Home / Ghost Stoey / မီးနေသည်_သရဲမ (စ-ဆုံး)

မီးနေသည်_သရဲမ (စ-ဆုံး)

မီးနေသည်_သရဲမ (စ-ဆုံး)

မိုးကလဲတစ်ဖွဲဖွဲလေးကျနေတယ်….. အချိန်ကတော့ညနေစောင်းနေ၀င်ရီတရောနွားရိုင်းသွင်းချိန်ပေါ့… ခြေလှမ်းကိုပုံမှန်လှမ်းရင်း…သူ့အိမ်ရှိရာကိုတန်းတန်းမတ်မတ်ကလေးပြန်လာတာပေါ့…. လူကလဲသောက်တတ်စားတတ်ဆိုတော့ဒီအချိန်ဆိုရင်လူကမှန်နေပြီလေ… “ဝုတြ…ဝုတြ…ဝုတြ….ဝူးးးအူးးးးးးးးးးအူးးးးး” “အာ….ဒီသောက်ခွေးတွေကလဲဒီနေရာမှာဘာလို့အ သေလာအူနေရတာတုန်း” ပြောရင်းပုံမှန်ပဲလမ်းဆက်လျှောက်လာခဲ့တယ်…ရှေ့နားရောက်တော့ခိုးလိုးခုလုနဲ့ ဘာလေးမှန်းမသိဘူးသူတက်နင်းမိလို့ကောက်ကိုင်ကြည့်လိုက်တော့မိန်းမရုပ်ကလေး လက်ရာကတော့အတော်ကောင်းတယ် ဒါနဲ့အိတ်ကပ်ထဲကောက်ထည့်ပြီးဆက်လျှောက်လာတယ် နောက်က ခွေးသုံးကောင်ကတော့တောက်လျှောက်ကိုကပ်လိုက်လာပြီးဆွဲဆွဲငင်ငင် အူလိုက်ဟောင်လိုက်ကိုလုပ်နေတော့တာပဲ ဒါလဲဂရုမစိုက်ဘူးသူအိမ်ကိုပြန်ရောက်အောင်ပြန်လာခဲ့လိုက်တယ် သူအိမ်ရှေ့ရောက်တဲ့အထိခွေးတွေကလိုက်ဟောင်နေတုန်းပဲ…. “ကိုအောင်လှရှင်ပြန်လာပြီလား” မိန်းမဖြစ်သူကလှမ်းမေးတယ်သားလေးနဲ့သမီးလေးကတော့ ညစာကြည့်ချိန်စာကြည့်နေတာပေါ့

“အေးပြန်လာပြီ ဒီနေ့လဲပင်ပန်းတယ်ကွာအလုပ်က” “ရှင်အလုပ်လားဖဲဝိုင်းလား…” “အေးနှစ်ခုလုံးပဲ…” ပြောရင်း၀တ်ထားတဲ့တိုက်ပုံအနက်ကလေးကိုတန်းမှာလွှားလိုက်ပြီးထမင်း၀င်စားလိုက်တယ် မိန်းမမတင်ကြည်ကတော့ဘုရားရှိခိုးဖို့ဘုရားစင်ရှေ့ထိုင်ပြီးဘုရားရှိခိုးနေတာတွေ့လိုက်တယ် လူကလဲနည်းနည်းလေးထွေနေပြီဖြစ်တော့အိပ်ချင်တာနဲ့တစ်ခါတည်းပဲအိပ်ယာ၀င်လိုက်တယ် ညအိပ်နေရင်းကအိမ်မက်လိုလို တကယ်လိုလိုနဲ့မိန်းမတစ်ယောက်ကိုအောင်လှအနားရောက်လာတယ် တစ်ကိုယ်လုံးနနွင်းတွေ လိမ်းထားလိုက်တာလဲဝါထိန်နေတာပဲ အနံ့အသက်ကလဲသိပ်မကောင်းဘူးစိတ်ထဲမသိုးမသန့်တော့ဖြစ်မိသား….. “ကျွန်မအရုပ်ကလေးရှင့်ဆီမှာရောက်နေတယ်” “ဘယ်အရုပ်တုန်း” “ညနေကရှင်လမ်းကနေကောက်သွားတဲ့အရုပ်ကလေးအဲဒါကျွန်မအရုပ်ပဲ” “အေး…အဲဒါငါကောက်ရတာနင်နဲ့ဘာမှမဆိုင်တော့ဘူး” “အင်းကိစ္စမရှိပါဘူး…ရှင့်ဆီမှာဒီအရုပ်ကလေးရှိနေသမျှကျွန်မလဲရှင့်အနားမှာနေရမှာပဲ”

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

“မင်းဟာမင်းနေချင်နေမနေချင်သဘောပဲ” ကိုအောင်လှကလဲဘောက်ဆတ်ဆတ်ပြန်ပြောလိုက်တယ် ဒါနဲ့သူလဲလန့်နိုးလာပြီး အရုပ်ကလေးကိုသတိရတာနဲ့ ညကလွှားထားတဲ့တိုက်ပုံအကျီကိုသွားယူပြီးအရုပ်ကို ထုတ်ကြည့်လိုက်တော့သူထည့်ထားတဲ့အတိုင်းပုံမပျက်ရှိနေသေးတယ် ညဘက်မိုးကလဲသဲနေတော့လျှပ်စီးလက်လိုက်တာ လားလားအပြင်မှာအိမ်မက်ထဲကမိန်းမမတ်တပ်ရပ်နေတာကိုကိုအောင်လှမြင်လိုက်ရတယ် သူ့ကိုစိမ်းစိမ်းကြီးကိုစိုက်ကြည့်နေတာပါလား သူလဲခပ်သုတ်သုတ်ပဲအရုပ်ကလေးကို အိတ်ထဲထည့်ပြီး အိပ်ယာထဲကိုပြန်လာပြီးကြိုးစားအိပ်လိုက်တယ် အိပ်ပျော်သွားတာလားဘာမှန်းတောင်မသိလိုက်သေးဘူး အဲမိန်းမကိုပြန်တွေ့တာပဲသူ့ဘေးမှာရပ်လို့…. “နင်ဘာလာလုပ်ပြန်တာလဲ”…. “ငါနင့်ကိုကူညီမလို့ပါ နင့်အနားမှာပေးနေမယ်ဆိုရင်ပေါ့” “အေး…ဒါဆိုငါဖဲရိုက်တာနင်နိုင်အောင်လုပ်ပေးနိုင်မလား” “အဲဒါတော့ငါမကူညီနိုင်ဘူး…နင်ဆေးကုစားပေါ့ငါကူညီနိုင်တယ်”

“ငါမှဆေးကုမတတ်တာဘယ်လိုလုပ်ကုမတုန်း” “ဖြစ်ပါတယ်…ငါကူညီပါ့မယ်” ဒီလိုနဲ့သိပ်မကြာပါဘူးကိုအောင်လှတစ်ယောက်ဆေးဆရာလိုလိုဘာလိုလိုဖြစ်သွားတာပဲ သူကုပေးတဲ့သူတွေကလဲပျောက်ကြသား ဒီလိုနဲ့တစ်လနှစ်လလောက်ကြာလာတော့ ကိုအောင်လှမိန်းမကိုဝိုင်းပြောကြတာပေါ့…. “ဟဲ့မတင်ကြည် နင်တို့အိမ်က ညနေစောင်းဆိုရင်အိမ်ပတ်ပတ်လည်မှာ နနွင်းတွေလိမ်းထားတဲ့မီးနေသည် တစ်ယောက်အမြဲလမ်းလျှောက်လျှောက်နေတာတွေ့နေတယ်နော်” “ဟင်…ဟုတ်လားကျွန်မတောင်သတိမထားမိဘူးအင်းတစ်ခုတော့ရှိတယ်တစ်ခါတစ်ခါ နနွင်းနံ့စူးကနဲစူးကနဲရတာတော့ကြာပြီ” ဒါနဲ့မတင်ကြည်လဲညပုံမှန်ဘုရားရှိခိုးတာ ထက်ပိုပြီးတော့ရွတ်နေကြစက်ကြီးတစ်ဆယ့်သုံးပါးကိုအိမ်အတွင်းနေရာအနှံ့လမ်းလျှောက်ရင်း ရွတ်ဖတ်တာပေါ့ ကိုအောင်လှကတော့ထုံးစံအတိုင်းနောက်ကျတယ်လေ သူပြန်လာရင် သတိထားမိတာတစ်ခုကတော့ ကိုအောင်လှပြန်လာပြီဆိုရင်အိမ်ရှေ့ထိ ခွေးတွေဆိုးဆိုးဝါးဝါးလိုက်ဟောင်တာပဲသူ့နောက်ကခွေးတစီစီနဲ့ ဒီညတော့သူသိအောင်လုပ်ရမယ် ကိုအောင်လှဘာတွေလုပ်နေလဲဆိုတာ သူပြန်လာတော့မသိမသာပဲထမင်းခူးပေးခပ်ပေးသိပ်မကြာပါဘူး

ကိုအောင်လှလဲသောက်လာတဲ့အရှိန်လေးနဲ့ အိပ်ယာထဲတန်း၀င်သွားတာပဲ အဲဒါနဲ့သူအမြဲ၀တ်နေတဲ့တိုက်ပုံလေးကို သွားစမ်းကြည့်တော့ မိန်းမရုပ်ကလေးတစ်ရုပ်ရယ် ငွေအကြွေနည်းနည်းရယ် သံသယဖြစ်စရာဆိုလို့ဒီအရုပ်ပဲရှိတယ် အဲဒါလေးကိုင်ကြည့်တုန်းပဲရှိသေးတယ်နှာခေါင်းထဲကို စူးစူးဝါးဝါးပုတ်နံ့ကောနနွင်းနံပါ၀င်လာတယ် အမှတ်မထင်အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့မိန်းမတစ်ယောက်လရောင်အောက်မှာဆံပင်ကြီးဖားယား ချပြီး သူတို့အိမ်ဘက်ကိုကြည့်နေတာ တွေ့လိုက်ရတယ် မျက်နှာတော့မသဲကွဲပေမယ့် မတင်ကြည်သိလိုက်တယ် ဒါသွေးရိုးသားရိုးမဟုတ်တော့ဘူး မနက်ကျရင်တော့ကိုအောင်လှကိုပြောမှဖြစ်တော့မယ် ဒါမျိုးကကောင်းတာမဟုတ်ဘူး အဲလိုစဉ်းစားရင်းအိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ အဲမိန်းမကိုမတွေ့ရတော့ဘူး ဒါနဲ့မတင်ကြည်လဲ ကလေးနှစ်ယောက်အိပ်နေတာကိုကြည့်ပြီးစောင်သေချာခြုံပေး မိုးရာသီကလဲဖြစ်တော့ အိမ်ပြတင်းတံခါးတွေလိုက်ပိတ်တာပေါ့

နောက်ဖေးကတံခါးကိုပိတ်ဖို့ မတင်ကြည်လှမ်းဆွဲတုန်းပဲရှိသေးတယ် နနွင်းတွေပေကျန်နေတဲ့လက်ဝါ၀ါကြီးတံခါးကိုဗြုန်းကနဲဆွဲလိုက်တာမတင်ကြည်လဲ လန့်ပြီး အိမ်ထဲတန်းနေအောင်ပြန်ပြေးပြီးအိပ်ယာ၀င်လိုက်တော့တာပေါ့ အိပ်ယာပေါ်ရောက်နေပေမယ့်လဲ ကြောက်စိတ်ကြောင့်တစ်မျိုးရင်တုန်နေတာကြောင့်ချက်ချင်းကလဲအိပ်မပျော် ညလဲဖြစ်အသံကလဲတိတ်ဆိတ်ပြီးမိုးသံလေသံအပြင်မတင်ကြည်ကြားလိုက်ရတာက အိမ်အောက်က ဗွက်တွေထဲမှာတဇွပ်ဇွပ်နဲ့လမ်းလျှောက်နေတဲ့အသံပဲ မတင်ကြည်လဲဘုရားစာကိုစိတ်နှစ်ရွတ်ပြီး ကျိတ်မှိတ်အိပ်ပျော်အောင်အိပ်ရင်းအိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတော့တယ်….. “ကိုအောင်လှ ရှင့်အိတ်ထဲက အရုပ်ကလေးကိုမြစ်ထဲလွှင့်ပစ်လိုက်ပါလား” “ဘာလို့လွှင့်ပစ်ရမှာတုန်းဟ” “အဲဒီအရုပ်ဘာအရုပ်လဲဆိုကျွန်မသိတယ်နော်” “အာ…မင်းစိတ်ထင်နေလို့နေမှာပါ ဘာအရုပ်မှမဟုတ်ဘူး…ကဲတော်ပြီကွာ အလုပ်နောက်ကျဦးမယ်သွားတော့မယ်” ပြောပြောဆိုဆိုနဲ့ကိုအောင်လှထွက်သွားတယ် ပြောလို့ရမှာလဲမဟုတ်ဘူးဆိုတာ မတင်ကြည်သိနေတယ် အင်း

သူ့ပြောမရရင်တော့ တတ်နိုင်တာကတော့ ဘုရားတရားနဲ့ပဲ ဒီမိန်းမကိုနှင်ရမှာပဲ ဒါနဲ့မတင်ကြည်က ညကိုအောင်လှပြန်လာပြီးအိပ်ပျော်သွားတိုင်း သူ့အိတ်ထဲကအရုပ်ကလေးကိုတိတ်တဆိတ်ယူပြီး ဘုရားစင်နားမှာကိုင်ပြီး စက်ကြီးတစ်ဆယ့်သုံးပါးကို တွင်တွင်ရွတ်တော့တာပဲ ရွတ်ဖတ်ပြီးတော့မှ သူလဲအိပ်ယာ၀င် တစ်ရက်ဖြစ်ချင်တော့ ညကြီးမတင်ကြည် အလေးသွားချင်လို့ ကိုအောင်လှကလဲနှိုးမရ အဲဒါနဲ့ပဲထသွားရတာပေါ့ ဘယ်လိုမှအောင့်လို့ကလဲမရတော့ စိတ်ထဲကတော့သိနေတယ် ဟိုမိန်းမတော့ နှောင့်ယှက်မှာပဲဆိုတာ ဒါနဲ့ဘုရားစာကိုပဲရွတ်ပြီး အိမ်သာကိုထွက်လာတာပေါ့ ဧရာ၀တီတိုင်းတောဆိုတော့လဲ အိမ်သာက အိမ်နဲ့တွဲလျှက်မရှိဘူးလေ ဟိုးအိမ်အနောက်ဖက်ကို ထုတ်ထားကြတာ မတင်ကြည်လဲ အိမ်သာနားရောက်တံခါးကိုဖွင့်လိုက်တာ….. လန့်ပြီးတော့အော်လိုက်ပေမယ့် အသံကထွက်မလာဘူး အဲမီးနေသည်မကြီး ဆံပင်ကြီးဖားလားချပြီး အိမ်သာထဲထိုင်ပြီး သူ့ကိုကြည့်နေတာစိမ်းစိမ်းကြီး မတင်ကြည်လဲကြောက်ကြေက်လန့်လန့်နဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတုန်း အဲမီးနေသည်မကထလာတာ မတင်ကြည်လဲကြောက်ကလဲကြောက်နောက်ပြန်ပြီးလှည့်ပြေးဖို့တောင် အားမရှိဘူး နောက်ဆုတ်နောက်ဆုတ်နဲ့မီးနေသည်မကလဲ မျက်နှာကြီးဝါထိန်ပြီး မျက်တွင်းဟောက်ပက်နဲ့ သူ့နားကိုတဖြည်းဖြည်းတိုးလာတာ မတင်ကြည်ဖြတ်ကနဲ ဘုရားကိုသတိရသွားတော့မှ စက်ကြီးတစ်ဆယ့်သုံးပါးကို စိတ်ထဲကနေရွတ်လိုက်တော့ အဲမီးနေသည်မကြီးရှေ့ကနေပျောက်သွားတာ ကြောက်စိတ်ကော ဘာကောနဲ့ အိမ်သာတက်ချင်စိတ်တောင်မရှိပဲ အိမ်ထဲလှည့်ပြန်အ၀င် ဟိုဘက်အိမ်ဘက်ကို ကြည့်လိုက်တော့ သစ်ပင်ခြေရင်းမှာ အဲမီးနေသည်မက သူ့ကိုကြည့်ပြီး တတွတ်တွတ်နဲ့ဘာတွေရွတ်နေမှန်းမသိဘူး အဲဒါနဲ့မတင်ကြည်လဲအိမ်ထဲကိုခပ်သုတ်သုတ်ပဲ၀င်ပြီး ပြန်အိပ်နေလိုက်တယ်

မနက်လင်းတော့ ဆွမ်းချိုင့်ပို့ရင်း ရွာဦးကျောင်းကိုသွားပြီး ဆရာတော်ကို အဖြစ်အပျက်အကုန်ကို လျှောက်ထားပြီး ကူညီဖို့တောင်းပန်ရတာပေါ့ ဆရာတော်ကလဲ….. “အေးအေး…အဲဒါဆိုနက်ဖြန်ခါ အောင်လှကို ငါခေါ်တယ်လို့ပြောပြီးလွှတ်လိုက်” “တင့်ပါ့ဘုရား” မတင်ကြည်လဲပြောပြီး ဘုန်းကြီးကျောင်းကနေ အိမ်ကိုပြန်လာလိုက်တယ် ညကျတော့ ထုံးစံအတိုင်း ကိုအောင်လှပြန်လာတော့ ဆရာတော်ခေါ်တဲ့အကြောင်းပြောပြလိုက်ပြီး ဆက်ဆက်လာဖို့မှာလိုက်တယ်ဆိုတာပြောပြီး စောစောအိပ်ယာ၀င်လိုက်တယ်…. ကိုအောင်လှလဲဆရာတော်ခေါ်တယ်ဆိုတော့ မသွားလို့လဲမရ ရွာမှာက ဆရာတော်ကိုပဲ အကုန်လုံးက ရိုသေပြီး ကြောက်ရတာဆိုတော့ ဆရာတော့်ကျောင်းကိုထွက်လာခဲ့လိုက်တယ် ကျောင်းကိုရောက်တော့ ဆရာတော်ကို ဦးတိုက်ပြီးလျှောက်တင်တာပေါ့…. “အရှင်ဘုရား တပည့်တော်ကိုခေါ်တယ်ဆိုလို့ပါဘုရား” “အေး…ဒကာအောင်လှ မင့်ဆီမှာ မိန်းမအရုပ်တစ်ရုပ်ရှိတယ်ဆို ဆရာတော့ကိုပေးစမ်း” “မရှိပါဘူးဘုရား…” လိမ်လိုက်ပေမယ့် စိတ်ထဲကတောသိတယ် ဒါမတင်ကြည်လာပြောသွားပြီဆိုတာ… “ဟဲ့အောင်လှ ငါ့လာလိမ်နေသေးတယ် ပေးစမ်းအဲဒီအရုပ်” ဆရာတော်ကို ကြောက်လဲကြောက်ရတော့ နောက်ဆုံး ကိုအောင်လှထုတ်ပေးလိုက်ရတယ် တစ်ဆက်တည်း ဆရာတော်က ကပ္ပိယကြီးကို လှမ်းခေါ်ပြီး ငရုတ်ဆုံနဲ့ကျည်ပွေ့ယူခိုင်းလိုက်တယ်

