အကြွေပန်း
“မိစန်းဆုံးပြီ´´ ရပ်ကွက်သတင်းစကားလေးကြောင့် အချိန်မတန်ပဲ ကြွေလွင့်ရလေပေါ့ ပန်းလေးတပွင့် မိစန်း�အဖေအရက်သမားကြီး�အလုပ်မလုပ်တတ်တဲ့အမေ�ညီမလေး မယ်အိ�မောင်လေးဖိုးရှုပ် ဘဝ ဘဝတွေထဲ့ကအဖြစ်တခုမို့မဆန်းပင်မဲ့�နှလုံးသားရှိသူတိုင်း နာကျင်ခဲ့ရတဲ့အဖြစ်လေးတခုပေါ့ “မိစန်းရေ မိစန်း သွားကြစို့´´ “လာလေမိသုန် သွားကြမယ်´´ “ထမင်းစားနေတာလား ဟင် ဘာဟင်းမှမပါဘူးလား မနေ့ညနေကဝယ်လာတဲ့ကြက်ဥအကွဲတွေကကုန်ုပြီလား´´ “နေ့တိုင်းကြက်ဥကြည့်စားနေရတာမစားချင်လို့ ငပိထောင်းနဲ့စားနေတာ´´ အူဝဲဆိုကတဲ့လည်ပင်းဖက်ပေါင်းလာတာ အကြောင်းသိတွေကို သူငယ်ချင်းမိစန်းက သူမစားရချင်နေ သူအငတ်ခံပြီးမိသားစုအပေါ်�ရှာကျွေးနေတဲ့သူပေါ့ ခုလဲသူ့မိသားစုအတွက်တမင်မစားပဲ သူကရှိတာလေးနဲ့ဖြစ်သလိုစားတာ
“သွားကြစို့ ´´ပါးစပ်ကထမင်းပလုပ်ပလောင်းကိုစားရင်း ရေစိုနေတဲ့လက်ကို ဝတ်ထားတဲ့လုံချည်နဲ့သုတ်ရင်းထွက်လာမိတယ်မိစန်းတို့ “မြန်မြန်လာပါမိသုန်ရ ငဖြိုးတို့တတွေအရင်ရောက်ရင်ဘာမှမရပဲဖြစ်သွားမယ်´´ “လာနေတယ်လေ နင်ကလဲအရမ်းလောတာပဲ�နေကပူပူနဲ့မောတယ်´´ .“မလောလို့မရဘူး ညနေစာအတွက်ဆန်မရှိဘူးလေ´´ အကြောင်းသိမို့မိသုန်ဘာစကားမှပြန်မပြောမိပဲ�ရှေ့ကသွားနေတဲ့မိစန်းကိုကြည့်ရင်း အဖေကိုကျေးဇူးတင်မိတယ် မိစန်းအဖေကဘာမှမလုပ်ပဲ�အရက်နဲ့အချိန်ကုန်နေတော့ မိသားစုဝမ်းရေးက�မိစန်းကတာဝန်ယူနေရတာ “မိသုန်ရေ ဟိုးထိပ်ကဘုန်းကြီးကျောင်းပေါ်တတ်ကြည့်ရအောင် ဘယ်သူမှမလာရင် ရေသန့်ဗူးတွေရှိမှာ´´ .“ဟာ အမြင့်ကြီး နေကပူပူနဲ့ပါဆို´´ မိသုန်ရဲ့စကားကြောင့်မိစန်း ပီနံအိတ်ကလေးကိုငေးကြည့်နေမိတယ် ပီနံအိတ်ထဲ့မှာက ရေသန့်ဗူးကအနည်းငယ် သူငယ်ချင်းဖြစ်သူရဲ့မျက်နှာကိုလှမ်းကြည့်ရင်း�
သွားလေ နင်သွားချင်ရင်´´မိစန်းရဲ့မျက်နှာလေးဝင်းလက်သွားပါတော့တယ် တောင်ခြေကနေတတ်လာလိုက်တာ သူငယ်ချင်းနှစ်ယောက်နေကပူပူ တောင်ကမတ်ဆိုတော့နဖူးကချွေးတွေစိုရွဲနေသလို ပါးစပ်ကဟောဟဲသံများပါထွက်လို့နေတယ် “မိသုန်လာဟိုးမှာရေသန့်ဗူးတွေအများကြီး´´မိစန်းတယောက်ဝမ်းသာအားရအပြေးလေးသွားကောက်နေပင်မဲ့ မောလွန်းလို့ရပ်ပြီးအမောဖြေနေမ်ိတယ် မိသုန် “မိသုန်ရေ မောနေပြီလာ ခနနားပြီး တောင်ထိပ်အထိဆက်တတ်ကြအောင်´´ “ဟာ ငါအရမ်းမောတယ် အပေါ်ထိတတ်အုန်းမလို့လား မတတ်ပါနဲ့တော့ တခြားမှာသွားရှာကြမယ်လေ´´ “နင်ဒီမှစောင့်နေ ငါတတ်သွားမယ်´´မိစန်းကပြောပြောဆိုဆိုတတ်သွားတော့ မိသုန်လဲနောက်ကလိုက်လာရတော့တယ် မိစန်းတို့တတ်လာတဲ့လမ်းတဝက်ရောက်တော့ သစ်ပင်ကြီးတပင်အောက်မှာကားလေးတစီးရပ်ထားပြီးဝိုင်းဝန်းစားသောက်နေတဲ့မိသားစုက�တတ်လာတဲ့မိစန်းတို့ကို လှမ်းကြည့်နေသလို�မိစန်းတို့ကလဲလှမ်းကြည့်မိတယ်
“မိစန်း ဟိုကောင်မလေးဝတ်ထားတဲ့ဂါဝန်လေးကလှလိုက်တာ ငါလဲဝတ်ချင်လိုက်တာ´´�မိသုန်စကားကြောင့်လှမ်းကြည့်လိုက်မိတယ်�ဟုတ်တယ် လှလိုက်တာမိသုန်ပြောသလို သစ်ပင်အောက်ကကောင်မလေးကိုလှမ်းကြည့့်မိပြီး မိစန်းဝတ်ထားတဲ့အကျီင်္ကိုငုံကြည့်မိလိုက်တယ် ဘာအရောင်ရယ်ဆိုတာတောင်မပြောနိူင်လောက်အောင် အကြိမ်ကြိမ် အခါခါလျှော်ဖွတ်ပြီးဝတ်နေရတယ်ဆိုတာ အကျီင်္လေးကပြောနေသလိုမို့ မိစန်းစိတ်ထဲ့ရှက်စိတ် သိမ်ငယ်စိတ်ဖြစ်မိတယ် သစ်ပင်ကြီးနဲ့နီးလာတော့“ဟိတ် ကလေးတွေ လာအရိပ်ခိုကြ နေကအရမ်းပူတယ်လေ´´ဂါဝန်ဝတ်ထားတဲ့ကောင်မလေးအဖေဖြစ်ပုံရတဲ့ဦးလေးကြီးကလှမ်းခေါ်ပင်မဲ့ သူတို့နဲ့အတူအရိပ်မခိုဝံ “သမီးရေ သူတို့ကိုကားနောက်ထဲ့ကအအေးပုံးထဲ့ကအအေးနဲ့မုန့်ပေးလိုက်သမီး´´ .“ဟုတ် ဖေကြီး´´ “ရော့ နင်တို့အတွက်´´ လှမ်းပေးလာတဲ့အအေးဗူးနဲ့မုန့်ကို မိသုန်ကချက်ခြင်းယူလိုက်ပြီးသောက်လိုက်တယ်�မိစန်းကတော့အအေးကိုအားရပါးရသောက်နေတဲ့မိသုန်ကိုငေးကြည့်နေမိတယ် အအေးဗူးလေးအပေါ်မှာရေစက်ကလေးသီးနေပုံကသောက်ချင်တဲ့စိတ်ကိုဖြစ်စေမိတယ်
