ပြောမယုံကြုံမှသိ(စ/ဆုံး)

ပြောမယုံကြုံမှသိ(စ/ဆုံး)
————————

“ကွယ်လွန်သူ မြတ်လေးငုံ အသက် (၂၀)နှစ်”

သူရေးလိုက် သော အုတ်ဂူပေါ်မှ
စာကြောင်းကိုကြည့်၍ ပီယ ခဏ
နားလိုက်သည်။ အိတ်ကပ်ထဲမှ စီးကရက်
တစ်လိပ်ကိုထုတ်၍ ဖွာနေမိ၏
တဖြည်းဖြည်းနှင့် မှောင်လာတာကိုလည်း သူ သတိပြုမိသည်။
ဆောင်းနေ့တာကလည် း တိုလွန်းသည်။ မနက်စောစောကတည်းက
သူ တယောက်တည်း မနားမနေ လိုင်းကျင်းတူး အင်္ဂတေ ဖျော် အုတ်သ
ရိုးကိုင် ဇယ်ဆက်အောင်ကို လုပ်လိုက်ရသည်။ခါတိုင်းတော့ ဒီအလုပ်ကို
သူတစ်ယောက်တည်း လုပ်ခြင်းမဟုတ် သူငယ်ချင်း ဖြစ်သူ ကိုစိုင်း
နှင့် နှစ်ယောက် လုပ်ကြသည်။ ဒီကနေ့မှ ကိုစိုင်း နေမကောင်း၍
ပီယ တယောက်ထဲ လုပ်နေရခြင်းဖြစ်သည်။ သူတို့အလုပ်ကလည်း
လက်ခြံပြီးပါက ရက်ရွှေ့ဆိုင်း၍ရသောအလုပ်မဟုတ်။အြပြီး သက်အောင်
လုပ်ရသည်မဟုတ်ပါလား။ ယခု ပီယ လုပ်နေသော အလုပ်ကား•••
တစ်ဘ၀တာ ချုပ်ငြိမ်း၍ အေးချမ်းစွာအနားယူ အိပ်စက်ဖို့ အုတ်ဂူ
လုပ်ပေးရသောအလုပ်•••••
အလင်းရောင် အားနည်းလာတာနှင့်အမျှ အမှောင်ထုက တဖြည်းဖြည်း
နေရာယူလာ၏ ပီယ အတွက် လုပ်ရန် နှစ်မျိုးသာကျန်တော့၏
အချောကိုင်ပြီးသော အုတ်ဂူလေးအား ဆေးသုတ်ရန်နှင့် သေဆုံးသူ
ကောင်မလေး၏ဓာတ်ပုံ ကို ဂူ၏ အထက်ပိုင်း၌ အကွက်ဖော်၍ ထည့်
သွင်းပေးရန်ဖြစ်၏ ဤဓလေ့ကား တရုတ်လူမျိုးတို့ လုပ်လေ့ရှိသော စရိုက်
တမျိုးဖြစ်၍ မြတ်ပန်းငုံ ဆိုသာ ကောင်မလေးမှာ တရုတ် ကပြား များ
ဖြစ်လေမလားဟု ပီယ တွေးမိ၏။ ထို့နောက် ထိုင်ရာမှ ထ၍ ဆေးပုံးများ
ကို ဖျော်စပ်နေလိုက်၏။
“အလင်းရောင်လေးရှိတုန်း ခပ်မြန်မြန် သုတ်မှ”

“ဖျက်•••ဖျက် ဖျက် ဖျက်”

အလုပ်ထဲ၌ စိတ်နှစ်၍ လုပ်နေ သော ပီယ တစ်ယာက် ပြေးလွှားနေ
သော ခြေသံတွေ အသံကြားရာဘက်သို့ လှည်၍ကြည့်လိုက်မိ၏။

မှုန်ဝါးဝါး အလင်းရောင်ထဲမှ မိန်းကလေးတစ်ယောက် သူ့ထံသို့
ပြေးလာနေသည်ကို သူတွေ့ရ၏။

တဖြည်းဖြည်းနှင့် သူ့အနားသို့ ထိုမိန်းကလေး နီးကပ်၍လာ၏။

မိန်းကလေးကို မြင်မြင်ခြင်း သူ့တကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်၍
သွား၏။ ထိုကြောင့် ပီယ တဖက်သို့ ချာကနဲ့ လှည့်လိုက်မိ၏။
ချွေးထွက်၍ အပေါ်အင်္ကျီချွတ်ထားသော သူ၏ကျောပြင်သို့ အလွန်
နုညံ့၍ နွေးထွေးသော အရာ နှစ်ခုက ကျောပြင်နှင့် ဖိကပ်၍လာသည်။

သူ ၏ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။အမည်တပ်၍ မရသော
ရနံ့က သူ့နှာခေါင်း၀ သို့ အတင်းတိုး၀င်လာ၏။

“ညီမကို ကယ်ပါ အစ်ကို”

ရှိုက်သံ စွတ်၍ပြောလိုက်သော မိန်းကလေး၏ အသံကြောင့် ပီယ
မိန်းကလေးဘက်သို့လှည့်၍ မျက်နှာချင်းဆိုင်လိုက်၏
သူ့နောက်ကို သိုင်း၍ဖက်ထားသော လက်ကို လွှတ်၍ မိန်းကလေးက
လက်နှစ်ဖက်ကိုကြက်ခြေခတ်၍ ဆွတ်၂ဖြူ၍ ဖွံ့ထွားနေသော ရင်အစုံ
ကို အရှက်သဲစွာဖြင့် ကွယ်ဖုံးထားရှာ၏။

“ညီမက မိကောင်း ဖခင် သားသမီးပါအစ်ကို”

မ်ိန်းကလေး၏ ကိုယ်ခန္ဓာ အထက်ပိုင်း ကား မိမွေးတိုင်း ဖမွေးတိုင်း
အ၀တ်ဗလာကျင်းနေ၏ လုံချည်လေးကလည်း စုတ်ပြဲနေလေသည်။
တွေတွေကြီးဖြစ်နေသော ပီယ ကိုကြည့်၍ မိန်းကလေးက

“ညီမ ဒုက္ခရောက်လာလို့ပါ အစ်ကို ကူညီပါနော်”

ငေးကြည့်နေမိသော သူ့အဖြစ်ကို သတိရ၍ ပီယ မိန်းကလေးကို
အားနာသွားမိသည်။ ထို့နောက် သူ၏ အပေါ် ၀တ် ဂျင်းအင်္ကျီ ကို
ချွတ်ထားရာမှ ကောက်၍ မိန်းကလေးအား ၀တ်၍ ပေးလိုက်၏။
ဒီတိုင်းထားလို့လည်း မဖြစ် သူသည် ကိလေသာ ကင်းသော
အရိယာ သူတော်စင်မဟုတ် အ၀တ်မပါသော မိန်းမပျိုတစ်ယောက်
ကိုရှေ့တွင်ထား၍ သူ့စိတ်တွေကို မချုပ်တည်းနိူင်မှာ ပီယ စိုးရိမ်မိ၏။
မမြင်အပ်သော အရာများကို မမြင်ရခြင်းသည်သာ အကောင်းဆုံးဟု
သူထင်၏ ဒါကြောင့်မို့လည်း မိန်းကလေးအား အမြန် အင်္ကျီ၀တ်ပေး
လိုက်မိ၏။

“စိတ်ချပါ ညီမ ကျွန်တော့်အနား ရောက်လာရင် ညီမအတွက်
ဘာအန္တရာယ်မှ မဖြစ်စေရပါဘူး ဒါနဲ့ ညီမက ဘယ်မှာနေတာလဲ”

မိန်းကလေးကို ကြည့်ရင်း ပီယမေးမိ၏ ဖြူဖွေးနေသော အသားအရေ
နှင့် မ်ိန်းကလေးမှာ အလွန်လှသော မိန်းမတစ်ယောက်ဟု သူ ကောက်
ချက်ချမိ၏။

“ညီမက ဒီမြို့က ပြည်သာယာ ရပ်ကွပ်ထဲကပါ အစ်ကို”

“ဒါဆို ကျွန်တော့်သူငယ်ချင်း ကိုစိုင်းတို့ ရပ်ကွက်ထဲကပေါ့ ကိုစိုင်းကို
ညီမသိလား ဟင် ”

“သိပ်သိတာပေါ့ရှင် မိန်းကလေးတစ်ယောက်ကို မြင်ရင် ဂဏန်းကောင်
ရဲ့ မျက်လုံးလို ရှေ့ကို ကျွတ်ထွက်မတက် ကြည့်တဲ့ ဒါလူကြီးမဟုတ်လား..

နှာခေါင်းကို သူမ၏လက်ညိုးဖြင့် ထိုး၍ပြောနေ၏
မိန်းကလေးပြောနေပုံ ကိုကြည့်၍ ပီယပြုံးမိ၏။

“ယောက်ျားတွေက ဒီလိုပါပဲ ညီမ ကိုစိုင်းမှ မဟုတ်ပါဘူး”
“ဟင့် ဒါဆို အစ်ကိုကလည်း အဲလိုမျိုးကြီးပေါ့”

ပီယ က မိန်းကလေး အမေးကို ခပ်ဟဟရယ်၍
“ဖြစ်နိုင်ပါတယ် ညီမ သြော် ဒါနဲ့ ညီမ ဘာဖြစ်လာတာလည်း”
မိန်းကလေး က ပီယ အမေးကြောင့် မျက်နှာကွက်ခနဲ့ပျက်သွား၏။

“အိမ်ရောက်မှ ညီမ ပြောပရစေ အကို ခုတော့ ညီမ အရမ်း ကြောက်
လို့ပါ ဒါနဲ့အကိုက ဒီမြို့ ကမဟုတ်ဖူးထင်တယ်နော်”

“ဟုတ်ပါတယ် ညီမ ကျွန်တော်က
သူငယ်ချင်းဆီ လာရင်း အလုပ်
လုပ်နေတာ မကြာသေးပါဘူး အခု အလုပ်လေးလက်စ သိမ်ြးပြီးရင်
ညီမကိုကျွန်တော် ပြန်ပို့ပေးပါ့မယ်”

ထို့နောက် ပီယ အုတ်ဂူလေးအား ခပ်သွပ်၂ ဆေးသုတ်နေလိုက်၏။

“မြတ်လေးငုံ အသက် ၂၀ ဆိုတော့ ညီမတို့အရွယ်ပ
ဲ ဒါနဲ့ အကိုရော
သေသွားတဲ့ ကောင်မလေးကို မြင်ဖူးလားဟင်”

“မမြင်ဖူးဘူး ညီမ ဒါပေမဲ့ ကောင်မလေး ဓာတ်ပုံကို ဒီနေရာ
မှာ ထည့်ပေးရအုံးမယ်”

ဆေးသုတ်ခြင်း ကို လက်စသက်၍ ပီယ က မိန်းကလေးအား ပြန်ပြော
နေမိ၏။ဂုံကြမ်းစက္ကူ အထပ်၂ထုပ်ထားသော သေသူ ကောင်မလေး၏
ဓာတ်ပုံမှ စက္ကူများကို ခွာချလိုက်၏။ဓာတ်ပုံထဲမှ မြတ်လေးငုံ ဆိုသော
ကောင်မလေးမှာ လွန်စွာလှပသော မိန်းကလေး တစ်ယောက်ဖြစ်နေ၏။

“ကောင်မလေးက လှလား အကို”

နောက်ဖက်ဆီမှ မိန်းကလေးက ပီယ အားမေး၏။

“လှတယ် ညီမ ဒါပေမဲ့ သူ့ကို ကျွန်တော်မြင်ဖူးသလို ပဲဗျ ဘယ်နေရာမှာ
မြင်ဖူးတယ်ဆိုတာ ကျွန်တော် စဉ်းစားမရဘူးဖြစ်နေတယ်”

ပုံထဲက မြတ်လေးငုံဆိုသော မိန်းကလေး ကို သူတရင်းတနှီး သိကျွမ်း
နေတယ်ဟု ပီယ ခံစားမိ၏။စဉ်းစားရင်း သူ့တကိုယ်လုံး အေးစက်တောင့်
တင်းသွား၏။ခေါင်းမှ ဆံပင်များပင် ထောင်ထလာ၏ အမြင်မှားလေသ
လားဟု ဓာတ်ပုံကို သေချာကြည့်မိ၏။ ပီယ ချာကနဲ့ နောက်သို့ လှည့်
ကြည့်လိုက်ည်။မိန်းကလေးက မှောင်လာသည်နှင့် ချမ်းလေဟန်
လက်နှစ်ဖက်ကို ခပ်တင်း၂ပိုက်၍ သူ့အားပြုံး၍ကြည့်နေ၏။

“မင်း •• မင်း •• မြတ်လေးငုံ”

ပီယ သည် လက်ထဲ၌ကိုင်ထားသော ဓာတ်ပုံကို လွှတ်ချ၍ တဟုန်းထိုး
သင်္ချိုင်းနှင့် ဝေးရာသို့ ထွက်ပြေးသွားလေတော့သည်။

“ကဲ ပီယနေရာမှာ စာဖတ်သူ ဆိုရင်ရော ဘာလုပ်မှာလဲဗျာ”

အရာရာကို အကောင်းမြင်တက်သော သူများ ဖြစ်နိူင်ကြပါစေ
[ ပီ ယ ]

Be the first to comment

Leave a Reply

Your email address will not be published.


*