲကစိပ်ပါဘိနဲ့ဗျာ။ခုလိုနောက်ကျလို့တော့ မင်းသမီးရဖို့က ရွှေထက်ပင်ရှားသဗျို့။ဒါပေမဲ့ ကျုပ်ကလည်း ရွာတွက်ဆို အကျိုးကြေကြေ အရည်ခန်းခန်းပဲဗျို့။ ကျုပ်တို့ …

အိမ်မက်ဝိညာဉ်(စ/ဆုံး) Read More

ခြွေရက်လေသူ(စ/ဆုံး)

ခြွေရက်လေသူ(စ/ဆုံး) ——————– “သြော်…ဘာလိုလိုနဲ့ ကျောင်းကပြန်တက်ရတော့မယ်။ ကျောင်းပိတ်တဲ့ နှစ်လကလည်း ကုန်တာမြန်တာ။ ဒါပေမဲ့နော် ကျောင်းတက်ဖို့ရက်ကသာ နီးနီးလာတာ ဒီသရက်ပင်ကြီးက သရက်သီးသီးဖို့ကျ ကြာလိုက်တာ မမရာ” “ဟဲ့…အူကြောင်ကြားမရဲ့ နင့်ကြီးတော်သရက်က နွေဦးမှ စဖူးမှာဟ။ နင်စားချင်ရင်ကျောင်းက ပြန်လာမှစားပေါ့။ မသိရင်ကျောင်းလေး လေးလလောက်သွားတက်ရတာကိုများ တစ်သက်လုံးပြန်မလာတော့မှာကျလို့” “ဟာ…မမကလည်း မပြောကောင်းတာ။ ဘာမှန်းမသိဘူး သူများမှအခုတလော အိပ်မက်တွေ မကောင်းပါဘူးဆိုနေ။ တော်ပြီ …

ခြွေရက်လေသူ(စ/ဆုံး) Read More