မယားငယ်(စ/ဆုံး)

မယားငယ်(စ/ဆုံး)

“မေမေ…နီ..နဲ့ကိုကို့..ရဲ့ချစ်ခြင်းကိုမခွဲပါနဲ့” “သမီးရယ်…အောင်ကိုကိုက…မိန်းမရှိတာ.. သမီးသိရယ့်သားနဲ့.. လိမ္မာစမ်းပါသမီးရယ်” သမီးဖြစ်သူ ပန်းနီနီ ကို..အမေလုပ်သူက..မိန်းမ ရှိသူ..အောင်ကိုကိုအား..လမ်းခွဲရန်…တိုက်တွန်းနေတယ် “ခက်တော့တာ..ပဲသမီးရယ်…သမီး..အောင်ကိုကိုနဲ့..လက်ထပ်ရင်…ပတ်ဝန်းကျင်က ..ဝိုင်းပြီး.. မေးငေါ့မှာပေါ့…” “မသိဘူး.. မသိဘူး. သူတို့ဘာသာ..မေးငေါ့ချင်ငေါ့..မငေါ့ချင်နေ..နီ.ဂရုမစိုက်ဘူး ” ပန်းနီနီ က..ဆောင့်ကြီးအောင့်ကြီးနဲ့..သူ၏အခန်းတံခါးကို..ဆွဲပိတ်လိုက်သည်။ ခဏကြာတော့…သူမတို့အိမ်ရှေ့ကို..ကားအနက်ကြီး..တစီး..ရောက်လာပြီး….ကားထဲမှ…အသက်..၃၀..ကျော်အရွယ်…အမျိုးသမီး တစ်ယောက်ရယ်…အသက်၅၀.ကျော်အန်တီကြီး..တယောက် ရယ်ဆင်းလာတယ် ဒေါ်ပြုံးဝေဝေ က…”အမ..တို့က..ဘယ်သူတွေလဲဟင်… ..အထဲကိုဝင်ပါဉီး.” ထိုမိန်းမကြီးကအိမ်ထဲကိုဝင်လာရင်း “ငါနာမည်က….အောင်သဇင်…အောင်ကိုကို..အမေ..ငါ့..သားရဲ့မိန်းမ..အလိမ္မာ….နင့်သမီး..ကိုခေါ်ပေး” “ဟင်….​သမီးရေ….ပန်းနီနီ.. ခဏလာပါဉီးကွယ်” ပန်းနီနီ က..ဆူဆူအောင့်အောင့်ဖြင့်အခန်းထဲက…ထွက်လာပြီး.. “ဘာလဲပြော” “..အောင်ကိုကို..ရဲ့..အမေနဲ့..သူရဲ့.အမျိုးသမီး ရောက်နေတယ်” ပန်းနီနီ.. အိမ်ရှေ့ဧည့်ခန်းကိုထွက်လာပြီး

]“အော်….ကိုကို့..အမေနဲ့ကိုကို့မိန်းမပဲ..တွေ့ရတာ..ဝမ်းသာပါတယ် ” အလိမ္မာက. “တို့..စကားတွေ..အများကြီး မပြောချင်ဘူး.. မင်း…မောင်နဲ့လမ်းခွဲပေး…မင်းလိုချင်သလောက်..ပိုက်ဆံငါပေးမယ်” “နီ့.ကိုကိုနဲ့….တွဲတာ…ပိုက်ဆံမက်လို့မဟုတ်ဘူး….အမှန်တကယ်ဆို…ကလေးမမွေးပေးနိုင်တယ့်…အမကကွာရှင်းပေးရမှာ..” အလိမ္မာ…ဒေါသတကြီးနဲ့ “ဘာ…..နင်ဘာပြောလိုက်တယ်” ပန်းနီနီ က..ခနဲ့သလိုပြုံးပြီး ကြားတဲ့..အတိုင်းပဲ ပြောတာ..ဘယ်လိုပဲဖြစ်ဖြစ်.. ကျမက.ကိုကို့..ကို..သားသမီးရတနာမွေးပေးနိုင်သေးတယ်…ရှင့်လို..အမြုံမ.မဟုတ်ဘူး ” “ဒေါ်ပြုံးဝေဝေက… “သမီး.. အဲ့လို မပြောရဘူးလေ” “အမေ..ဝင်မပါစမ်းပါနဲ့” “ဒီမှာ…ရှင်းရှင်းပဲ ပြောမယ်…ကိုကိုနဲ့..ကျမရဲ့..ချစ်ခြင်းကို မခွဲပါနဲ့” အလိမ္မာ..ပန်းနီနီ ရဲ့..ပါးကို..ရိုက်ဖို့.. ဟန်ပြင်လိုက်ပြီး….ရုတ်တရက်.. ဒေါ်အောင်သဇင်က… “သမီး…..သူ့လို…မယားငယ် ကို..သမီးလက်နဲ့..မရိုက်နဲ့…သနတယ်..” အလိမ္မာ..ဒေါသကို.ထိန်းချုပ်လိုက်ပြီး “တို့..နောက်ဆုံးပြောမယ်… မင်း..မောင်နဲ့…ထပ်မပတ်သက်နဲ့…ငါ့စကားကို..နားမထောင်ရင်..အဟက်…နင့်ကို..လင်ခိုးမှု..နဲ့..ထောင်ချပြစ်မယ်..နားလည်လား.ေတာက်” အလိမ္မာ…​တောစ်က်ခေါက်ကာ….ပန်းနီနီ ရဲ့အိမ်..ထဲကာနေထွက်လာရင်း.. ကားပေါ်ရောက်တော့..မျက်လုံးအိမ်ထဲက..မျက်ရေတွေကို…ဘယ်လိုမှထိန်းလို့…မရပဲ…သူမမသိပဲမျက်ရေတွေက..သူ့အလိုလို ကျလာတော့သည်