“ကပ္ပိယကြီး အဲအရုပ်ကို ငရုတ်ဆုံထဲထဲ့ပြီး အမှုန့်ဖြစ်သွားအောင်ထောင်းပစ်လိုက်စမ်း” ကပ္ပိယကြီးကလဲ ဘုန်းကြီးခိုင်းတဲ့အတိုင်းပဲ အမှုန့်ဖြစ်သွားအောင်ထောင်းပြီးတော့မှ….. “ပြီးပါပြီဘုရား” “အေး…အဲဒါဆို သွား…အဲအမှုန့်တွေ မြစ်ထဲသွားလွှင့်ပစ်လိုက်” ဘုန်းဘုန်းစကားလဲဆုံးကော ကပ္ပိယကြီးလဲထွက်သွားတော့တယ်… “အောင်လှ နင်လုပ်နေတာတွေ ငါသိတယ်နော် သရဲတစ္ဆေဆိုတာ လူနဲ့ ပတ်သက်လို့မကောင်းတဲ့အရာပဲကွ နောင်ဖြစ်လာမှာက မင်းမိသားစုကို ဒုက္ခပေးလာတော့မယ် နောင်…မင်းကိုပါ အခန့်မသင့်ရင် ဒုက္ခပေးတော့မယ် အဲတော့မင်းမဖြစ်သင့်တာ မဖြစ်အောင်ငါကတားမြစ်ပေးတာ ကဲသွားတော့မင်းအလုပ်ရှိတယ်မလား” “တင့်ပါ့ဘုရား..” ဘုန်းဘုန်းကို ဦးတိုက်ပြီး ကိုအောင်လှတစ်ယောက် အလုပ်သွားပြီး ပုံမှန်အတိုင်း ညကျတော့ အိမ်ပြန်ခဲ့တာပေါ့ သူတို့ အိမ်မရောက်ခင် လမ်းထဲမှာ သူ့နောက်က အမြဲရှိနေတဲ့ မိန်းမကို သွားတွေ့တာပေါ့ ဒီတစ်ခါတော့ သူ့ကို ကြည့်နေတာ အရင်လိုမဟုတ်တော့ဘူး နာကျည်းမုန်းတီးတဲ့ပုံစံ အပြင်အသွင်အပြင်က တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်

ကိုအောင်လှလဲ မြင်တော့မြင်ပေမယ့် မသိသလိုပဲ ကိုယ့်လမ်းက ိုဆက်လျှောက်လာခဲ့တယ် အဲမိန်းမရပ်နေတဲ့ နေရာကိုကျော်သွားပြီး လျှောက်လာရင်း နောက်ကျောတော့သိပ်မလုံဘူး အေးတိအေးစက်ဖြစ်နေတုန်း အသံနက်ကြီးနဲ့ လှမ်းအော်လိုက်တာ…. “နင့်ကိုငါလက်စားချေမယ်” ကိုအောင်လှ တစ်ချိုးတည်းသုတ်ချေတင်ပြီး အိမ်ကိုအမြန်ပြန်ပြေးခဲ့တာပေါ့ ဒီလိုနဲ့ ဒီကိစ္စတွေဖြစ်ပြီး လအနည်းငယ်ကြာ အကုန်လုံးလဲ မေ့မေ့ပျောက်ပျောက်ဖြစ်တဲ့အချိန်မှာ ကိုအောင်လှ မတော်တဆသံဆူးမိတယ် ဘာမှမဖြစ်လောက်ဘူးဆိုပြီးတော့ ဓလေ့အတိုင်း ဖန်ရေဆေး ဆေးထည့်ဒီလောက်ပဲနေခဲ့တာ နောက်ဆုံး အဲဒီဒဏ်ရာလေးနဲ့ပဲ အသက်ပါပေးသွားခဲ့ရတာပေါ့ ကျွန်တော်ပြောချင်တာကတော့ ကိုယ်နဲ့လောကချင်းမတူတဲ့ သူတွေနဲ့ မပတ်သက်မိစေဖို့ပါပဲ ဒါတကယ့်အဖြစ်အပျက်လေးပါ ကျွန်တော့်အဘိုးပါ သေသွားတာက ကျွန်တော့်အဖေ ခြောက်တန်းနှစ်မှာပေါ့ အဘိုးဆုံးသွားတာ နောက်ပြီးတော့ တစ်ခုထူးခြားတာကတော့ စက်ကြိးတစ်ဆယ့်သုံးပါးဂါထာရဲ့အစွမ်းပါပဲ… ကျွန်တော်ကိုယ်တိုင်လဲခုချိန်ထိယုံယုံကြည်ကြည်ရွတ်ဖတ်နေဆဲပါပဲ…အဘွားသင်ပေးခဲ့တာပါ… ပြီးပါပြီ ခဗျာ #မီးနေသည်_သရဲမ ———————————– #Credit #Copy

မူရင်းရေးသားသူအား လေးစားစွာဖြင့် မိုးကလဲတစ်ဖွဲဖွဲလေးကျနေတယ်…..

