ဒေါသပတ်လည်(စ/ဆုံး)

ဒေါသပတ်လည်(စ/ဆုံး)

ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာထိပ်တင်ဌေးတစ်ယောက် တိုက်ပေါ်က ခံညားစွာဖြင့် ဆင်းလာသည်။ သူ့နောက်မှ အိမ်ဖော်မလေးက သိန်းချီတန်သည့် လက်ကိုင်အိတ်နှင့် ပဝါလေးကို ကြောက်ရွံ့စွာကိုင်လာသည်။ “ခင်မေ” “ရှင်…မေမေကြီး” “ကိုကို နိုလာရင် သောက်ရအောင်…နွားနို့ကို နွေးနွေးလေးကြိုပြီးတော့ ပြင်ပေထား…ညနေကျရင် ၅ နာရီလောက်မှ ပြန်ရောက်မယ်။ သားနဲ့သမီးကို သွားနှိုးလိုက်တော့” “ဟုတ်ကဲ့ မေမေကြီး” ဒေါ်သူဇာထိပ်တင်ဌေးက လက်ကိုင်အိတ်နှင့် ပဝါကိုလှမ်းယူပြီး အိမ်ဝင်းအပြင်တွင် ရပ်ထားသော ကားဆီကို လျှောက်ခဲ့သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကားတံခါးကို ဖွင့်မည်အပြုတွင် “ဟမ်း” “ဟဲ့…ဟဲ့…သောက်ခွေး…ဟဲ့…ဟဲ့” ကားအောက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ခွေးက ဒေါ်သူဇာထိပ်တင်ဌေးကို ထွက်ဆွဲသည်။ ခုန်ဆွ ခုန်ဆွနှင့် ပုံမကျဖြစ်သွားသော်လည်း မကိုက်မိသောကြောင့် တောသေးသည်။ “သောက်ခွေး…ဘယ်က…ကလေကဝ ခွေးဝဲစားလည်းမသိဘူး…ဟူး ကံကောင်းလို့” ဒေါ်သူဇာထိပ်တင်ဌေးက ရင်ဘက်လေးကို ဖိထားပြီး မျက်စေ့မှိတ်ထားလိုက်သည်။ စိတ်ထဲတွင်တော့ ဒိန်းဒလိန်း ဖြစ်နေသည်။ “တောက်…စောစောစီးစီး အကုသိုလ်ပဲ”ဟု ရေရွတ်ပြီး ကားကို တတ်မောင်းသည်။

ခွေးကို စဉ်းစားလိုက်တိုင်း ဒေါသထွက်မိနေသည်။ ဒေါသထွက်တိုင်း ဟွန်းကို မကြာခဏ တီးနေမိသည်။ “တောက်” နောက်ဆုံး တောက်တစ်ချက်ခေါက်ပြီးချိန်တွင် ကျောင်းဝင်ဝကို ရောက်လာသည်။ ကျောင်းစောင့်ကကျောင်းတံခါးကိုလာဖွင့်ပေးသည်။ “ကျောင်းတံခါးကို ဘာဖြစ်လို့ ဖွင့်မထားရတာလဲ…သေနေလို့လား” “ဆရာမကြီးပဲ ၈ နာရီခွဲမှဖွင့်ရမယ်ဆို…ခုမှ ၈ နာရီပဲရှိသေးတယ်” “လျှာမရှည်နဲ့…သွား…ရုံးခန်းတံခါး သွားဖွင့်ထား” ကျောင်းစောင့်က ပြေထွက်သွားသည်။ ဆရာမကြီး ဒေါ်သူဇာထိပ်တင်ဌေး ကားပေါ်က ကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်သည်။ ဆရာချစ်မောင်က ရုံးခန်းဝတွင် ဆေးလိပ်သောက်နေသည်။ “ရှင်က ဘယ်အချိန်ရှိသေးလို့ ကျောင်းကိုရောက်နေတာလဲ” “ကျောင်းကို စောရောက်လာတာ အပြစ်လား ဆရာမကြီး” “ကျွန်မရုံးခန်းရှေ့မှာ ဆေးလိပ်လာမသောက်နဲ့” ခါတိုင်းလည်း ဝရန်တာတွင် ဆေးလိပ်သောက်နေကျ ဖြစ်သည်။

ဆရာချစ်မောင် အူကြောင်ကြောင် ဖြစ်သွားသည်။ “မောင်ကြင်…ဟဲ မောင်ကြင်” ဆရာမကြီးက ညစောင့်ကို ခေါ်လိုက်သည်။ “ဟုတ်ကဲ့ ဆရာမကြီး” “ဒီနေ့ နေခင်းထမင်းစားရင် ဆရာ၊ ဆရာမတွေကို အစည်းအဝေးရှိတယ်လို့ ပြောလိုက်” “အော်ဒါရေးလိုက်ပါခဗျာ…ကျွန်တော် လက်မှတ်လိုက်ထိုးခိုင်းပါ့မယ်” “ငါ့ကိုဆရာမလုပ်နဲ့…နင်က ကျောင်းအုပ်လား…ငါကကျောင်းအုပ်လား” “ဟုတ်” “ဘာဟုတ်လဲ” “သွားစမ်း…ထွက်သွား” ထိုအချိန်တွင် ဆရာမလေး ခင်မူယာ ရုံးခန်းထဲဝင်လာသည်။ “ဘာကိစ်စလဲ” “မြေဖြူလာယူတာပါ မမ” “မြေဖြူတွေကို ဝါးများစားနေသလား” “မြေဖြူတွေက ဝါးစားလို့ရရင်ကောင်းမှာပဲ မမ” “နင် လာနောက်နေတာလား” “မနာကပွါဘူး မမ” ကျောင်းတတ်ပြီ။ ကျောင်းစုဝေးကွင်းတွင် ကျောင်းသားများစုဝေသည်။

