သားလှလူလေး(စ/ဆုံး)

သားလှလူလေး(စ/ဆုံး)

“အတော်…ဘာတွေရောင်းလဲ နောက်ကျနေပြီပါး” “ချဉ်ပေါင်လေး ငရုတ်သီးလေး ၀ယ်ကြအုံးဟဲ့” ဦးမောင် ဘာပြောရမှန်းမသိ။ မနေ့ကမှ ကိုင်းက ခူးလာတဲ့ ငရုတ်သီးတွေ၊ ချဉ်ပေါင်တွေ အပြည့်။ ၀ယ်လိုက်ရင်လဲ အပိုဖြစ်မည်။ မ၀ယ်ပြန်ရင်လဲ ဒေါ်မပျိုကို သနားသည်။ “မိန်းမရေ လာအုံးဟေ့” “ဒီမှာ အတော်ဆီက ငရုတ်သီးလေး ၀ယ်ထားလိုက်အုံး” မိန်းမဖြစ်သူက ဦးမောင်ကို အံ့ဩသလိုကြည့်သည်။ ဦးမောင် ဒေါ်မပျိုကို လှမ်းကြည့်မိသည်။ ဒေါ်မပျို၏ မျက်၀န်းတွေက ရီဝေဝေ။ ဦးမောင်ရဲ့ မိန်းမက ယောက်ျားအရိပ်အကဲနားလည်သည်။ ယောက်ျား အကြိုက် ဒေါ်မပျိုဆီက ဟင်းတွေ ၀ယ်သည်။ ပြန်အမ်းငွေတောင် ပြန်မယူ။ ဒေါ်မပျိုတစ်ယောက် ပိုက်ဆံလေးကို တုန်တုန်ရီရီယူရင်း ၀မ်းသာနေသည်။ မြေးကလေးအတွက် အရုပ်၀ယ်ပေးမဲ့ပိုက်ဆံရပြီ။ ချွေးမ ဖြစ်သူက မိန်းမသားတန်မဲ့ အလုပ်မပြတ်အောင်လုပ်ရင်း ယောက္ခမရော၊ သားရော၊ ယောက်ျားဖြစ်သူ ကိုပါရှာကျွေးရတော့ ချေွးမကို ဒေါ်မပျို သနားလှသည်။ ကိုယ့်သားက ဆိုးတော့ ချွေးမနဲ့ မြေးကလေးကို သနားပိုရသည်။ ရွယ်တူကလေးတွေ မုန့်စားလျှင် မြေးကလေးက စားချင်သည်။တခြားကလေးတွေ အရုပ်တွေ ဆော့နေလျှင် မြေးကလေးက ဆော့ချင်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

မိန်းမ တစ်ယောက်တည်း လုပ်စာနဲ့ တစ်အိမ်ထောင်လုံးဆိုတော့ မမျှ။ အသက်နဲ့ ရင်းပြီးမွေးထားရတော့လဲ ကိုယ့်သား ဆိုးပေမဲ့ ဆိုးတယ်လို့ ပြောလာပြန်တော့လဲ ရင်နာရသည်။ ချွေးမက အလုပ်မနားရ။ ပင်ပန်းရသည့်အထဲ ယောက်ျားဖြစ်သူကို အရက်ဖိုးပေးရသေးသည်။ ငချွန်တို့က အရက်ဖိုး ရနေလျှင် ဘာကိုမှ ဘယ်သူ့ကို မှ မစဉ်းစားတော့။ သားအတွက် ၊ မယားအတွက်၊ အမေအတွက် ဘာကိုမှ မတွေးတော့။ အရက်သမား အပေါင်းအသင်းတွေနဲ့ အရက်ဆိုင်ထိုင်နေရလျှင် ငချွန်ဘ၀ ပြည့်စုံပြီ။ ရမ်းကားတာမျိုးမလုပ်၍ တော်သေးသည်။ မြေးကလေး လိုချင်နေသည့် အရုပ်ကလေး ၀ယ်ပေးနိုင်တော့မည်မို့ ဒေါ်မပျို ခြေလှမ်းသွက်နေသည်။ ကိုင်းလွှတ်တဲ့ အချိန်မို့ တော်သေးသည်။။ဒေါ်မပျို ဟင်းလေးတွေ ခူးပြီး ရောင်းတော့ ပိုက်ဆံလေး ၂၅၀၀ ရသည်။ မောင်မောင် မိန်းမက ပိုက်ဆံပြန်မအမ်းနဲ့ ဆိုတော့ ၃၀၀၀ ရလာသည်။ မောင်မောင်တို့ မိသားစုကို ဒေါ်မပျို အိမ်ပြန်လမ်းတစ်လျှောက် မေတ္တာပို့လာသည်။ မြေးကလေးရဲ့ လိုအင်ဆန္ဒပြည့်၀သလို မောင်မောင်တို့မိသားစုလဲ ‌လိုအင်ဆန္ဒတွေပြည့်၀ပါစေ။ “မြေးလေးရေ မြေးလေး” “ဗျာ အဖွား” မြေးဖြစ်သူက အုန်းလက်နွားလေးဖြင့် ကစားနေရာက ဖုန်အလူးလူးနဲ့ ပြေးလာသည်။

“မြေးလေး ရေချိုးချေ” “အခုချိုးရဖို့လား အဖွား” “အေး အဖွား မြေးကို အရုပ်၀ယ်ပေးမယ်” “တကယ် ” “တကယ်ပေါ့ မြေးရေး” “ဝေး ” မြေးကလေးက ထခုန်ရင်း အဖွားကို ဖက်သည်။ ဒေါ်မပျိုရင်ထဲ နင့်သွားသည်။ သားဖြစ်သူသာ လိမ္မာခဲ့ရင် အရက်နွံထဲ မနစ်ရင် မြေးကလေးဟာ အခုလို ဆင်းဆင်းရဲရဲနေရမှာမဟုတ်။ “ချိုး ချိုး သွား ရေသွားချိုး” မြေးကလေး ရေချိုးနေတာကို ကြည့်ရင်း ဒေါ်မပျို အလိုလိုငိုချင်လာသည်။ သားနဲ့ တစ်ရုပ်တည်း တူတဲ့ မြေးကလေးကို ကြည့်ရင်း အသက်ထက်မက ချစ်ရတဲ့ သားကလေးရဲ့ ကလေးဘ၀ကို သတိရလာသည်။ “မေမေရေ ” “ရှင်” “ဖေဖေ ဘယ်သွားလဲ မေမေ ” “ဖေဖေအလုပ်သွားတယ် သွားရဲ့ သားအတွက် အင်ကျီ လေးတွေ အရုပ်ကလေးတွေ ၀ယ်ပေးဖို့ ဖေဖေ အလုပ်လုပ်ရတာပေါ့” “ဒါဆို မေမေ့ကိုရောဟင် မေမေ့ကို မ၀ယ်ပေးဘူးလား ဖေဖေ ပင်ပန်းမှာပေါ့နော် မေမေ” “ဒါပေါ့ သားရယ် ဖေဖေ ပင်ပန်းတာပေါ့ ဖေဖေက သားကို ချစ်လို့ ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေတာလေ သားက ဖေဖေ့စကားနားထောင်”ရမယ်နော် ” ဟုတ်ကဲ့မေမေ သားကြီးလာရင် ဖေဖေနဲ့ မေမေကို သားအလုပ်လုပ်ပြီး အင်ကျီ၀ယ်ပေးမယ်သိလား” သားက လိမ်မာတော့ ဒေါ်မပျို ပျော်ရသည်။ သူတို့ လင်မယားဟာ သားကလေးအတွက် ရှင်သန်နေကြတာဆိုလျှင် ပိုမှန်မည်။ မနက်တိုင်း ဘုရားရှိခိုးတတိကာ ညအိပ်ရာ၀င်တိုင်း အဖေနဲ့ အမေကို ကန်တော့ပြီးမှ အိပ်တတ်တဲ့သားကလေး။ သားကလေးကို ကြည့်ရင်း ခင်ပွန်းသည်က တပြုံးပြုံး။

“မပျိုရေ ငါတို့သားကလေးဟာ ကြီးလာရင် ဘုန်းကြီး ဖြစ်မယ် ထင်တယ် ဒါဆ်ု ငါတို့ ဘုန်းကြီး ခမည်းတော် မယ်တော်ဖြစ်ပြီပေါ့ “လို့ တဖွဖွ ပြောတတ်သည်။ သားကလေး ၁၀ နှစ်က ခင်ပွန်းဆုံးသည်။ ဒေါ်မပျို ၀မ်းနည်း အားငယ်ပေမဲ့ သားမျက်နှာကြောင့် လဲမကျခဲ့။ ဇွဲမလျော့ခဲ့။ သားဇောကြောင့် အလုပ်တွေ ကုန်းရုန်းလုပ်ခဲ့သည်။ ခင်ပွန်းလက်ထက်က ရှိတဲ့ လယ်ကလေး နွားကလေးတော့မပြုတ်ခဲ့။ ဒီလိုနဲ့ သားကလေး အရွယ်ရောက်လာခဲ့သည်။ လိမ္မာရေးခြား ရှိတဲ့ ကလေးမလေးနဲ့ အိမ်ထောင်ကျတော့ ဒေါ်မပျို အပျော်ကြီးပျော်ရသည်။ သမီးအဖြစ်နှင့်ချစ်ရသည် ။ချွေးမကလေးကလဲ ဒေါ်မပျိုကို အမေလို သဘောထားသည်။ အဲ့ အချိန်ထိ ဒေါ်မပျိုတို့ဘ၀ သာယာတုန်း။ ဒေါ်မပျိုမှာ မြေးကလေးမွေးသည်။ ‌ဒေါ်မပျိုမှာ ချစ်လိုက်ရတာမှာ တုန်လို့။ အဲ့ဒီနောက် ဉာဏ်ချွန်တစ်ယောက် အပေါင်းအသင်းမက်လာသည်။ အရက်စသောက်တတ်လာသည်။ ဉာဏ်ချွန် အရက်စသောက်လာတဲ့ နေ့က ဒေါ်မပျိုဘ၀ မှောင်အတိကျသွားသည်။ အူဝဲအရွယ် မြေးကလေးမျက်နှာကို ထောက်ဖို့ အသနားခံသေးသည်။ သောက်မြဲတိုင်း သောက်သည်။ ညနေ နေညိုလာရင် ဒေါ်မပျို ရင်ပူလာသည်။ သားဖြစ်သူ မရောက်သေးလျှင် ဒေါ်မပျိုနေမရတော့။

ဘယ်သူနဲ့များ ရန်ဖြစ်နေမလဲ။ ဘယ်နေရာမှာများ မူးပြီး လဲနေမလဲ လို့ ရင်တွေတထိတ်ထိတ်ဖြစ်လာသည်။ ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ သားကို လှမ်းမြင်ရမှ ဒေါ်မပျို အသက်ကျသည်။ အိမ်ထောင်ဦးစီးက အလုပ်လုံး၀မလုပ်တော့ ချွေးမလေးခမျာ လင်ဆိုးမယား အရက်သမားမယား ပီပီ ဒုက္ခရောက်ရသည်။ ဒေါ်မပျိုကတော့ သားဆိုးအမေ တပေပေ ဖြစ်နေပြီ။ ဆင်းရဲတာကိုတော့ ဒေါ်မပျို မမှု။ မြေးကလေးကို သနားသည်။ မြေးကလေး အခုလို ချို့ချို့တဲ့တဲ့ နေရတာကို မြင်တော့ သားကို စိတ်နာသည်။ အဆိုးဆုံးက မြေးကလေး ကို ရွယ်တူ ကလေးတွေက ကစားရင်း “အရက်သမား သား နင့်အဖေက အမူးသမား လမ်းမှာ မူးပြီး လဲနေတာ “လို့ ပြောခံရသည်။ ဒီလို ပြောခံရတိုင်း ဒေါ်မပျို မျက်ရည်ကျသည်။ သားကို နာကြည်းမိသည်။ ဒီ သားကလေး မျက်နှာမှ မထောက်။ “အဖွား အဖွား သား ရေချိုးပြီးပြီ” မြေးကလေးက လက်မောင်းကို လာကိုင်တော့မှ ဒေါ်မပျို အသိ၀င်လာသည်။ “အေးအေး မြေး သွားကြမယ်” မြေးကလေးက အဖွားရဲ့လက်ကို ဆွဲရင်း လှုပ်ရင်း ခုန်ပေါက်ရင်း မြေးအဖွားနှစ်ယောက် ရွာထိပ်က ကုန်စုံဆိုင်ကြီး ဆီသို့ ချီတက်ကြသည်။ “မမလေး မမလေးရေ” “ဪ တော်လေးရေ လာလေ ဘာ၀ယ်ဖို့လဲ” “အရုပ်ကလေး ၀ယ်ချင်လို့လေ ” “မြေးကလေး အတွက်လား လာလေ သားလေး လိုချင်တာကြည့်” “အဖွား သား ဒီကားလေး လိုချင်တယ်” မြေးကလေးက အနီရောင် ကားကလေးကို လကပါက််ညီုးထိုးပြသည်။ “မမလေးရေ အဲ့ကားလေး ဘယ်လောက်လဲ” “၃၅၀၀ အတော် …၃၀၀၀ နဲ့ယူလေ” တော်သေးသည်။ ပိုက်ဆံလောက်လို့။

“အေးအေး မြေးလေး ယူ” မြေးကလေး က သူလိုချငိသော ကားလေးရ၍ အပျော်ကြီး ပျော်နေသည်။ မြေးကလေးက ကားကလေးကို ပိုက်၊ အဖွားလက်ကို ဆွဲကာ ခုန်ပေါက်နေသည်။ မြေးအဖွား နှစ်ယောက်ရဲ့ ခြေလှမ်းတို့သည် တက်ကြွလှပါဘိ။ အဖွား အ‌ဖွား ဟိုမှာ ဖေဖေမဟုတ်လား ဒေါ်မပျို အပျော်တွေ ဘယ်ရောက်သွားသည်မသိ။ ခြေလှမ်းတွေက သိပ်မယိုင်။ ဒီနေ့တော့ သိပ်မမူးဘူး ထင်သည်။ “ဖေဖေ ” လပြည့်လေးက အဖေဖြစ်သူထံပြေးသည်။ “ဖေဖေ ဖေဖေ” “ဟေ သားလေးပါလား ဘယ်သွားကြတာလဲ” “အဖွားက သားကို အရုပ်၀ယ်ပေးတာ ဖေဖေ” “ဒီမှာလေ ” လပြည့်လေးက အရုပ်ကလေးကို မြှောက်ပြသည်။ ငချွန် တစ်ချက်‌ငိုင်သွားသည်။ မေမေ မေမေ့မှာ ပိုက်ဆံဘယ်က ရလဲ နင်နဲ့ ဘာဆိုင်လဲ ငါ့ဟာငါ ဘယ်က ရရပေါ့ ဒေါ်မပျို သားဖြစ်သူကို စကားအကောင်းမပြောချင်တော့။ “ပြောပါ မေမေ မေမေဘယ်ကရလဲ” “ကျွန်တော့ မိန်းမပေးတာလား” “ဘာပြောတယ် ငချွန် နင့်မိန်းမမှာ နင့်အရက်ဖိုးရရအောင် ကုန်းရုန်းလုပ်နေရတာ လူရုပ်မပေါက်တော့ဘူးဟဲ့ သူ့မှာစားဖို့တောင် အနိုင်နိုင် နင့်မို့ ပြောရက်တယ် ဉာဏ်ချွန် ဘာမှ မပြော။ ဒေါ်မပျို ထိန်းထားခဲ့သမျှ ပေါက်ကွဲတော့သည်။ “နင် အရက်သောက်တဲ့ နေ့စလို့ ငါတို့ဘ၀ လူနဲ့တူအောင်မနေရဟဲ့ ရသမျှ နင့်အရက်ဖိုးတောင်းနေလို့ နင်မွေးထားတဲ့သား ၄ နှစ်ပြည့်ပြီ အခုမှ သူ ကစားစရာ အရုပ်၀ယ်ဖူးတာ သိလား နင့်ကို မွေးရတာ ၀မ်းရေစပ်တယ် အတ္တကြီး‌တဲ့အကောင် လူမိုက်” မြေးကလေးက အဖွားရဲ့ လက်ကို လာလှုပ်နေသည်။

“မြေးလေး သွားမယ် ” “ဖေဖေ သားတို့ သွားပြီ” အမေနဲ့ သားကို ကြည့်ရင်း ငချွန် တစ်မျိုးခံစားလ်ုက်ရသည်။ အမေ ပြေတာဟုတ်သည်။ သူဟာ အဖေ တာ၀န်မကျေ။ ယောက်ျားတာ၀န်မကျေ။ သား တာ၀န်မကျေ။ သားကလေးဟာ နွမ်းနွမ်းပါးပါးနဲ့ ကြီးပြင်းခဲ့ရသည်။ သူများ ပေးတဲ့ အင်ကျ္လေးတွေ ၀တ်ရသည်။ သူ့ မိန်းမရော။ သူ့မိန်းမဟာ မိုးလင်းက မိုးချုပ် အလုပ်လုပ်ရလွန်းလ့်ု ငချွန်နဲ့ တွေ့ရသလောက်ပင်မရှိ။ သားကလေးဟာ ဘယ်လောက် မျက်နှာငယ်ရမလဲ။ သူ ရင်ထဲ အောင့်လာသည်။ သူကတော့ အရက်ကို စွဲလန်းရင်း အရက်ပင်လယ်ထဲမျောနေခဲ့သည်။ “ဝေး ငချွန် ဒီနေ့ စောပါး” “ဟုတ်ကဲ့ ဦးမောင်” “အေး နင့်သားဟာ လူချောနော့ သူ့အဖွားနဲ့ ကားရုပ်၀ယ်ချေတယ် ဆိုပြီး ငါ့ကြွားသွားတယ် သူ့အဖွားက သူ့မြေးကောင်းချစ်တယ်ဝေး ငရုပ်သီးရောင်းပြီး သူ့မြေးကို အရုပ်၀ယ်ပေးကော” “ဗျာ” ငရုပ်သီးရောင်းတယ်” “အေးလေ မင်းအမေ ငရုပ်သီးလေး ချဉ်ပေါင်လေးလာရောင်းတယ် အဲ့တာ သူ့မြေးကို အရုပ်၀ယိပေးတာဝေး အာ့လောက်ချစ်တဲ့ မြေးအဖွားတော့ ချီးကျူးတယ်ဝေး” ငချွန် ဘယ်လိုတွေ့သွားမှန်းမသိ။ အမေ့ကိုလဲ သနားသည်။ အိုခါမှ ဟင်းလိုက်ရောင်းရတယ်လို့ ။ အမေဟာ သူငယ်ငယ်ကလဲ ပင်ပန်းပြီးပြီ။

သူ အသုံးမကျလို့ ခုထိ ပင်ပန်းနေရပြီ။ သားကလေးရော၊ မိန်းမရော ဘယ်လောက် သိမ်ငယ်လ်ုက်မလဲ။ ငချွန် ရှက်တဲ့စိတ်ကို စပြီး ခံစားလာရသည်။ အရက် အရက် ဒီအရက်ကြောင့် သူ့မိသားစုတွေ သိမ်ငယ်ရပြီ။ ဦးမောင်ကို သူ စကားပြောမနေအားတော့။ အမေ့ကို မှီအောင်လိုက်ခဲ့သည်။ “အမေ အမေ” အမေက လှည့်မကြည့်။ “အမေ ” သူငိုသံပါကြီးနှင့် ခေါ်ခါမှ အမေ လှည့်ကြည့်လာသည်။ “အမေ ဈေးသွားရောင်းတယ်ဆို” “ဟုတ်တယ်လေ ငါ့မြေးလေး တစ်ခါမှ အရုပ်နဲ့မကစားဖူးလို့” အမေက ပြောရင်း မျက်ရည်ကျသည်။ ဒီနှစ်တွေမှာ သူ့ကြောင့် အမေ ဘယ်လောက်မျက်ရည်ကျလိာက်ရမလဲ။ သူ့မိန်းမရော။ သားကလေးက ကားလေးကို ပိုက်ကာ အဖေကို တစ်လှည့် အဖွားကို တစ်လှည့် ကြည့်နေသည်။ “အမေ သား အရက်မသောက်တော့ဘူး အမေ” “ဟင်” ဒေါ်မပျို အကြားချင်ဆုံး စကား။ အလိုချငိဆုံး ဆု။ နေ့တိုင်း ဘုရားရှိခိုးတိုင်း တောင်းသောဆု။ “သား တကယ်ပြောတာ အမေ သား အရက်မသောက်တော့ဘူး” “အို” ဒေါ်မပျို ငိုပြီ။ ပျော်လွန်း၍ ငိုခြင်းရယ်ပါ။

အေးပါ သားရယ် သားမိုက် ကြီးလို့ စိတ်နာခဲ့သမျှ အခုတော့ ဒေါ်မပျို သားကလေး လက်ကို ဖွဖွကလေး ကိုင်မိပြီ။ အမေ တစ်ယောက်ရဲ့ မပျက်ယွင်းသော ချစ်ခြင်း။ နောင်တ တစ်ဖန်နဲ့အသိစိတ်၀င်လာသော သားတစိယောက်ရဲ့ ကြေကွဲစိတ်။ ဒေါ်မပျိုရော ဒေါ်မပ်ျုရဲ့ သားကလေး ဉာဏ်ချွန်ပါ ငိုကြသည်။ မြေးကလေးက မျက်နှာလေးမဲ့နေပြီ။ “အမေ တိတ်တော့နော် သားတို့ အိမ်ပြန်မယ်” ဉာဏ်ချွန် သားကလေးကို ပွေ့ချီလိုက်သည်။ “ငါ့ ချွေးမလေး သိရင်တော့ ဘယ်လောက်တောင် ပျော်လိုက်မလဲ မသိဘူး” ညီအစ်ကို မသိတသိ အလင်း၏ လှခြင်းမျိုးဖြင့် ပတ်၀န်းကျင်သည် လှပလွန်းနေသည်။ သို့သော် ဒေါ်မပျိုတို့ မြေးအဖွား သုံးယောက်၏ အပြုံးကို မှီမည်မထင်။ ။

လရိပ် 26.3.2024 15:26pm

Leave a Reply

Your email address will not be published. Required fields are marked *