အချိန်ကတော့ညနေစောင်းနေ၀င်ရီတရောနွားရိုင်းသွင်းချိန်ပေါ့… ခြေလှမ်းကိုပုံမှန်လှမ်းရင်း…သူ့အိမ်ရှိရာကိုတန်းတန်းမတ်မတ်ကလေးပြန်လာတာပေါ့…. လူကလဲသောက်တတ်စားတတ်ဆိုတော့ဒီအချိန်ဆိုရင်လူကမှန်နေပြီလေ… “ဝုတြ…ဝုတြ…ဝုတြ….ဝူးးးအူးးးးးးးးးးအူးးးးး” “အာ….ဒီသောက်ခွေးတွေကလဲဒီနေရာမှာဘာလို့အ သေလာအူနေရတာတုန်း” ပြောရင်းပုံမှန်ပဲလမ်းဆက်လျှောက်လာခဲ့တယ်…ရှေ့နားရောက်တော့ခိုးလိုးခုလုနဲ့ ဘာလေးမှန်းမသိဘူးသူတက်နင်းမိလို့ကောက်ကိုင်ကြည့်လိုက်တော့မိန်းမရုပ်ကလေး လက်ရာကတော့အတော်ကောင်းတယ် ဒါနဲ့အိတ်ကပ်ထဲကောက်ထည့်ပြီးဆက်လျှောက်လာတယ် နောက်က ခွေးသုံးကောင်ကတော့တောက်လျှောက်ကိုကပ်လိုက်လာပြီးဆွဲဆွဲငင်ငင် အူလိုက်ဟောင်လိုက်ကိုလုပ်နေတော့တာပဲ ဒါလဲဂရုမစိုက်ဘူးသူအိမ်ကိုပြန်ရောက်အောင်ပြန်လာခဲ့လိုက်တယ် သူအိမ်ရှေ့ရောက်တဲ့အထိခွေးတွေကလိုက်ဟောင်နေတုန်းပဲ…. “ကိုအောင်လှရှင်ပြန်လာပြီလား” မိန်းမဖြစ်သူကလှမ်းမေးတယ်သားလေးနဲ့သမီးလေးကတော့ ညစာကြည့်ချိန်စာကြည့်နေတာပေါ့ “အေးပြန်လာပြီ ဒီနေ့လဲပင်ပန်းတယ်ကွာအလုပ်က” “ရှင်အလုပ်လားဖဲဝိုင်းလား…”

“အေးနှစ်ခုလုံးပဲ…” ပြောရင်း၀တ်ထားတဲ့တိုက်ပုံအနက်ကလေးကိုတန်းမှာလွှားလိုက်ပြီးထမင်း၀င်စားလိုက်တယ် မိန်းမမတင်ကြည်ကတော့ဘုရားရှိခိုးဖို့ဘုရားစင်ရှေ့ထိုင်ပြီးဘုရားရှိခိုးနေတာတွေ့လိုက်တယ် လူကလဲနည်းနည်းလေးထွေနေပြီဖြစ်တော့အိပ်ချင်တာနဲ့တစ်ခါတည်းပဲအိပ်ယာ၀င်လိုက်တယ် ညအိပ်နေရင်းကအိမ်မက်လိုလို တကယ်လိုလိုနဲ့မိန်းမတစ်ယောက်ကိုအောင်လှအနားရောက်လာတယ် တစ်ကိုယ်လုံးနနွင်းတွေ လိမ်းထားလိုက်တာလဲဝါထိန်နေတာပဲ အနံ့အသက်ကလဲသိပ်မကောင်းဘူးစိတ်ထဲမသိုးမသန့်တော့ဖြစ်မိသား….. “ကျွန်မအရုပ်ကလေးရှင့်ဆီမှာရောက်နေတယ်” “ဘယ်အရုပ်တုန်း” “ညနေကရှင်လမ်းကနေကောက်သွားတဲ့အရုပ်ကလေးအဲဒါကျွန်မအရုပ်ပဲ” “အေး…အဲဒါငါကောက်ရတာနင်နဲ့ဘာမှမဆိုင်တော့ဘူး” “အင်းကိစ္စမရှိပါဘူး…ရှင့်ဆီမှာဒီအရုပ်ကလေးရှိနေသမျှကျွန်မလဲရှင့်အနားမှာနေရမှာပဲ” “မင်းဟာမင်းနေချင်နေမနေချင်သဘောပဲ” ကိုအောင်လှကလဲဘောက်ဆတ်ဆတ်ပြန်ပြောလိုက်တယ် ဒါနဲ့သူလဲလန့်နိုးလာပြီး အရုပ်ကလေးကိုသတိရတာနဲ့ ညကလွှားထားတဲ့တိုက်ပုံအကျီကိုသွားယူပြီးအရုပ်ကို ထုတ်ကြည့်လိုက်တော့သူထည့်ထားတဲ့အတိုင်းပုံမပျက်ရှိနေသေးတယ် ညဘက်မိုးကလဲသဲနေတော့လျှပ်စီးလက်လိုက်တာ လားလားအပြင်မှာအိမ်မက်ထဲကမိန်းမမတ်တပ်ရပ်နေတာကိုကိုအောင်လှမြင်လိုက်ရတယ် သူ့ကိုစိမ်းစိမ်းကြီးကိုစိုက်ကြည့်နေတာပါလား သူလဲခပ်သုတ်သုတ်ပဲအရုပ်ကလေးကို အိတ်ထဲထည့်ပြီး အိပ်ယာထဲကိုပြန်လာပြီးကြိုးစားအိပ်လိုက်တယ်

