နံရံပေါ်ကမျက်လုံး(စ/ဆုံး)
ကျွန်မ အစ်မလတ်ဟာ ကျွန်မတို့ အစ်မအကြီးဆုံး ယောက်ျား ကျွန်မတို့ခဲအို နှင့် ဖောက်ပြန်နေတာကို ကျွန်မတွေ့ခဲ့ရပါသည် ။ အစ်မလတ်က ပညာတတ် ဘွဲ့ရတစ်ယောက်ဖြစ်၏ ။ သူ့မှာ ယောက်ျားခေါင်းခေါက်ရွေးလို့ မရှားနိုင်ပါ ။ သို့ပေမဲ့ဘာလို့များ ခဲအိုဖြစ်သူကိုမှလဲ ဆိုတာ ကျွန်မစဉ်းစားလို့မရခဲ့ပေ ။ ပြီးတော့ သူတို့ဖောက်ပြန်နေသည့်အချိန်ဟာ အချိန်ကောင်းမဟုတ်ခဲ့ ။ အစ်မကြီးနှင့် ခဲအို ၏သမီးလေး ကျွန်မတို့တူမလေး သွေးလွန်တုပ်ကွေး ဖြစ်၍ ေဆးရုံတင်ရသည့်အချိန်ကြီးပင် ။ အစ်မကြီးနှင့် အဖေတို့ အမေတို့က ဆေးရုံမှာရှိနေကြသည် ။ အစ်မကြီးက အိမ်မှာ ကျွန်မနှင့် အစ်မလတ် မိန်းမသားနှစ်ယောက်တည်းဟု ဆိုကာ ယောက်ျားသားတစ်ယောက် ရှိဖို့လိုအပ်သည်ဟု ပြောခဲ့သည် ။ သို့ဖြစ်၍ ခဲအိုက အိမ်မှာကျန်ခဲ့ရေတာ့သည် ။ အစ်မကြီးဟာ သိပ်တုံးေလ၏။ သူ နေခဲ့ခိုင်းသောကြောင့် သူ့ယောက်ျားက သူ့ညီမနှင့်ဖောက်ပြန်ရန် အခွင့်အရေးရသွားလေ သည်။ သူတို့ ဖောက်ပြန်နေတာကို ကျွန်မ မြင်တွေ့ရဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ ။ ကျောင်းက ရီပို့ကတ်ပေးလိုက်ေတာ့ အိမ်မှာလူကြီးသူမ မရှိတာနှင့် အစ်မလတ်ကို လက်မှတ်ထိုးခိုင်းဖို့ သူ့အခန်းဆီသွားရင်း မကြားချင်မမြင်ချင်ဘဲ ကြားခဲ့မြင်ခဲ့ရသည်။
သူတို့ အစ်မလတ်အခန်းထဲမှာ ဖောက်ပြန်နေခဲ့ကြခြင်းဖြစ်သည် ။ ကျွန်မ အစ်မလတ်အခန်းရှေ့ရောက်တော့ အစ်မလတ်၏ ညည်းသံခပ်သဲ့သဲ့ကို ကြားရသည် ။ တံခါးက သူ့အလိုလို ဟနေတာပါ။ ကျွန်မလက်နှင့်တောင် မထိခဲ့ ။ အိမ်မှာ ဘယ်သူမှမရှိဘူးဆိုပြီး ကျွန်မကို ဖုတ်လေသည့်ငပိရှိတယ်ဟုပင် မထင် သတ်မှတ်ပြီး ဖြစ်ချင်တိုင်းဖြစ်နေကြလေသည် ။ကျွန်မ ဆယ်တန်းပါ ။ သိသင့်သလောက်သိသည့်အရွယ်မို့ ခုတင်ပေါ်မှာ လုံးထွေးနေသည့် မြင်ကွင်းကို ဘာ၊ဘယ်လိုဆိုတာ သိလေသည် ။ ကျွန်မ သူတို့နှစ်ယောက်လုံးကို ရွံမိသည် ။ အဲ့ဒီ့နေ့က ရီပို့ကတ်ကို ကိုယ့်ဘာသာ လက်မှတ်ထိုးလိုက်ရ၏ ။ “ယောက်ျားရေ အိမ်မှာ မီးတွေ ဘာတွေ ဂရုစိုက်နော် ဂက်စ် မီးဖိုကို မဖွင့်တတ်ရင် အလတ်မကို ဖွင့်ခိုင်း အငယ်မ ထမင်းချိုင့်အတွက်ရော အဆင်ပြေရဲ့လား ” အစ်မကြီးက ဆေးရုံမှာ နေရင်း အိမ်အတွက် လှမ်းစိတ်ပူနေသေး၏ ။ သူမ အိမ်အတွက် စိတ်ပူစရာမလိုဘဲ သူမယောက်ျားအတွက်သာ စိတ်ပူရမည် ဆိုတာကို မသိရှိခဲ့ပေ။ အစ်မကြီး နှင့် အဖေတို့အမေတို့ ဆေးရုံကပြန်မလာကြသည့် ခုနှစ်ညလုံး ခဲအိုဟာ အစ်မလတ်အခန်းထဲမှာ အိပ်လေသည်။ ကျွန်မ ရှေ့တွင် ပေါ်ပေါ် ထင်ထင်တော့ မနေကြပါ ။
ကျွန်မက အစ်မကြီးကိုပြန်ပြောလိမ့်မှာ စိုး၍ ဖြစ်မည်။ ကျွန်မအလစ်ကို ချောင်း၍သာ ခဲအိုက အစ်မလတ်အခန်းဆီ တိတ်တိတ်လေး သွားလေသည်။ သို့ပေမဲ့ ကျွန်မသည် အချဉ်မဟုတ်။ ဘာမှမသိသော ကလေးအရွယ်လည်း မဟုတ်။ သူတို့ မူမမှန်သည်ကို ရိပ်မိတာ ကြာလေပြီ။ သူတို့သည် အစ်မကြီးနှင့် အဖေတို့အမေတို့ရှေ့သာ အနေအထိုင်အများကြီးဆင်ခြင်ကြပေမဲ့ ကျွန်မအရှေ့ဆို သိပ်မဆင်ခြင်ကြပေ ။အပျိုဖြစ်သည့် အစ်မလတ်ပိုက်ဆံအိတ်ထဲမှာ တားဆေးကတ် တွေ့သည်ကစပြီး ကျွန်မသံသရဝင်ခဲ့သည် ။ တစ်ခါက ကျွန်မ ဝရန်တာမှာ စာကျက်နေတုန်း အစ်မလတ်က ခြံေနာက်ေဖးမှာ အဝတ်လှန်းနေခဲ့သည်။ ထိုအချိန် ခဲအိုရောက်လာပြီး အစ်မလတ်၏ ခါးကိုအနောက်ကသိုင်းဖက်လေ၏ ။ ကျွန်မ သူတို့ကို ရိပ်မိခဲ့သည်က ထိုအချိန်ကတည်းက စသည် ။ သို့ပေမဲ့ မိသားစုထဲ ဘာသိဘာသာ နေတတ်သော ကျွန်မသည် တစ်စတစ်စ အစ်မလတ်နှင့် ခဲအိုတို့၏ ရွံရှာစရာ ဇာတ်လမ်းကို သိလာသော်လည်း နံရံပေါ်က မျက်လုံးများသကဲ့သို့သာ ကြည့်ရုံကြည့်နေမိပြီး အသံမထွက်ခဲ့ပေ ။
အစ်မလတ်က မြို့ထဲမှာရှိသည့် ဆေးခန်းတစ်ခုမှာ သူနာပြုအကူလုပ်ကိုင်သည်။ ညဘက် အိမ်ပြန်ချိန်နောက်ကျသည့်အခါ အစ်မကြီးက ခဲအိုကို သွားကြိုခိုင်း၏။ ထိုအခါ အိမ်ကို ညဆယ်နာရီလောက်မှ ပြန်ရောက်လာတတ်သည်။အစ်မလတ်အလုပ်လုပ်သည့် ဆေးခန်းဟာ ရှစ်နာရီမှာ ပိတ်၏။ဆေးခန်းပိတ်ချိန်နှင့် အိမ်ပြန်ရောက်သည့်အချိန်၏ ကြားထဲက နှစ်နာရီစာဟာ ပျောက်ေနခဲ့သည်။။ ခဲအိုက ဆေးခန်းမှာ လူကျနေသည်ဟု ဆိုသည် ။ အစ်မလတ်က နောက်ယောင်လိုက်၏။ သူတို့ဆင်ခြေကို အ လွန်းသည့်အစ်မကြီးဆီမှာသာ အသုံးချလို့ရပေမဲ့ ကျွန်မအတွက်တော့ မရနိုင်။ သို့ပေမဲ့ နံရံပေါ်က မျက်လုံးကြီးသာ ဖြစ်သည့်ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့လေသည်။ ” အလတ်မေဆးခန်းမှာ မူးလဲလို့တဲ့ အမေရေ…” ဆေးခန်းက ဖုန်းဆက်လာသည့်အချိန်မှာ အိမ်တွင် ခဲအိုမရှိပေ။ ခဲအိုက သူ့ စက်ရုံမှာ ရှိနေခဲ့သည်။ အစ်မကြီးက အမေ့ကို ခေါ်ပြီး ဆေးခန်းကို လိုက်သွားခဲ့သည်။ သူတို့ ပြန်ရောက်လာသည့်အခါ အစ်မလတ်အခန်းထဲမှာ သုံးယောက်တည်း ကျိတ်ပြီး တစ်ခုခု ဖြစ်နေ၏။ ” အလတ်မ နင့်ကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲ … ” အစ်မလတ်က ငိုသည်။ တားဆေးကို ရက်မှန်မှန်မသောက်မိခြင်း ဖြစ်လေမည်။
ခု ကိုယ်ဝန်ရလာသည့်အခါမှ သူမ စိတ်ပျက် နောင်တတွေ ရနေလေသည် ။ ကျွန်မသည် အစ်မလတ် အရူးမီးဝိုင်းနေသည်ကို ကြည့်၍ မသနားမိ။ အမေကလည်း ငိုနေသည် ။ အရှက်အကြောက်ကြီးသော အမေဟာ သူမတို့အသိုင်းအဝိုင်းထဲ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသည့်မိန်းကလေးမျိုး မရှိဖူးသည့်အတွက် မျက်နှာ မဖော်နိုင်ဖြစ်နေလေသည် ။ ကျွန်မတွေးမိ၏ ။ အမေသာ အစ်မလတ်ဗိုက်၏ တရားခံကို သိလျှင်ဘယ်လိုတောင်ဖြစ်သွားလိမ့်မလဲ ။ “အလတ်မ ငါနင့်ကိုမေးနေတယ်လေ နင် ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့ အဖေသိရင်နင့်ကြောင့် ေ သလိမ့်မယ် အဖေ့ရောဂါကို နင်သိတယ်နော် … ” သွေးတိုးရှိသော အဖေ သိမှာစိုးတာကြောင့် သုံးယောက် တိုးတိုးတိတ်တိတ် ဖြေရှင်းနေကြလေသည် ။ ” ဘယ်အကောင်နဲ့ ရတာလဲ ဟမ် အလတ်မ နင့်မှာ ရည်းစားရှိတယ်လို့လည်း ငါမကြားမိပါဘူး … ညည်း အေ မယူရသေးဘဲ ကိုယ့်အပျိုစင်ဘဝကိုများ ပေးပစ်ရတယ်လို့ … ညည်း ကိုယ့်တန်ဖိုးကိုယ် အဲ့လိုလုပ်ရပ်နဲ့ ဖျ က်စီးပစ်လိုက်တာပေါ့ ဟုတ်လား ” အမေက ယူကျုံးမရ ပြောလေသည် ။ ခဲအိုပြန်လာသည့်အခါ အကျိုးအကြောင်းကိုသိတော့ မျက်နှာ အဆမတန်ပျက်ယွင်းနေလေသည် ။ အရှက်မရှိခဲ့တုန်းကတော့ ဒီလိုတွေ ဖြစ်လာနိုင်သည်ကို မတွေးမိခဲ့ဘဲ ခုမှ သူအကြောက်ကြီး ကြောက်နေလေသည်။ “အလတ်မ နင်ပြောမှာလား မပြောဘူးလား ဟမ် …” အမေက စိတ်တိုကာ စိတ်လိုလက်ရ အစ်မလတ်၏ လက်မောင်းတွေကို ရိုက်ပစ်လေသည် ။ အစ်မလတ်က ငိုလေ၏။ ” နင့်အကောင်က တာဝန်မယူနိုင်ဘူး တဲ့လား အလတ်မရယ် ညည်း ငါတို့ကို သ တ်သာ သ တ်လိုက်ပါတော့အေ …” အဖြစ်မှန်ကိုသာ သိလျှင် အမေသည် ေ သတာထက်စိုးသည့် ဝေဒနာကို ခံစားရမည်ဆိုတာ မသိခဲ့။ အစ်မလတ် ဆေးခန်းကိုမသွားတာ တစ်ပတ်ကျော်သွားပါပြီ ။
သူမ အခန်းထဲမှာပဲ အောင်းနေ၏။ ထမင်းလဲလာမစားပါ။ လူကသိသိသာသာ ချောင်ကျသွားသည်။ အမေက သမီးဖြစ်သူကိုကြည့်ကာ စိတ်ဆင်းရဲနေ၏ ။ ကျွန်မတို့တစ်မိသားစုလုံး စိတ်ဆင်းရဲရသည့်ကာလပင် ။ သို့ပေမဲ့ အစ်မလတ်ဆီက အဖြစ်မှန်ကို သိရလျှင် ပို၍ စိတ်ဆင်းရဲရမည်ဆိုတာ ကျွန်မကြိုသိနေခဲ့ပါသည်။ အစ်မလတ်သည် ကလေးသိပ်ချစ်တတ်၏ ။ မိခင်စိတ်ရှိသူ ဖြစ်သည်။ ထို့ကြောင့် ခဲအိုနှင့်ရသော ကလေးကို ဖျ က်ချချင်လောက်မှာ မဟုတ်တာ ကျွန်မသိသည်။ ကလေးကိုလည်း ဖျ က်မချချင် ၊ကလေးအဖေကိုလည်း ဖွင့်မပြရဲ ကာ သူမ ကျိတ်ခံစားနေရလေသည်။ တစ်နေ့မနက် အဖေမရှိတုန်း အစ်မကြီးနှင့် အမေတို့ အစ်မလတ်အခန်းဆီ ထွက်သွားကြလေသည်။ “ဘယ်သူနဲ့ရတာလဲ ပြောစမ်းပါ အလတ်မရယ် နင်ဘာလို့ ပါးစပ်ပိတ်နေတာလဲ ” အစ်မကြီးက မေးသည် ။ အစ်မလတ်ကမဖြေပေ ။ ငိုသာငို၏ ။ ကောင်းကောင်းမေးမရသည့်အခါ ကလေးကိုဖျ က်ချပစ်မည်ဟု ခြိမ်းခြောက်၍ အခန်းထဲက အတင်းဆွဲခေါ်လေသည်။ အစ်မလတ်က အစ်မကြီးဆွဲရာဆီ တရွတ်တိုက်ပါနေ၏။ အမေက ကြည့်ပြီးငိုနေသည် ။ အခန်းဝကိုရောက်သည့်အခါ အစ်မလတ်က အစ်မကြီး၏ ခြေထောက်ကိုဖက်ကာ ရှိုက်ကြီးတငင်ငိုလေတော့သည် ။
” သမီးကို ခွင့်လွှတ်ပါ မမကြီး သမီး မှားပါတယ် သမီး မှားပါတယ် မမကြီး သ တ်ချင်သ တ်ပစ်လိုက်ပါ သမီး အသက်လည်း မရှင်ချင်တော့ဘူး ဒီကလေး ေ သရင် သမီးလည်း ေ သမယ် သမီးကြောင့် ဘာမှမသိတဲ့ ကလေးတစ်ယောက်ရဲ့ အသက်တစ်ချောင်း မဆုံးရှုံးပါရစေနဲ့ ” ” အေးအဲ့တာဆိုပြော နင်ဘယ်သူနဲ့ရတာလဲ ” မမကြီးက ထပ်တလဲလဲ မေးသည် ။ အစ်မလတ်ဟာ ဖုံးကွယ်၍ မရတော့သည့်ေနာက်ဆုံးမှာ အမှန်တိုင်း ဖွင့်ဟလာတော့သည်။ ” သမီး … သမီး ကိုကိုကြီး နဲ့ရတာပါ …” မမကြီးက ” ဘာ ” ဆိုပြီး မျက်လုံးများပြူးသွားသည် ။ အစ်မလတ်က သူမခြေထောက်ကိုဖက်ကာ ငိုနေ၏ ။ ” သမီးမှားပါတယ် သမီးမှားပါတယ် မမကြီးရယ် ” မမကြီး လက်သီးဆုပ်ထားတာကို ကျွန်မမြင်လိုက်ရသည် ။ အမေဟာ စိတ်နှင့်လူနှင့်ပင်မကပ်တော့ဘဲ “မိုက်လုံးကြီးတဲ့သမီး အမျိုးယုတ်မ” ဟုဆိုကာ အစ်မလတ်ကို