အမေ့သတ္တိ

အမေ့သတ္တိ ခေါင်းတွင် အညာတဘက်ပုဝါကြမ်းကို ပတ်ထားသည့်အမေသည် ဆိုက်ကားပေါ်ကဆင်းလိုက်သည်။ ဆိုက်ကားဆရာကို သူ့ဘော်လီအင်္ကျီထဲမှ ရှုံ့ကြိုးလေးဖြင့် ချည်ထားသည့် ပိတ်အိတ်ထဲက ပိုက်ဆံထုတ်ပေး လိုက်သည်။ ကျွန်တော်က အမေ့ဆီကိုပြေးသွားပြီး “အမေကလည်း နောက်ကျလိုက်တာ … ကျောင်းတက်နေပြီ” “အေးကွယ် … ဈေးဗန်းကို စောင့်ကြည့်ပေးမယ့်သူမရှိလို့” “လာအမေ … ဆရာမကြီးရုံးခန်းကို သွားရမှာ။ ဟိုရောက်ရင် ဘာမှအထွေအထူးတွေ မပြောနဲ့နော်။ သူတို့ …

အမေ့သတ္တိ Read More

ကျွန်မနေသောရပ်ကွက်

ကျွန်မနေသောရပ်ကွက် ကျွန်မတို့ ဤရပ်ကွက်ကို ပြောင်းလာသည်မှာ မကြာသေးပါ။ ဖေဖေဆုံးပြီးနောက် ကျွန်မတို့ နေထိုင်ခဲ့သည့် လိုင်းခန်းကို ပြန်အပ်လိုက်ရသည်။ ကျွန်မတစ်သက်နေခဲ့သည့် နေရာလေးဖြစ်သောကြောင့် သံယောဇဉ်ဖြစ်မိသော်လည်း ဘာတတ်နိုင်မည်နည်း။ ဤနေရာလေးသည် ကျွန်မကို တက္ကသိုလ်ရောက်သည်အထိ တာဝန်ကျေခဲ့သည်။ ယခု အလုပ်အကိုင်ရချိန်တွင် ဖေဖေက ကျွန်မတို့ကို ထားသွားသည်။ ကျွန်မနှင့်မေမေ ရပ်ကွက်လေးတစ်ခုကို ပြောင်းလာကာ ဘဝသစ်တစ်ခုကို စတင်ခဲ့ကြသည်။ ကျွန်မသည် ဆရာဝန်တစ်ယောက်ဖြစ်ပါသည်။ …

ကျွန်မနေသောရပ်ကွက် Read More

ရင်မခုန်သောပြန်ဆုံခြင်း

ရင်မခုန်သောပြန်ဆုံခြင်း တက္ကသိုလ်ကျောင်းသားဘဝတွင် ပညာရော၊ ကြင်ယာပါရှာကြသူတွေထဲ၌ မောင်မောင်လတ်တစ်ယောက် ပညာကိုသာ ကြိုးစားရှာနေသူဖြစ်သည်။ သူကရည်မှန်းချက်ကြီးသည်။ “ငါက ကျူတာပြန်လုပ်ချင်တာ။ နိုင်ငံခြားပညာတော်သင်သွားချင်တာ၊ ပါရဂူဘွဲ့ကို နိုင်ငံခြားကသွားယူမှာ” အားလုံးက မောင်မောင်လတ်ကို “အရူး” ဟုဝိုင်းပြီးလှောင်ပြောင်ကြသည်။ တစ်နေ့ မောင်မောင်လတ်နှင့် တစ်ခန်းတည်းအတူနေ မြင့်ဆန်းက “မောင်မောင်လတ် ဒီနေ့ဘယ်သွားဖို့ရှိသလဲ” “မရှိဘူးကွ။ စာကြည့်တိုက်ကိုတော့ နေ့လယ်မှာ သွားဖို့ရှိတယ်” “ကျောင်းပိတ်တာပဲကွာ နားပါဦး” “ငါကစာဖတ်နေရရင် …

