*သေခြင်းမဲ့မိစ္ဆာ* (စ\ဆုံး)

*သေခြင်းမဲ့မိစ္ဆာ* (စ\ဆုံး)

နှစ်ရှည်ခံစားလာရသည့်ရောဂါဝေဒနာကြောင့်မကြာခင် ဝင်သက်ထွက်သက်ရပ်တန့်တော့မည့် ကြီးကြီး ကိုကြည့်ပြီး လူနာနံဘေးမှာ မျက်ရည်အပြည့်နဲ့ထိုင်နေသော မမလေးကို ကျွန်မကိုယ်ချင်းစာမိသည်။ကြီးကြီးကိုကြည့်ရသည်မှာလည်း မျက်စိသူငယ်နားသူငယ်နဲ့ကျန်ခဲ့မည့် မမလေးအပေါ်စိတ်မချဖြစ်နေပုံရသည်။ “မေမေ သမီးကိုစိတ်ချလိုက်ပါတော့ သမီးဒေါက်တာသူရနောင်နဲ့ လက်ထက်ပါတော့မယ်” နောက်ဆုံးမှာတော့ ကြီးကြီးက မမလေးအတွက် စိတ်ချသွားပုံရသွားပြီး ကြီးကြီးရဲ့ခန္တာကိုယ်ငြိမ်ကျသွားကာ မမလေးရဲ့ရှိုက်ငိုသံကိုကျွန်မကြားလိုက်ရသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

မမလေးနည်းတူကျွန်မမျက်ဝန်းမှာလည်းမျက်ရည်အပြည့်နဲ့ပင်။ ••••••••••••••••• “ဒီနေ့ကစပြီးမြတ်နိုးက ကိုကြီးဇနီးဖြစ်သွားပြီဆိုတော့ အရာရာတိုင်းမှာတစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းပြီးနေထိုင်ရတော့မယ် ကိုကြီးအပေါ်မှာဘာမှလန့်စရာရှိန်စရာလည်းမလိုဘူးဟုတ်ပြီလား” “ဟုတ်ကဲ့ ကိုကြီး ကျွန်မကိုကြီးအပေါ်မှာ ဇနီးကောင်းတစ်ယောက်ရဲ့ဝတ္တရားကျေပြွန်စေရပါမယ်” မမလေးထက် အသက် ထက်ဝက်မျှပင်ကြီးသောဒေါက်တာသူရနောင်ကိုကြည့်ပြီးကျွန်မသက်ပြင်းချမိသည်။ ဒေါက်တာသူရနောင်က အသက်ငယ်ပြီးအိနြေ္ဒသိက္ခာရှိသောမိန်းမချောလေးကိုရထားသောကြောင့်ဝမ်းသာနေဟန်တူသည်။ ကျွန်မတော့မိဘကိုငဲ့ကွက်ပြီးလက်ထက်လိုက်ရသောမမလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။ “ကဲထားနွယ် နင့်မမလေးကိုအပေါ်ထပ်ကအခန်းမှာအနားယူဖို့ခေါ်သွားလိုက် ဒီနေ့သူတော်တော်ပင်ပန်းနေမှာ” “ဟုတ်ကဲ့ ဆရာ” မမလေးကတော့ ဒေါက်တာသူရမောင်ကို ိုကိုကြီးဟုခေါ်ဝေါ်ပြီးကျွန်မကတော့ဆရာဟုသာခေါ်သည်။ ထိုနောက်ပင်ပန်းမူ့ကြောင့်နွမ်းနယ်နေသောမမလေးကိုခေါ်ကာအပေါ်ထပ်သို့တတ်လာခဲ့သည်။ •••••••••••••• “ထားနွယ်ရယ် အချိန်ပြည့်ငါ့ကိုကလေးတစ်ယောက်လိုစောင့်ကြည့်မနေပါနဲ့ စိတ်သက်သက်သာသာနေစမ်းပါ” မှန်တင်ခုံရှေ့မှာအလှပြင်နေသော မမလေးမြတ်နိုးက ကျွန်မအားမှန်ထဲကနေလှမ်းကြည့်ပြီးပြောလိုက်သည်။

“နင်စိုးရိမ်နေတာငါသိတယ် ငါကမေမေ့ကြောင့်အိမ်ထောင်ပြုလိုက်ရတယ်ဆိုပြီး ဒီအိမ်ထောင်ရေးမှာစိတ်မချမ်းမသာဖြစ်နေမှာကို နင်စိုးရိမ်နေတာမဟုတ်လား” “မဟုတ်ဘူးလားမမလေး ကျွန်မလေ မမလေး စိတ်မကောင်းဖြစ်မှာစိုးလို့မမေးတာ” မမလေးက ကျွန်မဘက်သို့လှည့်ကာပြုံးပြလိုက်သည်။ “တကယ်တော့ ဒေါက်တာသူရနောင်က မေမေရောဂါအသည်းအသန်ဖြစ်နေတဲ့အချိန်တုန်းက ငါတို့မိသားစုအပေါ်အများကြီးကောင်းခဲ့တယ်လေ ဒီတော့မေမေ့အနေနဲ့ ဒေါက်တာနဲ့မှငါ့ကိုစိတ်ချနိုင်မယ်ဆိုတာ ငါသိနေတယ် ငါ့အနေနဲ့လည်း ဒေါက်တာက အယုံကြည်ရဆုံးမို့သူနဲ့လက်ထက်ဖို့ဆုံးဖြတ်လိုက်တာပဲ” မမလေးဘယ်လိုပဲပြောနေပေမယ့်ကျွန်မကတော့ မမလေးကိုပဲသနားနေမိသည်။ “ကဲမမလေးနားတော့နော်” မမလေးကိုနှုတ်ဆက်ပြီး ကျွန်မအောက်သို့ဆင်းလာခဲ့သည်။

