ဝန်ထုပ်ဝန်ပိုး

ဝန်ထုပ်ဝန်ပိုး

ဖုန်းသံက မနက်ခင်းကို ရိုက်ချိုးလိုက်သည်။ မအေးချစ်က တစ်ဖက်ကိုလှည့်လိုက်ရင်း “ကိုင်လိုက်လေ … တကတဲ စောစောစီးစီး ဘယ်ကဖုန်းမှန်းလဲ မသိဘူး” ကိုသက်နှင်းက ခြင်ထောင်အပြင်ဘက်မှ ဖုန်းကို လှမ်းယူလိုက်ပြီး “ဟဲလို” ဟု ပြန်ထူးလိုက်သည်။ “ဟာ … အဖေ … နိုးနေပါပြီ … အဖေ ဘယ်ကဆက်နေတာလဲ … ဪ ဟုတ်လား … သားလာခဲ့မယ် … ခုပဲလာမယ် … ခဏလေးစောင့်” ကိုသက်နှင်းက ဖုန်းကို ပြန်ချထားလိုက်ကာ ခြင်ထောင်ထဲက ထွက်လိုက်သည်။ မအေးချစ်က အလိုမကျဟန်ဖြင့် “ဘယ်ကဖုန်းလဲ” “အဖေ့ဆီက” “ဘာတဲ့လဲ” “အဖေ ကားဂိတ်မှာ ရောက်နေပြီတဲ့ … အဲဒါ တို့ဆီကို မလာတတ်လို့တဲ့ … သွားကြိုရမယ်” “ဪ တစ်လမှာ ပိုက်ဆံလေးပို့ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ ရှင့်အဖေက လိုက်လာတော့တာပဲနော်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

လူတွေများ လိုချင်မျက်စိ ရှိလိုက်ကြတာ။ သူ့ကို မသေမချင်း ထောက်ပံ့ပါ့မယ်လို့ ဘယ်တုန်းကများ အာမခံထားလို့ပါလိမ့်” “မိန်းမရာ ဒီလိုမပြောပါနဲ့ကွာ … အဖေက တောမှာ တစ်ယောက်တည်းကျန်နေခဲ့တာ။ ငါ့မှာ သားတစ်ယောက် အနေနဲ့ ထောက်ပံ့ရမှာ တာဝန်ရှိတယ်လေ။ မင်းလည်း မင်းမိဘတွေဆီကိုပေးနေတာပဲ ငါဘာပြောသလဲ။ တကယ်ဆိုရင် ငါ့အဖေဆီကို တစ်လ တစ်လ ထောက်ပံ့နေတာ မင်းမိဘတွေဆီကို မင်းတစ်ပတ်တစ်ခါ သွားတိုင်း ထောက်ပံ့တာလောက်တောင် မရှိပါဘူး။ ငါ့အဖေက ခုဆို ၇၀ ကျော်နေပြီလေ။ ဘာလုပ်ကိုင် စားသောက် နိုင်တော့လို့လဲ” “အို … ရှင့်အဖေက ဒီမှာ ဘယ်လောက်နေမှာလဲ။ ရန်ကုန်မှာ တစ်ယောက်နေစရိတ်ကနည်းတာ မဟုတ်ဘူး” “ငါဘယ်သိမလဲ … ဘယ်လောက်နေနေပေါ့။ သားသမီးဆီကို မိဘလာတာပဲ သူနေချင်သလောက် နေမှာပေါ့။ ငါတို့ ကလေးတစ်ယောက်ရတဲ့အထိ အဖေ့ဆီမှာနေခဲ့ကြတာ အဖေက တစ်ချက်ညည်းဖူးလို့လား” “ဒီမှာ ခုကတည်းက ပြောထားမယ်။ ရှင်ပေးစရာရှိတာ ရှင့်ဘာသာပေး။ ကျွန်မထဲက မပေးနိုင်ဘူး။