နိုင်ငံတော်သီချင်း ဆိုသည်။ ဒေါ်သူဇာထိပ်တင်ဌေး မိန့်ခွန့်းပြောသည်။ ကျောင်းသား၊ ကျောင်းသူတွေ ခေါင်းငုံ့နေကြသည်။ ဆရာမကြီး၏ ဟိန်းဟောက်သံတွေက အသံချဲ့စက်ကတစ်ဆင့်ထွက်လာသည်။ ကျောင်းမုန့်စားတန်းမှ “ဟေ့…ဒီနေ့ ရာသီဥတုမကောင်းဘူးဟေ့”ဟု အော်သံထွက်လာသည်။ ကလေးတွေ လူစုခွဲသည်။ ဆရာမကြီး မုန့်စားတန်းကို ရောက်လာသည်။ ဘေးတွင် ဆရာမလေးနှစ်ယောက်ပါလာသည်။ “ယင်ကောင်တွေ မလာအောင် မလုပ်နိုင်ဘူးလား…မလုပ်နိုင်ရင် ဈေးမရောင်းနဲ့…ဒီမုန့်တွေ နောက်မရောင်းနဲ့….ဟိုမုန့်ဟင်းခါးသည် နောက်နေ့လာမရောင်းနဲ” မုန့်စားတန်းက ပြန်လာသည်။

၆ တန်းကိုဝင်ဆူသည်။ ၉ တန်းကိုဝင်ဆဲသည်။ ၁၀ တန်းကိုဝင်ပြီး မတ်တတ်ထခိုင်းသည်။ “အလကားဟာတွေ ဒီနှစ် အောင်ချက်မတတ်ရင် နောက်နှစ်တစ်ယောက်မှ လာမတက်နဲ့” နေ့ခင်း ထမင်းစားဆင်းချိန်တွင် ထမင်းမစားရသေးသဖြင့် ဆရာ ဆရာမတွေက စိတ်တိုနေသည်။ ဆရာမကြီး ဒေါ်သူဇာထိပ်တင်ဌေးက အစည်းဝေးခေါ်သည်။ တစ်ယောက်ပြီး တစ်ယောက် ဆူပြန်သည်။ ဆရာ၊ ဆရာမတွေက ဗိုက်တွေကလည်ဆာ၊ စိတ်ကလည်းဟာနေကြသည်။

အစည်းဝေးပြီးသည့်အခါ ဆရာချစ်မောင်က “တောက်” တစ်ချက်ခေါက်လိုက်သည်။ သိုသော် ဆရာမကြီးနှင့် အဝေကြီးဖြစ်သဖြင့် ကြားနိုင်မည် မထင်။ “ဆရာ ဘာဖြစ်တေတာလဲ” “ငါ…မနက်ကတည်းက ဆေးလိပ်သောက်လို့ဆိုပြီး အဆူခံရတယ်…အခုလည်း သီတင်းကျွတ် ကျောင်းပိတ်ရက် သင်တန်းသွားတတ်ရမယ်တဲ့…တောက်” “ဆရာရယ်…ဒီနေ့ ဆရာမကြီး ဘာဖြစ်နေလဲ မသိဘူး” “သူ့လင် မယားငယ်အိမ်က ပြန်မလာဘူးနဲ့တူတယ်” “ဟာ ဆရာကလည်း” ဆရာ ဆရာမတွေက ရုံးခန်းကစလိုက်သည့် ပေါက်ကွဲမှုကို အတန်းထဲတွင် ပြန်ပြီး ပေါက်ကွဲကြသည်။

ထို့နေ့ တစ်နေ့လုံးကျောင်းကြီး တစ်ကျောင်းလုံးတွင် တောက်သံ၊ ဟောက်သံ၊ ငေါက်သံတွေညံနေသည်။ ပြသာနာက ခွေးတစ်ကောင်ကစသည်။ အကယ်၍ မမဒေါ်သူဇာထိပ်တင်ဌေးကို ခွေးမဆွဲလိုက်လျှင် ပြသာနာ ဖြစ်ချင်မှဖြစ်မည်။ ညနေကျောင်းဆင်းပြီ ဆရာချစ် အိမ်ပြန်ရောက်လာသည်။ သူ့ဇနီးက “ရေချိုးလိုက်နော်…ထမင်းပြင်လိုက်မယ်” “မစားဘူး” “မစားနေပေါ့…သောက်ရေးမပါတာ” “တောက်” “ဘာဖြစ်နေတာလဲ…ရှင်က ဘယ်မယားငယ်နဲ့ စိတ်ဆိုးလာလို့လဲ” “ဟာကြာ…ကဲ” ဆရာချစ်က အနီးတွင်ရှိနေသော ခွေးကို ပိတ်ကန်လိုက်သည်။ “ကိန်…ကိန်…ကိန်” ိထိုခွေးသည် မနက်က ဒေါ်သူဇာထိပ်တင်ဌေးကို ကားအောက်က ထွက်ဆွဲလိုက်သော ခွေးဝဲစားဖြစ်သည်။

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *