ကလေးပေးရန်ရှိသည် (စ/ဆုံး)

ကလေးပေးရန်ရှိသည် (စ/ဆုံး)

တောင်ပိုင်းနှင့် မြောက်ပိုင်းဆိုပြီး ရွာလေး ကို ကုက္ကိုပင်ကြီးနှစ်ပင်နှင့် နှစ်ပိုင်းခွဲထားသည် ။ တောင်ပိုင်းတွင် ဒေါ်ချစ် ဆိုသည့် အဒေါ်ကြီး‌ေနသည်။ ဒေါ်ချစ်တို့က သားအမိမြေးဖွား လေးယောက်ရှိသည် ။ ဒေါ်ချစ် ၏ သမီး ၊သမတ် နှင့် မြေး ‌မိသားစုဝင် လေးယောက်ဖြစ်သည် ။ ဒေါ်ချစ်၏ အိမ်ကို အမြဲအလည်လာတတ်သော မြောက်ပိုင်းက ဒေါ်ကြီးမိုး၏ သမီး တစ်ယောက်ရှိသည် ။ သူ့နံမည်က ‌မယ်လာဘ်ရွှင် ဖြစ်သည် ။ မယ်လာဘ်ရွှင်၏ ဘဝကလေးက သနားစရာ ။ မွေးရာပါ မသန်မစွမ်းမို့ စကားမပြောနိုင် ၊ လမ်းကောင်းကောင်း မလျှောက်နိုင်ပေ ။အသက်၂၄ နှစ်ရှိသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများက မဖွံ့ဖြိုး ။ ခန္ဓာကိုယ်အစိတ်အပိုင်း ဆိုသည်မှာ လက်တို့ ခြေထောက်တို့ဖြစ်သည် ။ အရွယ်အစားက ဘက်မညီပါ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

တစ်ခါတစ်ခါ လမ်‌းသွားရင်း ပစ်ပစ်လဲတတ်သည် ။ ထိုအခါ လဲတာကို လမ်းမှာ မြင်တဲ့သူက ထူပေး‌ေလသည် ။ ထူမည့်သူမရှိ‌ေသာအခါလည်း သူ့ဘာသာ အလူးအလဲ ထသည်။ မယ်လာဘ်ရွှင်က စကားမပြောနိုင်ပေမယ့် သူ့ကိုပြောလျှင်တော့ အနည်းငယ် နားလည်သည် ။ ကြားနိုင်သည် ။ ဦးနှောက်က မဖွံ့ဖြိုး ။ အသက်၃ နှစ်လောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ရပ်တန့်သွားတာကြောင့် ၃ နှစ်အရွယ် ကလေး လိုပင် ။ကစားသည် ။ စားသည် ။ ရယ်သည်။ တခြား သူ ဘာမှမသိ နားမလည်ပေ။ သူ့နံမည်ခေါ်လျှင်တော့သိသည် ။ ထမင်းစားပြီးပြီလား မေးလျှင် ခေါင်းညိတ်တတ်သည် ။

ဒေါ်ချစ်အိမ်ကိုလာလျှင် ဒေါ်ချစ်၏ ၇ နှစ်အရွယ် မြေးမနှင့် ဆော့ဖော်ဆော့ဖက် ဖြစ်သည်။ တစ်ခါတစ်လေ ဒေါ်ချစ်၏ မြေးမလေးကိုပင် မယ်လာဘ်ရွှင်က စိတ်‌ပြန်ကောက်တတ်သေးသည် ။ တစ်ခါက ဒေါ်ချစ်၏ မြေးမလေးက သူလာတာကို မခေါ်၍ ငိုသည် ။ ထိုအခါဒေါ်ချစ်က … ” ဟယ် မယ်လာဘ်ရွှင်ရယ် မကြီးမငယ်နဲ့ ငိုတယ် နင်မရှက်ဘူးလား ” ဟု စစနောက်နောက် ပြောတော့ ငိုရင်းက အူးအူးအဲအဲနှင့် တစ်ခုခု ပြန်ပြောပုံရသည်။ သူ့ဘာသာစကားကို ဘယ်သူမှနားမလည် ။ ထိုသို့ အူးအူးအဲအဲ စကားပြောပုံကပင် ချစ်စဖွယ်ကောင်းလေသည်။ အသက်၂၄ ရှိပေမဲ့ တကယ့်ကလေးသာသာ လေးဖြစ်သည် ။ မယ်လာဘ်ရွှင်တစ်ယောက် တောင်ပိုင်းနှင့် မြောက်ပိုင်းကို လူးလားဆန်ခတ် ကူးနေရင်း တစ်နေ့တော့ ဒေါ်ချစ်အိမ်ကို မယ်လာဘ်ရွှင်လာနေကျ နေ့လည် ၂ နာရီမှာ ရောက်မလာပေ။ ဒေါ်ချစ် မြေးမလေးက မျှော်နေသည် ။ ” ဖွားလေး မယ်လာဘ်ရွှင် ဒီနေ့မလာဘူး နေမကောင်းဘူးလားသိဘူး မီးလေး အိမ်လည်သွားချင်တယ် ဖွားလေး လိုက်ပို့ ” ဒေါ်ချစ်က မယ်လာဘ်ရွှင်ကြိုက်သည့် မုန့်စိမ်းပေါင်း‌ကို မနက်က ဝယ်ထား‌ေသးသည် ။

ထိုမုန့်စိမ်းပေါင်းထုပ်ကလေးကို ယူကာ မြေးကို လက်ဆွဲ၍ မယ်လာဘ်ရွှင်ဆီ လိုက်ပို့‌ေလသည် ။ ဒေါ်ကြီးမိုးအိမ်ကို ရောက်တော့ မယ်လာဘ်ရွှင်က အိပ်ရာပေါ်မှာ လှဲနေသည် ။ ဒေါ်ကြီးမိုးမှာက မယ်လာဘ်ရွှင် တစ်ယောက်သာ ရှိသည် ။ သားအမိနှစ်ယောက်တည်း နေကြတာ ဖြစ်သည် ။ ဒေါ်ချစ်တို့ ရောက်တော့ ဒေါ်ကြီးမိုးက ထင်းတွေခွဲလို့ ။ ” မမိုးရေ မယ်လာဘ်ရွှင် အိမ်မလာလို့တော့ ဒီမှာ ကျုပ်မြေးမက အလည်သွားမယ်ဆိုလို့ လိုက်ပို့တာ ” ” ဪ မချစ် တို့မြေးအဖွားပါလား လာလေ ဟိုမှာ မယ်လာဘ်ရွှင်က အိပ်လို့ အိမ်ထဲဝင်လေ ” ဒေါ်ချစ်က အိမ်ထဲက ဖျာကလေးပေါ် ထိုင်ရင်း အိပ်နေသော မယ်လာဘ်ရွှင်ကို လှမ်းကြည့်ရင်း … ” နေမကောင်းတာလား မမိုး ” ” သိပါဘူးတော် မနက်က အန်နေလို့ ပြီးတော့ ခေါင်းတွေလည်း ဖိနေတာနဲ့ ဆေးတိုက်ထားတာ အိပ်ပျော်သွားတယ် ” ” ဘာလို့အန်တာတုန်းတော့ ဆရာဝန်ပြဘူးလား ” ” ဆရာဝန်က မအားသေးလို့တဲ့တော် အိမ်ကိုပင့်တာ ရောက်မလာသေးဘူး ” ဒေါ်ချစ်မြေးမလေးက မယ်လာဘ်ရွှင်၏ နဖူးလေးကိုစမ်းကြည့်နေသည် ။

” ဪ ရာသီ သွေး ‌ေပါ်ခါနီးလို့ထင်တယ်” ” ဟုတ်မှာပေါ့ လူကသာ မသန်မစွမ်း ကျန်တာကအကုန် သူ့မိန်းမသဘာဝအတိုင်း ဖြစ်နေတာပဲ သူ့မှာ အဲ့တာဖြစ်ရင် ဘာမှမလုပ်တတ် လန့်လန့်ငိုတာ ရှိသေး ကျုပ်ပဲ အကုန်လုပ်ပေးရတာ ” ” မမိုးလည်း မုဆိုးမ သမီးလေးတစ်ယောက်မွေးတာ ခုလို မသန်မစွမ်းဖြစ်နေတော့ အတော်ဒုက္ခရောက်မှာပဲ ” ဒေါ်ချစ်က စိတ်မကောင်းဖြစ်ရင်း ပြောသည် ။ ” ဘယ်တတ်နိုင်မလဲတော် ကျုပ်ကတော့ ကျုပ်မ‌ေ သခင် သူအရင် ‌ေ သပါစေပဲ ဆုတောင်နေရတယ် မချစ်ရေ သူများအသက်ကိုမပြောကောင်းပေမဲ့ မကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး ကျုပ်‌ေ သရင် သူဘယ်လိုလုပ်မတုန်း စိတ်မချလို့ ကျုပ်မှာ အ‌ေ သဖြောင့်မှာ မဟုတ်ဘူး ” ” ကျုပ် တော်ပြောချင်တာကို နားလည်ပါတယ် မမိုးရယ် ” ဒေါ်ချစ်တို့ အိမ်ပြန်လာပြီး နောက်နှစ်ရက်သုံးရက်လောက်‌ေနသည်အထိ မယ်လာဘ်ရွှင် အိမ်လည်မလာသေးပါ ။

တစ်ပတ်လောက်ကြာတော့ ရွာထဲ သတင်းပြန့်နေသည် ။ ” မချစ်ရေ မယ်လာဘ်ရွှင် ဗိုက်ကြီးနေလို့တဲ့ ဘယ်သူ့ လက်ချက်မှန်းမသိဘူးတဲ့ လက်သည်မပေါ်ဘူး တော်ရေ ” ကြားကြားချင်း ဒေါ်ချစ် ဘုရားတမိသည် ။ ” ဘုရား ယုတ်မာ ကောက်ကျစ်ပါပေ့ဟယ် ဒီမသန်မစွမ်းလေးကိုမှ လုပ်ရက်တယ်ဟယ် ” ” အဲ့တာပြောတာ မချစ်ရယ် တရားခံက ရွာထဲကပဲ တောင်ပိုင်းထဲကနဲ့ မြောက်ပိုင်းထဲက တစ်ယောက်ယောက်ပဲ မယ်လာဘ်ရွှင်ကတော့ သိမှာပဲ ဒါပေမဲ့လည်း မချစ်ရယ် သူမှ ဘာမှမပြောနိုင်တာ ဘယ်လိုလုပ်မတုန်း သူကြီးက တစ်ရွာလုံးက ယောက်ျားတွေ ခေါ်ထုတ်လာခဲ့တဲ့ အဲ့လိုလုပ်‌လည်း မယ်လာဘ်ရွှင်က ဘယ်သူဘယ်ဝါ ပြတတ်ပါ့မလား ခု ကိုယ်ဝန်က သုံးလေးလလောက်တောင် ရှိပြီတဲ့ ကျုပ်တို့လည်း သတိမထားမိဘူးလေတော် ခု မနက်မှ ကျုပ်သွားလို့ ဗိုက်စမ်းကြည့်တော့ ဗိုက်က အတော်တောင်ထွက်နေပြီတော့ ” ဒေါ်ချစ်က စိတ်မချမ်းမြေ့စွာနှင့် မြေးမလေး အတွက်ပါ စိတ်မချဖြစ်သွားမိသည် ။ ” လူ့လောကက လူတွေ လူဖြစ်လို့သာ လူလို့ ပြောနေပေမဲ့ လူမဆန်တာတွေ အများကြီးပါ မချစ်ရယ် ” သူကြီး က တစ်ရွာလုံးက ယောက်ျားသားတွေ မယ်လာဘ်ရွှင် အရှေ့ခေါ်ထုတ်သော်လည်း မယ်လာဘ်ရွှင်က ဘယ်သူဘယ်ဝါရယ်လို့ မပြတတ်ပါ ။

လူကြောက်တတ်သော သူ့ခမျာ လူအများကြီး ဝိုင်းအုံတော့ကြောက်၍သာ ငိုလေသည် ။ နောက်ဆုံးတော့ သူကြီးရော ဒေါ်ကြီးမိုးရော လက်လျှော့လိုက်ရသည် ။ ဒေါ်ကြီးမိုးက နေ့နေ့ညည ငို၍သာ နေလေသည် ။ ” ကျုပ်သမီးလေးကို လုပ်ရက်လိုက်တာ ဘာမှမသိနားမလည်တဲ့ ကလေးကို လုပ်ရက်လိုက်ကြတာ ” ဟု ဗလောင်ဆူကာ ရင်ထု၍ ငိုကြွေးလေသည် ။ မယ်လာဘ်ရွှင်တစ်ယောက် နောက် ၅ လလောက် နေတော့ ကလေး မွေးသည် ။ မွေးသည့်ကလေးက သမီးလေး ။

ဒေါ်ကြီးမိုးက ကလေးကို ခဏချီကာ ဖျာပေါ် ပြန်ချထားသည် ။ ” ဘယ်အယုတ်တမာ ရဲ့သွေးမှန်းမသိဘူး မွေးစားချင်တဲ့သူ ခေါ်သာသွား ” ဟု ပြောလေသည် ။ ဒေါ်ချစ်က စိတ်မကောင်း ဖြစ်ရသည် ။ ” ငါ့မှာလည်း မြေးအငယ်လေးသာ မရှိရင် မွေးစားပါတယ် ကလေး လေး သနားပါတယ် လူ့လောကထဲ ရောက်လာတာ ဘာမှမသိရှာဘူး ” ဒေါ်ကြီးမိုးက ကလေး ဘယ်ကို ပေးလို့ရသလဲ ဟု လာသမျှ လူတိုင်းကို မေးသည် ။ မိဘမဲ့ကျောင်းကို လမ်းကြုံလျှင် ခေါ်သွားပေးပါဟု ပြောတတ်သည် ။ သူ့အိမ်ရှေ့မှာလည်း သွပ်ပြားအဟောင်းကြီးအပေါ် မီးသွေးခဲနှင့် စာအကြီးကြီးရေးထားသည် ။ ” ကလေးပေးရန်ရှိသည် ”

ပြီးပါပြီ ။ #JoJo

Leave a Reply

Your email address will not be published. Required fields are marked *