ကျွန်မ ပိုက်ဆံက ဒီလ ကျောင်းလခပေးရမယ်။ နောက်ပြီး အိမ်လခကလည်း နောက်လဆိုရင် ပေးဖို့ရှာရဦးမယ်။ ဈေးဖိုးလည်း ချွေ တာရဦးမယ်။ အိမ်မှာ တစ်ယောက် တိုးလာတော့မယ် ဆိုတော့” “မင်းကွာ မဟုတ်တာတွေ ပြောမနေစမ်းပါနဲ့ … နောက်ကျတော့မယ်” ကိုသက်နှင်းက ရေမိုးချိုး၊ အဝတ်အစားလဲကာ အပြင်ကို ထွက်သွားသည်။ မအေးချစ် တဗျစ်တောက်တောက်ပြောကာ အိမ်တွင် ကျန်ခဲ့သည်။ နောက်နှစ်နာရီခန့်အကြာတွင် ကိုသက်နှင်းပြန်ရောက်လာသည်။ “အဖေလာ” ကိုသက်နှင်းဖခင်ဖြစ်သူက တိုက်ခန်းထဲက မဝံ့မရဲ ဝင်လာသည်။ “မင်းတို့နေတဲ့တိုက်ကလည်း မြင့်လိုက်တာကွယ် … ပြီးတော့ ကျဉ်းကျဉ်းလေး” “အဖေတက်ရတာ မောသွားလား” “မမောပါဘူး … ဒါနဲ့ ကလေးတွေရော” “ကျောင်းသွားကြပြီအဖေ” “မင်းမိန်းမရော” “မအေးချစ်ရေ … ဒီမှာ အဖေရောက်လာပြီ” မီးဖိုခန်းထဲက မအေးချစ်ထွက်လာသည်။ ထွက်လာလာချင်း “အဖေ ဒီမှာ ဘယ်လောက်နေမှာလဲ” ဟု ဆီးမေးသည်။ ကိုသက်နှင်းက “မင်း ဘယ်လိုမေးလိုက်တာလဲ” “မေးရမယ်လေ ဆန်လေးဘာလေး ကြိုဝယ်ထားရအောင်” ဦးရွှေမောင်က ပြုံးလိုက်ပြီး “သားရော … သမီးရော ထိုင်ပါဦးကွယ်” ဟု ပြောလိုက်သည်။

သူတို့နှစ်ယောက်စလုံး ဦးရွှေမောင်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံများတွင် ဝင်ထိုင်ကြသည်။ “အဖေ ပြောစရာရှိလို့ပါ” “ဘာများလဲ အဖေ” “အဖေ ရွာက အိမ်တွေ … ခြံတွေ အားလုံး ရောင်းလိုက်ပြီ” မအေးချစ်က မျက်လုံးပြူး မျက်ဆန်ပြူးနှင့် “အဖေ အဲဒါတွေ ရောင်းလိုက်ပြီးတော့ ဘယ်မှာနေမှာလဲ … သမီးတို့နဲ့တော့ နေလို့ မဖြစ်ဘူးနော်” “အေးချစ် … နင်ဘယ်လိုပြောလိုက်တာလဲ” “ခုရှုပ်မှနောင်ရှင်းတဲ့ … ရှင်းအောင် ပြောထားရတာ။ ရန်ကုန်မှာ လူတစ်ယောက်စရိတ်ကနည်းလား။ ကျွန်မတို့က နှစ်ယောက်စလုံး လခစားတွေ။ တစ်လတစ်လ အလျင်မီအောင် မနည်းလုပ်နေကြရတာ” “အဖေသဘောပေါက်ပါတယ်ကွယ် … အဖေ ဒီကိုလာတယ်ဆိုတာ ဒီမှာ နေဖို့ လာတာ မဟုတ်ပါဘူးကွယ်” “မဟုတ်ဘူးအဖေ … အဖေရန်ကုန်လာတာ သားနဲ့မနေလို့ ဘယ်မှာသွားနေရမှာလဲ” “သားနဲ့သမီး နားထောင် … အဖေ အသက်ကြီးပါပြီ။ ရွာမှာ အဖေသေသွားလည်း သားတို့သမီးတို့ ရွာမှာ လာမနေနိုင်ဘူးဆိုတာ အဖေသိပါတယ်။ ဒါကြောင့် အဖေ မသေခင် စီမံစရာတွေ အားလုံးကို စီမံလိုက်တာ။