နေကပူပူဆိုတော့ “သောက်လေမိစန်း´´ကောင်မလေးပေးတာကိုမသောက်ပဲကိုင်ထားတဲ့မိစန်းကိုပြောလိုက်ရင်း အအေးလေးသောက် မုန့်ေ့လးစားရင်း�အဆင်ပြေနေသူကမိသုန်ပေါ့ အဆင်မပြေသူက မိစန်း�သောက်ချင်တာပေါ့ နေကပူပူ�မောကမောနေတဲ့အချိန်�ကိုင်ထားထဲ့လက်ကလေးကိုတောင်�အအေးဓတ်ပေးနေတဲ့ အအေးဗူးလေး�သောက်လိုက်ရရင် အရမ်းကိုအမောပြေမှာ ဒါပင်မဲ့�ဒါပင်မဲ့�မိစန်းမသောက်ရက်ပါဘူး�အအေးနဲ့မုန့်လေးမြင်တော့�မိစန်းမျက်လုံးထဲ့မှာ�အမေ�မောင်လေး ညီမလေးပြေးမြင်မိတယ် “မဆာဘူးလေ ခနကမှထမင်းတွေစားလာတာကို´´ ညာနေတဲ့မိစန်းကိုဘာမှမပြောတော့ပဲ သူသောက်လက်စအအေးဗူးလေးလှမ်းပေးရင်း�“ရော့ သောက်လိုက် နင်မျက်နှာမှာချွေးတွေကြည့်ပဲ အရမ်းပူတာကို သောက်ကြည့်အေးအေးလေး အရမ်းသောက်လို့ကောင်းတာပဲ´´ “သောက်စမ်းပါနင့်ဖာသာနင်´´ မိစန်းတို့ပြောနေတာကို နားထောင်နေတဲ့�လူကြီးကအသာပြုံးရင်း“သမီးတို့ကနေကပူပူနဲ့�နားကြအုန်းလေ´
´ ပြုံးပြီးပြောနေတဲ့ဦးလေးကြီးမျက်နှာကိုမိစန်း�လှမ်းကြည့်ရင်း အဖေ့ကိုပြေးမြင်မိတယ် အချိန်ပြည့်အရက်တွေလောက်သောက်လို့ဖော�သွပ်သွပ်ဖြစ်နေတဲ့အထဲ့ နေဒဏ်လေဒဏ်ဘဝဒဏ်တွေကြောင့်အဖေအသက်ကပိုပြီးအိုစာသလို အဲ့ဦးလေးကြီးသာမိစန်းအဖေဖြစ်ရင်�မိစန်းလဲအဲ့ကောင်မလေးလိုဂါဝန်လှလှလေးဝတ်ရမှာတွေးပြီးမျက်ရည်များဝဲလာမိတယ် “နေအုန်းလေ မိစန်းရဲ့ အမောတောင်မပြေသေးတာ´´ နောက်ကနေလိုက်လာတဲ့မိသုန်မသိအောင် ဝဲလာတဲ့မျက်ရည်များသုတ်လိုက်တယ် “ဟေ့ ခနနေအုန်းလေ ခန´´ မိစန်းတို့နောက်ကခေါ်သံကြားလို့လှမ်းကြည့်လိုက်တော့ ဂါဝန်လေးဝတ်ထားတဲ့ကောင်မလေးကအပြေးလေးလာရင်း “ရော့ နင့်အတွက်´´ “ဟင် ဘာလို့လဲခနကပေးပြီးပြီလေ´´ “နင့်ကိုသောက်စေချင်လို့ပေါ့ ခနကနင့်သူငယ်ချင်းသောက်နေတာကြည့်နေတဲ့နင်ပုံက�အရမ်းသောက်ချင်နေတဲ့ပုံပေါ်တယ်လေ´´ “ဟာ မဟုတ်တာ မသောက်ချင်ပါဘူး´´မိစန်းရှက်ရှက်နဲ့ငြင်းလိုက်မိတယ် “ရော့ နင်အတွက် သောက်´´ပေးလာတဲ့အအေးဗူးလေးကိုကြည့်နေမိတော့ “ယူလိုက်လေမိစန်း´
´ ပေးလာတဲ့အအေးဗူးလေးကို အားရပါးရဟန်မဆောင်ပဲသောက်လိုက်မိပါတော့တယ်�“သောက်လို့ကောင်းလိုက်တာ ကျေးဇူးပါ´´ “ရော့ မုန့်ပါစား´´ကိတ်မုန့်လေးကလဲ�ြ်မင်ရတာနဲ့စားချင်စရာ အမေကိုကျွေးချင်လိုက်တာ “တော်ပြီမစားတော့ဘူးလေ အအေးသောက်လို့ဝသွားပြီ´´ “ရော့ဝလဲစား´´ဂါဝန်ဝတ်ထားတဲ့ကောင်မလေးကဖောက်ပြီးပေးတာမို့ မငြင်းနိူင်ပဲစားလိုက်မိတယ် စားရတာအိစက်နေတာပဲ�ပိုက်ဆံရှိတဲ့သူတွေများကောင်းလိုက်တာနော်�သူဘဝမှခုမှစားဘူးတာ ဂါဝန်ကောင်မလေးကသူကျွေးတာစားနေတဲ့မိစန်းကိုကြည့်ရင်း“ရော့ အိမ်ကမောင်လေးညီမလေးတွေအတွက်ခွဲယူကြ ငါ့မွေးနေ့မို့ကုသိုလ်လုပ်တာ´´ အော် မွေးနေ့ မွေးနေ့�မိစန်းတို့မွေးတဲ့နေ့တောင် မိစန်းအမေတောင်မသိ�မိစန်းဆိုဝေလာဝေး�ဘဝတွေက မညီမျှလိုက်တာ အိမ်ကိုပြန်နေတဲ့မိစန်းခြေလှမ်းတွေက တတ်ကြွနေသလို မိစန်းလက်ထဲမှာလည်း�ညနေစာအတွက် ဆန်ကွဲလေးပါသလို ဟိုကောင်မလေးပေးလိုက်တဲ့အအေးနဲ့မုန့် ကျွေးချင်လှပြီအမေနဲ့ ညီမလေးတွေကို အိမ်နားမရောက်သေးဘူးဒေါ်ကြီးခင်အသံကိုမိစန်းကြားနေရပါတယ်�“