ကားပေါ်တက်လာသော..ဒေါ်အောင်သဇင်က “သမီးရယ်..မငိုစမ်းပါနဲ့..သူ့လို..မယားငယ် အတွက်နဲ့.. သမီး..ငိုစရာမလိုဘူး..” အလိမ္မာ..မျက်ရေတွေကိုသုတ်ရင်း “သမီး…ပန်းနီနီ ကြောင့်ငို..တာမဟုတ်ပါဘူး…မောင့်အတွက်..သမီးရင်သွေးလေး..မမွေးပေးနိုင်လို့ပါ..” “ဒီမှာ…သမီး…သမီး..ကိုယ်ဝန်မဆောင်နိုင်တာပဲ..ဖြစ်ဖြစ်..ဆောင်နိုင်တာပဲ..ဖြစ်ဖြစ်… သမီးက..မယားကြီးပဲ.အမေကသမီးကိုပဲ..ချွေးမအဖြစ်သတ်မှတ်မှာ……ပန်းနီနီ တို့လို..မယားငယ်တွေက..အဲ့ဒီအတိုင်းပဲ… သူများပိုင်ဆိုင်တဲ့..အရာကိုမှ..လုယူချင်တာ…သမီး ဘာမှ..စိတ်ထဲမထားနဲ့…မငိုနဲ့တော့နော်.. တိတ်” “ဟုတ်…အမေ” ################################### ကန်တော်ကြီး ပန်းခြံ “ကိုကို…ဘယ်လိုလုပ်ကျမလဲ…ကိုကို့မိန်းမက…နီ..အိမ်ကိုလာပြီး…ချိန်းခြောက်သွားတယ်…” “ဟုတ်လား…ဘယ်တုံးကလဲ” ပန်းနီနီ က…အောင်ကိုကို့..ရင်ခွင်ထဲသို့တိုးဝင်ကာ “မနေ့က..” “ထားလိုက်စမ်းပါကွာ…ဒါနဲ့…နီကိုကို့.ဆန္ဒ ကိုဖြည့်စည်းပေးမယ်ဆို..” “ဟာ..ကိုကို..ကလည်းကွာ” “လုပ်ပါကွာ..နီကလည်း..” “အင်း” “နီက..အရမ်းလိမ္မာတာပဲ ”

################################### ချယ်ရီ..ဟိုတယ် ထိုဟိုတယ်..ထဲသို့…ပန်းနီနီ နဲ့အောင်ကိုကိုတို့..နှစ်ယောက်လက်တွဲကာ..ဝင်သွားနေတာကို..တွေ့လိုက်သော….အောင်ကိုကိုတို့..ရပ်ကွက်ထဲမှ..အဒေါ်ကြီး…ထိုအဒေါ်ကြီးက…တက်စီ ကို…အတင်းရပ်ခိုင်းကာ “ဟယ့်…ခဏရပ်အုံး” ထိုအဒေါ်ကြီးက သေချာကြည့်ကာ “ဟုတ်ပါတယ်… အောင်ကိုကိုပဲ” “ရပြီ ရပြီ မောင်းတော့” #########################$######### “ငါသေချာ..တွေ့ခဲ့တာ….အလိမ္မာရဲ့…” “ဟုတ်ကော..ဟုတ်ရဲ့လား…မမတင်ရယ်” အလိမ္မာက..ဘူး..ခံပြီးငြင်းရသည် “ဟုတ်ပါတယ်..ဟယ်…ကျုပ်မျက်လုံးနဲ့.. သေချာတွေ့ခဲ့တာ….ဧကန္တ ညည်းယောက်ျားဖောက်ပြန်နေပြီ…ထင်တယ်” “မဟုတ်လောက်ပါဘူး.. မမတင်ရယ်” အလိမ္မာကတော့…မဟုတ်ဘူးတာ…အတင်းငြင်းနေသည်…ဒီကိစ္စက.. မိန်းမတွေအကြောက်ရဆုံးကိစ္စ..မဟုတ်လား “ကဲ. မဟုတ်ရင်လဲ…ပြီးရော…ငါက..လာသတိပေးတာ…ငါပြန်တော့မယ် ” “ကောင်းကောင်းပြန်နော်.” “အေးအေး” ဘုရားခန်းထဲမှ…ဒေါ် အောင်သဇင်က “မတင်…ဘာတွေလာပြောသွားတာလဲ..သမီး” “မောင့်ကို…ပန်းနီနီ နဲ့..ဟိုတယ်မှာတွေ့တယ့်….အကြောင်းလာပြောတာ” “ဟူးခက်ရခြည်သေး….ဒီကိစ္စသာတရပ်ကွက်လုံး…သိသွားရင်..မကောင်းဘူး…… မတင်က..နဂိုထဲက ပါစပ်က အငြိမ်နေတာမဟုတ်ဘူး” အလိမ္မာ..သက်ပြင်းမျှင်မျှင်လေးချကာ “သမီးလည်း..အဲ့ဒါကို…စိတ်ပူနေတာ ”

################################### မယားငယ် အပိုင်း၂ “ဝေါ့….” ပန်းနီနီ အိမ်ရှေ့မှာ..နေရင်း.ရုတ်တရက်.. ပျို့အန်လာပြီး..အိမ်သာထဲ အတင်းပြေးက…ဘေဇင်ထဲ…ခေါင်းစိုက်ကာ ထိုးအန်တော့သည် “ဟယ့်..သမီး..ပန်းနီနီ… ဘာတွေ..အစားမှားလို့…အန်နေတာလည်း” ပန်းနီနီ က “ဘာမှမဖြစ်ဘူးအမေ..ဘာမှမဖြစ်ဘူး” ပန်းနီနီ စိတ်ထဲတွင်….”ဟိုဟာ..မလာတာ…နှစ်လ…ကျော်နေပြီ….ဘယ်လိုပဲဖြစ်ဖြစ်… စစ်ကြည့်လိုက်တာကောင်းမယ်” ################################# ဒေါ်ပြုံးဝေဝေ..သမီးပန်းနီနီရဲ့..အခန်းကိုရှင်းပေးရင်း…ပန်းနီနီ ရဲ့..အင်္ကျီ တထည်ထဲမှ…ဆီးစစ်တံကို..တွေ့လိုက်ရာ “ပန်းနီနီ… သမီး..ဒီကိုလာအုံး.” “ဘာလဲပြော” ဒေါ်ပြုံးဝေဝေ ဆီးစစ်တံကို ထောင်ပြပြီး “ဒါဘာလဲ…” ပန်းနီနီ ကြောက်လန့်စွာဖြင့်..ဆီးစစ်တံကို လှမ်းယူကာ… “အမေ့ဘာလို့…သူများအခန်းကို..ဘာဝင်လုပ်တာလဲ…နီ့ .အခန်းကို..မဝင်ပါနဲ့….နီမကြိုက်ဘူး” ပန်းနီနီ စကားလမ်းကြောင်း လွဲလိုက်ပြီး “ငါ…မေးတာကိုသာ..ဖြေစမ်းပါ ….ပန်းနီနီ.. ဒါဘာလဲလို့” “အဲ့တာ….ဟိုဟာမလာလို့..စစ်လိုက်တာ” ဒေါ်ပြုံးဝေဝေ က.. “ဒါ…အောင်ကိုကို နဲ့..ရတဲ့..ကိုယ်ဝန် လား” “ဟုတ်..တယ်…ဟုတ်တယ်…အဲ့တာ..ဘာဖြစ်လဲ ” ဒေါ်ပြုံးဝေဝေ.. သမီးဖြစ်သူ…ပန်းနီနီ လက်ကိုကိုင်ကာ..”..လိမ်မာစမ်းပါသမီးရယ်” “ဟိုတလောက.. ပဲ..အောင်ကိုကို့မိန်းမ..နဲ့အမေ…အောင်ကိုကို နဲ့…မပတ်သတ်.ဖို့လာပြောသွားတယ်လေ” “မသိဘူးကွာ…မသိဘူး…အိမ်မှာနေရတာ…နားကိုငြီးတယ်..” ထိုသို့ပြောကာ…အိမ်ထဲကနေ..ထွက်လာတော့ပြီး…ဖုန်းကိုကောက်ကိုင်ကာ…”.ဟလို…ကိုကို….နီပြောစရာ…ရှိတယ်..တွေ့နေကျ နေရာကိုလာခဲ့” #############.####################

လမင်းသာ..စားသောက်ဆိုင် ပန်းနီနီ.. လွတ်နေသည့်…စားပွဲ…တခုမှာ…ဝင်ထိုင်လိုက်သည် ခဏကြာတော့.. အောင်ကိုကို နီ..ရှိတယ့်..စားပွဲခုံမှာ…ဝင်ထိုင်ရင်း “ဘာလဲ..နီ..ပြောစရာရှိတယ်ဆို..ပြောလေ” နီ.က “အဲ့တာ…နောက်မှပြောရမယ်….တခုခု မှာ..ရအောင်…နီ.ဗိုက်ဆာနေပြီ” အောင်ကိုကိုက…ပြုံးဖြီးဖြီနှင့်… “ဟုတ်သားပဲ…..” အောင်ကိုကို.. စားပွဲထိုးကို…လက်ပြကာ…လှမ်းခေါ်လိုက်ရင်း “ညီလေးရေ…” စားပွဲထိုးက…ဖော်ရွှေစွာဖြင့် “ဘာများ…သုံးဆောင်မလဲ…ဗျ” “အကို့ကို…ကိုလာ…တခွက်နဲ့…ကြက်ကြော်..တပွဲ….နီလည်း…..မှာလေ” “နီကို…chicken bakar..တလုံး..အဲ့တာပဲ” “ဟုတ်ကဲ့ပါဗျ” စားပွဲထိုး…ထွက်သွား ချိန်တွင်..ပန်းနီနီက “ကိုကို…ဟိုလေ…နီ့မှာ…ကိုကိုနဲ့ ရတယ့်…ကိုယ်ဝန် ရှိနေပြီ” အောင်ကိုကို အံသြကာ “ဘာ…ဘယ်လိုပြောလိုက်တယ်…. နီ့မှာ….ကိုယ်နဲ့…ရတယ့်..ကိုယ်ဝန်ရှိနေပြီ…ဟုတ်လား….ဝမ်းသာလိုက်တာ ” “ဟုတ်တယ်…အဲ့တာ…ကိုကို့မိန်းမနဲ့…ဘယ်တော့ကွာရှင်းပေးမှာလဲ” အောင်ကိုကို ခေါင်းကုတ်ကာ “အဲ့တာက…ဟိုလေ” ပန်းနီနီ.. ဒေါသတကြီးနဲ့. စားပွဲခုံကို…ထုပြီး “ဘာလဲ….ကိုကိုက….မအလိမ္မာနဲ့…မကွာပေးနိုင်ဘူးလား” “မဟုတ်ပါဘူး….နီရယ်….ကိုယ့်အမေရဲ့…ကုမ္မဏီက…. အလိမ္မာ အဖေရဲ့…ရှယ်ယာ တွေ…၃ပုံ၂ပုံ….တောင်ပိုင်တာ…ကိုက…အလိမ္မာ နဲ့…ချက်ချင်းကွာရှင်းလိုက်ရင်….ကိုတို့.ကုမ္ပဏီ.. ဆက်ပြီးတည်ထောင်လို့မရတော့…ဘူး….အဲ့တာကြောင့်မို့လို့.. နီ…ခဏလောက် တော့…သည်းခံ ပေးပါနော်” “မသိဘူးကွာ…. မသိဘူး.. ကိုကို..မိန်းမနဲ့…မကွာပေးရင်…နီ့ကို…မချစ်လို့ပဲ” အောင်ကိုကို.. ပန်းနီနီ ရဲ့လက်ကလေးကို….ဆွဲကိုင်ကာ…. “နီ. ..ကလည်း…ကိုယ်က..မကွာပေးဘူးလို့ပြောတာမှ…မဟုတ်တာ… နီ…ကိုခဏလေးပဲ..စောင့်ခိုင်းတာ” သူတို့နှစ်ယောက် ပြောနေရင်းကပဲ…ဆိုင်ကစားပွဲထိုးရောက်လာပြီး….”ဒီမှာ….အကိုတို့မှာ…ထားတယ့်….ဟာတွေပါ…”ပြော…ပြီး…သူတို့ရှေ့ကို…မုန့်တွေ..လာချပေးပြီး…ထွက်ခွာသွားလေသည် အောင်ကိုကို….ပန်းနီနီ ကိုချော့ပြီး “ကဲ..နီ..စိတ်ကောက်မနေနဲ့တော့….ကိုကို….အလိမ္မာ နဲ့…ကွာရှင်းပေးမယ်…ဟုတ်ပြီလား…..နီမှာ..ထားတယ့်…မုန့်တွေ….အေးတော့မယ်…မြန်မြန်စား” ထိုမှ…ပန်းနီနီ က…ပြုံးရယ်ကာ… “ကိုကို…တကယ်ပြောတာနော်” “တကယ်ပေါ့ကွ” “ရေး…ဒါမှ..ဒို့ကိုကိုကွ”

################################### မယားငယ် အပိုင်း၃ ဒေါ်ပြုံးဝေဝေ.. ဟင်းချက်ဖို့အတွက်.. ကြက်သွန်နီ ခြင်းကိုကြည့်လိုက်ရာ “ဟောတော့..ကြက်သွန်တောင်…ကုန်နေပြီ” ထိုသို့ရေရွတ်ရင်း..အိမ်ရှေ့မှာ…tvကြည့်နေသော…ပန်းနီနီ ကို…လှမ်းခေါ်လိုက်ကာ “သမီး…ပန်းနီနီ.. အမေ့ကို…ဒေါ်ထွေး တို့အိမ်မှာ….ကြက်သွန်နီ.. ၁၀.သားလောက်…သွားဝယ်ပေးပါဉီး” ပန်းနီနီ…. အိမ်နောက် ထေးသို့ထွက်လာကာ “အင်းအင်း…သွားဝယ်ပေးမယ်….ပေးပိုက်ဆံ” ဒေါ်ပြုံးဝေဝေ.. ခါးကြားထဲမှ.ပိုက်ဆံ..၁ထောင်ကို..ထုတ်ပေးပြီ “သမီး ..မြန်မြန်သွားပြီး..မြန်မြန်ပြန်လာ နော်” ပန်းနီနီ က “အင်းပါ” ထိုသို့ပြောကာ.. လမ်းထိပ်က… ဒေါ်ထွေး..ကုန်စုံဆိုင် ကို…ထွက်လာ…တော့တယ် “အန်တီ ထွေး…နီ့..ကို..ကြက်သွန်နီ ၁ဝ..သားလောက်” ဒေါ်ထွေး..လျှင်မျန်စွာ… ကြက်သွန်နီ…ကို…ချိန်ခွင်ထဲသို့..ထည့်လိုက်ပြီး “အန်တီ ထွေး..ဘယ်လောက်လဲ ” . “၈ရာ…. သမီး” ပန်းနီနီ.. လက်ထဲမှ..ပိုက်ဆံ၁ထောင်ဒေါ်ထွေးကိုပေးလိုက်ကာ..ဘေးမှ.နေကြာစေ့ ထုတ်ကိုဆွဲဖြုတ်…လိုက်ပြီး “အန်တီ ထွေး…နေကြာစေ့..ဘယ်လောက်လဲ ” ဒေါ်ထွေးက “၂ရာ…သမီး” ထိုစဉ်…နီ..တို့ရပ်ကွက်ထဲမှ…ဒေါ်ကြူ…မုန့်ဆိုင်ကိုရောက်လာကာ… “မထွေးရေ…ကျမကို…ဆီ…တဆယ်သားပေး” ဒေါ်ကြူ…ပန်းနီနီ ကို…မြင်သွားကာ… “သမီး…ပန်းနီနီ.. စျေးလာဝယ်တာလား” . ပန်းနီနီ “ဟုတ်…”. ပန်းနီနီ ထိုသို့ပြောကာ… ဆိုင်ထဲမှ…ထွက်လာသည်…ပန်းနီနီ ထွင်သွားပြီးနောက်…ဒေါ်ကြူက “အဲ့..ကလေးမပေါ့…သူများလင်ကို….သွားခိုးတာ” ဒေါ်ထွေးက “ဟုတ်ရဲ့လား… မကြူရယ်…” “ဟယ်…ဟုတ်တာမှ….ဟုတ်ဟုတ်ဟုတ် တောင်မြည်သေးတယ်…..ဟိုတလောကပဲ… မယားကြီးတောင်သူ့အိမ်ကို…လာသွားသေးတယ်” “ဟယ်….မထင်ရဘူးနော်…ရုပ်ရည်လေးသနားကမားနဲ့” “မထင်နဲ့…မထွေးရေ….မယားငယ်တွေက….ရုပ်ကြည့်လိုက်ရင်…မခုတ်တက်တယ့်…ကြောင်လိုပဲ” ဒေါ်ထွေး…လက်ထဲက..ဆီဘူးကို..လှမ်းပေးကာ “ရော့….မကြူ”

################################### ပန်းနီနီ ကုတင်ပေါ်တွင်…လဲကာ..စာအုပ်…ဖတ်နေရင်း…..ဘေးမှာ…ရှိတယ့်…ဟန်းဖုန်းကလေးက….ထမြည်လာသည်..ကြည့်လိုက်တော့…. အောင်ကိုကို့..ဖုန်းနံပါတ် “ဟယ်လို….ကိုကို…” တဖက်က… “ဟယ်လို…နီ…ဘာလုပ်နေလဲ ” ပန်းနီနီ.. အသံကို…ခြွဲပြစ်နေအောင်ပြောကာ “ဘာမှမလုပ်ပါဘူး..ကိုကို..လာမခေါ်တော့ ..ပျင်းလွန်းလို့ သေတော့မယ် ” အောင်ကိုကို…ရယ်ကာ “နီ….. ကိုကို့ကို….ချစ်လား” “ဘယ်လို”ပြောလိုက်တာလဲ…ချစ်တာပေါ့..” အောက်ကိုကို “တကယ်လို့…..နီ..ကိုပိုနဲ့…အတူတူနေရမယ်ဆိုရင်…ကော…ပျော်မှာလား” “ပျော်မှာပေါ့ ” ……. “အဲ့တာဆို.နီ..ကိုကို…ချိန်းထားတယ့်နေရာကိုလာ…..ကိုကို..မတ်ဆေ့ပို့…လိုက်မယ်” ######################$$############# ပန်းနီနီ… အခန်းထဲမှ.. ထွက်လာကာ.. “အမေ..သမီး..အပြင်သွားဦးမယ် ” စက်ချုပ်ခုံမှ…ဒေါ်ပြုံးဝေဝေ က… “သမီး…မြန်မြန်သွားနော်….နောက်မကျစေနဲ့” ပန်းနီနီက “အင်းပါ” ################################### .ခုံတန်းလေး…ပေါ်မှာ…ထိုက်နေသော…အောင်ကိုကို့ဆီ…နီ..တလှမ်းချင်းလှမ်းလာကာ….ခုံလေးပေါ်..ထိုက်လိုက်ရင်း” “ဘာလဲ…ကိုကို…နီကို…ပြောစရာရှိတယ် ဆို” အောင်ကိုကို သက်ပြင်းချကာ “နီ…ကိုကိုခေါ်တဲ့…နောက်ကို…လိုက်ရဲလား ” ပန်းနီနီ ပြုံးရယ်ကာ “ကိုကို…ကလည်း…နီ..ဘဝကိုတောင်…ကိုကို့ကို…ပေးလိုက်ပြီပဲ…ကိုကို့..နောက်ကို…နီ..လိုက်ရဲ..တာပေါ့” “အလိမ္မာက.. ကိုကိုနဲ့…ကွာမရှင်းပေးဘူး” ပန်းနီနီ လန့်ဖြန့်သွားကာ “ဘာ..” အောင်ကိုကို…ပန်းနီနီ ပုခုံးလေးကိုကိုင်ကာ “နီရယ်…..စိတ်မပျက်ပါနဲ့…. အလိမ္မာ ကို..ပ.ထုတ်လို့ရမယ်နည်း…ကိုကို့မှာ…ရှိတယ်..” ပန်းနီနီ က “ပြောပါဉီး” “နီ…ကလေး..မွေးပြီးတဲ့…အထိ…မှော်ဘီမှာ…ရှိတယ့်…ကိုကို့အိမ်မှာ…နေ…နောက်မှ.ကိုတို့…ကလေးကိုအလိမ္မာကိုပြပြီး..အလိမ္မာ့ကို….ကလေးမမွေး..ပေးနိုင်လို့…ဆိုပြီး….အတင်းကွာရှင်းခိုင်းမယ်” “ဝါး….ကိုကို..ကတော်လိုက်တာ” ############################# မယားငယ်.အပိုင်း.၄ ရှယ်ကြမ်းမှာနော်😁😁😇😇 ဒေါ်ပြုံးဝေဝေ…. ထိုင်ခုံပေါ်မှာ…ထိုင်ရမလိုလို..ထရမလိုလို..ပြာယာခတ်နေသည်…. နာရီ.ကိုကြည့်တော့လည်း..၁၀နာရီ..ထိုးနေပြီ…သူမ၏..သမီး..ပန်းနီနီ… ဒီလောက်အိမ်ပြန်နောက်မကျ..တက်…အခုတော်တော်…ညနက်တဲ့ထိ ပြန်မလာသေး…ဒေါ်ပြုံး…သက်ပြင်း..အရှည်ကြီး ချလိုက်လေသည် “ဟူးးးးးးး”….”မဖြစ်သေးပါဘူး လေ” ဆိုပြီး…ဘုရာစင်ပေါ်က…ဖုန်းကို..ယူကာ သူ၏ဖုန်း.contacas..ထဲက…သမီးလေး..ဆိုပြီး..မှတ်ထားတဲ့…ပန်းနီနီ. ၏..ဖုန်းကိုခေါ်လိုက်သည်..သူ.ဘယ်လောက်ခေါ်ခေါ်… ဖုန်းက “လူကြီးမင်းခေါ်..ဆိုသော..တယ်လီဖုန်းမှာ…စက်ပိတ်ထားပါသည်ရှင်..Sorry.The#####” ဟုသာ..အသံထွက်နေသည်။

################################### ပန်းနီနီ.. ကားမှန်ပေါ်ခေါင်းလေး.မှီနေရင်းအောင်ကိုကို…စကားသံကြောင့်.လန့်သွားသည်။ “နီ..ကြောက်နေလား” ပန်းနီနီ ပြုံးပြီး…အောင်ကိုကို ကိုကြည့်ကာ “မကြောက်ပါဘူး…..ကိုယ်ချစ်တဲ့သူနဲ့ အတူနေရတော့မှာ..ပျော်တာပေါ့” အောင်ကိုကို..ပန်းနီနီ လက်ကလေးကို…ကိုင်ပြီး… “ကိုလေ…နီ့.ကိုအရမ်းချစ်တာပဲ..သိလား..နီနဲ့.ကိုကို..သာဝေးရရင်လေ…ကိုယ်..သေများသေသွားမလာမသိဘူး” ပန်းနီနီ အောင်ကိုကို…ပုခုံးကို..လက်ဖြင့်ဖွဖွလေးထုပြီး “သွား…လူဆိုး” ခဏလောက်နေတော့…သူတို့၏..ကားလေးက….တိတ်ဆိတ်ငြိမ်သက်နေသော…ခြံဝန်းအကျယ်ကြီး.တည်ရှိသော..အိမ်ဝန်းကြီး..ထဲသို့..တိုးဝင်လာသည် အောင်ကိုကို..ပန်းနီနီ ၏…ခန္ဓာကိုယ် လေးကို.ကားပေါ်မှ..ဆွဲချီကာ…ထို..အိမ်ကြီးထဲသို့…ဝင်လာတော့သည် ################################### ၁ပတ်ခန့်ကြာသော် ဒေါ်ပြုံး…စက်ချုပ်ခုံမှာ..စက်ချုပ်နေရင်း…သူ၏..ဖုန်းမြည်သံကြောင့်…ဖုန်းကိုကြည့်လိုက်ရာ…သူမ၏သမီး….ပန်းနီနီ.. ဖြစ်နေတယ်…သူ..ဝမ်းသာအားရ ဖြင့်..ဖုန်းကိုကိုင်လိုက်ပြီး “ဟလို…..” တဖက်က တလ “ဟလို..အမေ..သမီးပါ..ပန်းနီနီ.. ” ဒေါ်ပြုံး..ရီလိုက်ကာ “သမီး…အခု..ဘယ်မှာ.လဲ..အမေသမီးကို စိတ်ပူနေတာ…အမေ့စီပြန်လာနော်” ဒေါ်ပြုံး..အသက်တောင် မရှူနိုင်ပဲ…စကားတွေ..ပြောနေတော့သည် ပန်းနီနီက “အမေ..သမီးကို..စိတ်မပူပါနဲ့… သမီး…ကိုကိုနဲ့…အတူနေနေတာ…အမေ့ဆီတော့…ကလေးမွေးပြီးမှပဲ..ပြန်လာဖြစ်တော့မယ်” ဒေါ်ပြုံး….မျက်နှာတွင်…ပျော်ရွှင်မှုများပျောက်ကွယ်သွားပြီး “မိုက်လှချည်လား ငါ့သမီး ရယ်”

################################### “နီ…ဒါက….ဒေါ်စောဖြူ… တဲ့..နီတယောက်ထဲ…အိမ်မှာကြောက်မှဆိုးလို့….အဖော်ရအောင် ခေါ်လာတာ” နီကြည့်လိုက်တော့…အသားဖြူဖြူ…နဲ့..ရုပ်ကကရင်ရုပ်ထွက်နေတဲ့..အမျိုးသမီး ကြီးတဉီး..သူကြည့်ရတာ…သဘောကောင်းတဲ့ပုံ ထိုမိန်းမကြီးက “ဒေါ်စော.လို့ပဲခေါ်ပါ” “ဟုတ်ကဲ့ ” . ################################### ပန်းနီနီ ရဲ့ကိုယ်ဝန်က…၂လကေျာ်၃လ..ထဲသို့ရောက်လေပြီ…သူမကို…အောင်ကိုကိုက..လိုတာထက်ပိုဂရုစိုက်တယ်…အခုတောင်..ရုံးသွားခါနီး…သူမ၏…မထွက်သေးသော…ဗိုက်လေးကို..အာဘွားပေးပြီးမှရုံးသွားသည်။ အောင်ကိုကို ၏..တရွေ့ရွေ့ထွက်သွားသော…ကားလေးကို..နီ..ကြည့်နေချိန်ဒေါ်စောဖြူက… “အဒေါ်စျေး..သွားမလို့…သမီးဘာမှဉီးမလဲ.” “ရပါတယ်ဘာမှမမှာတော့ဘူး” ဒေါ်စောဖြူထွက်သွားပြီး.နီလည်းအိမ်ပေါ်တက်ခဲ့တော့တယ်…ထိုအချိန်တွင် ကားတစီး..သူမတို့အိမ်ရှေ့ကို ရပ်လာပြီး..ကားပေါ်မှ…ပန်းနီနီ မမြင်ချငိဆုံးသောလူ..မ..အလိမ္မာနှင့်.ဒေါ်အောင်သဇင် သူမရှိရာ..အိမ်ပေါ်ကိုတက်လာကာ.ဒေါ်အောင်သဇင်က .ပန်နီနီရဲ့ဆံပင်ကိုဆွဲကာ….အလိမ္မာကပါးရိုက်တော့တယ်… .. “နင့်ကို .မောင်နဲ့…မပတ်သတ် ဖို့ပြောတာတောင်…နင်က…စောက်ဂရုမစိုက် ဘူးလား…မယားငယ်မရဲ့.” ဆိုပြီး. .ပန်းနီနီရဲ့…လည်ပင်းညစ်ကာ..ပန်းနီနီရဲ့…ပုခုံးကိုကိုင်ပြီး..အိမ်ပေါ်ထပ်ကနေ ..တွန်းချလိုက်သည်။ ပန်းနီနီ ရဲ့စိတ်ထဲတွင်.”ဘုရား.ဘုရား..ငါ့ကလေးလေး ဘာမှမဖြစ်ပါစေနဲ့” ဟုတွေးရင်း..အိမ်ပေါ်ထပ်ကနေ လိမ့်ကျလာတော့တယ် ############################# မယားငယ် အပိုင်း ၅ မှော်ဘီ.ဆေးရုံ ပန်းနီနီ.. အရေးပေါ် ခန်းထဲမှာ…မေ့ဆေးပေးထား၍..သတိက..ရတချက်…မရတချက်..ဖြစ်နေသည်…ထိုအချိန် .အခန်းအပြင်ဖက်က…ကိုကို့..အသံကြောင့်…နီ..အားတက်သွားသည်..အောင်ကိုကို က အရေးပေါ် အခန်းထဲမှ..ထွက်လာသော…ဒေါက်တာကို “ဒေါက်တာ..ကျွန့်တော့မိန်းမနဲ့..ကလေး..ဘာဖြစ်သွားသေးလဲ…ကျွန်တော့်..ကလေးကို…ကယ်ပါ..ဒေါက်တာ” ဒေါက်တာက..သက်ပြင်းချပြီး “ခင်ဗျား..ကလေးက..ပျက်ကျသွားပြီ..ခင်ဗျား.. မိန်းမကတော့…ဗိုက်ကိုဒဏ်ရာ..ပြင်းပြင်းထန်ထန်…ထိသွားလို့..တသက်လုံးကိုယ်ဝန်မဆောင်နိုင်တော့ဘူး” အောင်ကိုကို..ဘေးနာမှ..ရှိသော..ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး…သူ၏ဆံပင်များကို..လက်ဖြင့်ထိုးဖွကာ “ဟာကွာ….” အထဲမှ…ပန်းနီနီ က…ဘာမှသိမသွားပေ

