ဖိုးလနတ်သား
ဖိုးလနတ်သား ကျွန်တော်လမ်းလျှောက်ပြန်လာသည့် လမ်းထောင့်လေးတစ်နေရာတွင် လက်ဖက်ရည်ဆိုင်သေးသေးလေး တစ်ဆိုင်ရှိသည်။ ကျွန်တော်က ထိုဆိုင်တွင် နံနက်စာ တစ်ခါတစ်ရံစားသည်။ အစားအသောက် ကောင်း၍ တော့မဟုတ်။ ဘဝအကြောင်း သောင်းပြောင်းထွေလာကို ဤနေရာတွင်သိနိုင်သောကြောင့်ဖြစ်သည်။ လမ်းဆုံလည်းဖြစ် လူနေစိပ်သည့် ရပ်ကွက်တစ်ခုအတွင်း၌လည်း ဖြစ်သဖြင့် ထိုဆိုင်တွင် လူစုံသည်။ ထောင့်နားကျကျ စားပွဲသည် ချဲရောင်းသူတစ်ယောက်ထိုင်လေ့ရှိသည်။ လူတွေက ထိုသူထံတွင် ချဲလာထိုး ကြသည်။ အခြားဝိုင်းတစ်ဝိုင်းတွင် မိသားစုတစ်စုထိုင်နေသည်။ …
ဖိုးလနတ်သား Read More