ကဲ့ ဘယ်လိုလဲ လာယူတုံးကတော့တမျိုး�ပေးရမဲ့အချိန်တမျိုးမလုပ်နဲ့နော် ငါ့အကြောင်းသိတယ်မလား´´ “မလုပ်ပါဘူးဒေါ်ဒေါ်ရယ် ပေးမှာပါ ခနစောင့်ခိုင်းတာပါ´´ “ခန ခနနဲ့ဘယ်လောက်ကြာပြီလဲအေ ´´ “အမေရေမမပြန်လာပြီ´´ဒေါ်ကြီးခင်ကဝင်လာတဲ့မိစန်းကိုတချက်လှမ်းကြည့်လိုက်ရင်း�“ငါပြောထားတာကိုစဉ်းစားထားညီး´´ ဒေါ်ကြီးခင်ထွက်သွားတော့မိစန်းပါလာတဲ့ဆန်ထုတ်လေးချပြီး မီးမွှေးပြီးထမင်းချက်ဘို့အတွက်ပြင်နေမိတယ် “ရော့ ဖိုးရှုပ်နဲ့မယ်အိ´´ “ဟာ အချိုရည်နဲ့မုန့်တွေပါလား´´မောင်လေးဖိုးရှုပ်ကဝမ်းသာအားရလှမ်းယူရင်း�အားရပါးရစားနေတာမိစန်းကြည့်နေမိတယ် “မမစားလို့အရမ်းကောင်းတာပဲ နောက်လဲယူခဲ့နော်´´အငယ်မမယ်အိကပလုပ်ပလောင်းနဲ့ပြောတာကြောင့်မိစန်းပြုံးနေမိတယ် “ရော့ အမေစားကြည့်´´ “မစားချင်ပါဘူးသမီးရယ်´´ “အမေစိတ်ညစ်မနေနဲ့ဒေါ်ကြီးခင်ပြောသလို�သမီးသူတို့အိမ်မှာအလုပ်သွားလုပ်မယ်လေ�အမေလဲပိုက်ဆံလဲရ ဒေါ်ကြီးခင်အကြွေးလဲကျေတာပေါ့´´ “ငါ့သမီးကလုပ်နိူင်လို့လား ´´ “အမယ်လေးအမေရယ် နေပူပူထဲ့တောင်ဗူးခွံတွေလိုက်ကောက်နေတဲ့မိစန်းပါ အရိပ်ထဲ့လုပ်ရမှာလေ အေးဆေးပါ´
´မိစန်းရယ်မောရင်း�ပြောလိုက်ပင်မဲ့ မရယ်နိူင်တာကတော့ဒေါ်သန်းပါပဲလေ ဆင်းရဲကြပ်တည်းတော့ရတာနဲ့မကာမိ�မစားပဲမနေနိူင်တော့ ချေးဌားရ�ချေးရတော့လူကသာ အိပ်နေတာ�အတိုးကမအိပ်�ခက်ခဲပင်ပန်းပေမဲ့ သမီးဖြစ်သူမိစန်းကိုလည်း�သနား “မိစန်းရေ မိစန်း အမယ်လေးဟယ် ခေါ်နေတယ်လေ မောလိုက်တာ ပေးစမ်းရေ´´အပြင်ကပြန်လာတဲ့ဒေါ်ကြီးခင်အော်သံကြောင့်ရေလေးခပ်ရင်းအပြေးလေးလာနေမိတယ် .“ဟဲ့ငါ့ခိုင်းတာပြီးအောင်လုပ်လေ ငါအပြင်သွားမလို့မီးပူတိုက်ခိုင်းနေတာကို´´ “နင့်ကအရေးမကြီးဘူး မိစန်းငါအတွက်ကြက်ဥကြော်ပေး´´ ဒေါ်ကြီးခင်တို့အိမ်ရောက်တာ လက်လဲမနားရ�မိစန်းနာမည်ကလဲအရမ်းရောင်းကောင်းပ�ဟိုကမိစန်း ဒီကမိစန်းနဲ့ ညရောက်တာတောင်မနားရ�ပင်ပန်းလိုက်တာတနေကုန်�လူတကာခိုင်းသမျှလုပ်နေရတာ စားရတော့လဲသူတို့မစားချင်တဲ့အကြွင်းအကျန်တွေနဲ့ပဲစားရတာ တခါတလေအမေအိမ်လေးကိုသတိရလိုက်တာ အမေချက်ပေးတဲ့ငပိရည်ကျိုလေးကိုမိစန်းလွမ်းလိုက်တာ မိစန်းတယောက်ဒေါ်ကြီးခင်တို့အိမ်ရောက်တာဘာလိုလိုနဲ့လဝက်တောင်ရှိသွားခဲ့ပြီ�
အမေနဲ့မောင်လေးညီမလေးတွေလွမ်းလို့ခွင့်တောင်းပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ် ဒေါ်ကြီးခင်ပေးလိုက်တဲ့လမ်းစရိတ် မုန့်ဘိုးကိုကားခပဲအကုန်ခံပြီးအိမ်အတွက်မုန့်တွေဝယ်လာခဲ့တယ် မရောက်တာကြာပြီဖြစ်တဲ့ရပ်ကွက်လေးကိုဝင်လိုက်တယ်ဆိုရင်ပဲ စကားများသံ ရန်ဖြစ်သံ�ကလေးငိုသံတွေကမိစန်းကိုဆီးကြိုနေပါတော့တယ် ပျော်မိပါတယ်မိစန်းတယောက်�အမေအိမ်နဲ့နီးလာလေ မိစန်းခြေလှမ်းတွေကပိုလို့မြန်လာလေပါပဲ “အမေ အမေ ဖိုးရှုပ် မယ်အိ´´ “ဟယ်သမီးမိစန်း´´ .“မမပြန်လာပြီ မယ်အိရေမမပြန်လာပြီ´´ ပါလာတဲ့မုန့်လေးတွေ့ကိုမောင်လေးနဲ့ညီမလေးထုတ်ပေးနေတဲ့သမီးမိစန်းကိုဘာစကားမှမပြောနိူင်ပဲ စိတ်မကောင်းခြင်းများစွာနဲ့ကြည့်နေမိရင်း ဝဲလာတဲ့မျက်ရည်ကိုမိစန်းမသိအောင်�သုတ်လိုက်ရင်း “နားလေသမီးရယ် နေကပူပူနဲ့´´ “မပင်ပန်းပါဘူးအမေရယ်ကားစီးလာရတာကို�အဖေရောအမေ နေကောင်းလား´´ “ကောင်းတယ်ညီးအဖေအခုလက်သမားလိုက်လုပ်နေတယ်´´ “ဟင် တကယ်လားအမေ´´ “တကယ်ပေါ့ သမီးအဖေအရင်လို့လဲမသောက်တော့ဘူး သူ့သမီးလေးသူဖအေမပီသလို့လူများအိမ်မှာအလုပ်သွားလုပ်ရတာ�ပြောလို့မဆုံးတော့ဘူးညီးအဖေက´