################################### ပန်းနီနီ.. နိုးတော့…အောင်ကိုကို က…ဒေါ်စောဖြူကို…. ဆူနေသည်… “အဒေါ်….အဒေါ်..အိမ်မှာ..မရှိလို့….ကျွန့်တော့မိန်းမနဲ့ ကလေး..ဒီလိုဖြစ်ရတာ..” ဒေါ်စောဖြူ..ကြောက်ကြောက်လန့်လန့်ဖြင့် “ငါ့တူရယ်..အဒေါ်ရှင်းပြပါရစေ..အဲ့တုန်းက…အဒေါ်စျေးသွားနေတာပါ…အိမ်ပြန်ရောက်တော့…မိန်းမနှစ်ယောက်.. အိမ်ထဲက..ထွက်လာတယ်…ပြီးတော့..လှေခါးရင်းမှာ…ပန်းနီနီ..လှဲကျနေတာတွေ့တာပဲ” ထိုအချိန်မှာပဲ…ပန်းနီနီ.. သတိရလာပြီး “ရေ….ရေ” ဘေးနားက…ဒေါ်စောဖြူ က…ပြာပြာ..လဲလဲဖြင့်..ရေခပ်ကာ…ပန်းနီနီ ကိုပေးလေသည် အောင်ကိုကိုက “နီ..သတိရပြီလား….ကို..နီစားဖို့…တခုခုသွား ဝယ်လိုက်မယ်” ################################### ညနေကျတော့..ဒေါ်စောဖြူ က….ပန်းနီနီ အတွက်…လိုအပ်သည်များကို…သွားဝယ်နေသည်…အောင်ကိုကိုက…ဖုန်းသွားဆက်နေသည် ပန်းနီနီ ကတော့…ကလေးပျက်ကျတာကို..မသိသေး ပန်းနီနီ.. အခန်းထဲမှာ…တယောက်ထဲရှိနေချိန် တံခါးကို..ဖွင့်ကာ..ဝင်လာသော အလိမ္မာနဲ့.ဒေါ်အောင်သဇင် အလိမ္မာ က “ဒီလောက် ဆို..နင်မှတ်လောက်ပြီပေါ့..နော်..မယားငယ် မ…အေးလေ..သူများလင်…ကြာခို.တော့လည်း…ဒီလောက်တော့ခံရမှာပေါ့..သနားစရာကောင်းလိုက်တာ.. သူ့ခမျာ…ကလေးပျက်ကျတဲ့..အပြင်..အမြုံပါ…ဖြစ်သွားတယ် ” ပြောပြီး..ခနဲ့သလိုရယ်တော့သည် “ရှင်..ဘာတွေလာပြောနေတာလဲ….ကျမ..ကျမက..ဘာလို့ကလေးပျက်ကျရမှာလဲ…ရှင်မဟုတ်တာတွေလာမပြောနဲ့” ဒေါ်အောင်သဇင် က “နင်.ငါ့ချွေးမကို…..အမြုံမလို..ပြောခဲ့တာ..မှတ်မိလား.အဲ့တာနင်.ဝဍ်လည်တာပဲ” ပန်းနီနီ..ကိုယ့် ဆံပင်းကို..ဆွဲပြီး..အော်လိုက်သည် “အား.းးးးးးးရှင်တို့…အခုချက်ချင်း ကျမရှေ့ကထွက်သွား….သွား.းးးးးး..” အောင်ကိုကို..အခန်းထဲလာပြီး. “ဟာ…မ.နဲ့.အမေ..ဒီကိုဘယ်လိုရောက်လာတာလဲ….” အလိမ္မာ က “နင့်အပူမပါဘူး…ခြံခုန် ကောင်” အောင်ကိုကို..လက်အုပ်ချီပြီး “မရယ်…ပြန်လိုက်ပါတော့” “ပြန်မှာပါ..ပြန်မှာပါ…နင်တို့နားမှာ.၁စက္ကန့် တောင်မနေချင်ဘူး….မယားငယ်မ..ဝဍ်လည်တာ…မြင်ချင်လွန်းလို့လာကြည့်တာ” ဟုပြောပြီး ..ချကနဲ..လှည့်ထွက်သွားသည် “ကိုကို…သူတို့ပြောတာ…အမှန်ပဲလားဟင်…..နီ.နဲ့ကိုကို့..ကလေး..ပျက်ကျသွားပြီ ဟုတ်လား…ပြီးတော့..နီက..ကိုယ်ဝန် မဆောင်နိုင်တော့ဘူးဆို…..ဟင်….ကိုကို…နီမေးတာဖြေစမ်းပါ..ဖြေလေ” အောင်ကိုကို မျက်နှာပျက်ကာ “အင်းးးး”

################################### ၉လခန့်ကြာသော် နီ..ဆေးရုံကဆင်းလာပြီး..နောက်ပိုင်းကိုကို…နီ့ကို..ဂရုမစိုက်တော့… ထိုနေ့…နီ..အိမ်ထဲမှာနေရတာ…မွန်းကြပ်လာပြီး…အပြင်ထွက်လာကာ….ဒေါ်စောက…နီဆီကို..ပြေးလာပြီး.. “သမီး….သမီးနာမည်နဲ့..ပါဆယ်လာပို့သွားတယ်..ရော့” ဆိုပြီး..နီ့လက်ထဲကို…ပါဆယ်ဘူးလေးထိုးထည့်လိုက်သည် “ဘာတွေလဲမသိဘူး” ဆိုကာ..အိမ်ထဲဝင်ပြီး ဘူးကို…ဓားဖြင့်ဖွင့်လိုရာ ဘူးထဲမှ…အောင်ကိုကို နဲ့.. ကောင်မလေးတယောက်…လက်ချင်းချိတ်ကာ…လမ်းလျောက် လာတဲ့..ပုံတွေနဲ့…ကောင်မလေးရဲ့..ပါးလေးကို..နမ်းနေတဲ့နေတဲ့ပုံတွေနဲ့…တခြားပုံတွေ…စောနက..နီ.ပါဆယ်ပုံးကို..သေချာမကြည့်ပဲ..ခီယွဲလိုက်ရာ…ပါဆယ်ပုံးပေါ်မှစာလေးကိုမတွေ့မိ…နီစာလေးကို..ဖတ်ကြည့်ရာ..ထိုစာလေးက “ပန်းနီနီ.. မင်းတွေ့ပြီလား….ဖောက်ပြန်တက်တဲ့..ယောက်ကျား က..ဘယ်မိန်းမနဲ့..ယူယူ..ဖောက်ပြန် နေမှာပဲ..ငါဘယ်သူ..လဲမသိချင်ပါနဲ့…မင်းမုန်းတဲ့ထဲက..တယောက်ပေါ့” ပန်းနီနီ တောက်ကို ပြင်းပြင်းထန်ထန် ခေါက်လိုက်ပြီး. ################################### အောင်ကိုကို..အိမ်ပြန်ရောက်တော့.. ပန်းနီနီ က….ဓာတ်ပုံ များကို…အောင်ကိုကိုမြင်အောင်ပြလိုက်ပြီး “ဒါဘာလဲ” ေအာင်ကိုကို…ဓာတ်ပုံများကို..သေချာကြည့်ပြီး… “ဟာ..ဒါတွေ..မင်းဘယ်လိုရတာလဲ…” ပန်းနီနီ “ရှင်သိစရာမလိုပါဘူး…..ဘာလဲ..ရှင်ကျမကို….မလိုချင်တော့ဘူး လား” “အေးကွာ…မလိုချင်ဘူး.. မင်းကလေးမှမမွေးပေးနိုင်တာ…မွေးပေးနိုင်တဲ့သူ…ကိုရှာရတာပေါ့” ပန်းနီနီ.. ဒေါသ..ငယ်ထိပ်ရောက်ပြီး… “ရှင်ဆီမှာ…မနေဘူး…ကျမပြန်မယ်….ကျမအမေဆီပြန်မယ်” ပန်းနီနီ အိမ်ပေါ်ထပ်ကိုတက်သွားပြီး….သူမ၏..အဝတ်များကို…အိတ်တခုထဲသို့ထည့်ကာ….အိမ်ပေါ်မှဆင်းသွားတော့သည်###################@@@@##### ဒေါ်ပြုံး. အိမ်တံခါး..လာခေါက်သောကြောင့်..တံခါးထဖွင့်ပေးလိုက်ရာ “ဟယ်…သမီး…အမေ့မြေးလေးရော…ဟင်သမီး…အောင်ကိုကို ရောမပါဘူးလား” “အဲ့တာတွေ​ေနောက်မှ..ရှင်းပြမယ် ”

################################### အိမ်တံခါးက..ထွက်ရန်ပြင်နေသော..ဒေါ်ပြုံးကို..ပန်းနီနီ က “အမေ….စျေးသွားမလို့လား….” ဒေါ်ပြုံးလှည့်ကြည့်ကာ “အေး…သမီး” “သမီးလည်းလိုက်မယ်.”. ################################### နီတို့…စျေးထဲမရောက်ခင်..စျေးထိပ်မှာပင်….မိန်းမ..တချို့.. ပန်းနီနီ ကို..ကြည့်ပြီး..တိုးတိုးတိုးနဲ့..စကားပြော နေကြသည်. သူတိုပြောနေတာက “ဟဲ့..မခင်..ဟို..အင်္ကျီ အနီနဲ့..ကောင်မလေးတွေ့လား…အဲ့တာ..မယားငယ် ” “ဟယ်ဟုတ်လား” “ဟုတ်တာပေါ့…အခုတောင် .မယားကြီးကရိုက်လိုက်တာ..သူ့ကိုယ်ဝန်ပျက်ကျတဲ့အပြင်..မြုံသွားတယ်…လေ…အဲ့တာကြောင့်မို့လို့ သူ့အမေဆီ ပြန်လာနေတာ..” ပန်းနီနီ.. ထို့စကားကြောင့်..မျက်ရည်ဝဲလာကာ…အိမ်ကိုပြန်ပြေးတော့.တယ် ..အမေ..သမီးအိမ်ပြန်တော့မယ် အိမ်ပြန်ရောက်တော့.. ထုတ်တန်းပေါ်ကို..ကြိုးချည်ပြီး…ခုံပေါ်တွင်မတ်တက်ရပ်ကာ….ကိုယ့်ကို.ကို.ကြိုးဆွဲချလိုက်တော့တယ် ################################### ပြောချင်တာက… အစောကတည်းက… ရှောင်ကြပါ…မဟုတ်ရင်..ပန်းနီနီလိုဖြစ်လိမ့်မယ် #

Ei Thet Mon# Credit

Leave a Reply

Your email address will not be published. Required fields are marked *