ရင်မခုန်သောပြန်ဆုံခြင်း Read More

သူ့အကြောင်းနဲ့သူ

သူ့အကြောင်းနဲ့သူ ဒေါ်ကျည်းတန် ဆုံးပြီဆိုသည့်သတင်းကြားကြားချင်း ရပ်ကွက်ထဲက လူကြီးပိုင်းက သတင်းမေး ရောက်လာကြ သည်။ ဒေါ်ကျည်းတန်ကိုးကွယ်သည့် ဘာသာရေးအသင်းအဖွဲ့တွေကလည်း ရောက်လာကြသည်။ ယခင်က တိတ်ဆိတ် နေသော အိမ်ကြီးမှာ မီးတွေလင်းထိန်လာသည်။ လူတွေစည်ကားလာသည်။ သူတို့ဘာသာထုံးစံအရ အလောင်းကိုလာပြီးပြင်ဆင်ကြသည်။ ထို့နောက် အလောင်းကို ဘုရားရှိခိုးကျောင်းကို သယ်သွားကြသည်။ ကွယ်လွန်သူ ဒေါ်ကျည်းတန်၏ ဆန္ဒအရ မနက်ဖြန်တွင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုကြမည် ဖြစ်သည်။ …

သူ့အကြောင်းနဲ့သူ Read More

လူမိုက်နှင့်ငွေ

လူမိုက်နှင့်ငွေ “စာမတတ်ရင်ခွေးဖြစ်မယ်” ဒေါ်သူဇာက သူ့သားဖိုးတောက်ကို ဆုံးမနေသည့်စကားဖြစ်သည်။ ဖိုးတောက်နာမည်အပြည့်အစုံက တောက်ထွန်းဖြစ်သည်။ သားလေးကို ထွန်းထွန်းတောက်တောက်ဖြစ်စေချင်သဖြင့် မိဘတွေက ထိုအမည်ကို ပေးခဲ့ခြင်း ဖြစ်သော်လည်း ဖိုးတောက်ဟုသာ ချစ်စနိုးခေါ်ရင်း ထိုအမည်တွင်သည်။ ဒေါ်သူဇာနှင့် ဦးခိုင်ထွန်းတို့တွင် သားနှစ်ယောက်ရှိသည်။ သားကြီးအမည်မှာ ချမ်းသာဖြစ်သည်။ သားကြီး မောင်ချမ်းသာက လိမ္မာသည်၊ စာလည်းတော်သည်။ ၁၀ တန်းကို နှစ်ချင်းပေါက်အောင်ကာ တက္ကသိုလ်အထိ ဆက်တက်နိုင်ခဲ့သည်။ …

လူမိုက်နှင့်ငွေ Read More

ဆက်ကြိုး

ဆက်ကြိုး ရွာတွင် မသိန်းမြင့် တစ်ယောက် မီးဖွားပြီးနောက် သေဆုံးသွားပါသည်။ ကလေးလေးကတော့ အသက်ရှင် သည်။ မသိန်းမြင့်တစ်ယောက် မည်သူနှင့် ညားပြီးကိုယ်ဝန်ရှိခဲ့သည်ကို မည်သူမျှမသိ။ မြို့သို့ ၂ နှစ်ကျော်အကြာ ရောက်သွားသည့် မသိန်းမြင့်သည် ကိုယ်ဝန်အရင့်အမာကြီးနှင့် ရွာကို ပြန်ရောက်လာသည်။ ရောက်ပြီး တစ်ပတ်အကြာတွင် သမီးလေးကိုမွေးသည်။ ကလေးမွေးပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ သူကွယ်လွန်ချိန်အထိ ကလေးအဖေမည်သူဖြစ်ကြောင်း၊ မည်သူနှင့်အကြောင်းပါခဲ့ပြီး ကလေးကို …