´ မိစန်းပျော်နေမိတယ်အဖေအလုပ်တွေလုပ်နေတာကြားတော့ပိုပျော်မိတယ်.�“အမေ မိသုန်တို့ရော´´ “သူတို့ရွာပြန်သွားကြပြီ သူအဖေဆုံးသွားပြီ´´ “ဟင်´´မိစန်းစိတ်မကောင်းဖြစ်ရပါတော့တယ်ငယ်စဉ်ကတဲ့ကညီအမလိုအတူနေလာသူ မိသုန် မရှိတော့ဘူးဆိုတော့ မိသုန်အတွက်သူဝယ်းထားတဲ့ကလစ်လေးကိုအသာပြန်သိမ်းထားရင်း�မျက်ရည်များကျလာပါတော့တယ် “အော် သမီးရယ်တနေ့သူတို့ပြန်လာမှပေါ့�တိတ် တိတ် သွားအမေအိပ်ရာမှာသွားနား�အမေဟင်းချက်လိုက်အုန်းမယ်´´ ဘာစကားမှပြန်မပြောပဲ အိပ်ရာဆီသွားနေတဲ့မိစန်းကိုသနားနေမိတယ် အသက်ငယ်ငယ်လေးနဲ့မိဘအပေါ်သိတတ်တဲ့သမီးအလိမ္မာလေး လုပ်ပေးချင်လိုက်တာ သမီးအတွက်�စိတ်ပဲရှိတာ ထမင်းတောင်နပ်မှန်ယုံ�ခုမိစန်းအလုပ်လေးလုပ်လို့အကြွေးလေးကျေလို့�ခုမှထမင်းနဲ့ဟင်းနဲ့မြင်ရတဲ့ဘဝ ကြက်သွန်ဖြူဆီသတ်တဲ့အနံနဲ့အတူငပိရည်ကျိုတဲ့အနံလေးကြောင့်မိစန်းနိုးလာပါတော့တယ်�“အမေ´´ “သမီးနိုးပြီလား ထမင်းတခါထဲ့စားရအောင်�ငပိရည်ကိုထမင်းထဲ့အားရပါးရဆမ်းပြီးအားလူးတွေနဲ့ရောနယ်ပြီးအားရပါးရစားနေတဲ့မိစန်းကိုကြည့်ရင်း ပြုံးနေမိတယ်ဒေါ်သန်းတယောက်
“စားလို့ကောင်းလိုက်တာအမေရယ် ဒေါ်ကြီးခင်တို့အိမ်မှာနေခတဲ့ကအမေလက်ရာငပိရည်ကျိုလေးကိုငရုတ်သီးစပ်စပ်လေးနဲစားချင်နေတာ´´ မိစန်းရောက်မှ ဒေါ်သန်းအနားယူရတော့တယ် မိစန်းကအကုန်လုပ်ပေးတာ�သူလာတုံးမအေကိုနားစေချင်တယ်လေ “ဟဲ့မသန်း ညီးသမီးမိစန်းဘယ်မှာလဲ´´ “ရှင် အော်သမီးလားရှိတယ် သမီးရေညီးကြီးကြီးလာတယ်´´ “ဘယ်မှာလဲငါ့လက်စွပ်´´ “ရှင် ဘာလက်စွပ်လဲ´´ မိစန်းတယောက်အမေခေါ်သံကြားလို့ရေခပ်နေတာထားခဲ့ပြီးအထွက် အမေနဲ့ကြီးကြီးပြောသံကြောင့် “ကြီးကြီးဘာကိုပြောတာလဲ သမီးကမနက်ဖြန်ပြန်လာမှာလေ´´ “မနက်ဖြန်ပြန်လာတာတွေတဘက်ခါပြန်လာတာတွေမပြောနဲ့ ဘယ်မှာလဲညီးယူထားတဲ့လက်စွပ်´´ “သမီး´´အမေကမိစန်းကိုလှမ်းကြည့်ရင်း “အမေ ကြီးကြီးသမီးမယူပါဘူး ´´ “ဟုတ်ပါတယ် ကျွန်မသမီးကဒီလိုမလုပ်တတ်ပါဘူး´´ “သူခိုးကခိုးတယ်ပြောပါ့မလား´´ “ခင်ဗျား ဘာစကားပြောတာလဲကျုပ်တို့ကဆင်းရဲပင်မဲ့သူတပါးပစ္စည်းကိုအပ်တိုတချောင်းတောင်စိတ်နဲ့မပြစ်မှားဘူး´´ “ကိုဘခက်´´ “မသန်းနင်နဲ့ဟာ နင့်သားသမီးကိုရစရာမရှိအောင်ပြောနေတာ နင်ငုံ့ခံနေလား´´
“အမယ်လေးတော့ စားစရာတာမရှိသာ စကားတွေကကြီးကျယ်လိုက်တာ´´ “ဒီမယ်ဘဝပေးကုသိုလ်မကောင်းလို့ဆင်းရဲပင်မဲ့�မခိုးဘူးမဝှက်ဘူးနားလည်ထား ခင်ဗျားပြောတဲ့လက်စွပ်ကိုလဲကျုပ်သမီးမယူဘူး�ပြန်ခင်ဗျား´´ “ငါ့လက်စွပ်မရသေးဘူး ငါမပြန်နိူင်ဘူး´´ ဒေါ်ကြီးခင်ရဲ့ဒေါသစကားသံကြောင့် ပတ်ဝန်းကျင်အိမ်များထွက်လာပြီးကြည့်နေတော့�မိစန်းရှက်မိပါတယ် “အဖေရယ်ပြောမနေပါနဲ့တော့ သမီးရှက်တယ်´´ “ခုမှဘာရှက်တာလဲ ရှက်တတ်ရင်အစကတဲ့ကစဉ်းစားလေ ငါအချိန်ပေးမယ်ဆယ်ရက် ဆယ်ရက်ပြည့်လို့မှငါ့ပစ္စည်းပြန်မပေးရင် ငါ့လုပ်သင့်လုပ်ထိုက်တာ ငါလုပ်ရလိမ့်မယ်´´ “ကြိုက်သလိုလုပ် ကျုပ်တိုမိသားစုလိပ်ပြာသန့့့်တယ်´´ ဒေါ်ကြီးခင်ပြန်သွားတော့ရပ်ကွက်စကားတွေနားနဲ့မဆန့်အောင်ကြားနေရတယ် “ငါ့မပြောဘူးလား သူ့သမီးကခိုးကျွေးနေတာပါဆို´´ “ဟုတ်မှာအရင်ကအဆင်မှမပြေတာ´´ “ညီးတို့ကလဲမိစန်းကအဲ့လိုကလေးမျိုးမဟုတ်ဘူး´´ စကားသံတွေကြားမှာမိစန်းစိတ်တွေဘုံးဘုံးလဲရပါတော့တယ် “အော်လူတွေ လူတွေ မရှိလို့လဲမပေးကမ်း ကိုယ့်ဖာသာကိုယ့်လုပ်စားတာတောင်အပြောခံရသေး´´