အိပ်ပျော်သွားတာလားဘာမှန်းတောင်မသိလိုက်သေးဘူး အဲမိန်းမကိုပြန်တွေ့တာပဲသူ့ဘေးမှာရပ်လို့…. “နင်ဘာလာလုပ်ပြန်တာလဲ”…. “ငါနင့်ကိုကူညီမလို့ပါ နင့်အနားမှာပေးနေမယ်ဆိုရင်ပေါ့” “အေး…ဒါဆိုငါဖဲရိုက်တာနင်နိုင်အောင်လုပ်ပေးနိုင်မလား” “အဲဒါတော့ငါမကူညီနိုင်ဘူး…နင်ဆေးကုစားပေါ့ငါကူညီနိုင်တယ်” “ငါမှဆေးကုမတတ်တာဘယ်လိုလုပ်ကုမတုန်း” “ဖြစ်ပါတယ်…ငါကူညီပါ့မယ်” ဒီလိုနဲ့သိပ်မကြာပါဘူးကိုအောင်လှတစ်ယောက်ဆေးဆရာလိုလိုဘာလိုလိုဖြစ်သွားတာပဲ သူကုပေးတဲ့သူတွေကလဲပျောက်ကြသား ဒီလိုနဲ့တစ်လနှစ်လလောက်ကြာလာတော့ ကိုအောင်လှမိန်းမကိုဝိုင်းပြောကြတာပေါ့…. “ဟဲ့မတင်ကြည် နင်တို့အိမ်က ညနေစောင်းဆိုရင်အိမ်ပတ်ပတ်လည်မှာ နနွင်းတွေလိမ်းထားတဲ့မီးနေသည် တစ်ယောက်အမြဲလမ်းလျှောက်လျှောက်နေတာတွေ့နေတယ်နော်” “ဟင်…ဟုတ်လားကျွန်မတောင်သတိမထားမိဘူးအင်းတစ်ခုတော့ရှိတယ်တစ်ခါတစ်ခါ နနွင်းနံ့စူးကနဲစူးကနဲရတာတော့ကြာပြီ” ဒါနဲ့မတင်ကြည်လဲညပုံမှန်ဘုရားရှိခိုးတာ ထက်ပိုပြီးတော့ရွတ်နေကြစက်ကြီးတစ်ဆယ့်သုံးပါးကိုအိမ်အတွင်းနေရာအနှံ့လမ်းလျှောက်ရင်း ရွတ်ဖတ်တာပေါ့ ကိုအောင်လှကတော့ထုံးစံအတိုင်းနောက်ကျတယ်လေ သူပြန်လာရင် သတိထားမိတာတစ်ခုကတော့

ကိုအောင်လှပြန်လာပြီဆိုရင်အိမ်ရှေ့ထိ ခွေးတွေဆိုးဆိုးဝါးဝါးလိုက်ဟောင်တာပဲသူ့နောက်ကခွေးတစီစီနဲ့ ဒီညတော့သူသိအောင်လုပ်ရမယ် ကိုအောင်လှဘာတွေလုပ်နေလဲဆိုတာ သူပြန်လာတော့မသိမသာပဲထမင်းခူးပေးခပ်ပေးသိပ်မကြာပါဘူး ကိုအောင်လှလဲသောက်လာတဲ့အရှိန်လေးနဲ့ အိပ်ယာထဲတန်း၀င်သွားတာပဲ အဲဒါနဲ့သူအမြဲ၀တ်နေတဲ့တိုက်ပုံလေးကို သွားစမ်းကြည့်တော့ မိန်းမရုပ်ကလေးတစ်ရုပ်ရယ် ငွေအကြွေနည်းနည်းရယ် သံသယဖြစ်စရာဆိုလို့ဒီအရုပ်ပဲရှိတယ် အဲဒါလေးကိုင်ကြည့်တုန်းပဲရှိသေးတယ်နှာခေါင်းထဲကို စူးစူးဝါးဝါးပုတ်နံ့ကောနနွင်းနံပါ၀င်လာတယ် အမှတ်မထင်အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့မိန်းမတစ်ယောက်လရောင်အောက်မှာဆံပင်ကြီးဖားယား ချပြီး သူတို့အိမ်ဘက်ကိုကြည့်နေတာ တွေ့လိုက်ရတယ် မျက်နှာတော့မသဲကွဲပေမယ့် မတင်ကြည်သိလိုက်တယ် ဒါသွေးရိုးသားရိုးမဟုတ်တော့ဘူး မနက်ကျရင်တော့ကိုအောင်လှကိုပြောမှဖြစ်တော့မယ် ဒါမျိုးကကောင်းတာမဟုတ်ဘူး အဲလိုစဉ်းစားရင်းအိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ အဲမိန်းမကိုမတွေ့ရတော့ဘူး ဒါနဲ့မတင်ကြည်လဲ ကလေးနှစ်ယောက်အိပ်နေတာကိုကြည့်ပြီးစောင်သေချာခြုံပေး မိုးရာသီကလဲဖြစ်တော့ အိမ်ပြတင်းတံခါးတွေလိုက်ပိတ်တာပေါ့ နောက်ဖေးကတံခါးကိုပိတ်ဖို့

မတင်ကြည်လှမ်းဆွဲတုန်းပဲရှိသေးတယ် နနွင်းတွေပေကျန်နေတဲ့လက်ဝါ၀ါကြီးတံခါးကိုဗြုန်းကနဲဆွဲလိုက်တာမတင်ကြည်လဲ လန့်ပြီး အိမ်ထဲတန်းနေအောင်ပြန်ပြေးပြီးအိပ်ယာ၀င်လိုက်တော့တာပေါ့ အိပ်ယာပေါ်ရောက်နေပေမယ့်လဲ ကြောက်စိတ်ကြောင့်တစ်မျိုးရင်တုန်နေတာကြောင့်ချက်ချင်းကလဲအိပ်မပျော် ညလဲဖြစ်အသံကလဲတိတ်ဆိတ်ပြီးမိုးသံလေသံအပြင်မတင်ကြည်ကြားလိုက်ရတာက အိမ်အောက်က ဗွက်တွေထဲမှာတဇွပ်ဇွပ်နဲ့လမ်းလျှောက်နေတဲ့အသံပဲ မတင်ကြည်လဲဘုရားစာကိုစိတ်နှစ်ရွတ်ပြီး ကျိတ်မှိတ်အိပ်ပျော်အောင်အိပ်ရင်းအိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတော့တယ်….. “ကိုအောင်လှ ရှင့်အိတ်ထဲက အရုပ်ကလေးကိုမြစ်ထဲလွှင့်ပစ်လိုက်ပါလား” “ဘာလို့လွှင့်ပစ်ရမှာတုန်းဟ” “အဲဒီအရုပ်ဘာအရုပ်လဲဆိုကျွန်မသိတယ်နော်” “အာ…မင်းစိတ်ထင်နေလို့နေမှာပါ ဘာအရုပ်မှမဟုတ်ဘူး…ကဲတော်ပြီကွာ အလုပ်နောက်ကျဦးမယ်သွားတော့မယ်” ပြောပြောဆိုဆိုနဲ့ကိုအောင်လှထွက်သွားတယ် ပြောလို့ရမှာလဲမဟုတ်ဘူးဆိုတာ မတင်ကြည်သိနေတယ် အင်း သူ့ပြောမရရင်တော့ တတ်နိုင်တာကတော့ ဘုရားတရားနဲ့ပဲ ဒီမိန်းမကိုနှင်ရမှာပဲ ဒါနဲ့မတင်ကြည်က ညကိုအောင်လှပြန်လာပြီးအိပ်ပျော်သွားတိုင်း သူ့အိတ်ထဲကအရုပ်ကလေးကိုတိတ်တဆိတ်ယူပြီး