လှေကားအဆင်းရောက်တော့ ဧည့်ခန်းထဲမှာ စကားပြောသံတချို့ကိုကြားလိုက်ရေိသ်ာကြောင့်ဒေါက်တာသူရမောင်တစ်ယောက်ဧည့်သည်နဲ့စကားပြောနေတာကိုကျွန်မသိလိုက်ရသည်။ “ကျွန်မ ဒီလုပ်ရပ်ကိုမလုပ်ချင်ဘူး ဦးသူရနောင် ကျွန်မတို့ဘိုးဘွားစဉ်ဆက် ဒီအိမ်မှာ ကျွန်သဖွယ်လုပ်ပေးခဲ့ပြီပဲ ကျွန်မတို့ကိုလွတ်လပ်ခွင့်ပေးသင့်ပြီထင်တယ်” ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်ကျွန်မစိတ်ဝင်တစားဖြစ်သွားပြီးဧည့်ခန်းအတွင်းသို့ချောင်းကြည့်လိုက်တော့ ကျွန်မအရွယ်မိန်းကလေးတစ်ဦးကိုမြင်လိုက်ရပြီး သူမရဲ့မျက်လုံးများကသိမ်းစွန်ပမာစူးရှတာကိုသတိထားမိသည်။ သူမအနေနဲ့ဘယ်လိုပြသနာမျိုးရှိလို့အခုလိုဒေါက်တာသူရမောင်နဲ့ အချေအတင်ဖြစ်ရသလဲဆိုတာကျွန်မစိတ်ဝင်စားမိသည်။ ကျွန်မကန့်လန့်ကာအကွယ်နောက်ကနေအသာလေးနားစွင့်နေမိသည်။

“ဒီမယ်ကလေးမ မင်းတို့မိသားစုစားဝတ်နေရေးပြေလည်ဖို့ကစပြီး မင်းအဘွားနာရေးကိစ္စပြီးသည်အထိငါထောက်ပံ့ပေးထားတာနော် မင်းငါ့ကိုဆန့်ကျင့်ဖို့ဆိုလက်လျော့လိုက်တော့ကလေးမ” “ရှင်ဟာလူသားစိတ်မရှိတော့ဘူးဆိုတာကျွန်မသိပါတယ် ကျွန်မတို့မိသားစုလည်းရှင့်ကြောင့်ကျိန်စာသင့်နေရပြီ တစ်ခုတော့မှတ်ထားပါတချိန်ချိန်မှာ ဒီအတွက်ရှင်ပြန်ပေးဆပ်ရလိပ်မယ်” စိတ်ဆိုးမာန်ဆိုးဖြင့်မျက်ရည်အပြည့်နဲ့ထွက်သွားသောထိုမိန်းကလေးကိုကြည့်ပြီးဒေါက်တာသူရနောင်နဲ့ထိုမိန်းကလေးကြားမှာကြီးမားတဲ့ပတ်သက်မှု့တစ်ခုရှိလိပ်မည်ဟုကျွန်မထင်မိလိုက်သည်။ ••••••••••••••••• ထမင်းစားစားပွဲပေါ်တွင်အရာမယွင်းပဲရှိနေသော မမလေးရဲ့ထမင်းစားပွဲကိုကြည့်ပြီး ကျွန်မစိတ်ညစ်သွားသည်။ ဒေါက်တာသူရမောင်တို့အိမ်ကိုရောက်ပြီးခြောက်လအတွင်း မမလေးသိသိသာသာအစားနည်းလာတာ တွေ့လာရသည်။အစားအသောက်ပျက်လာခြင်းနဲ့အတူ မမလေးကိုကြည့်ရသည်မှာလူမမာတစ်ယောက်လိုပင်အမြဲလိုလိုဖြူ ဖျော့နွမ်းနယ်နေတာကိုလည်းသတိပြုမိသည်။

“စားလို့မဝင်ဘူးလား မမလေး ကျွန်မဆန်ပြုတ်ပြုတ်ပေးရမလား မမလေးအိမ်ထေါင်ကျပြီးနောက်ပိုင်းအစားနည်းလာတယ်နော် အပျိုဘဝတုန်းကဆိုစားကောင်းသောက်ကောင်းနဲ့” မမလေးကကျွန်မအား ဖျော့တော့စွာပြုံးကြည့်လိုက်သည်။ “ငါစားချင်စိတ်မရှိလို့ပါအေ ညည်းကိုကြီးရှေ့ကျစကားပြောနည်းနည်းဆင်ခြင်ပေး ငါ့အတွက်နဲ့ကိုကြီးစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး” ဒေါက်တာသူရနောင်အပေါ် စိတ်ပူနေသောမမလေးကိုကြည့်ပြီးကျွန်မသက်ပြင်းချမိသည်။ တကယ်တော့ဒေါက်တာသူရနောင်က မမလေးအပေါ်အရမ်းဂရုစိုက်တာကိုကျွန်မသိသည်။ မမလေးကိုယ်တိုင်ကိုကချူချာနေတာပဲလို့ကျွန်မအောက်မေ့ထားသည်။ “ကဲငါစာကြည့်ခန်းထဲသွားလိုက်ဦးမယ် ငါ့အတွက်ကော်ဖီလာပို့ပေးထားနွယ် ဒါနဲ့ညည်းဆရာပြန်မလာသေးဘူးလား” “မလာသေးဘူးမမလေး ဆရာ့အပေါ်အရမ်းလွှတ်မထားနဲ့နော် မမလေး ဆရာကအခုတလောအရမ်းကိုပြင်ဆင်လာတာ အရင်ကထက်ပိုနုပျိုလာသလိုပဲ နောက်ပြီးအထူးသဖြင့် ဟိုမြကြေးမှုံဆိုတဲ့အမျိုးသမီးနဲ့တပူးတွဲတွဲနဲ့ ထားနွယ်တော့သူတို့နှစ်ယောက်ကိုသိပ်မသင်္ကာဘူး” မမလေးက ကျွန်မရဲ့စိတ်ပူပန်မှု့ကိုအသိအမှတ်ပြုသည့်ဟန်ဖြင့်ကြည့်လိုက်သည်။ “လျှောက်မပြောပါနဲ့ထားနွယ်ရယ် ညည်းဆရာရဲ့ဂုဏ်သတင်းကျဆင်းပါ့မယ် ကိုကြီးကိုငါယုံတယ်သူကအဲ့ဒီလိုလူစားမဟုတ်ဘူး” ဒေါက်တာ့အပေါ်ကာကွယ်ပေးနေသောမမလေးကိုကြည့်ပြီး ထိုယောက်ျားအပေါ်ကို မမလေးကသံယောဇဉ်အစစ်နဲ့တွယ်တာနေပြီဆိုတာကျွန်မရိပ်စားမိလိုက်သည်။

