အချစ်ကစတဲ့မီး(စ/ဆုံး)
ကျုပ်တို့နေတဲ့ကမ္ဘာကြီးပေါ်မှာရှိတဲ့လူတိုင်းအချစ်ဆိုတဲ့အရာကိုခံစားဖူးကြမှာပေါ့။ အချစ်ဆိုတဲ့အရာနဲ့မထိတွေ့ဖူးတဲ့လူတော့ရှိမှာမဟုတ်ဘူးလေ ဘာလို့ဆို အချစ်မှာက ၅၂၈ဆိုတဲ့ သံယောဇဉ်နဲ့ ၁၅၀၀ဆိုပြီး နှစ်ခုရှိနေတာမဟုတ်လား။ကျုပ်တို့လူရယ်ဖြစ်လာပြီဆိုရင်မိဘတွေဆီက ၅၂၈ ဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အချစ်ကို ပထမဆုံးရကြတာပဲ လေ။ အသက်အရွယ်လေးရလာပြီဆိုရင်တော့ ခင်ဗျားတို့ ပြောပြောနေကြတဲ့ ၁၅၀၀ အချစ်ကြီးကိုတွေ့ရမှာ။ တစ်ချို့ကျတော့လဲ မတွေ့ကြသေးတော့ မရနိုင်ကြဘူးလေ (ချစ်သူမရှိတဲ့လူတွေ ထိရှ😁😁😁)……။ ကျုပ်ပြောချင်တာအဲဒီအချစ် အဲဒီအချစ်က တစ်ခါတစ်လေပျော်ဖို့ကောင်းတယ် ကြည်နူးစရာတွေပေးတယ် တစ်ခါတစ်လေကျတော့လည်း နာကျဉ်မှုတွေနဲ့ ဝေဒနာတွေကိုပဲပေးတာ။
အချစ်ကမီးတောက်တစ်ခုလိုလည်း လူကိုလောင်မြိုက်စေတယ်……. ……………………………………….. ကျုပ်တို့မြို့မှာဆန်ပွဲရုံကြီးထောင်ထားတယ်သူဠေးကြီးတစ် ဦးရှိတယ်ဗျ။ သူနာမည်က ဦးဠေးကြွယ် နာမည်နဲ့လိုက် အောင်ကိုချမ်းသာတာဗျ သူ့ရဲ့ပွဲရုံဆိုလည်းနာမည်ကြီး လူ ကြိုက်များတဲ့ ပွဲရုံကြီးတစ်ခုပဲဗျ။ ဦးဠေးကြွယ်ဆီမှာ သားတစ်ယောက်ရှိတယ်ဗျ။နာမည်က အောင်ဠေးတဲ့ တစ်ဦး တည်းသောသားလည်းဖြစ်သောကြောင့် ဖခင်ဖြစ်သူကလို လေသေးမရှိအောင် ထားသော်လည်း အောင်ဠေးမှာ ဖခင် ဖြစ်သူ၏ လုပ်ငန်းတွင်ဝင်ရောက် ကူညီနေသောသား လိမ္မာလေး တစ်ယောက်ဗျ။ မြို့ထဲမှာဆိုလဲ ဆန်ပွဲစားကြီးရဲ့သား အောင်ဠေးဆိုရင်မသိသူက မရှိလောက်အောင်ကို ရှားတာဗျို့။ပညာတတ်တစ်ယောက်လဲဖြစ် သားလိမ္မာလေးလဲဖြစ်နေတောံ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ပေါ့ဗျာ။ ဒါပေမယ့် အောင်ဠေးက ဘယ်သူ့ကိုမှစိတ်မဝင်စားတာဗျို့။
အဖေဖြစ်သူရဲ့ ပွဲရုံမှာအလုပ်ကူလုပ်ပေးရင်းနဲ့ နေတာဗျ။ တစ်နေ့ပွဲ ရုံကို စာရေးမအသစ်တစ်ယောက်အလုပ်ဝင်လာတယ်။သူမ နာမည်က မေဖြူတဲ့ အသားခပ်ဖွေးဖွေးလေးနဲ့ အတော်လှတဲ့ ကောင်မလေးတစ်ယောက်ဗျို့။ဇာတ်လမ်းက အဲဒီမှာစတာပဲ အောင်ဠေးတစ်ယောက် မေဖြူကို မြင်မြင်ချင်း မေတ္တာသက်ဝင်ခဲ့ပြီလေ။ တစ်နေ့တစ်နေ့ ပွဲရုံမှာ မေဖြူလေးကိုပဲ ကြည့်နေရင်း အောင်ဠေးအလုပ်တွေမှာ လစ်ဟင်းမှုတွေဖြစ်လာခဲ့တယ် အဲတာကြောင့်မနေနိုင် တော့ပဲ ဖွင့်ပြောနိုင်ဖို့ကြိုးစားတော့တာပေါ့ဗျာ။ မေဖြူတစ် ယောက်စရင်းတွေရေးနေရင်း…. “မေဖြူ…..” ခေါ်သံကြားရာသို့လှည့်ကြည့်တော့ “ရှင်….အကိုလေး မေဖြူကို ဘာခိုင်းစရာရှိလို့လဲ” ပွဲရုံကအလုပ်သမားတွေက အောင်ဠေးကို အကိုလေးလို့ပဲ ခေါ်ကြတာဗျ….။ “ဘာရယ်လို့တော့ မဟုတ်ပါဘူး မေဖြူနဲ့စကားနဲနဲလေးပြော စရာရှိလို့ နေ့လည်ကျရင် ဆိုင်တစ်ဆိုင်မှာ ခဏလောက်သွားထိုင်ရအောင်” “ဟုတ်အကိုလေး…ရပါတယ်” မေဖြူ ခဏတာမျှတွေဝေနေခဲ့သည် အောင်ဠေးရဲ့အမူအရာတွေကြောင့် ဘာပြောမယ်ဆိုတာကို မြေဖြူသိနေသော်လည်း မိမိမှာဝန်ထမ်းသစ်ဖြစ်နေသောကြောင့် အလုပ်ရှင်မှ ငြိုငြင်မှာကိုစိုးရိမ်မိသောကြောင့် လက်ခံခဲ့ရခြင်းသာဖြစ် သည်။