“ပြောမနေနဲ့မသန်း သမီးစိတ်ဆင်းရဲမယ်´´ အဖေနဲ့အမေပြောသံတွေနားထောင်ရင်း�မိစန်းမျက်ရည်များအဆက်မပျက်ကျလာမိတယ် ဘဝလေးခုမှအေးချမ်းစပြုလာတာ�ခုတော့ ခုတော့ .“သမီးရေမိစန်း နေမြင့်နေပြီ မထသေးဘူးလား´´ “ဟုတ်ထပြီအမေ´´ “သမီးညကအိပ်မပျော်ဘူးလား´´ “သမီးကြောက်တယ်အမေ ဒေါ်ကြီးခင်ကပြောသလိုလုပ်မှာ´´ .“သမီးကိုအမေမေးမယ်´´ “မေးလေအမေ´´ “သမီးဒေါ်ကြီးခင်ရဲ့လက်စွပ်ကိုယူထားလား´´ “အမေ့´´မိစန်းငိုသံကြီးနဲ့အမေကိုအော်မိတော့တယ် “အမေကအမေ့သမီးကိုယုံပါတယ် သေချာအောင်အမေမေးရတာ´´ “သမီးမယူရပါဘူးအမေရယ်´´ မိစန်းငိုရှိုက်ရင်းပြောနေသံကိုအဖေလုပ်သူကြားတော့ “သမီးမိစန်း ဘာလို့အဲ့လောက်ထိငိုနေတာလဲ�တိတ် သမီးမယူဘုးဆိုရင်တနေ့အဖြေပေါ်မှာပဲ�တရားကိုနတ်စောင့်ပါတယ်´´ အဖေကနတ်စောင့်တယ်ပြောပြော မိစန်းစိတ်တွေပူလောင်လို့နေပါတော့တယ် ဆိုးလိုက်တဲ့ဘဝ ရိုးရိုးသားသားလုပ်ကိုင်စားနေတာကို�သူခိုးလို့အရိုးခံရ ဒီလိုနဲ့ဒေါ်ကြီးခင်ပြန်သွားတာဘာလိုလိုနဲ့လေးရက်တောင်ရှိခဲ့ပြီ မိစန်းစိတ်တွေပင်ပန်း ညဆိုအိပ်လို့မပျော် စိတ်ကပြိုလဲတော့�ခန္ဓာကိုယ်ကပါပြိုရပြီလေ “သမီးမိစန်းထသမီး ထမင်းလေးစား�အစားမဝင်ရင် အားမရှိပဲဖြစ်နေမယ်´´
“သမီးမစားချင်ပါဘူးအမေရယ်စားလဲဝင်မှာမဟုတ်ပါဘူး ´´ “သမီးရယ်´´မိစန်းတယောက် ပတ်ဝန်းကျင်ရိုက်ခတ်စကား ဒေါ်ကြီးခင်ရဲ့စကားသံတွေကိုမခံစားနိူင်သလို ပတ်ဝန်းကျင်ကသူ့ကိုမြင်တိုင်းအထင်အမြင်သေးအကြည့်တွေကြောင့်�မိစန်းစိတ်တွေဆင်းရဲသလို ပင်လဲပင်ပန်းရပါတော့တယ် “အမေ ဒေါ်ကြီးခင်ကအချိန်ဆယ်ရက်ပေးထားသာခုတောင်လေးရက်ရှိနေပြီ ဒေါ်ကြီးခင်လာမှာကိုသမီးကြောက်လိုက်တာအမေရယ် သမီးတို့ဘယ်လိုလုပ်ကြမယ်လဲ�သမီးသေချင်တယ်အမေ သမီးသေချင်တယ်´´ ငယ်ရွယ်နုနယ်တဲ့သမီးစိတ်ထဲ့မှာအကြောက်တရားကကြီးစိုးနေတာကိုဒေါ်သန်းမကြိုက်�ငိုကြွေးနေတဲ့မိစန်းကိုကြည့်ရင်း ဘာပြောရမယ်မှန်းမသိတော့ “ကိုဘခက် ကျုပ်တို့ဘယ်လိုလုပ်ကြမှာလဲ�သမီးကအရမ်းစိတ်ပူနေတော့ ကျုပ်ကစိုးရိမ်ပြရင်�သူပိုဆိုးမှာဆိုးလို့နေရတာ ကျုပ်လဲကြောက်တယ်တော့ သူတို့ကပိုက်ဆံရှိသဌေးတွေ´´ .“သဌေးတိုင်းကြောက်စရာလား ငါ့သမီးမှမယူတာကို ငါ့သမီးအကြောင်းငါအသိဆုံး´´ အဖေနဲ့အမေစကားများကြားနေရတော့ စိတ်တွေပိုပူလောင်နေမိတယ်မိစန်းတယောက် “သမီးမိစန်း စားမကောင်းဘူးလား ဘာမှလဲမစားပါလား အမေကသမီးအစားပျက်နေလို သမီးကြိုက်တဲ့ငပိရည်လေးကျိုပြီး�
အားလူးလေးချက်ထားပေးတာလေ အားရပါးရစားစမ်းပါ အိပ်ကမအိပ် အစားကမစား�ကြာရင်ဒုက္ခရောက်လိမ့်မယ်´´ မိစန်းအမေစကားကိုကြားပင်မဲ့ပြန်မပြောမိပါ�မိစန်းလဲစားချင်တာပေါ့အမေရယ်�အိပ်လဲအိပ်ချင်ပါတယ်�စားလို့မှမရတာလေ ဘယ်လိုလုပ်ရမှာလဲ အရင်ကဆိုမိစန်းကြိုက်တာချက်ကျွေးရင်အရမ်းစားကောင်းတဲ့ဘဝလေးကိုမိစန်းလွမ်းလိုက်တာ�အရင်ကပင်ပန်းဆင်းရဲပင်မဲ့ စိတ်ပျော်ရွှင်ရသေးတယ် ခုတော့ တွေးရင်းမျက်လုံးအိမ်ကမျက်ရည်များစီးကျလို့လာပါတော့တယ် မိစန်းတယောက်အိပ်ရာထဲလဲရပြီလေ မဆန်းပါဘူးလေစိတ်ထောင်းမှတော့ ကိုယ်ကကြေရပြီလေ သမီးဖြစ်သူရဲ့နုနယ်တဲ့စိတ်ကိုဒဏ်ရာတွေပေးတဲ့ဒေါ်ကြီးခင်ကိုပဲအပြစ်တင်မိသလို သူလာမှာလဲစိုးရိမ်စိတ်များဖြစ်နေရသူကဒေါ်သန်း “သမီး ထ ထဆံပြုတ်လေးသောက် ´´ “သမီးမသောက်ချင်ပါဘူးအမေရယ်´´ “သမီးအစားမစားလို့ပိုဆိုးနေတာလေ�ဝင်သလောက်စား ညနေသမီးအဖေလုပ်ခထုတ်လာမှာညနေဆေးခန်းတော့သွားပြရမယ်´´ “မိန်းမရေ သမီးသက်သာလာ´´ “မသက်သာပါဘူးကိုဘခက်ရယ် ဒီလိုနဲ့ကျုပ်တို့သမီးလုံးပါးပါးတော့မယ်ထင်ပါတယ်´´ “နင်ကလဲနိမိတ်မရှိတဲ့စကားတွေမပြောနဲ့ ဆေးခန်းသွားပြရင်သက်သာလာမှာ�သွားမယ်ဆေးခန်း´