ဘုရားစင်နားမှာကိုင်ပြီး စက်ကြီးတစ်ဆယ့်သုံးပါးကို တွင်တွင်ရွတ်တော့တာပဲ ရွတ်ဖတ်ပြီးတော့မှ သူလဲအိပ်ယာ၀င် တစ်ရက်ဖြစ်ချင်တော့ ညကြီးမတင်ကြည် အလေးသွားချင်လို့ ကိုအောင်လှကလဲနှိုးမရ အဲဒါနဲ့ပဲထသွားရတာပေါ့ ဘယ်လိုမှအောင့်လို့ကလဲမရတော့ စိတ်ထဲကတော့သိနေတယ် ဟိုမိန်းမတော့ နှောင့်ယှက်မှာပဲဆိုတာ ဒါနဲ့ဘုရားစာကိုပဲရွတ်ပြီး အိမ်သာကိုထွက်လာတာပေါ့ ဧရာ၀တီတိုင်းတောဆိုတော့လဲ အိမ်သာက အိမ်နဲ့တွဲလျှက်မရှိဘူးလေ ဟိုးအိမ်အနောက်ဖက်ကို ထုတ်ထားကြတာ မတင်ကြည်လဲ အိမ်သာနားရောက်တံခါးကိုဖွင့်လိုက်တာ….. လန့်ပြီးတော့အော်လိုက်ပေမယ့် အသံကထွက်မလာဘူး အဲမီးနေသည်မကြီး ဆံပင်ကြီးဖားလားချပြီး အိမ်သာထဲထိုင်ပြီး သူ့ကိုကြည့်နေတာစိမ်းစိမ်းကြီး မတင်ကြည်လဲကြောက်ကြေက်လန့်လန့်နဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတုန်း အဲမီးနေသည်မကထလာတာ မတင်ကြည်လဲကြောက်ကလဲကြောက်နောက်ပြန်ပြီးလှည့်ပြေးဖို့တောင် အားမရှိဘူး နောက်ဆုတ်နောက်ဆုတ်နဲ့မီးနေသည်မကလဲ မျက်နှာကြီးဝါထိန်ပြီး မျက်တွင်းဟောက်ပက်နဲ့ သူ့နားကိုတဖြည်းဖြည်းတိုးလာတာ မတင်ကြည်ဖြတ်ကနဲ ဘုရားကိုသတိရသွားတော့မှ စက်ကြီးတစ်ဆယ့်သုံးပါးကို စိတ်ထဲကနေရွတ်လိုက်တော့

အဲမီးနေသည်မကြီးရှေ့ကနေပျောက်သွားတာ ကြောက်စိတ်ကော ဘာကောနဲ့ အိမ်သာတက်ချင်စိတ်တောင်မရှိပဲ အိမ်ထဲလှည့်ပြန်အ၀င် ဟိုဘက်အိမ်ဘက်ကို ကြည့်လိုက်တော့ သစ်ပင်ခြေရင်းမှာ အဲမီးနေသည်မက သူ့ကိုကြည့်ပြီး တတွတ်တွတ်နဲ့ဘာတွေရွတ်နေမှန်းမသိဘူး အဲဒါနဲ့မတင်ကြည်လဲအိမ်ထဲကိုခပ်သုတ်သုတ်ပဲ၀င်ပြီး ပြန်အိပ်နေလိုက်တယ် မနက်လင်းတော့ ဆွမ်းချိုင့်ပို့ရင်း ရွာဦးကျောင်းကိုသွားပြီး ဆရာတော်ကို အဖြစ်အပျက်အကုန်ကို လျှောက်ထားပြီး ကူညီဖို့တောင်းပန်ရတာပေါ့ ဆရာတော်ကလဲ….. “အေးအေး…အဲဒါဆိုနက်ဖြန်ခါ အောင်လှကို ငါခေါ်တယ်လို့ပြောပြီးလွှတ်လိုက်” “တင့်ပါ့ဘုရား” မတင်ကြည်လဲပြောပြီး ဘုန်းကြီးကျောင်းကနေ အိမ်ကိုပြန်လာလိုက်တယ် ညကျတော့ ထုံးစံအတိုင်း ကိုအောင်လှပြန်လာတော့ ဆရာတော်ခေါ်တဲ့အကြောင်းပြောပြလိုက်ပြီး ဆက်ဆက်လာဖို့မှာလိုက်တယ်ဆိုတာပြောပြီး စောစောအိပ်ယာ၀င်လိုက်တယ်…. ကိုအောင်လှလဲဆရာတော်ခေါ်တယ်ဆိုတော့ မသွားလို့လဲမရ ရွာမှာက ဆရာတော်ကိုပဲ အကုန်လုံးက ရိုသေပြီး ကြောက်ရတာဆိုတော့ ဆရာတော့်ကျောင်းကိုထွက်လာခဲ့လိုက်တယ် ကျောင်းကိုရောက်တော့ ဆရာတော်ကို ဦးတိုက်ပြီးလျှောက်တင်တာပေါ့….