သို့သော်လဲ သူဠေးသား ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် တစ်ယောက်ရဲ့ စိတ်ဝင်စားမှုကိုရထားတော့ စိတ်အနည်း ငယ်မျှ လှုပ်ရှားမိသည်မှာ အမှန်ပင်။ဒီလိုနှင့်ပင် အောင် ဠေးနှင့် မေဖြူတို့ မြို့ထဲရှိအထင်ကရလက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်ရင်း နှစ်ဦးသားစကားပြောဖြစ်ကြသည်။ “မေဖြူ…” “ရှင်……အကိုလေး” “မေဖြူရယ် ဒီချိန်ထိ အကိုလေးလို့ပဲ ခေါ်နေအုံးမှာလား အလုပ်ခွင်ထဲမှာလဲမဟုတ်ဘူး လွတ်လွတ်လပ်လပ်ခေါ်ပါ ရပါတယ်” “ဒါပေမယ့် အကိုလေးရယ်……”မေဖြူဆက်မပြောပဲငြိမ်နေသည်။ “ဒါပေမယ့်ဘာဖြစ်လဲ မေဖြူ” “ဘာမှ မဟုတ်တော့ပါဘူး အကိုလေးဘယ်လိုခေါ်စေချင်လဲ” “မေဖြူ ခေါ်ချင်သလိုခေါ်လေ အဆင်ပြေသလိုခေါ်ပေါ့” “အဲတာဆို ကိုအောင်ဠေးလို့ပဲခေါ်မယ်လေ…” “နာမည်အပြည့်စုံခေါ်မှာလား ကိုအောင်လို့ခေါ်လေ” မေဖြူမျက်နှာလေး နီရဲလာပြီး ရှက်ပြုံးများဝေသွားသည်။
“ဟုတ်ကဲ့ အကိုလေး…….အဲ မှားလို့ ကိုအောင်…………….. ကိုအောင်ပြောစရာရှိတယ်ဆို ဘာပြောဖို့လဲ ပြောလေ” “ကိုယ်အမှန်တိုင်း ဝန်ခံရရင် မေဖြူ့ကို ကိုအောင် ချစ်နေမိ ပြီ….မေဖြူ ပထမဆုံးအလုပ်ဝင်တဲ့နေက စပြီး မြင်မြင်ချင်း စိတ်ဝင်စားခဲ့တာ…..မေ ကိုယ့်ကိုပြန်ချစ်ပေးနိုင်မလား…” “ကိုအောင် နဲ့မေဖြူတို့ ဘဝက မိုးနဲ့မြေလိုကွာခြားလွန်းပါ တယ် မေဖြူတို့ကမဖြစ်နိုင်ပါဘူး….” “အချစ်တစ်ခုမှာ ဂုဏ်တွေပကာသနတွေ မလိုပါဘူး မေဖြူရယ် အဓိက ကနှစ်ဦးနှစ်ဖက်သစ္စာရှိရှိ ချစ်နေဖို့ပဲမဟုတ်လား…..” “ကိုအောင်က မေဖြူကိုချစ်နေပေမယ် ကိုအောင်တို့ မိဘအသိုင်းအဝိုင်းက မေဖြူကို လက်ခံနိုင်မှာမဟုတ်ဘူး……” “အဲတာတွေမလိုပါဘူး ကိုအောင်တစ်ယောက်လုံး မေ့ဘက်မှာရှိနေပေးရင် ဘယ်သူတွေဘာပြောပြော ဂရုစိုက်ဖို့မှမလိုတာ……ကိုယ်အောင်မေဖြူကိုသစ္စာ ရှိရှိချစ်ပေးသွားမှာပါ ကိုယ့်ကိုပြန်စဉ်းစားပေးပါနော်…… ” “ကိုအောင်လို ပညာတတ် ဥစ္စာပေါ ရုပ်ချောတစ်ယောက် ကိုမေဖြူလက်မခံ နိုင်စရာမရှိပါဘူး ဒါပေမယ့် မေဖြူအ တွက် စဉ်းစားဖို့ အချိန်တော့ ပေးပါ မေဖြူစဉ်းစားပေးပါ့ မယ်”
“မေဖြူ တစ်ကယ်ပြောတာနော် ကိုယ်ပျော်ပြီလေ ဘယ်အချိန်ထိစဉ်းစားမလဲ ကိုယ်စောင့်နိုင်တယ် အရေးကြီးတာ ကိုယ် မေဖြူဆီက အချစ်ကိုရဖို့ပဲ” ဒီလိုနဲ့ ကိုအောင်ဠေးနဲ့ မေဖြူတို့ ချစ်သူတွေဖြစ်သွားခဲ့ကြ လေပြီ။ တစ်ယောက်နဲ့တစ်ယောက်လဲ အတော်လေးချစ် ကြတာ ပေါ့။ မေဖြူက အောင်ဠေးနဲ့ ချစ်သူတွေဖြစ်ကြနေတဲ့ အကြောင်းကို သူမ အမေကိုပြန်ပြောပြတဲ့အခါမှာ တော့… “သမီးရယ် သူတို့ဘဝနဲ့အမေတို့ ဘဝ က လုံးဝကွာချားနေ တယ်လေ …..” “အဲတာက သူလက်ခံနိုင်ပါတယ်တဲ့ သူမိဘအသိုင်းအဝိုင်းက သူကဲ့အိမ်ထောင်ဘက်ကိုဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ပြော တယ်” ” အ လိုက်တာသမီးရယ် ယောက်ျားတစ်ယောက်ကတော့ အဲလိုပဲပြောမှာပေါ့ သမီးရဲ့ကောင်လေးက လက်ခံနိုင်တယ်ပဲထားပါတော့ ဒါပေမယ့် သူလက်မခံနိုင်တဲ့အချက် မေမေ တို့မှာရှိနေတယ်ဆိုတာသမီး မတွေးမိဘူးလား..” “အမေ ဘာကိုဆိုလိုတာလဲ…” “အမေ အမျိုးတွေက ဝမ်းတွင်းစုန်းပညာတတ်လာတာ သမီးလဲ သိနေတာပဲ မဟုတ်လား…..အမေဆိုလဲ ဒီပညာ တွေကိုဆက်လေ့လာထားတာလေ ဒီပညာတွေက အမေ မရှိတော့ရင် သမီးကိုအမေလွှဲခဲ့ပေးရမှာလေ…သူရဲ့ မျိုး ဆက်က ဒီပညာကို လက်ဆင့်ကမ်းယူရမှာကိုရော သူတ ကယ်လက်ခံနိုင်မလား…..” “အမေ ကိုယ်တိုင်ဒီပညာတတ်နေပေမယ့် ဘယ်သူတွေကို ဒုက္ခပေးနေလို့လဲ အမေ့ကို ပညာသည်မှန်းဒီမြို့ထဲမှာ ဘယ်သူက သိကြလို့လဲအမေရယ် သမီးလဲအမေ့လိုပဲဆက်နေရင် ဖြစ်နေတာပဲလေ” “သမီးပြောတာဟုတ်တယ် ဒီပညာတွေကိုအမေဘယ်တော့မှမသုံးဘူးလို့ တွေးထားတာ ဒါပေမယ့် တစ်ချိန်ချိန်မှာ အသုံး ပြုရမယ်ဆိုရင် အားလုံးအတွက်ကောင်းမှာမဟုတ်ဘူး..” “အမေပြောချင်တာက…. ” “ဟုတ်တယ်သမီး တစ်ချိန်မှာ သမီးနဲ့ပက်သက်လို့ ပြသနာတစ်ခုခုဖြစ်လာရင်တော့ အမေ ငြိမ်နေမှာမဟုတ်ဘူး..” ” သမီးကိုအောင်ဠေးကိုယုံကြည်တယ် သူသမီးအပေါ်သစ္စာ ပျက်မှာမဟုတ်ဘူး…. ” “အမေ ပြောလို့မရတော့လဲ သမီးသဘောပဲပေါ့ သမီးသေချာစဉ်းစားပါအုံး……
” မိခင်ဖြစ်သူရဲ့စကားကြောင့် မေဖြူတစ်ယောက် စိတ်တွေ လေးကာမပြုံးပျော် နိုင်ဖြစ်နေတာပေါ့ဗျာ။ “မေ…..မျက်နှာလဲမကောင်းပါလား..ဘာတွေဖြစ်နေတာလဲ” “ဘာမှ မဟုတ်ပါဘူးကိုအောင်….ဒီလိုပဲ မေအတွေးလွန်သွားလို့ပါ…” “ဘာတွေ တွေးနေတာလဲ ကိုအောင်ကိုပြောပြပေါ့” “မသိချင်ပါနဲ့အုံး အချိန်တန်ရင် ကိုအောင်သိရမှာပေါ့……. မေ တို့နှစ်ယောက်အကြောင်းကိုရော ကိုအောင် အဖေ ကို ဖွင့်ပြော ပြီးပြီလား” “မပြောရသေးဘူး မေ ကိုယ်လဲပွဲရုံးမှာ အလုပ်တွေရျုပ်နေတာ မေ တွေ့နေတာပဲလေ….မေ ပြောမှသတိရတာ ဒီနေ့ အဖေ့ ကိုပြောပြီး ကိုယ်တို့လက်ထပ်ဖို့ တိုင်ပင်ရမယ်” “မပြောနဲ့အုံး ကိုအောင် မေ တို့ လက်ထပ်ဖို့အဆင်သင့်မ ဖြစ်သေးဘူး ထင်တယ် အချိန်နဲနဲလောက်ထပ်စောင့်လိုက်ပါလား” “လက်ထပ်ဖို့အတွက် မေ့ဘက်က မပူရဘူးလေ ဒါပေမယ့် မေ့ သဘောပါ မေအဆင်သင့်ဖြစ်တဲ့အချိန် ကိုယ့် ကိုပြော ဟုတ်ပြီလား” “ဟုတ်…..အဲတာကြောင့် ကိုအောင် ကိုချစ်နေရတာ” “လူလည်မလေး စကားကတတ်နေရော….” မေဖြူ တားထားသည့်ကြားကပင် အောင်ဠေးမှာ သူတို့ချစ်သူတွေဖြစ်နေတဲ့အကြောင်းကို ဖခင်ဖြစ်သူအား ပြောလိုက် လေတော့ ………. “ဘာကွ မင်းက ပွဲရုံက စရေးမလေးနဲ့ ဟုတ်လား ဘယ်လိုမှ မဖြစ်နိုင်ဘူး မင်းသာသူနဲ့ ယူလိုက်ရင် ငါဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ဘယ်လိုမျက်နှာပြရမှာလဲ…. ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး….”
“အဖေ ဒီဂုဏ်တွေကဘာလုပ်လိုရလို့လဲ သားတို့ခုလိုနေနိုင် အောင်ဘယ်ဆွေမျိုး ဘယ်အသိုင်းအဝိုင်းကလာပြီးထောက်ပံ့ပေးနေလို့လဲ ….” “မင်းဆက်မပြောနဲ့ လူလိုတာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်းနဲ့ လျှော်ညီအောင်နေရတယ်ကွ……” “အဖေ သာဒီဂုဏ်တွေကိုလိုအပ်နေတာ သားကတော့မလိုအပ်ဘူး ကျွန်တော်လိုအပ်တာ ကျွန်တော့ချစ်ရတဲ့လူနဲ့ အ တူ နေနိုင်ဖို့ပဲ …” “မင်းကွာ….မင်း ဘာမဟုတ်တဲ့ မိန်းကလေး တစ်ယောက် အတွက်နဲ့ ငယ်ငယ်လေးထဲကကျွေးမွေးလာတဲ့အဖေကို ပြန်ပြောရက်တယ် မင်းအမေမရှိတော့တဲ့နောက်ပိုင်း ငါကပဲအဖေနေရာတစ်မျိုး အဖေနေရာကနေတစ်မျိုး မင်းကို စောင့်ရှောက်ခဲ့တာ ခုတော့……ခုတော့……..” ဦးဠေးကြွယ်ပြောရင်း ရုတ်တသ်ရက်လဲကျသွားသည်။ “အဖေ…..အဖေ သတိထားအုံးလေ…….အဖေ” အောင်ဠေးလဲ ခြေမကိုမိလက်မကိုမိဖြစ်ပြီး ဆရာဝန်ကိုသာ ပြေးပင့်ခဲ့ရသည်။ ဆရာဝန်ရောက်လာပြီး စမ်းသပ်ပြီးတော့ “ဆရာ အဖေ့ အခြေအနေလေး…..” “ဘာမှစိုးရိမ်စရာတော့မရှိပါဘူး ရုတ်တရက်သွေးတိုး တက်ပြီး သတိလစ်သွားတာပါ ကျွန်တော့ဆေးထိုးခဲ့ပြီးပါပြီ စိတ်ပူစရာတော့မရှိပါဘူး မကြာခင်သက်သာမှာပါ…..” “ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ် ဆရာ” “ဒါပေမယ် လူနာ စိတ်ချမ်းသာအောင်တော့ထားရမယ် ဒါမှအမြန်ဆုံး သက်သာလာမှာ….” “ဟုတ်ကဲ့ပါဆရာ” “ဒါဆိုလဲ ကျွန်တော့ကို ခွင့်ပြုပါအုံး….” “ကောင်းပါပြီဆရာ…..” “အဖေ သားမှားပါတယ် သားဒီလိုမပြောခဲ့သင့်ဘူး သားကို ခွင့်လွှတ်ပေးပါနော်…” “အဖေခွင့်လွှတ်ပါတယ်ကွာ အဖေတောင်းဆိုတာတစ်ခုကိုတော့ ငါ့သားလိုက်လျှောပေးရမယ်” “ဘာကိုလဲ အဖေ မေဖြူကို မေ့ပြစ်ဖို့ကလွဲရင်ကျန်တာအ ကုန်သားလုပ်ပေးနိုင်ပါတယ်” “ငါ့သား အမေရိကား မှာကျောင်းသွားတက်ရမယ်….” “ဗျာ…..ဒါဆိုမေဖြူကို သားကဒီတိုင်းထားခဲ့ရမှာလား…” “မင်းတို့ ချစ်သူနှစ်ယောက်ကိုအဖေမခွဲတော့ပါဘူး ဒါပေ မယ့် သားနိုင်ငံခြားကပြန်လာမှ သားလုပ်ချင်တာလုပ်ရ မယ် အဖေစိတ်ချမ်းသာအောင်ဒီတစ်ခုလေးတော့ လိုက် လုပ်ပေးပါကွာ…..” ဦးဠေးကြွယ်မှ သားဖြစ်သူကို အမေရိကားသွားရန်သာ မရမက တိုက်တွန်းနေလေသည်။
အောင်ဠေးမှာလဲ တစ်ဖက်က အဖေ့ကျန်းမာရေးအခြေအ နေ တစ်ဖက်ကချစ်သူ နှစ်ခုကြားဗျာများနေကသော်လည်း အဖေဖြစ်သူရဲ့စကားကိုသာ လိုက်နာခဲ့ရသည်။ “အဲတာဆို သားက ဘယ်တော့လောက် သွားရမှာလဲ… ” “သားသွားမယ်ဆိုရင် အဖေခုပဲလေယဉ်လက်မှတ်သီစဉ် လိုက်မယ် တစ်ဘက်ခါသွားပေါ့…..” အောင်ဠေးတစ်ယောက် မေဖြူကိုအကျိုးအကြောင်းပြော ရန် သူမအိမ်ဘက်သို့ထွက်လာခဲ့လိုက်သည်။ သို့သော် လည်း မေဖြူတို့ အိမ်တံခါး မှာသော့ပိတ်ထားလေသည်။ အိမ်နီး နားချင်းတွေမေးတော့ အလုပ်ကိစ္စနဲ့ နယ်ဘက်ကိုသွားနေသောကြောင်ံ နောက်သုံးရက်လောက်နေမှပြန်ရောက်လာမည်ဖြစ်သည်။ လေယဉ် လက်မှတ်မှာလည်းဖြတ် ပြီးပြီမို့ အောင်ဠေး စာတစ်စောင်ကိုသာအိမ်ဝ၌ ချိတ်ထားခဲ့ ပြီး လှည့်ပြန်ခဲ့ရသည်။ဒီလိုနှင့်ပင် အောင်ဠေးမှာ မေဖြူနှင့်မတွေ့ရပဲ အမေရိကား သို့ထွက်ခဲ့ရသည်။ မေဖြူတို့ပြန်ရောက်လာတော့ အိမ်ရှေ့မှာ ချိတ်ထားတဲ့စာ တစ်စောင်ကို မေဖြူတွေ့လိုက်သည်။ စာတွေတွေ့ချင်းပင် အောင်ဠေးဆီမှ စာဖြစ်ကြောင်းမေဖြူရိပ်မိသောကြောင့်မိ ခင် ဖြစ်သူမသိအောင်အသာအယာ အိပ်ထဲထည့်ခဲ့လေသည်။အခန်းထဲတွင်စာကို ဖွင့်ဖတ်ကြည်ရာ….. “မေ ကိုယ့်ကိုခွင့်လွှတ်ပါကွာ ဒီစာကို မေ ဖတ်နေတဲ့အချိန်မှာကိုယ် ဒီနိုင်ငံမှာမရှိနေတော့ဘူး ကိုယ့်အဖေကျန်းမာရေးအခြေအနေကြောင့် အဖေစိတ်ချမ်းသာအောင် ကိုယ် အမေရိကားမှာ ကျောင်းဆက်တက်ဖို့သွားလိုက်ပြီ။ မေ ကိုယ့်ကို စောင့်နေပေးပါနော် ကိုယ် မေ့ကို သစ္စာမပျက်ပါဘူး ကိုယ် ပြန်လာမယ့် အချိန်ထိသာ စောင့်နေပေးပါနော် ” မေ သိပ်ချစ်တဲ့ကိုအောင် “ရက်စက် လိုက်တာကိုအောင်ရယ် ဒီလိုဖြစ်မယ်မှန်းအစထဲက သိမိရင် မေတို့ဒီအခြေအနေထိရောက်အောင် ရှေ့ဆက်ခဲ့မှာမဟုတ်ဘူး ခုတော့ဖြင့်…….” မေဖြူတစ်ယောက်ထဲရေရွတ်ရင်း ရှိုက်ကြီးတငင်သာငြို နေတော့သည်။ “သမီးရေ ထမင်းစားကြရအောင် အမေထမင်းပြင်ထားပြီး ပြီ” မေဖြူမျက်ရည်များကို လျှင်မြန်စွာသုပ်ပြီး အိမ်ရှေ့သို့ ထွက်လာခဲ့လေသည်။
“ဟဲ့ သမိ်းမျက်နှာလည်းမကောင်းပါလား ဘာဖြစ်တာလဲ” “သမီး ခရီးပန်းလာလို့ပါ ဘာမှမဖစ်ပါဘူး” ခုအခြေအနေကိုအမေသိလျှင် ပြသနာတွေရှုပ်ကုန်မည် စိုသောကြောင့် မေဖြူလိမ်ညာခဲ့ရသည်။ “နင့်မှာလဲနော် ငါအိုကြီးအိုမနဲ့တောင် လန်းလန်းဆန်းဆန်းရှိ နေသေးတယ် ရေမိုးချိုးလိုက် လန်းသွားအောင်..” အမေ မရိပ်မိအောင် ဟန်ဆောက်ပြုံးပြနေရသော်လည်း ရင်ထဲမှာတော့ မီးစနဲ့ထိုးနေသလို ပူလောင်နေရသည်။ သို့သော် အချိန်တွေက ကုစားသွားမှာ ဆိုပြီး မေ့နိုင်ရန် ကြိတ်မှိတ်ပြီး ကြိုးစားနေရသည်။ ဘာလိုလိုနဲ့ အောင်ဠေးထွက်သွားသည်မှာ တစ်လကျော်ခဲ့လေပြီ မေဖြူလဲမေ့နိုင်လုဆဲဆဲ တစ်နေ့ အမေနဲ့ ထမင်းအတူစားနေရင်း ရင်ထဲမှပျို့ တက်လာခါ ထမင်းဝိုင်မှ ထထွက်သွားလေသည်။ “ဟဲ့…..ဟဲ့. ..သမီး ဘယ်လိုဖြစ်တာလဲ……” “ဝေါ့……..ဝေါ့…..ဝေါ့………..” မေဖြူတစ်ယောက် ခေါင်ထဲမှမူနောက်ပြီးလေများပျို့တက် လာသည်။ “မေဖြူ…မဟုတ်မှလွဲရော…..ညည်း………” မေဖြူဘာမှမပြောပဲ မျက်ဝန်းအိမ်မှ မျက်ရည်မျာတစ်သွင် သွင်စီးကျလာခဲ့သည်။ “မိုက်လိုက်တဲ့ သမီး နင့်အကောင် ခုဘယ်မှာလဲ ခုကိစ္စကိုအ မြန်ဖြေရှင်းမှရမယ် လာခု သူအိမ်ကိုသွားကြမယ်” “သွားမနေပါနဲ့တော့ အမေရယ်…..သူမရှိတော့ဘူး…လွန်ခဲ့တဲ့တစ်လကျော်ထဲက အမေရိကားကို ကျောင်းတက်ဖို့သွားခဲ့ပြီ” “ဘာ……..နင်တော်တော်မိုက်တဲ့ကောင်မ ငါဒီလောက်အ တန်တန်သတိပေးနေတဲ့ကြားက ခွေးဇာတ်ခင်းလိုက်သေးတယ် ခုမးနင်ဗိုက်ကိစ္စဘယ်လိုလုပ်ကြမလဲ နင်ရောငါရော သူများတံတွေးခွက်ထဲ ပက်လက်မြောရမှာ နင်မတွေးမိဘူးလား……” မေဖြူကို ဒေါသတကြီးရိုက်နေရင်ပြောနေသည်။ “အမေရယ် သမီးကိုသာသတ်လိုက်ပါတော့ သမီးထိုက်နဲ့ သမီးကံပဲရှိပါစေတော့….” “အဲလိုရမလား ခွေးမရဲ့ ညည်းအကောင်အိမ်ကိုငါခုသွား မယ် ညည်းနေခဲ့…….” ပြောရင်း ဦးဠေးကြွယ်အိမ်သို့လာခဲ့သည်။