မမလေးအတွက်ကော်ဖီဖျော်ရန်ထွက်မသွားမီမှာ မမလေးရဲ့လက်ကောက်ဝတ်သွေးပြန်ကြောအနီးမှာပလာစတာတစ်ခုကပ်ထားတာကိုကျွန်မမြင်လိုက်ရပြီးထိတ်လန့်သွားမိသည်။ “မမလေးရဲ့လက်ကဘာဖြစ်တာလဲထားနွယ်မသိရပါလား” “သြော် ဘာမှမဖြစ်ဘူးထားနွယ် မနေ့ညက ကိုကြီးအကြောဆေးသွင်းပေးထားတာ..ငါအရမ်းအားနည်းနေတဲ့ပုံပေါက်နေလို့တဲ့” မမလေးပုံစံက တကယ်ပဲအားနည်းနေသည့်ပုံပေါက်နေတာတော့အမှန်ပင်။ ဆရာဝန်ခင်ပွန်းတစ်ယောက်ရှိနေတဲ့သူအပေါ် ကျွန်မစိုးရိမ်စိတ်ဝင်မိနေတာကိုတွေးမိပြီး ရယ်ချင်မိသည်။ မမလေးစိတ်ကြိုက်ကော်ဖီတစ်ခွက်ကိုဖျော်ပြီးစာကြည့်ခန်းထဲကိုယူဆောင်လာသည့်အချိန်မှာတော့ မမလေးတစ်ယောက်စာရွက်စာတမ်းများကြားမှာအလုပ်ရှုပ်နေတာကိုမြင်လိုက်ရသည်။ “မမလေး အဲ့ဒါဘာစာရွက်တွေလဲဟင်” ကျွန်မသိလိုစိတ်နဲ့မေးလိုက်မိသည်။ ကျွန်မကစာအတန်အသင့်တတ်သောကြောင့်မမလေးဆီမှာရှိနေသောစာရွက်တွေဟာ စာချုပ်တစ်ချို့ဆိုတာတော့သိသည်၊၊ “ညည်းကိုနောက်မှပြောမယ်လို့စိတ်ကူးထားတာ အခုမှတော့မထူးတော့ဘူး ပြောလိုက်တော့မယ် ညည်းငါ့အပေါ်အမတစ်ယောက်လိုသဘောထားတာငါသိတယ်လေ ငါ့အနေနဲ့ဒီကိစ္စကိုမျက်ကွယ်မပြုနိုင်ဘူး….ကိုကြီးဆီကလည်းခွင့်ပြုချက်တောင်းပြီးပြီ ညည်းကိုငါ့ညီမအဖြစ်တရားဝင်မွေးစားတော့မယ်ထားနွယ်” မမလေးစကားကိုကြားပြီးကျွန်မဘာမျှပြန်မပြောနိုင်အောင်ဆွံ့အသွားမိသည်။

ကျွန်မအနှစ်နှစ်ကာလကတည်းကတောင့်တခဲ့သောအစ်မတစ်ယောက်ကိုမကြာခင်ရတော့မှာမဟုတ်ပါလား။ မျက်ရည်များဖြင့်စိုရွှဲနေသောမျက်နှာနှင့်အတူမမလေးဆီသို့ပြေးဝင်လာမိသည်။ မမလေးရဲ့ရယ်သံကတစ်ခန်းလုံးသို့ပြန့်နှံသွားခဲ့သည်။ •••••••••••• ကျွန်မ…ဆန်ပြုတ်ပန်းကန်ကိုယူပြီးမမလေးအခန်းဆီသို့လာရင်းမမလေးအခန်းထဲမှာလူရိပ်တစ်ခုကိုမြင်လိုက်ရသောကြောင့်ခြေလှမ်းတစ်စုံမှာအလိုလိုရပ်တန့်သွားသည်။ “သြော်ဆရာပြန်ရောက်နေပြီပဲ….” ဦးသူရနောင်ကိုမြင်မှကျွန်မပြန်လှည့်ထွက်မည်အပြု ဦးသူရနောင်၏မသင်္ကာစရာကောင်းသောအပြုအမူကြောင့်ကျွန်မစိတ်ထင့်သွားမိသည်။မမလေးကတော့အိပ်ရာထက်မှာ အိပ်ပျော်နေပြီး ကိုသူရနောင်က မမလေးဘေးမှာဆေးထိုးအပ်တစ်ချောင်းကိုကိုင်ထားတာကိုမြင်လိုက်ရသည်။ထို့နောက်မမလေးရဲ့သွေးပြန်ကြောမှတဆင့် သွေးတချို့ကိုဆေးထိုးအပ်နဲ့စုပ်ယူနေတာကိုမြင်လိုက်ရသည်။ “ဟင်….ဦးသူရနောင်က ဒီလောက်အားနည်းနေတဲ့မမလေးဆီကနေ ဘာလို့သွေးတွေယူနေရတာလဲ” ကျွန်မထိတ်လန့်စွာဖြင့်တီးတိုးရေရွတ်လိုက်ပြီး အခန်းထဲကပြန်ထွက်လာတော့မည့် ဦးသူရနောင်၏အရိပ်အခြည်ကိုမြင်သောကြောင့်ကျွန်မဆင်းပြေးလာခဲ့သည်။

ထိုနောက်ဦးသူရနောင်က ထိုးဆေးထိုးအပ်ကိုစက္ကူ အိပ်ထဲသို့ထည့်ကာဧည့်ခန်းဘက်သို့ထွက်သွားတာကိုမြင်လိုက်ရသည်။ကျွန်မတိတ်တဆိတ်လိုက်သွားပြီးချောင်းကြည့်လိုက်တော့ ဧည့်ခန်းထဲမှာမြကြေးမှုံကိုမြင်လိုက်ရသည်။ဦးသူရနောင်က မြကြေးမှုံနဲ့စကားအနည်းငယ်ပြောပြီးနောက်ဆုံးမှာတော့မမလေးသွေးပါသည့်စက္ကူအိတ်ကိုပေးလိုက်တာကိုမြင်လိုက်ရသည်။ ••••••••••••• “ထားနွယ်…ဒီငွေတွေကိုမြကြေးမှုံတို့အိမ်သွားပြီးပေးပေးစမ်းနင်သူအိမ်သိတယ်မဟုတ်လားမြို့စွန်မှာလေ” မမလေးပေးလိုက်သောစာအိတ်ကိုယူပြီး မနေ့ကကိစ္စမမလေးကိုပြောသင့်မပြောသင့်စဉ်းစားနေမိသည်။ “မမလေးက အခုတလောချူချာတယ်ဆိုတော့ မမလေးရဲ့သွေးကိုယူပြီးဆေးစစ်ဖို့လည်းဖြစ်နိုင်တာပဲ ငါမသေချာသေးပဲမမလေးကိုမပြောသင့်သေးဘူး” ကျွန်မစိတ်ထဲကနေရေရွတ်လိုက်ပြီး မြင်းလှည်းငှါးကာမြကြေးမှုံတို့အိမ်ရှိရာသို့ထွက်လာခဲ့သည်။မြကြေးမှုံကိုတိုက်ရိုက်မေးကြည့်ရင်ကောင်းမလားဟုလာလမ်းတစ်လျောက်တွေးနေမိသည်။မြကြေးမှုံတို့အိမ်ရှေ့ရောက်တော့ အိမ်တံခါးက စိရုံစိထားတာမို့ကျွန်မအလိုက်သင့်လေးဝင်သွားပြီးမြကြေးမှုံအားဟစ်ခေါ်လိုက်သည်၊၊ “မမြကြေးမှုံ …အမမြကြေးမှုံ အမအိမ်ထဲမှာရှိလား” သူမတို့ဧည့်ခန်းထဲရောက်သည်အထိမည်သူကိုမျှမတွေ့ရပေ။ကျွန်မဧည့်ခန်းထဲမှာထိုင်စောင့်နေမိသည်။

ထိုင်စောင့်နေရင်းမှာပင်မနက်ကစားလာသည့်ပဲကြီးဆူးပုတ်ချက်တန်ခိုးကြောင့်ကျွန်မငိုက်မြည်းလာခဲ့ပြီးနောက်ဆုံးကျွန်မကိုယ်ကျွန်မသတိမထားနိုင်တော့ပဲဧည့်ခန်းထဲမှာအိပ်ပျော်သွားမိသည်။အိပ်မက်ထဲမှာမြကြေးမှုံကကျွန်မအားတကျော်ကျော်ဟစ်ခေါ်နေတာကိုတွေ့လိုက်ရသည်။ “ထားနွယ်….ထားနွယ်….နင်ငါခေါ်တာကိုကြားရလား” “ဟုတ်အမ ကြေးမှုံ မမလေးကအမအတွက်ဒါလေးလာပို့ခိုင်းလို့အမ” စာအိတ်ကိုပေးဖို့ပြင်လိုက်တော့ကျွန်မလက်ထဲမှာမရှိတော့။ဧည့်စားပွဲပေါ်မှာများတင်ထားသလားလှမ်းကြည့်လိုက်တော့မြင်လိုက်ရသောအရာကြောင့်ကျွန်မလန့်ဖျန့်သွားမိသည်။မြင်လိုက်ရသည်က ကျွန်မနဲ့လုံးဝတူညီသောကိုယ်ပွားတစ်ခုဧည့်ခန်းထဲမှာအိပ်ပျော်နေတာကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်။ “မလန့်နဲ့ထားနွယ် နင့်ခတ္တခဏဝိဥာဉ်လွင့်နေတာပဲ..နင်တို့အနေနဲ့အိပ်မက်မက်နေတယ်ထင်မှာ..ဒါတွေထားလိုက်စမ်းပါငါ့ကိုတစ်ခုလောက်ကူညီပေးပါဦးအရင်ဆုံးငါနဲ့လိုက်ခဲ့” ကျွန်မကကျန်ရစ်နေသောခန္တာကိုယ်ကြီးကိုကြည့်ပြီးမြကြေးမှုံနောက်လိုက်သွားမိသည်။အခန်းတစ်ခုရဲ့တစ်နေရာရောက်တော့မြကြေးမှုံကအခန်းထဲသို့လက်ညိုးထိုပြသည်။ “ဒီအခန်းထဲမှာ ငါ့ခန္တာကိုယ်ရှိတယ် ငါလိပ်ပြာလွင့်တဲ့အတတ်ကိုကျင့်နေတာကြာပြီ ဒီနေ့ငါအမှားအယွင်းအနည်းငယ်လုပ်မိသွားတယ်ထားနွယ်…ငါခန္တာကိုယ်ထဲငါပြန်ဝင်လို့မရဘူးဖြစ်နေတယ်…နင့်အနေနဲ့ငါ့ကိုကူညီပေးမယ်မဟုတ်လား” “ကျွန်မ..ကျွန်မကဘယ်လိုကူညီပေးရမှာလဲ” “လွယ်လွယ်လေး ခဏနေနင်အိပ်မက်ကနေနိုးထလာတဲ့အခါဒီအခန်းထဲဝင်ပြီးငါ့ခန္တာကိုယ်ကိုလှုပ်နှိုးပေးရုံပဲ” မြကြေးမှုံကိုကြည့်လိုက်တော့သူမတကယ့်ကိုအကူအညီလိုအပ်နေဟန်တူတာကိုတွေ့ရသည်။