´ “မိစန်းဘယ်ကိုမှလဲမသွားချင်ဘူး ဒီအတိုင်းလေးပဲနေချင်တယ်´´ “ရောဂါကိုမမွေးထားရဘူးလေ´´ အဖေနဲ့အမေစိတ်ချမ်းသာအောင် မိစန်းဆေးခန်းကိုလာလိုက်တယ် အိမ်ပြင်ထွက်တာနဲ့ ဝိုင်းကြည့်နေတဲ့ လူတွေအကြည့်ကိုမိစန်းကြောက်နေမိတယ် “ကဲနောက်တယောက်´´ “လာသမီးအလှည့်ရောက်ပြီ´´ “ဘာဖြစ်သလဲသမီး´´ “ဦးဦးဆရာဝန်ကြီး သမီးမောတယ် ´´ “သမီးကမောမှာပေါ့ အားနည်းနေတာကို အစားကိုစား အိပ်လဲအိပ်နော်�အစားမဝင်ရင် ကျန်တဲ့ရောဂါဝင်လာတတ်တယ်သမီးရဲ့´´ “ကျွန်တော်သမီးကိုနေကောင်းအောင်ကုပေးပါဆရာရယ် အားကိုးပါတယ်´´ “အဖေဒီနေ့ဘယ်နှစ်ရက်တောင်ရှိသွားပြီလဲ�သမီးရင်တွေပူလိုက်တာ´´ ဒေါက်တာဇော်ကိုကို သားအဖနှစ်ယောက်ပြောနေသံကိုဆေးထိုးဘို့ပြင်ဆင်ရင်းကြားနေမိတယ်�္ “ကဲ ဆေးထိုးရအောင် ဟင် သမီးကိုမြင်ဘူးသလိုပဲ´´ “ဦးလေးက ဟိုတခါကသမီးတို့ကိုမုန့်တွေပေးတဲ့ဦးလေးမဟုတ်လား´´ “ဟုတ်ပ ခုမှဦးဦးလဲသတိထားမိတာ´´ “ဘာမှမဖြစ်ဘူးနေကောင်းအောင်နေ အားရှိတာတွေစား ဟုတ်ပြီလား သမီး´´ဦးဦးဆရာဝန်စကားကြားရတော့ မျက်ရည်များလည်နေမိတယ်မိစန်း ဒီလိုနဲ့ဆေးခန်းပြနေလဲမသက်သာပဲ�မိစန်းအခြေအနေကတနေ့တကခြားပိုဆိုးလာပါတော့ ဆေးကောင်းတွေဘယ်လောက်ထိုးထိုး�စိတ်ကဖြစ်နေတော့ “မိစန်းအဖေ ကျွန်တော့ကိုစပ်စုတယ်လို့မအောင်းမေ့ပါနဲ့နော် မိစန်းဖြစ်နေတာကိုကျွန်တော်သိရမှမိစန်းရောဂါကိုကုသနိူင်မှာလေ´´
“ဟုတ်ကဲ့ဆရာ မိစန်းအဖြစ်က…….�…. …….�…..မိစန်းဖြစ်နေတဲ့အခြေအနေကိုသိလိုက်ရတော့ “ဒီလိုလုပ် ခုမိစန်းအခြေအနေကအရေးကြီးတယ် ဆေးရုံအမြန်တင်လိုက်ကြစို့ ´´ မိစန်းကိုဆေးရုံတင်လိုက်ကြတော့တယ်�မောင်လေး ညီမလေးတွေကငိုယိုရင်းကျန်နေခဲ့တာကိုလဲ မိစန်းတယောက်မသိနိူင်တော့ပါဘူး ခဏတာငြိမ်းချမ်းသွားပြီလေ ဆေးရုံရောက်တာနဲ့ဒေါက်တာဇော်ကိုကို�ဆေးပုလင်းတွေချိတ် လိုအပ်တာအကုန်စီစဉ်ပေးခဲ့ပြီး မိစန်းအဖေကိုဘခက်ကိုခေါ်ရင်း ဒေါ်ကြီးခင်အိမ်ရှ်ိရာထွက်လာခဲ့ပါတော့တယ် “ဒီအိမ်ပဲဆရာ´´ “ခေါ်ဗျာ´´ “ဒေါ်ကြီးခင် ဒေါ်ကြီးခင်´´ “လာပြီ ဘာလို့ဒီလောက်ခေါ်နေတာလဲ ဘာကိစ္စလဲ တွေ့ပြီလာလက်စွပ်´´ “မရှိတဲ့လက်စွပ်ကတွေ့စရာလားကျုပ်သမီးက�ဖြူစင်ရိုးသားတယ် ခင်ဗျားစကားတွေကြောင့် ကျုပ်သမီးမစားနိူင်မသောက်နိူင်ဖြစ်ပြီး ခုဆေးရုံတင်ထားရတယ် ခင်ဗျာကြောင့်�သမီးတခုခုဖြစ်ကြည့်´´ “ဟဲ့ဘခက်ငါကအလကားစွပ်စွဲနေတာမဟုတ်ဘူး ပျောက်လို့ပျောက်တယ်ပြောတာလေ ငါ့အိမ်မှာတစိမ်းက နင့်သမီးပဲရှိတာပဲလေ နင့့်သမီးမယူရင်ဘယ်သူယူမှာလဲပြောလေ ပြော´´ “ခင်ဗျားဗျာ ခင်ဗျား ငွေရှိတယ်ဆိုပြီးမောက်မာလိုက်တာ´´ “ကဲ ကဲတော်ကြပါတော့ ကျွန်တော်ကဇော်ကိုကိုပါ မိစန်းကိုကုပေးနေတဲ့ဆရာပါ´´
“အဲ့တော့´´ “မိစန်းအကြောင်းသိရလို့ ကျွန်တော်သိချင်တာရှိလိုအမကြီးအိမ်လိုက်လာတာပါ အိမ်ထဲ့ကိုဝင်ခွင့်ပေးပါခင်ဗျာ့´´ ဒေါ်ကြီးခင်မကြည်မသာမျက်နှာနဲ့အိမ်ဝင်းတံခါးကိုဖွင့်ပေးလိုက်ရင်း “ရေချိုးခန်းကဘယ်မှာလဲ´´ “ဟိုဘက်မှာ´´ ဇော်ကိုကို ဒေါ်ကြီးခင်ညွန့်ပြတဲ့ဘက်လျှောက်သွားတော့ တွေ့ပါပြီရေချိုးခန်း ရေချိုးခန်းထဲ့ကိုဝင်ကြည့် ရေလာမြောင်းကိုလိုက်ကြည့်နေမိတယ်ဇော်ကိုကို “ကဲ့ ကိုဘခက် ဒီနေရာကိုဖြိုချလိုက်´´ ´`ဘာလုပ်တာလဲ မင်းတို့က သူများအိမ်ကို´´ “သေချာအောင်လို့ပါ အမကြီးရေမြောင်းကိုပြန်လုပ်ပေးပါ့မယ်´´ ရေမြောင်းလေးကိုဖြိုချပြီး အမှိုက်တွေ သဲတွေကို�ဂရူစိုက်သိမ်းရင်းကြည့်နေမိတယ် ဇော်ကိုကိုတယောက် “ဘာမှမရှိဘူးဆရာ´´ ´`ဟောဟိုရေထွက်ပေါက်အထိသေချာရှာ´´ ရေမြောင်းတလျှောက်အကုန်ရှာနေမိတယ်�ဘခက်တယောက် နေကပူလဲမပူနိူင်�ရင်ထဲ့အပူကပိုပူနေတယ် .“ဆရာ ဆရာ ´´ ကိုဘခက်ခေါ်သံကြောင့်အပြေးလေးသွားကြည့့်လိုက်တော့ တွေ့ပါပြီ ဆံပင်ချည်တွေနဲ့ညှိတွယ်နေတဲ့ဝင်းဝင်းလက်လက် လက်စွပ်လေး “ကျွန်တော်အထင်မှန်သွားပြီ ကိုဘခက်ရေ´´�အမှိုက်တွေနဲ့ကပ်ညှိနေတဲ့လက်စွပ်ကို ကောက်ယူရင်း“ရော့အမကြီးပျောက်နေတဲ့လက်စွပ်ဟုတ်လား´´ .“ဟင်´´