“ဦးဠေးကြွယ် ထွက်လာခဲ့စမ်း နင်နဲ့ငါစရင်းရှင်းစရာရှိတယ်” “အိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့ ဘယ်သူလဲဟေ့” ခြံစောင့်မှလှမ်းအော်လိုက်သည်။ “ဒီအိမ်က ဦးဠေးကြွယ်အိမ်မဟုတ်လား ငါသူနဲ့စရင်းရှင်း မယ် တံခါးလာဖွင့်ပေး” “ကျုပ်သူဠေး ကိုသွားမေအုံးမယ် ခင်ဗျား ဒီမှာစောင့်နေ” ခြံစောင်အိမ်ထဲဝင်ရန်ခြေလှမ်းပြင်နေစဉ် “တံခါးဖွင့်ပေးလိုက်ကွာ ခြံရှေ့မှာ အော်ကြီးဟစ်ကျယ် လူ မြင်လို့မကောင်းဘူး” “ဒီမှာ ဦးဠေးကြွယ် ရှင် ကျွန်မ သမီးကိစ္စဘယ်လိုရှင်းပေးမလဲ” “ဒီက အမိက ဘယ်သူများလဲ ဘာလို့ ကျုပ်ကိုခင်ဗျားသမီးအကြောင်းလာပြောနေတာလဲ” “အမလေး အရပ်ကတို့ရေ ခုမှ သူတော်ကောင်းယောင် ဆောင်ချင်နေတာလား ကျုပ်က မေဖြူရဲ့အမေ နှင်းမေ ကျုပ်လာတာ ရှင်သားနဲ့ကျွန်မသမီးကိစ္စ ” “ဒီမှာ ဒေါ်နှင်းမေ ကျွန်တော့သားက အမေရိကားကိုသွားတာဖြင့်နှစ်လပြည့်တော့မယ် ခုမှခင်ဗျားသမီးကိစ္စက ဘယ်လိုပေါ်လာတာလဲ” “ကျုပ်ရှင်းရှင်းလင်းလင်းပဲပြောမယ် ကျုပ်သမီးမှာ ရှင်သားနဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ် အဲတာရှင့်သားကို ပြန်ခေါ်ပြီးတာဝန်ယူခိုင်ဖို့လာပြောတာ မဟုတ်ရင်ကျုပ်အဆိုးမဆိုနဲ့…” “ခက်ပါပြီကောလား ကျုပ်သားသွားတာကြာမှ ဒီဗိုက်ကပေါ်လာတာ ကျုပ်သားနဲ့ဖြစ်တာ သေချာရဲ့လား ခင်ဗျားသမီးကို သေချာပြန်မေးပါအုံး” “ရှင် တော်တော်ယုတ်မာတဲ့လူပါလား ကျုပ်တို့မိသားစုကိုမစော်ကားနဲ့ နောက်မှကျုပ်အဆိုးမဆိုနဲ့” “အမိကဒေါသလဲ တယ်ကြီးသကိုး ကဲထညးပါတော့ကျုပ်သားနဲ့ ရခဲ့တဲ့ဗိုက် အဲဒီအတွက်ကျုပ်ဘက်က ဘယ် လောက်ပေးရမလဲ …ခက်ဗျာလိုချင်သလောက်ပြော” “ဒီမှာ ရှင်တို့ငွေရှိတိုင်း အရာရာကိုငွေနဲ့ဖြေရှင် ဖို့ပဲမကြံနဲ့ ကျုပ်တို့လဲအရှက်နဲ့လူလုပ်နေရတာ ကျုပ်ဒီကိုလာတာငွေလိုချင်လို့မဟုတ်ဘူး ကျုပ်သမီးအရှက်နဲ့ သိက္ခာကိုအဖက် ပြန်ဆယ်ဖို့လာတာ ” “ဒီလိုဆိုတော့ ကျုပ်လည်းမတတ်နိုင်ဘူး ကဲ သူကို့ခြံထဲကဆွဲထုတ်သွားတော့” ဦးဠေးကြွယ်အမိန့်ပေးလိုက်သည်နှင့် ခြံစောင့်နှစ်ယောက်မှ ဒေါ်နှင်းမေကို တစ်ဖက်စီမက ဆွဲထုတ်ကြလေည်။
“နင်…. နင်… လူစိတ်မရှိတဲ့ကောင် ငါ့အကြောင်းကောင်းကောင်းသိစေရမယ်…….” ခြံပြင်ရောက်တော့ ဒေါ်နှင်းမေ ခြံဝမှာ ဆံပင်ဖားလျားချ၍ဖနောက်သုံးချက်ပေါက်ပြီး နှုတ်မှ မန္တာန်တစ်ခုကို တစ်တွတ်တွတ်ရွတ်ပြီး နောက်လှည့်ထွက်လာသည်။အိမ်သို့ ရောက်သောအခါ သမီးဖြစ်သူအားမတွေ့တော့…. “မေဖြူ….. မေဖြူ ဘယ်ရောက်နေတာလဲ ထွက်ခဲ့စမ်း” အော်ခေါ်လဲထွက်မလာတော့ အိပ်ခန်းထဲဝင်ကြည့်ရာ….. ဒေါ်နှင်းမေ သွေးပျက်ကာလဲကျ မတတ်ဖြစ်သွားသည်။ လည်ပင်မှာကြိုးတန်းလန်းနှင့် မျက်လုံးပြီး လျှာတွဲလောင်း ဖြင့်သေဆုံးနေသောသမီး၏ ခန္ဓာကိုယ်အားမြင်တွေ့လိုက်ရသည်။သမီးဖြစ်သူ၏လက်ထဲတွင် တင်းတင်းကြပ်ကြပ် ကိုင်ထားသောစာနှစ်စောင်အား ဒေါနှင်းမေယုလိုက်သည်။ ပထမတစ်စောင်မှာ “အမေ သမီးမိုက်ကို ခွင့်လွှတ်ပါ သမီးနဲ့ အမေရဲ့အရှက် သိက္ခာကို သမီးရဲ့အသက်နဲ့လဲလိုက်ပြီ အမေ” ဒေါ်နှင်းမေ ဒေါသမီးများလောင်မြိုက်ပြီးမျက်ရည်တစ်သွင်သွင်စီးကျလာခဲ့သည်။ ဒုတိယစာတစ်စောင်ကတော့ အောင်ဠေးနှင်းမေအတွက် ရေးထားခဲ့သောစာဖြစ်နေသည်။စာကိုဖတ်ပြီး ခုပြသနာအားလုံးရဲ့ အဓိက တရားခံမှာ ဦးဠေးကြွယ် ဖြစ်နေသည်ကိုသိလိုက်ရတော့ ပိုပြီးဒေါသထွက်ခဲ့ရပြီ။ “ငါ့သမီး သေရသလို နင့်ကိုလဲ တမြေ့မြေ့ခံစားပြီးသေ အောင် ငါသတ်ပြမယ် နင်စောင့်ကြည့်နေ ဠေးကြွယ် ” ဟု ကြုံးဝါးလိုက်သည်။ အဲဒီနေ့ကစလို ဦးဠေးကြွယ်တစ်ယောက်အမည်ရှာမရ သောဝေဒနာများ တစ်ခုပြီးတစ်ခုခံသားနေရသည်။ဆရာ ဝန်ပေါင်းစုံပင့်ကုသော်လည်းမသက်သာ ပဲ တစ်ရက်တစ် ရက်ပိုပိုဆိုးလာပြီး အိပ်ယာထဲလဲ မထနိုင်အောင်လဲနေတော့သည်။ ထို့ကြောင့်လည်းသားဖြစ်သူကို အမြန်ပြန်လာရန် ခေါ်လိုက်ရလေသည်။အောင်ဠေးပြန်ရောက်လာတော့ ဦးဠေးကြွယ်အိမ်ယာမှလုံးဝမနိုင်တော့ပေ ။ “အဖေ ဒီလောက်ဖြစ်နေတာ ဆရာဝန်တွေနဲ့မကုဘူးလား” “ကုပါပြီကောလား အကိုလေးရယ် ဆရာတွေလဲစုံနေပြီ ဘာရောဂါမှန်း တိကျတဲ့အဖြေကိုရမလာဘူး ကျွန်တော့် အထင်ပကောဂတသ်ခုခုကြောင့်လို့ထင်တယ် ဟိုတစ်လောက အဒေါ်ကြီးတစ်ယောက်လာပြီး ပြသနာတက်သွားသေးတယ် သူနဲ့များပက်သက်နေမလားလို့ ” “နေပါအုံး မင်းကဘာလို့ အဲလိုပြောတာ ” “သူခြံ ကထွက်သွားပြီး ခြ့ရှေ့မှာ ဆံပင်ဖားလျားကြီးချပြီး တစ်ခုခုကိုရွတ်နေတာကျုပ်တွေ့ လိုက်တယ် စုန်းပညာလို့ ထင်တာပဲ”
“အဲတာမင်းခုမှ ပြောရသလား ခုအဖေ့အခြေအနေကိုလဲ ကြည့်အုံး” “ကျုပ်ပြောတာပေါ့ ဆရာကအယုံအကြည်မရှိတာ အကို လေး ပကောဂဟုတ်မဟုတ်သိချင်ရင်တော့ ကျုပ်သိတဲ့ဆရာတစ်ယောက်ရှိတယ် ဆရာရဲခေါင်တဲ့ တော်တော်စွမ်းတာ” “ဒါနဲ့ သူက ဘာလို့ ဒီလိုလုပ်ရတာလဲ” “ပြသနာက အကိုလေးချစ်ငူကောင်းမလေးကိစ္စပဲ ” ဆိုပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်လေတော့ အောင်ဠေး နောင်တပေါင်းများစွာ နဲ့ ယူကျုံးမရငိုလေတော့ သည်။ “ဖြစ်ခဲ့တာတွေလဲ ဖြစ်ပြီးခဲ့ပါပြီ ခုချိန်မှာ ငါငိုနေလို့ဘာမှမထူးဘူး အဖေ့ကို ကုဖို့အရင် စီစဉ်ရမယ် မင်ပြောတဲ့ဆရာကိုသွားပင့်ကြမယ်ကွာ အမြန်လေးလုပ်ကြရအောင်” ဒီလိုနဲ့ ခြံစောင့်အလုပ်သမားနှင်အတူ ဆရာ ရဲခေါင်ဆီသို့ ရောက်လာခဲ့သည်။ အဖြစ်အားလုံကို စဆုံးရှင်ပြ ပြီးအကူအညီတောင်ကြတာပေါ့။ ဆရာကိုယ်တိုင်လဲ လိုက်ပြီးကု ပေးမည်ဆိုပြီးတစ်ပါတည်းလိုက်ခဲ့လေသည်။ ခြံဝသို့ရောက်တော့ ဆရာရဲခေါင် တုံ့ခနဲရပ်လိုက်သည်။ “ဘာဖြစ်လို့လဲဆရာ ” ဆရာရဲခေါင်မှာ ဘာမှမပြောပဲလက်တစ်ဖက်ကိုမြှောက်ပြီး နှုတ်မှတစ်ခုခုရွတ်လိုက်သည်။ ပြီးမှ…… “ခြံတံခါးထောင့်နှစ်ခုမှချည်ထားတဲ့ အဝတ်စနှစ်ခုကို ဖြုတ် ပြီးမီးရှို့လိုက်ပါ ဝင်လာတဲ့ဆရာတွေကို ကံနိမ်အောင်စီရင်ထားတာပဲ” ခြံစောင့်လဲ ဆရာပြောသည့်အတိုင်း လုပ်ပြီးမှ ဆရာနှင့်အတူအိမ်ထဲဝင်လာခဲ့သည်။ ဆရာရဲခေါင်မှ အိမ်ထဲကောက်သည်နှင့် ဘုရားရှင်အားဦးချပြီး ဘုကားကျောင်းဆောင်၏ ရှေ့တွင်နေရာယူလိုက်သည် ပြီးမှ “ကဲ လူနားရဲ့ ခန္ဓာကိုယ်ကို ဆရာဆီကိုအပ်မှာလား” “ဟုတ်ကဲ့ အပ်ပါတယ်ဆရာ” ဟုအောင်ဠေးမှ ပြောလိုက်သည်နှင့်……. ” ဤအိမ်တွင်နေသော ဦးဠေးကြွယ်အား နှောက်ယှက်နေ သော အဖျက်ပရောဂ ငါဆရာရှေ့မှောက်အမြန်ရောက်စေ ပြည်တော်ဝင် အထက်ဆရာကြီးများအမိန့် အဘဆရာကြီးများအမိန့် ငါဆရာရဲခေါင်ရဲ့ ထပ်ဆင့်အမိန့် အစားထိုးဝင် ရောက်ခြင်းမရှိစေရ ကာယကံရှင်ကိုယ်တိုင် ရောက်စေ အ စာထိုးစေခဲ့ပါက အစွဲရှင် ငရဲမီးဆယ်ဆထက်ပူစေ” အမိန့်ပြန်သောအသံ ဆုံးသည်နှင် အိပ်ယာထဲတွက်မထနိုင် သော ဦးဠေးကြွယ်မှာ ဆရာရှေ့သို့ မပြေးရုံတမယ်ရောက်လာပြီး ဘုရားကျောင်းဆောင်အားကျောပေးပြီးထိုင်ချ လိုက်သည်။