ဒီအခွင့်အရေးကိုကျွန်မကောင်းကောင်းအသုံးချရမည်ဖြစ်သည်။ “ကျွန်မကူညီပေးလို့ရပါတယ် ဒါပေမယ့်ရှင်ကျွန်မကိုကတိတစ်ခုပေးရမယ်” “ဘာကတိလဲ…ငါတတ်နိုင်သမျှပေးမယ်” “ရှင်နိုးလာရင် ….ကျွန်မမေးတဲ့မေးခွန်းကိုမလိမ်မညာပဲမှန်မှန်ကန်ကန်ဖြေဆိုပေးရမယ်ဆိုတဲ့ကတိပဲ” မြကြေးမှုံခေါင်းကိုငြိမ့်လိုက်မှကျွန်မကျေနပ်သွားပြီး အိပ်နေရာကနေနိုးထလာခဲ့သည်။ကျွန်မဧည့်ခန်းထဲမှာထိုင်ရင်းအိပ်မက်အကြောင်းစဉ်းစားကာအပေါ်ထပ်သို့တတ်လာပြီးအခန်းထဲဝင်လိုက်တော့လူတစ်ယောက်အိပ်ရာထဲမှာလဲလျောင်းနေတာကိုမြင်လိုက်ရသည်။မြကြေးမှုံပင်ဖြစ်သည်။ကျွန်မသူမကိုအသာလေးလှုပ်နိုးလိုက်တော့သူမမျက်လုံးများပွင့်လာတာကိုမြင်လိုက်ရသည်။ “ကဲ…မင်းငါ့ကိုမေးမယ့်မေးခွန်းကဘာလဲ ထားနွယ်” ••••••••••••••• “မနေ့က…ဆရာကိုသူရနောင်ပစ္စည်းတစ်ခုရှင့်ကိုပေးလိုက်တာကျွန်မသိတယ် အဲ့ဒီပစ္စည်းက..မမလေးရဲ့သွေးဆိုတာလည်းကျွန်မသိတယ် ကျွန်မသိချင်တာက အဲ့ဒီသွေးနဲ့ရှင်တို့ဘာလုပ်ဖို့ကြံစည်နေသလဲဆိုတာပဲ” ကျွန်မစကားကြားတော့ မြကြေးမှုံထိတ်လန့်သွားပုံရသည်။ကျွန်မမျက်နှာကိုအလန့်တကြားကြည့်လိုက်ပြီး “ရှင်ဘယ်လိုလုပ်ပြီးသိတာလဲ…ရှင်တော့ရှင့်သေတွင်းရှင်တူးမိတာပဲ ဒေါက်တာသူရနောင်သာ ရှင်သိသွားတဲ့အကြောင်းကြားရင် လူမသိသူမသိလောကကြီးကနေပျောက်ကွယ်သွားရမယ့်စာရင်းထဲမှာရှင်ပါသွားမှာအသေအချာပဲ” “ကျွန်မဂရုမစိုက်ပါဘူး ကျွန်မသိချင်တဲ့မေးခွန်းကိုသာဖြေပေးပါရှင်ကတိမပျက်ပါဘူးနော်” မြကြေးမှုံကကကျွန်မမျက်နှာကိုတစ်ချက်ကြည့်ကာသက်ပြင်းချလိုက်သည်။

“စုန်းကတိပဲ ကျွန်မတည်ရမှာပေါ့…ရှင်ဒေါက်တာသူရနောင်ကိုသတိထားမိမှာပေါ့ သူတစ်နေ့တခြားနုပျိုလာတာကိုလေ” ကျွန်မခေါင်းငြိမ့်ပြလိုက်သည်။ “တကယ်တော့ ဒေါက်တာသူရနောင်ဟာ…ဘယ်လိုနုပျိုအောင်လုပ်လို့ရမယ့်နည်းလမ်းကိုသိထားတယ်ထားနွယ် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က…ကျွန်မတို့မျိုးနွယ်ဟာ…မြို့စားတစ်ယောက်ဆီမှာအမှူ့တော်ထမ်းခဲ့ဖူးတယ်…အဲ့ဒီမြိုစားဟာ လောကစည်းစိမ်တွေကြားမှာယဇ်မူးပြီးအသက်အရွယ်ရလာတဲ့အချိန်မှာတော့သေဆုံးရမှာကိုကြောက်ရွံလာခဲ့တယ် အဲ့ဒီမှာလောကဓမ္မတာကိုဆန့်ကျင်ဖို့အတွက်..ကျွန်မတို့အမျိုးအနွယ်ကိုအကူအညီတောင်းခဲ့တယ် အဲ့ဒီမြို့စားရဲ့အထောက်အပံ့ကိုယူထားရတဲ့ကျွန်မတို့မျိုးနွယ်ဟာ သူ့ရဲ့အကူအညီတောင်းခံမှု့ကိုမငြင်းဆန်နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်ပဲ သူ့ကိုနုပျိုစေမယ့်အစီအရင်ကိုပြောပေးခဲ့တယ်…အဲ့ဒီအစီအရင်ကြောင့်ပဲ…ကျွန်မတို့မိသားစုဟာကျွန်ကျိန်စာသင့်ခဲ့တယ်ထားနွယ်” “နေပါဦး အဲ့ဒါနဲ့ မမလေးရဲ့သွေးနဲ့ဘယ်လိုပက်သက်နေလို့လဲ” မြကြေးမှုံကနောင်တရနေသေညမျက်နှာထားဖြင့်ကျွန်မကိုကြည့်လိုက်သည်။

“နုပျိုစေမယ့်အစီအရင်အတွက် အပျိုစင်ရဲ့သွေးကိုယဇ်အစီအရင်လုပ်တဲ့အခါမှာလိုအပ်တယ် ဒါကြောင့်ရှင့်မမလေးရဲ့သွေးဟာ အစီအရင်အတွက်အဓိကပစ္စည်းပဲ” “ဒါဆိုဒေါက်တာသူရနောင်တို့မျိုးဆက်ဟာဒီနည်းကိုအသုံးပြုပြီးနာပျိုချင်းနည်းလမ်းကိုရှာနေတာပေါ့ ဒီကြားထဲမှာ အပျိုစင်မိန်းကလေးဘယ်နှစ်ယောက်တောင်ဆုံးရှုံးသွားပြီလဲ” “ရှင့်မမလေးမတိုင်ခင် အပျိုစင်ဆယ်ယောက်ရှိသွားပြီထားနွယ်နောက်ပြီး…..ဒေါက်တာသူရနောင်တို့ဟာမျိုးဆက်မရှိသေးဘူးဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်ကမြို့စားဟာဒေါက်တာသူရနောင် ိကိုယ်တိုင် ိဖြစ်နေလို့ပဲ” ••••••••••••••• ကျွန်မစကားကိုအံ့သြဟန်မပြတော့တဲ့ မမလေးအပေါ်ကျွန်မအံ့သြမိသည်။သေချာတာတစ်ခုကမမလေးတစ်ခုခုကိုသိနေတာပင်ဖြစ်သည်။ “မမလေး…မကြောက်ဘူးလား ဒေါက်တာသူရနောငိကမမလေးကိုအသုံးချပြီးနုပျိုခြင်းတွေကိုရယူနေတာလေ” “ငါသိပါတယ်ထားနွယ်ရယ်…ကိုကြီးငါ့သွေးတွေယူနေတာငါမသိပဲနေပါ့မလား နင်မသိတာတစ်ခုက..ငါကိုယ်တိုင်ကျေနပ်စွာပေးဆပ်ချင်နေတာပဲ” ကျွန်မနောက်ဆုံးမှာတော့မမလေး ဒေါက်တာသူရနောင်အပေါ်စစ်မှန်တဲ့ခံစားချက်တစ်စုံတစ်ရာရှိနေတာကိုသိလိုက်ရပါတယ်။ဒါပေမယ့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့မမလေးကိုကျွန်မသတိပေးဖို့လိုအပ်ပြီဟုတွေးမိလျုက်သည်။

“မမလေး ဒေါက်တာသူရနောင်အပေါ်ထားတဲ့ခံစားချက်ကိုကျွန်မနားလည်ပါတယ် ဒါပေမယ့်စဉ်းစားကြည့်ပါမမလေး မမလေးအရှိတဲ့နောက်ပိုင်းသူ့ရဲ့နုပျိုမှု့အတွက်နောက်ထပ်အပျိုစင်တွေဘယ်လောက်တောင်ဆုံးရှုံးမလဲဆိုတာမမလေးတွေးမိလား မမလေးချစ်တဲ့သူဟာ တဖြည်းဖြည်းမိစ္ဆာအသွင့်သို့ကူးပြောင်းလာတာကိုမမလေးလိုချင်မှာမဟုတ်ဘူး” “မှန်တယ်ထားနွယ်….အဲ့ဒီအတွက်ငါစဉ်းစားထားပြီးသားပါ နည်းလမ်းတစ်ခုရှိတယ်ထားနွယ် ကိုကြီးအပေါ်စစ်မှန်တဲ့နှလုံးသားနဲ့ချစ်တဲ့သူကိုစတေးရင်..ကိုကြီးနောက်ထပ် အပျိုစင်တွေရဲ့စတေးမှု့ကိုအသုံးမပြုတော့ပဲ ထာဝရအသက်ကိုရလိပ်မယ်…ဒီအတွက်ငါ့ကိုယ်ငါစတေးရမယ်ထားနွယ်ကိုကြီးပျော်ပျော်ရွှင်ရွှင်နဲ့နေရတာကိုတမလွန်ကနေရပ်ကြည့်နေရုံနဲ့ငါကျေနပ်တယ်” ဆုံးဖြတ်ချက်ချပြီးနေတဲ့မမလေးကိုကြည့်ပြီးကျွန်မဘာမျှမပြောသာတော့ချေ။ကျွန်မသံသယဝင်မိတာက ဒေါက်တာသူရနောင်သာထာဝရအသက်ကိုပိုင်ဆိုင်သွားရင်သူ့ရအလိုရမ္မက်ကြီးတဲ့ဗီဇကဖျောက်ဖို့လွယ်ကူပါ့မလားဆိုတာကိုပင်။ ••••••••••••• ယနေ့နဲ့ဆိုမမလေးသေဆုံးသွားတာ နှစ်ရက်ရှိပြီဖြစ်စည်။

မမလေးရဲ့ရုပ်ကလာပ်ရှေ့မှာငြိမ်သက်စွာနဲ့ပဲကျွန်မထိုင်နေမိသည်။ဒေါက်တာသူရနောင်ကိုလှမ်းကြည့်လိုက်တော့ အပူရုပ်ဟန်လုပ်နေသည့်မျက်နှာထားဖြင့် ဧည့်သည်တွေကိုဧည့်ခံနေရတာကိုမြင်ရသည်။ “ရှင့်မမလေး နာရေးပြီးတာနဲ့ရှင်ဒီအိမ်ကနေထွက်သွားသင့်တယ်ထား နွယ် ဒေါက်တာသူရနောင်က သူ့လျိုဝှက်ချက်တွေသိနေတဲ့ရှင့်ကို ဒုက္ခမပေးဘူးလို့မပြောနိုင်ဘူး” “ကျွန်မမမလေး ကိုကတိပေးထားတယ် မမလေးခေါင်းချတဲ့နေရာကနေတစ်ဖဝါးမှခွာမှာမဟုတ်ဘူး မြကြေးမှုံ” ကျွန်မမြကြေးမှုံကိုတစ်ချက် တစ်လောကလုံးမှာသူတစ်ယောက်တည်းပူဆွေးနေသလိုလုက်နေသည့်ဒေါက်တာ့ကိုတစ်ချက်ကြည့်လိုက်သည်။ “မမလေး သေဆုံးပြီးသုံးရက်ပြည့်တာနဲ့ ဒေါက်တာသူရနောင်က ချက်ချင်း…immortal ဖြစ်သွားမှာလားမြကြေးမှုံ” “မဟုတ်ဘူး ထားနွယ် မမလေးသေဆုံးပြီးသုံးရက်မြောက်မှာ ပေးဆပ်ခြင်းဝိဥာဉ်အစီအရင်အတွက်….ဒေါက်တာသူရနောင် သုံးရက်သေဆုံးလိပ်မယ်….ဒေါက်တာသေဆုံးပြီးသုံးရက်မြောက်မှာ မသေနိုင်သောအသက်နဲ့ပြန်လည်နိုးထလိပ်မယ်” ကျွန်မ…မြကြေးမှုံကိုတစ်ချက်စူးစိုက်ကြည့်လိုက်ပြီးနောက် “ဒေါက်တာ ပြန်လည်နိုးထလာတဲ့အခါရှင့်ကိုလွတ်မြောက်ခွင့်ပေးမယ်လို့ကတိပေးထားတ်ာထင်တယ်…ရှင်သူ့စကားကိုယုံလားဒါမှမဟုတ် ရှင်တို့မျိုးရိုးစဉ်ဆက်သင့်နေတဲ့ကျွန်ကျိန်စာကနေတကယ်လွတ်မြောက်ချင်လားမြကြေးမှုံ” မြကြေးမှုံကကျွန်မကိုပဟေဠိဆန်စွာကြည့်လိုက်တာကိုကျွန်မမြင်လိုက်ရသည်။