ဒေါ်ကြီးခင်ဘာစကားမှမပြောနိူင်ပဲ လက်စွပ်ကိုကြည့်နေမိတယ် “ကဲ့ ဘယ်နဲ့လဲ ခင်ဗျားပျောက်နေတဲ့လက်စွပ်ဟုတ်တယ်မလား´´ “ဟုတ် ဟုတ်ပါတယ်´´ “ခင်ဗျားဗျာ ခင်ဗျား ဆင်းရဲတာကိုအကြောင်းပြုပြီး စွပ်စွဲရက်လိုက်တာ ´´ “ငါတောင်းပန်ပါတယ် ဘခက်ရယ်´´ “လွယ်လိုက်တာနော် အပြောခံရသူ�စွပ်စွဲခံရသူကျုပ်သမီးကစိတ်တွေဘုံးဘုံးကျပြီး�ပြိုလဲနေတာ ခင်ဗျားကတောင်းပန်တယ်�ဟုတ်လား´´ “ကိုဘခက် စိတ်ထိန်းပါ ဆေးရုံအမြန်ပြန်ကြရအောင် မိစန်းမျှော်နေလောက်ပြီ´´ ဘခက်သမီးမိစန်းအတွက် ဝမ်းနည်းလွန်းလို့ပြောနေရင်းကျလာတဲ့မျက်ရည်များကိုသုတ်လိုက်ရင်း “ဟုတ်ကဲ့ဆရာ သမီးလေးမျှော်နေလောက်ပြီ´´ “ဆရာ ကျွန်မပါလိုက်ပါရစေ မိစန်းကိုတောင်းပန်ချင်လို့ပါ´´ “ခင်ဗျား ဘာမှလိုက်စရာမလိုဘူး ခင်ဗျားမျက်နှာလဲမကြည့်ချင်ဘူး´´ “လိုက်ပါစေ ကိုဘခက်´´ ဆရာဇော်ကိုကိုကားလေးနဲ့မိစန်းရှိရာလာနေမိတဲ့ဘခက်တယောက် ကားစီးရတာ�နှေးတယ်လို့ထင်လောက်အောင် စိတ်တွေကလောနေမိပါတော့တယ် ကားလေးဆေးရုံရှေ့ကိုရောက်တယ်ဆိုရင်ပဲ�အပြေးလေးသမီးမိစန်းရှိရာတို့လာခဲ့မိတယ်�မိစန်းအခန်းရှေ့ရောက်တော့ “ကိုဘခက် ဆရာ ကယ်ပါအုန်းဆရာရယ် သမီးကိုကယ်ပါအုန်း´´ “သမီး မိစန်း သက်သာလား´´ “သမီးအရမ်းမောတာပဲအဖေရယ်´´ ဇော်ကိုကိုတယောက်မောနေတဲ့မိစန်းကိုလိုအပ်တဲ့ဆေးများထိုးပေးဘို့ရင်ပြင်ဆင်ရင်း�
စိတ်မကောင်းဖြစ်နေမိတယ် “အဖေ ဒေါ်ကြီးခင် ဘာပြောလဲ လက်စွပ်ရော´´ “မောနေမယ်သမီးရယ် အဖေပြောပြမယ်နော်�စိတ်အေးအေးထား ဘာမှစိတ်ပူစရာမရှိတော့ပါဘူး လက်စွပ်ပြန်တွေ့ပြီသမီးရဲ့ လက်စွပ်ပြန်တွေ့ပြီ´´ “ရှင် တကယ်လားအဖေ တကယ်လား´´ “တကယ်ပေါ့သမီးရဲ့ သမီးကျန်းမာဘို့ပဲလိုတော့တယ်နော်´´ “သမီးပျော်လိုက်တာအဖေရယ် သမီးပျော်လိုက်တာ´´ကုတင်ပေါ်မှာနွမ်းချိနေတဲ့မိစန်းပြုံးနေမိသလို မျက်လုံးအိမ်ကမျက်ရည်များကျနေပါတော့တယ် “အဖေ သမီးလေအရမ်းပျော်လိုက်တာ�သမီးမခိုးဘူးဆိုတာအဖေယုံပြီလား´´ “အဖေအစကတဲ့ကယုံတာပေါ့သမီးရဲ့´´သမီးမိစန်းကိုပြောနေရင်းသမီးမိစန်းရဲ့ရင်ထဲ့ကအပူကိုတွေးမိရင်း မျက်ရည်များကျနေမိတယ် “အမေ သမီးမခိုးဘူးလို့ပြောသားပဲ´´ “အေးပါသမီးရယ် အမေ့သမီးကိုအမေယုံတာပေါ့ မောနေပါ့မယ်သမီးရယ် စကားတွေမပြောပါနဲ့လား ဆရာ သမီးလေးကိုကယ်ပါအုန်းဆရာရယ် ကယ်ပါအုန်း´´ဒေါ်သန်းပြောနေရင်း�ငိုမိပါတော့တယ် အတတ်နိူင်ဆုံး လုပ်သင့်လုပ်ထိုက်သာ�လုပ်ပေးပြီးပါပြီဆရာဇော်ကိုကိုတယောက်�မိစန်းရဲ့ကံကိုပဲအားကိုးရတော့မှမို့�ဘာစကားမှမပြောနိူင်ပဲ တိတ်ဆိတ်စွာနေမိပါတော့တယ် “မိစန္ း သမီး´´ အသံကြားရာခေါင်းလေးစောင်းရင်းကြည့်လိုက်မိတော့“ဒေါ်ကြီးခင် သမီးမခိုးဘူးဆိုတာ�သိပြီမလား