“အရှင်ဘုရား တပည့်တော်ကိုခေါ်တယ်ဆိုလို့ပါဘုရား” “အေး…ဒကာအောင်လှ မင့်ဆီမှာ မိန်းမအရုပ်တစ်ရုပ်ရှိတယ်ဆို ဆရာတော့ကိုပေးစမ်း” “မရှိပါဘူးဘုရား…” လိမ်လိုက်ပေမယ့် စိတ်ထဲကတောသိတယ် ဒါမတင်ကြည်လာပြောသွားပြီဆိုတာ… “ဟဲ့အောင်လှ ငါ့လာလိမ်နေသေးတယ် ပေးစမ်းအဲဒီအရုပ်” ဆရာတော်ကို ကြောက်လဲကြောက်ရတော့ နောက်ဆုံး ကိုအောင်လှထုတ်ပေးလိုက်ရတယ် တစ်ဆက်တည်း ဆရာတော်က ကပ္ပိယကြီးကို လှမ်းခေါ်ပြီး ငရုတ်ဆုံနဲ့ကျည်ပွေ့ယူခိုင်းလိုက်တယ် “ကပ္ပိယကြီး အဲအရုပ်ကို ငရုတ်ဆုံထဲထဲ့ပြီး အမှုန့်ဖြစ်သွားအောင်ထောင်းပစ်လိုက်စမ်း” ကပ္ပိယကြီးကလဲ ဘုန်းကြီးခိုင်းတဲ့အတိုင်းပဲ အမှုန့်ဖြစ်သွားအောင်ထောင်းပြီးတော့မှ….. “ပြီးပါပြီဘုရား” “အေး…အဲဒါဆို သွား…အဲအမှုန့်တွေ မြစ်ထဲသွားလွှင့်ပစ်လိုက်” ဘုန်းဘုန်းစကားလဲဆုံးကော ကပ္ပိယကြီးလဲထွက်သွားတော့တယ်… “အောင်လှ နင်လုပ်နေတာတွေ ငါသိတယ်နော် သရဲတစ္ဆေဆိုတာ လူနဲ့ ပတ်သက်လို့မကောင်းတဲ့အရာပဲကွ နောင်ဖြစ်လာမှာက မင်းမိသားစုကို ဒုက္ခပေးလာတော့မယ် နောင်…မင်းကိုပါ အခန့်မသင့်ရင် ဒုက္ခပေးတော့မယ် အဲတော့မင်းမဖြစ်သင့်တာ မဖြစ်အောင်ငါကတားမြစ်ပေးတာ ကဲသွားတော့မင်းအလုပ်ရှိတယ်မလား”

“တင့်ပါ့ဘုရား..” ဘုန်းဘုန်းကို ဦးတိုက်ပြီး ကိုအောင်လှတစ်ယောက် အလုပ်သွားပြီး ပုံမှန်အတိုင်း ညကျတော့ အိမ်ပြန်ခဲ့တာပေါ့ သူတို့ အိမ်မရောက်ခင် လမ်းထဲမှာ သူ့နောက်က အမြဲရှိနေတဲ့ မိန်းမကို သွားတွေ့တာပေါ့ ဒီတစ်ခါတော့ သူ့ကို ကြည့်နေတာ အရင်လိုမဟုတ်တော့ဘူး နာကျည်းမုန်းတီးတဲ့ပုံစံ အပြင်အသွင်အပြင်က တော်တော်လေးကို ကြောက်ဖို့ကောင်းတယ် ကိုအောင်လှလဲ မြင်တော့မြင်ပေမယ့် မသိသလိုပဲ ကိုယ့်လမ်းက ိုဆက်လျှောက်လာခဲ့တယ် အဲမိန်းမရပ်နေတဲ့ နေရာကိုကျော်သွားပြီး လျှောက်လာရင်း နောက်ကျောတော့သိပ်မလုံဘူး အေးတိအေးစက်ဖြစ်နေတုန်း အသံနက်ကြီးနဲ့ လှမ်းအော်လိုက်တာ…. “နင့်ကိုငါလက်စားချေမယ်”

ကိုအောင်လှ တစ်ချိုးတည်းသုတ်ချေတင်ပြီး အိမ်ကိုအမြန်ပြန်ပြေးခဲ့တာပေါ့ ဒီလိုနဲ့ ဒီကိစ္စတွေဖြစ်ပြီး လအနည်းငယ်ကြာ အကုန်လုံးလဲ မေ့မေ့ပျောက်ပျောက်ဖြစ်တဲ့အချိန်မှာ ကိုအောင်လှ မတော်တဆသံဆူးမိတယ် ဘာမှမဖြစ်လောက်ဘူးဆိုပြီးတော့ ဓလေ့အတိုင်း ဖန်ရေဆေး ဆေးထည့်ဒီလောက်ပဲနေခဲ့တာ နောက်ဆုံး အဲဒီဒဏ်ရာလေးနဲ့ပဲ အသက်ပါပေးသွားခဲ့ရတာပေါ့ ကျွန်တော်ပြောချင်တာကတော့ ကိုယ်နဲ့လောကချင်းမတူတဲ့ သူတွေနဲ့ မပတ်သက်မိစေဖို့ပါပဲ ဒါတကယ့်အဖြစ်အပျက်လေးပါ ကျွန်တော့်အဘိုးပါ သေသွားတာက ကျွန်တော့်အဖေ ခြောက်တန်းနှစ်မှာပေါ့ အဘိုးဆုံးသွားတာ နောက်ပြီးတော့ တစ်ခုထူးခြားတာကတော့ စက်ကြိးတစ်ဆယ့်သုံးပါးဂါထာရဲ့အစွမ်းပါပဲ… ကျွန်တော်ကိုယ်တိုင်လဲခုချိန်ထိယုံယုံကြည်ကြည်ရွတ်ဖတ်နေဆဲပါပဲ…အဘွားသင်ပေးခဲ့တာပါ… ပြီး မူရင်းရေးသားသူအား Credit ပေးပါသည်

Leave a Reply

Your email address will not be published. Required fields are marked *