••••••••••••• “ဒီကိစ္စကိုလုံးဝသဘောမတူဘူး မိန်းကလေး..ဒေါက်တာသူရနောင်မဆုံးခင်ဦးတို့မြို့ခံရပ်မိရပ်ဖတွေကိုသေချာမှာ သွားတယ် တကယ်လို့သူသေဆုံးခဲ့ရင်သူ့အလောင်းကိုခုနှစ်ရက်တိတိမသဂြိုလ်ပဲထားပေဖို့အတန်တန်ပြောခဲ့တာ..မိန်းကလေးထားနွယ်” “ရပ်မိရပ်ဖတွေရဲ့သဘောတရားကိုကျွန်မနားလည်ပါတယ် မမလေးရဲ့အဖြစ်ကိုဒေါက်တာခံစားနေရတာကိုလည်းရပ်မိရပ်ဖတွေမြင်ရမှာပါ….အခုဆိုမမလေးနဲ့ဒေါက်တာရှေ့ဆင့်နောက်ဆင့်ကွယ်လွန်တာနှစ်ရက်တောင်ရှိသွားပြီမဟုတ်လား..ဆရာဝန်ကလည်းဒေါက်တာသေဆုံးသွားကြောင်းအတည်ပြုပြီးသွားပြီပဲ…မမလေးအပေါ်တန်ဖိုးထားတဲ့ကျွန်မရဲ့ဆန္ဒကိုလိုက်လျောပေးကြဖို့ကျွန်မပန်ကြားချက်တာပါရှင့်” ကျွန်မခယတောင်းပန်နေပေမယ့်..သူတို့ကတော့အပြင်းအထန်ငြင်းဆန်နေကြဆဲပင်ဖြစ်သည်။ “ဒေါက်တာကသေချာကိုမှာသွားတာ မိန်းကလေးထားနွယ် ဒေါက်တာရဲ့အလောင်းကိုခုနှစ်ရက်ပြည့်အောင်ထားရလိပ်မယ်” “အားလုံးကိုကျွန်မတောင်းပန်ပါရစေ…မမလေးရဲ့အလောင်းကယနေ့နဲ့ဆိုငါးရက်ရှိသွားပြီ ရာသီဥတုကအခုတလောပြောင်းလဲလာတာကြောင့် မမလေးရဲ့ရုပ်ကလာပ်ကို ချက်ချင်းဂူသွင်းမှဖြစ်မှာပါ….မမလေးနဲ့ဒေါက်တာရဲ့သံယောဇဉ်ကိုရှင်တို့လည်းသိတာပဲလေ မမလေးဟာ သူချစ်ရတဲ့သူနဲ့ဘဝတလျောက်လုံးနေချင်မှာပဲ ဒါကြောင့်….ဒေါက်တာ့ကိုမမလေးနဲ့အတူဂူသွင်းမြုပ်နှံရလိပ်မယ် ဒေါက်တာနဲ့မမလေးကွယ်လွန်တော့ ဒီအိမ်ကြီးရဲ့အမွေဆက်ခံသူက မမလေးရဲ့ညီမဖြစ်တဲ့ကျွန်မကသာ ဆက်ခံခွင့်ရှိတာ ရှင်တို့သိမှာပါ ကျွန်မလက်ထက်မှာလည်း ..ဒီအိမ်ကြီးကနေထောက်ပံထားတဲ့ ရှင်တို့ရဲ့အဖွဲ့အစည်းတွေကိုဆက် လက်ထောက်ပံ့ပေးမှာမို့ ကျွန်မပြောတာကိုလေးလေးနက်နက်စဉ်းစားပေးဖို့ဆန္ဒပြုပါတယ်ရှင့်”