ဆက်ကြိုး Read More

အမြော်အမြင်

အမြော်အမြင် “အားလုံး စုံကြပြီလား” “စုံပါပြီအဖေ” အစ်ကို အကြီးဆုံးဖြစ်သူက ဖခင်ကြီးကိုဖြေလိုက်သည်။ “ကဲ အဖေပြောတာ အားလုံးသဘောတူကြတယ်မဟုတ်လား” “တူပါတယ်အဖေ” မောင်နှမ ငါးယောက်အနက် လေးယောက်ကတညီတညွတ်တည်း ဖြေလိုက်ကြသည်။ အငယ်ဆုံး တစ်ယောက်ကတော့ မဖြေ၊ ခေါင်းကြီး ငုံ့နေသည်။ ထို့နောက် မဖြေရဲ ဖြေရဲနှင့် တိုးတိုးလေးဖြေသည်။ “သမီးတော့ ပါနိုင်မယ်မထင်ဘူးအဖေ” “အငယ်မလေး … ဘာပြောလိုက်တာလဲ” “သမီး …

အမြော်အမြင် Read More

ရသမီးအိမ်

ရသမီးအိမ် ကျွန်တော် ၆ လ တစ်ကြိမ် ပင်စင်ထုတ်သည်။ ယခု ၆ လပြည့် ဒီဇင်ဘာလတွင် ပင်စင်ထုတ်ရာ ၆ သိန်းကျော်ရသည်။ ခါတိုင်းနှစ်တွေဆိုလျှင် ၆ လ တစ်ကြိမ်ထိုပင်စင်ငွေများကို လှူပါသည်။ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးများဂေဟာ စသည်ဖြင့် အလျဉ်းသင့်သလိုလှူခဲ့ပါသည်။ ယခု ပူပူနွေးနွေးထုတ်ထားသည့် ပင်စင်ငွေများကို မည်သည့်နေရာကိုလှူမည်နည်းဟု စဉ်းစားသည်။ ခါတိုင်း ဆိုလျှင် …

ရသမီးအိမ် Read More

ဖြတ်နိုင်အောင်ကြိုးစားခဲ့သူ

ဖြတ်နိုင်အောင်ကြိုးစားခဲ့သူ ကိုလှမြတ်နေမကောင်းဘူးဟူ၍ သတင်းကြားသဖြင့် ကျွန်တော် လူမမာမေးရောက်လာသည်။ ကိုလှမြတ်နှင့်ကျွန်တော် ရန်ကုန်ရောက်မှသိကြခြင်းဖြစ်သည်။ သူက စာပေနယ်ကတော့မဟုတ်။ စာပေတော့ ဝါသနာပါသည်။ သူ့အလုပ်အကိုင်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး သူနှင့်ကျွန်တော် လုပ်ငန်းတစ်ခုအတွက် စာချုပ်များ ပြုလုပ်ရာမှ စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သူနှင့်ကျွန်တော် မတွေ့တာ ၅ နှစ်ခန့်ရှိပြီဖြစ်သည်။ မကြာသေးမီက မြို့ထဲတွင် ကိုလှမြတ်၏ သူငယ်ချင်း တစ်ဦးဖြစ်သူ ရှေ့နေကြီး ဦးခင်သောင်းနှင့်တွေ့မှ သူနေမကောင်းကြောင်း …

ဖြတ်နိုင်အောင်ကြိုးစားခဲ့သူ Read More

အမွေ

အမွေ ဦးလှရွှေ ကွယ်လွန်သွားခဲ့ပါပြီ။ ရေဝေးတွင် မီးသင်္ဂြိုဟ်ကြသည်။ ထို့နောက် မိသားစုတွေ ကားဖြင့် သာကေတရှိ တိုက်ခန်းလေးကို ပြန်လာကြ သည်။ အိမ်ကိုပြန်ရောက်ကြပြီးနောက် မိခင်ကြီးက စိတ်ပန်းလူပန်းနှင့် ထိုင်နားနေစဉ် သားကြီးနှင့် သမီးလတ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့အမေရှေ့တွင် ထိုင်လိုက်ကြသည်။ “အမေ … အမေ့ကိုပြောစရာရှိတယ်” “ဘာပြောမလို့လဲ ပြော” “ဒီတိုက်ခန်းကိစ္စ” “အဲဒါကို ခုပြောမှဖြစ်မှာလားကွယ် … …

အမွေ Read More