“တယ် ဘုရားကိုတောင်ကျောပေးပြီးထိုင်တယ်ဆိုတာနည်းတဲ့အပြစ်လား……” ပညာသည်မှဘာမှမပြောပဲ ရှိုက်ကြီးတစ်ငင်နှင့်ငိုနေသည်။ ငိုသံမှာလည်း ဦးဠေးကြွယ်အသံမဟုတ်ပဲ မိန်းမတစ် ယောက် အသံဖြစ်နေသည်။ “အကြောင်းစုံကိုလဲ ဆရာသိခဲ့ပြီးပြီ ဖြစ်ခဲ့တာတွေလဲ ဖြစ်ခဲ့ ပြီးပါပြီ ပြန်ယူလို့မှမရတာကို ဘာကြောင့် ဆက်မိုက်နေမှာလဲ ဘုရာဘက်လိုလှည့် ဘရားဦးတိုက်လိုက်….” “မလှည့်နိုင်ဘူး ငါ့မှာ ငါသမီးကို ဆုံးရှုံးခဲ့ရတာ ဒင်းကိုအ သေသတ်ရမှ ငါကျေနပ်မယ်” “ဆရာကပဲ မေတ္တာရပ်ခံပါတယ် ကဲဒီဘက်ကိုလှည့်လိုက်” “ငါ့ပညာနဲ့ နင့်ကိုမယှဉ်နိုင်တာသိတယ် ဒါပေမယ့် အသေ သာခံသွားမယ် ဘယ်တေည့မှမလျော့ဘူးဟေ့” “ကဲပါ မေတ္တာနဲ့မရတော့လဲ ကြိုးပိုင်းကြိုးနဲ့တုပ် အစွဲသည် ငါဆရာရှိရာဘက် လှည့်စေ” ပြောလိုက်သည်နှင့် အစွဲသည်လက်မှာ လက်ပြန်ကြိုးတုပ်ထားသကဲ့သိုဖြစ်ပြီး တစ်ယောက်ယောက်က ဆွဲလှည်လိုက်သလို ဆရာဘက်သို့မျက်နှာမူလာသည်။ “စိတ်ကိုလျော့ ဘုရားကိုဦးတိုက် လိုက်” “မတိုက်နိုင်ဘူး ဒင်းကိုအရင်သတ်မယ် ဒင်းကိုသတ်ပြီး အဝီ စိမှာသွားနေလိုက်မယ်” ” ခေါင်းမာနေမှတော့လည်း လှံပိုင်လှံနဲ့ထိုး ဆင်ပိုင်ဆင်နဲ့ဦး ခေါင်းကိုနင်းစေ မသေစေရ ” “နာတယ်…..အား…င့ကိုလွှတ်..ငါ့ကိုလွှတ်…ငါလုံးဝမလျော့ နိုင်ဘူး….လွှတ်” အစွဲသည်မှာ လူးလှိမ့်အော်နေရသော်လည်း စိတ်ကမလျော့ပဲအံကြိတ်၍သာခံနေသည်။ “လက်မလျော့သေးပဲကို” ဆရာရဲခေါင် ဆေးလွပ်အိပ်ထဲမှာ တစ်ထွာခန့်ရှိသောဘီလူး ရုပ်နှစ်ခုနှင့်အင်းတစ်ကွက် ကိုထုတ်ယူလိုက်သည်။
ပြီးမှ ဘုရားသောက်တော်ရေ ထဲသို့အင်းကွက် ကိုစိမ်ပြီး “ယက္ခညီနောင်အင်း အစွမ်း ခံနိုင်ရင်ခံပေတော့” ဟုတ် ရေစက်လေးဖြင့်တောင့်လိုက်ရာ “အမလေး ပူတယ်……ပူတယ်…. မခံနိုင်တော့ဘူး..ပူတယ်. ရပ်လိုက်ပါတော့ အလျော့ပေးပါတယ်” ဒီတော့မှဆရာရဲခေါင်လဲ ရပ်လိုက်ပြီး အစွဲသည်အားဘုရား ဦးတိုက်စေသည်။ပြီးမှ…. “သင့်ပညာ အကုန်ပြန်နှုတ်သွားပါ” ထိုအခါအစွဲသည်မှ ဦးခေါင်းမှစ၍ ခြေအထိ လက်နဲ့သုံး ကြိမ်သက်ချလိုက်သည်။ “သင့်ပညာကုန်ပြီ ဆိုလျှင် ယခုတတ်ထားသောပညာအားငါဆရာအလှူခံတယ် လှူနိုင်မလား” “လှူနိုင်ပါတယ်ဆရာ ဒီပညာတွေကို မသုံးတော့ဘူးလို့ရည်ရွယ်ထားတာပါ ဒါပေမယ့် မဖြစ်မနေမို့သုံးလိုက်ရတာပါ” “အဝီစိ ရောက်မည့်ပညာတွေကို ဘာကြောင့်သင်ချင်နေကြတာလဲကွယ် ကဲကဲ ပညာတွေအကုန်စွန့်ခဲ့ပေတော့” အစွဲသည်မှ ပညာစွန်ထုတ်ရင်ပြင်နေစဉ် ဆရာရှေ့မှ ကြေးလင်ဗန်းတစ်ချပ်ထိုးခံပေးလိုက်သည်။ “ဝေါ့……ဝေါ့……..!!!!!” စိမ်းပျစ်ပျစ်အရည်များကို ကြေးလင်ပန်းပေါ်အန်ချလိုက်ရာထိုအရည်များကြားတွင် ကွမ်းတစ်ရာပါလာခဲ့သည်။ထို ကွမ်းတစ်ရာမှာ ကွမ်းရွက်များစိမ်းနေဆဲပင်ဖြစ်သည်။ ကိစ္စအာလုံးပြီးတော့ ဆရာလဲ အောင်ဠေးအား မိမိတာဝန်မိမိယူတတ်ရန် ဆုံးမပြီး နေရပ်သို့ပြန်ခဲ့လေသည်။ စာဖတ်သူများ အချစ်မီးလောင်မြိုက်မှုမှ ကင်းဝေကြပါစေ။ လိုအပ်ချက်ပေါင်း များစွာဖြင့် စိတ်ကူးယဉ်ရေးသားခြင်း ဖြစ်သည်။
ဝေဖန်အကြံပေးကြပါအုံး☺☺☺☺။