ဟောဒီ အိတ်ထဲမှာ အိမ်တွေ၊ ခြံတွေ ရောင်းရတဲ့ ငွေတွေ အားလုံးပါတယ်။ သားနဲ့သမီး ရန်ကုန်မှာ သင့်တော်တဲ့ တစ်နေရာရာ ကိုယ်ပိုင် အိမ်လေးတစ်လုံး ဝယ်လိုက်ပါ။ အဖေ မင်းတို့ကို နောက်ဆုံး ပေးနိုင်တာ ဒီလောက်ပါပဲ” “အဖေ ဒါဆိုရင် အဖေက” “အဖေ့ကို ရွာဦးကျောင်းက ဆရာတော်ကြီး သီတင်းသုံးနေတဲ့ သရက်တောကျောင်းတိုက်ကို လိုက်ပို့ပေးပါ။ ဆရာတော်ကြီး ရွာကိုမပြန်ခင် အဲဒီကျောင်းတိုက်မှာ ရဟန်းဝတ်ပေးခဲ့လိမ့်မယ်။ အဖေ ရန်ကုန်မှာ ရဟန်း ဝတ်ချင်တယ်ဆိုတာက သားနဲ့သမီးနဲ့ မြေးလေးတွေကို မြင်စေချင်လို့ပါ။ ပြီးတော့ အဖေ ဆရာတော်ကြီးနဲ့ ဖားအံဘက်ကိုလိုက်သွားပြီး သာသနာ့ဘောင်မှာ အပြီး အားထုတ်တော့မယ်” “အဖေရယ်” “သား အဖေ့ကို ခုပဲ သရက်တောကျာင်းတိုက်ကိုလိုက်ပို့တော့။

သားတို့ ဒီအိတ်ထဲက ပိုက်ဆံနဲ့ နေစရာဝယ်ဖို့ လုံလောက်ပါလိမ့်မယ်” “အဖေ နေပါဦး သားတို့နဲ့ တစ်ရက်နှစ်ရက်လောက်” “အဖေနားလည်ပါတယ်ကွယ်။ အဖေ ပေးစရာရှိတာတွေ ပေးပြီးပြီ။ မွေခံထိုက်စေတဲ့ကွယ်။ မင်းနဲ့ ထိုက်တန်တဲ့ အမွေကို မင်းရတာပဲ။ အဖေကတော့ သာသနာ့အမွေကိုပဲ ခံယူပါတော့မယ်။ ကဲ … ဆရာတော်ကြီးကို ဆွမ်းမစားမီ အရောက်လာခဲ့မယ်လို့ ပြောထားတယ်။ လိုက်ပို့ပေတော့။ သမီးလည်း တစ်ခါတည်း လိုက်ခဲ့နိုင်ရင် ပိုကောင်းတာပေါ့။ အဖေ တစ်ခါတည်း ရဟန်းဘောင်ဝင်တော့မယ်။ အဖေ့အတွက် ဘယ်သူ့ကိုမှ ဝန်ထုပ် ဝန်ပိုးကြီး မဖြစ်စေရဘူး” မအေးချစ်က ငိုင်ပြီး ဦရွှေမောင်ကို ငေးကြည့်နေသည်။

“အဖေ သမီးမှားပါတယ်” “သမီး မမှားပါဘူး … အဖေက တကယ်ဆိုရင် အကျိုးအကြောင်း အစောကြီးကတည်းက ကြိုပြောသင့်တာ ပေါ့နော်။ ကိုင်း သွားကြရအောင်” ဦးရွှေမောင်က ပေါ့ပါးစွာ ထိုင်ခုံမှထကာ သူ့လွယ်အိတ်လေးကို လွယ်လိုက်သည်။ သူလာစဉ်ကအထုပ်နှစ်ထုပ်ပါသည်။ တစ်ထုပ်ကို ထားခဲ့သဖြင့် ပေါ့ပါးသွားသည်။ သူကဦးဆောင်ပြီး အိမ်ထဲကထွက်သွားသည်။ သူသားနှင့်ချွေးမ နောက်ကလိုက်ကြသည်။

တင်ညွန့် ၁၇.၆.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *