အောင်ဓူဝံ_-_ဝစီဗေဒထိတိုင်းရှ

အောင်ဓူဝံ_-_ဝစီဗေဒထိတိုင်းရှ

#Like.&.Shareလေးနှိပ်ပြီးအားပေးသွား

တစ်ခါကရွာတစ်ရွာမှာ မောင်ကျော်နဲ့ငထော်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်နေထိုင်ကြသည်။ မောင်ကျော်ကအကြီးဖြစ်ပြီး ရိုးသားကြိုးစားသူတစ်ယောက် လည်းဖြစ်သည်။ ညီငယ်ငထော်ကတော့ မိုးလင်းသည်နှင့်အရက်ဝိုင်းသို့ ရောက်နေတတ်သူဖြစ်သည်။ မိဘများမရှိတော့သည့်အတွက် ညီဖြစ်သူငထော်အားလိုတာထက် ပိုပြီးအလိုကြိုက်အလိုက်ဆောင်ခဲ့ သည်။ ထို့ကြောင့် ညီဖြစ်သူငထော်က အကြီးဖြစ်သူမောင်ကျော်အပေါ် လေးစားမှုမရှိပဲရိုင်းစိုင်းစွာဆက်ဆံ တတ်သည်။

အကြီးဖြစ်သူ မောင်ကျော်ကတော့ ညီဖြစ်သူ၏အပြုအမူများကို အပြစ်မမြင်ပဲချစ်မြဲအတိုင်းချစ်ခဲ့သည်။ တစ်ရက်တွင်တော့ သင်္ကန်းစည်းရန် အတွက်ရည်မှန်းပြီးစုထားသည့် မောင်ကျော်၏စုဘူးအိုးပျောက်ဆုံး သွားလေသည်။ အလုပ်ကြမ်းများလုပ်ကာစုထားသည့် စုဘူးအိုးလေးပျောက်ချင်းမလှ ပျောက်သွားသည့်အတွက် မောင်ကျော် စိတ်ဆိုးနေလေသည်။ အိမ်တစ်အိမ်တည်းတွင် ညီအစ်ကို နှစ်ယောက်ပဲနေထိုင်သည့်အတွက် တခြားလူ၏လက်ချက်တော့မဖြစ်နိုင်။

ညီဖြစ်သူငထော်သာလျှင် စုဘူးအိုးကိုခိုးကာအရက်သောက်လိုက် ခြင်းဖြစ်မည်ဟုသိလိုက်သည်။ ထို့ကြောင့် ညီဖြစ်သူ ငထော်ပြန်အလာအားအိမ်ရှေ့ထွက်ကာ စောင့်နေလိုက်သည်။ “စိတ်ညစ်လို့အရက်ကိုသောက်တယ် အရက်သောက်လို့ စိတ်ပိုညစ်တယ် အေ့ ဂေ့ ” “ဘယ်ခွေးမှ လူမထင်ဘူးကွ” “ငါ့ကိုဘာကောင်မှတ်နေသလဲကွ” “ဟေ” မူးမူးရူးရူးဖြင့်လမ်းလျှောက်လာသည့် ညီဖြစ်သူငထော်အားမြင်ပြီးပို၍ ဒေါသဖြစ်မိတော့သည်။ “ညီလေး ငထော် အစ်ကိုမင်းကို မေးစရာရှိတယ်၊မင်းအမှန်အတိုင်းဖြေ” “ဘာလဲ…ဘာကိုမေးမှာလဲ” “မေးစမ်းဗျာ မေးမေး” “မင်းငါ့စုဘူးအိုးကိုယူပြီးဘာလုပ် ပစ်လိုက်တာလဲ” “ဘယ်ကစုဘူးအိုးလဲ ဘာတွေလာပြောနေတာလဲ ငကျော်ရ” “မင်းအခုမှမသိချင်ယောင် ဆောင်မနေစမ်းနဲ့ ငထော်။

ဒီအိမ်မှာမင်းနဲ့ငါနှစ်ယောက်ပဲ နေတာမင်းမယူလို့အဲ့ဒီစုဘူးဘယ်သူ ယူမလဲ” “ဟ…ငါမယူပါဘူးလို့ မင်းကိုဘယ်နှခါပြောရမလဲ… မင်းမှာနားမပါဘူးလားကွ” “ဘာ…ငါသိချင်တာကိုသာ မင်းဖြေစမ်းပါ မင်းယောကျ်ား မဟုတ်ဘူးလား။ ကိုယ်လုပ်တာကိုယ်ဝန်ခံရဲရမှာပေါ့ကွ” “မယူပါဘူးဆိုနေမှကွာ ခေါင်းလာစားနေတယ်။ “မင်းယူတယ်လို့သာဝန်ခံလိုက် ငါဘာမှထပ်မပြောတော့ဘူး” “ယူလည်းမယူဘူး သိလည်းမသိဘူး ဒါပဲ” “ဟ…ညီလေးငထော် မင်းကွာ ဒီစုဘူးအိုးလေးက ငါသင်္ကန်းစည်းဖို့ အတွက်ဆိုပြီး စုထားတာမင်းလည်းသိသားနဲ့။

မင်းမလို့လုပ်ရက်တယ်ကွာ” “ငါမယူပါဘူးဆိုနေမှကွာ မင်းစုဘူးအိုးကိုငါယူခဲ့တယ်ဆိုရင် မနက်ဖြန်မှာပဲ ငါအသေဆိုးနဲ့ သေပါရစေကွာ ရပြီလား” “မင်းဘာတွေလျှောက်ကျိန်နေတာလဲ နိမိတ်မရှိဘာမရှိကွာ” “မင်းဘာလို့မဟုတ်ပဲ ငါ့ကိုလာစွပ်စွဲနေတာလဲ ဒါကြောင့်မင်းယုံအောင်ငါကျိန်ပြတာပေါ့” “တော်ပြီ တော်ပြီ မင်းသွားအိပ်လိုက်တော့ ငထော် ဒီထက်ပိုပြီးမပြောချင်တော့ဘူး” “ကောင်းပါပြီဗျာ ကောင်းပါပြီ” ငထော်လည်းအိမ်ထဲသို့ ဒယီးဒယိုင်ဖြင့်ဝင်သွားလေသည်။

မောင်ကျော်လည်းညီဖြစ်သူကို ကြည့်ပြီးသက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိတော့သည်။ ============ နောက်တစ်နေ့ ရောက်တော့ မောင်ကျော်လည်းအလုပ်လုပ်ရန် အိမ်မှထွက်သွားသည်။ ညီဖြစ်သူငထော်ကတော့ ထုံးစံအတိုင်းအရက်ဆိုင်မှာ မူးရူးနေပြီဖြစ်သည်။ မောင်ကျော် ဒီကနေ့မှ အလုပ်လုပ်ရတာစိတ်မပါပဲဖြစ်နေသည်။ ရင်ထဲမှာလေးလံနေပြီး တစ်ခုခုကိုစိုးရိမ်သလိုလိုဖြစ်နေသည်။ မျက်လုံးထဲမှာလည်းညီဖြစ်သူ ငထော်ကိုပဲမြင်ယောင်နေမိသည်။ နောက်ဆုံးဘာမှစဉ်းစားမနေတော့ပဲ အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်နေ လိုက်သည်။

ထိုအချိန် လူတစ်ယောက် အပြေးအလွှားရောက်လာကာ. “မောင်ကျော် မောင်ကျော် မင်းညီ င ငထော်လေ၊အရက်ဆိုင်က အပြန်တာလမ်းဘေးပြုတ်ကျတာ ဝါးချွန်နဲ့ထိုးမိပြီးသေပြီကွ” “ဗျာ…ကျုပ် ကျုပ်ညီသေပြီဟုတ်လား” “ဟုတ်တယ် အဲ့ဒါမင်းကိုငါက လာအကြောင်းကြားတာ မောင်ကျော်” “ကျုပ်အခုပဲလိုက်ခဲ့ပါ့မယ်ဗျာ” မောင်ကျော်လည်းဝမ်းနည်းခြင်းကို ရင်မှာပိုက်ကာရွာသို့အပြေးတပိုင်း ပြန်လာခဲ့သည်။

အိမ်ရောက်တော့ ညီဖြစ်သူ ငထော်၏အလောင်းအားတွေ့လိုက် ရသည်။ “ဖြစ်မှဖြစ်ရလေ ညီလေးရာ။ ဒါမို့ကြောင့် အစ်ကို့စိတ်တွေ ဒီကနေ့လေးနေပါတယ်လို့ တွေးနေမိတာအခုတော့ ဖြစ်မှဖြစ်ရလေကွာ” “မနေ့ညကမင်းကျိန်ခဲ့တဲ့ ဝစီကမင်းကိုထိသွားတာလား ညီလေးရာ၊အစ်ကိုဘယ်လိုဖြေရမလဲ ညီလေးရာ” “ဒါကြောင့်မို့ လူကြီးတွေက ပြောတာပေါ့ မဟုတ်ပဲမကျိန်နဲ့ မကျိန်ကြနဲ့ မကောင်းတာတွေ မပြောကြနဲ့လို့ မှာတာတွေက အကြောင်းမဲ့သက်သက်မဟုတ်ဘူး။

ဝစီဗေဒထိတိုင်းရှမှာစိုးလို့ပြောကြတာ ကွယ့်။ အခုမင်းညီလေးငထော်လည်း မနေ့ညကမင်းကိုကျိန်တွယ်ပြ လိုက်တာဟောအခုကြည့် ချက်ချင်းပဲဖြစ်ပြီ… ကိုယ်ကမှန်ကန်မှုမရှိပဲ ကျိန်တွယ်ပြနေလည်း အလကားပဲ အဲ့ဒီကျိန်တွယ်မှုက ကိုယ့်ဆီပဲ ပြန်ရောက်တတ်တယ် အဲ့ဒါကို မှတ်သားထားပေတော့ မောင်ကျော်ရေ” “ဟုတ်ကဲ့ ကျုပ်မှတ်သားထားပါ့မယ်” မောင်ကျော်လည်း ညီဖြစ်သူ ငထော်၏အဖြစ်ကိုမြင်ပြီး နှုတ်ဝစီအားစောင့်ထိန်းရန် လိုအပ်ချက်ကြောင်းသိရှိလိုက် တော့သည်။

ပြီးပါပြီ။ ။ အားလုံးဘေးကင်းကြပါစေ ကိုယ်နှင့်နှုတ်ကိုစောင့်ထိန်းနိုင်ပါစေ လို့ဆုတောင်းရင်း အမြဲချစ်ခင်လျက်

Be the first to comment

Leave a Reply

Your email address will not be published.


*