•••••••••••••• “ဗိသုကာကြီး…ဒီဂူသချိုင်းကြီးကို အခိုင်မာဆုံးဖြစ်အောင်သေသေချာချာလုပ်ပေးပါနော်” “စိတ်ချပါ မိန်းကလေး…မရိုသေတာတော့မဟုတ်ပါဘူး ဒီဂူသချိုင်းထဲမှာမြုတ်နှံထားတဲ့အလောင်းတွေဖုတ်ဝင်လာရင်တောင် ုပြန်ထွက်နိုင်မှာမဟုတ်ဘူး” ကျွန်မ ဒီအိမ်ကြီးရဲ့ခြံအနောက်ဘက်ကဥယာဉ် ထဲမှာဆောက်လုပ်နေတဲ့ ဂူသချိုင်းကိုသေချာကြပ်မတ်နေရင်း ဘေးနားမှာရှိနေသောမြကြေးမှုံကိုကြည့်လိုက်သည်။ “ဘယ်လိုလည်းမြကြေးမှုံရှင့်အစီအရင်ကစိတ်ချရပါ့မလား” “ကျွန်မအသစ်ပြုလုပ်မယ့်ကျိန်စာအတွက်စိတ်မပူနဲ့ထားနွယ် သူတို့ရဲ့ရုပ်အလောင်းတွေကို ဂူသချိုင်းအောက်ရဲ့ဆယ်ပေအကွာမြုပ်နှံထားတာမြုပ်နှံပြီးတစ်ပေခြားဆီမှာဒေါက်တာသူရနောင်အတွက်အသက်ပေးဆပ်ထားတဲ့ အပျိုစင်တွေရဲ့အရိုးပြာရှိတယ်….တကယ်လို့တစ်စုံတစ်ယောက်က ဂူသချိုင်းကိုတူးဖော်ခဲ့ရင်…မြေအလွှာရဲ့တစ်ပေရောက်တိုင်းသေဆုံးသွားတဲ့အပျိုစင်တွေရဲ့နှောက်ယှက်ခြင်းကိုခံရလိပ်မယ်…အသက်ဝင်နေတဲ့မိစ္ဆာဆီကိုရောက်ဖို့ စိတ်နာနေတဲ့အပျိုစင်ဆယ်ယောက်ရဲ့ဝိဥာဉ်ကိုကျော်ဖြတ်ရမှာပဲ” •••••••••••••• သူနိုးထလာတော့…သူရဲ့မျက်လုံးထဲမှာအရာအားလုံးမဲမှောင်နေတာကိုမြင်လိုက်ရသည်။သူကြိုးစားပြီးထလိုက်တော့သူ့ကို…ပိတ်ဆို့ထားတဲ့အဖြစ်ကိုသိလိုက်ရသည်။

“ငါငါ..ခေါင်းတလားထဲမှာရောက်နေတာပဲ…ထားနွယ်…ထားနွယ် မြကြေးမှုံ….မြကြေးမှုံ …ငါ့ကိုလာဖွင့်ပေးကြစမ်း….ငါအသက်ရှင်နေသေးတယ်” သူရုန်းကန်ရင်းထုနှက်လိုက်တော့ သူ့အပေါ်ကိုမြေမှုန့်တွေကျလာတာကိုမြင်လိုက်ရပြီးသူရောက်နေတဲ့နေရာဟာမြေကြီးထဲမှာဆိုတာချက်ချင်းသိလိုက်ရသည်။သူ့ကိုအရှင် လတ်လတ်မြေမြုပ်ခံရပြီဆိုတာသိလိုက်ရသည်။ “ငါ့ကိုဖွင့်ပေးကြစမ်း…..ငါ့ကိုဖွင့်ပေးကြစမ်း…….” ••••••••••••••••• “ဘွားဘွား….ဘွားဘွား…..သမီးအိမ်နောက်ဖေးမှာမောင်လေးနဲ့ဆော့နေတုန်း…ဂူထဲကနေ အသံကြားလိုက်ရတယ်…ငါ့ကိုဖွင့်ပေးစမ်းဆိုလားပဲ” “သမီး…ဘွားဘွားကဧည့်သည်နဲ့စကားပြောနေတယ်လေမနှောက်ယှက်ရဘူး” ကျွန်မဆီသို့ပြေးဝင်လာတဲ့မြေးဖြစ်သူကိုကြည့်ပြီး… ကျွန်မပြုံးမိလိုက်သည်။ “ဟုတ်လား သမီး….အဘွားမြေးဖြစ်သူကိုဘာမှာထားလဲသချိုင်းနဲ့ပတ်သက်လို့” “ဘွားဘွားကမှာထားတယ်…သချိုင်းကိုမဖျက်ဆီးနိုင်အောင်သမီးတို့ကစောင့်ရှောက်ရမယ် သချိုင်းထဲမှာစိတ်ထားကောင်းတဲ့ဘွားဘွားကြီးလှဲလျောင်းနေတယ် တကယ်လို့သချိုင်းကိုဖျက်ဆီးမိရင်…သချိုင်းထဲကနေ သေခြင်းမဲ့မိစ္ဆာနိုးထလာပြီး အရာအားလုံးကိုဖျက်စီးပစ်လိပ်မယ်” “သမီးက အကုန်မှတ်မိတာပဲ ကဲသား မြေးလေးကိုခေါ်သွားလိုက်တော့ အမေ…ဖယဧည့်သည်ကိုဧည့်ခံလိုက်ဦးမယ်” မြေးဖြစ်သူနဲ့သားဖြစ်သူထွက်သွားမှကျွန်မ…သူမဘက်ကိုလှည့်လိုက်သည်။

“ရှင့်မြေးလေးကသိပ်ကိုစကားတတ်တာပဲ..ဒေါ်ထားနွယ် နှစ်ပေါင်းခြောက်ဆယ်အကြာထိသချိုင်းကိုစောက်ရှောက်ခဲ့တဲ့ ရှင့်ကိုတော့လေးစားမိပါတယ်…ရှင်မရှိတဲ့နောက်ပိုင်း ဂူသချိုင်းကိုရှင့်မျိုးဆက်တွေစောင့်ရှောက်နိုင်ပါ့မလား” “ဒါတော့ဒေါ်မြကြေးမှုံရဲ့ကျိန်စာကိုယုံကြည်ရမှာပဲ ဒေါ်မြကြေးမှုံကျိန်စာရှိနေသ၍ ဂူသချိုင်းကိုဖျက်ဆီးဖို့လွယ်ကူမှာမဟုတ်ဘူး” ကျွန်မတီးတိုးရေရွတ်လိုက်ပြီး…အေးချမ်းစွာလဲလျောင်းနေတဲ့မမလေးရဲ့ဂူသချိုင်းတဲ့က သေခြင်းမဲ့မိစ္ဆာအတွက်..ပြန်လည်နိုးမထနိုင်ခွင့်ကိုသာဆုတောင်းနေမိပါတော့သည်။ ပြီးပါပြီ စာဖတ်သူအပေါင်းရွင်လန်းကြပါစေ

စာ​​ရေးသူ =သျှင်သွေးသုတအားလေးစားလျက်

Leave a Reply

Your email address will not be published. Required fields are marked *