ဟင်´´ “အေးပါ ဒေါ်ကြီးခင်သိပါတယ်သမီးရယ်�သမီးအပေါ်ရင့်ရင့့်သီးသီးပြောခဲ့တာတွေကိုခွင့့်လွှတ်ပါကွယ်ဒေါ်ကြီးခင်ကို´´ “သမီးလေဒေါ်ကြီးခင်တို့အိမ်မှာနေတုံးကလဲ�ဘီရိုတံခါးပွင့်ပြီး အထဲ့ကပိုက်ဆံတွေမြင်တာတောင်သမီးမယူခဲ့ပါဘူး´´ “အေးပါသမီးရယ် မြန်မြန်နေကောင်းအောင်လုပ်�အရင်လိုကြီးခင်အိမ်မှာပြန်နေကြမယ်�ကြီးခင်သမီးကိုမွေးစားမယ်သိလား သမီးမိသားစုကိုလဲကြီးခင်စောင့်ရှောက်မယ်´´ “သမီးအရင်ဘဝကိုပဲပြန်နေချင်ပါတယ် မိသုန်နဲ့အတူရေသန့်ဘူးအဟောင်းတွေလိုက်ကောက်တဲ့ဘဝလေးကအရမ်းကိုစိတ်အေးချမ်းသလို ပျော်လဲပျော်ခဲ့ရပါတယ်´´ “သမီးရယ် မပြောပါနဲ့တော့´ #အကြွေပန်း(ဇာတ်သိမ်း) “အဖေအမေသမီးလေအဖေတို့အမေတို့သမီးဖြစ်ရတာအရမ်းပျော်တယ် နောက်ဘဝရှိခဲ့ရင် အဖေတို့အမေတို့သမီးပဲဖြစ်ချင်တယ်´´ “သမီးရယ်´´ “အဖေ အမေသမီးမောင်လေးညီမလေးတွေကိုသူများအိမ်မှာအလုပ်မလုပ်ခိုင်းပါနဲ့နော် အဲ့ကတိကိုသမီးကိုပေးပါနော်´´ ´´ပေးပါတယ်သမီးရယ်အဖေပေးပါတယ်အဖေအသုံးမကျလို့သမီးဒီလိုဖြစ်ရတာအဖေမိသားစုအပေါ်တာဝန်ကျေခဲ့ရင်သမီးလဲသူများအိမ်မှာမလုပ်ရသလို ခုလိုဖြစ်မှာမဟုတ်ဘူး´´ “အဖေရယ်သမီးအဖေအပေါ်တခါမှစိတ်�ိကွက်ခဲ့ပါဘူး မိစန်းကိုချစ်ရင်အဖေမငိုပါနဲ့နော်´´ သမီးမိစန်းစကားကိုကြားရတော့သမီးစိတ်ချမ်းသာအောင်ကျလာတဲ့မျက်ရည်များကိုသုတ်လိုက်ပင်မဲ့ နောက်ထပ် နောက်ထပ်မျက်ရည်များကအဆက်မပျက်ကျလာပါတော့တယ်
“မမ ဟီး ဟီး´´ “ဟင် ဘာလို့ငိုနေကြတာလဲ တိတ် တိတ်�မငိုရဘူး နောက်ဆိုမမကမုန့်တွေအများကြီးဝယ်ပေးမှာ´´ “မမကသူများတွေပြောသလိုမမကသေမှာလားဟင်�မမ မသေရဘူးနော် မသေရဘူး ဟီး ဟီး´ “မမက မသေပါဘူးမမချစ်တဲ့မောင်လေး ညီမလေးရှိနေတာကို´´ ´`အဖေ အမေသမီးကတော့ခဲ့တယ်နော်´´ “သမီးမောနေပါ့မယ်´´ .“အဖေတို့အမေတို့သမီးကဖြစ်ရတာ သမီးအရမ်းပျော် ပျော်´´မိစန်းရဲ့စကားသံများကတိုးလာပြီး ငြိမ်သက်သွားပါတော့တယ် “`သမီးမိစန်း သမီးလေးအမယ်လေးကယ်ကြပါအုန်း�ကျွန်မသမီးလေးကိုကယ်ကြပါအုန်း သမီးလေးကိုကြည့်ပါအုန်းဆရာရယ်´´ “သမီးမိစန်းရယ်သမီး ငါအသုံးမကျလို့ ငါအသုံးမကျလို့´´ “မမရေ မမ´´�အဖေငိုသံ�အမေငိုသံ�မောင်လေး ညီမလေးငိုသံတွေကို မိစန်းမကြားနိူင်တော့ပါဘူး ဘဝအမောတွေကြားကလွတ်မြောက်သွားပြီလေ မိစန်းဆုံးပြီးတလပြည့်တဲ့နေ့�“ဆရာ ဝင်ခွင့်ပြုပါ´´ “ကိုဘခက်လာဗျာ မတွေ့တာကြာပြီနော်´´ “ဟုတ်တယ်ဆရာ ကျွန်တော်တို့ရွာပြန်တော့မှာမို့လာနှုတ်ရင်း ကျေးဇူးတင်စကားလာပြောတာပါ ကျေးဇူးတင်ပါတယ်
ဆရာကမိစန်းအတွက်အမှန်တရားကိုရှာပေးခဲ့လို့မိစန်းတယောက်စိတ်အေးချမ်းသာထွက်သွားနိူင်ခဲ့တာဆရာကျေးဇူးကြောင့်ပါ´´ “ရပါတယ်ဗျာ မိစန်းကိုတွေ့တော့တချိန်ကမြေဇာပင်ဖြစ်ခဲ့ရတဲ့ကျွန်တော့ညီမလေးကိုတွေ့ရသလိုခံစားရလို့ပါ´´ “ဗျာ´´ “ဟုတ်တယ် လူမဆန်တဲ့လူတွေကြောင့်ကျွန်တော့ညီမလေးကအချိန်မတန်ပဲကြွေလွင့့်ခဲ့ရတယ်မိစန်းလိုမျိုးပေါ့ဗျာ´´ “ဒါကြောင့်ညီမလေးလိုအဖြစ်မျိုးထပ်မဖြစ်စေရဘူးလို့ညီမလေးနှင်းသက်ကိုဂတိပေးခဲ့တယ် မိစန်းနဲ့တွေ့တာနောက်ကျသွားလို့ကျွန်တော်စိတ်မကောင်းဘူးဗျာ´´ “အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆရာ´´မျက်ရည်များနှင့်နှုတ်ဆက်ထွက်ခွာသွားတဲ့ကိုဘခက်ကျောပြင်ကို�ငေးကြည့်ရင်း ပွင့်တဲ့ပန်းတိုင်းလန်းကြမယ်ဆိုရင် ကမ္ဘာမြေကြီးကသာယာနေမှာဧကန်ပဲလို့တွေးမိသလို မြေဇာပင်ဖြစ်ခဲ့ရတဲ့�ညီမလေးနှင်းသက်�သမီးလေးမိစန်းတို့ကိုဘယ်တော့မှမေ့နိူင်မယ်မထင်တော့ပါဘူးလေ *ချိန်မတန်ပဲ�မြေမှာကြွေကျ�ပန်းတို့ဘဝ…… ပင်ယံထက်မှာ�လှပဝေဆာ�ပန်းတို့ကမ္ဘာ…… တန်ဘိုးထားလို့�ပန်ဆင်တာ�ကေသာထက်မှာ�ပန်းမွေ့ရာ………. မြေမှာကြွေကျ�ပန်းအလှ�မြတ်နိုးကောက်ယူ�ပန်းချစ်သူ…………
ာရေးသူ=စန္ဒာကြည်