တအား ရို က်နှက်ကာ ငိုနေလေသည် ။ မမကြီးဟာ ရှက်စိတ် ဒေါသစိတ်နှင့် အသားများပင်တုန်ကာ ယူကျုံးမရလည်း ဖြစ်နေလေသည် ။ အစ်မလတ်ဖက်တွယ်ထားသည့် ခြေထောက်တွေကို ဆောင့်ရုန်းပစ်ကာ အခန်းထဲက ပြေးထွက်သွား၏ ။ အမေကတော့ အစ်မလတ်ကို အပြစ်တင်ကာ ရိုက်နှက်လျက် ရင်ဘက်များအောင့်လာသည်အထိ ငိုနေတော့သည် ။ အမေ မောလှပြီ ။ ကျွန်မ အမေ့ကို ဝင်မဆွဲမိပါ။ ဆူညံနေသည့် အခန်းရှေ့ကနေ မသိမသာ လှည့်ထွက်ခဲ့မိသည်။
” လူယုတ်မာကောင် ငါ့ညီမနဲ့ ငါ့ကွယ်ရာမှာ ခွေးဇာတ်ခင်းတဲ့ ကောင် နင့်ကိုငါ သ တ်မယ် … ” အစ်မကြီးက အချစ်ကြီး၍ အမျက်ကြီးနေတာမျိုးတော့ မဟုတ်လောက်ပါ ။ သမီးလေး မျက်နှာကိုမှမထောက်ဘဲ ဖောက်ပြန်သည့်ယောက်ျားကို သ တ်ချင်လောက်အောင် မုန်းတီးနေခြင်းပင် ။ ထို့ပြင် ကိုယ့်ညီမနှင့် ဖောက်ပြန်သည့် အဖြစ်ကို တွေးကာ စက်ဆုပ်ရွံရှာနေခြင်း ပင် ။ အမေက ငိုယိုကာ အစ်မကြီးကို အတင်းဝင်ဆွဲသည် ။ ” အကြီးမ အကြီးမ မလုပ်နဲ့ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပါ့မယ် ” ” လုပ်မယ် လွန်လွန် လွန်ပါစေ သူ့ကို သ တ်ပြီးထောင်ထဲဝင်မယ် အမေ သမီးသူ့ကို သ တ်မယ် ” အစ်မကြီးကပြောလည်းပြော ငိုလည်း ငိုသည်။ ” ဟဲ့ ခွေး ကောင် နင့် အဲ့လောက်တောင် အောက်တန်းကျရလား အောက်တန်းစား နင့်မှာ သမီး လေးလည်း ရှိတယ် နင်ဖောက်ပြန်ချင်တယ်ဆိုရင် တခြားလူနဲ့ဖောက်ပြန်တောင် ငါမပြောလိုဘူး နင်မလို့ ငါ့ညီမနဲ့မှ ဖောက်ပြန်တယ် ခွေး ကောင် အောက်တန်းစား ” အစ်မကြီးက ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေနှင့် ခဲအိုကို ရိုက်မိရိုက်ရာ ရိုက်ချပစ်သည် ။ ခဲအိုသည် ခေါင်းမဖော်ရဲရုံကလွဲလျှင် ပြန်ချေပနိုင်စွမ်းမရှိပါ ။ ဒီကိစ္စကို အဖေသိသည့်အခါ … ” အဲ့ခွေး ကောင်ကိုရော ဟို ခွေး မကိုရော ငါသ တ်ပစ်မယ် ” ဟု ဆိုကာ ဓားဆွဲ တုတ်ဆွဲ ဖြစ်လေသည်။ သွေးတိုးရှိသည့် အဖေ့ကို အစ်မကြီးက ကျန်းမာရေးထိခိုက်မှာစိုးလှ၍ သူ့စိတ်သူလျှော့ကာ မနည်းတားရသည် ။ ” အဖေ မလုပ်ပါနဲ့ မလုပ်ပါနဲ့ အဖေရယ်… အလတ်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်စေချင်လို့လား ” ” ဖြစ်ဖြစ် ခွေး ထက်မိုက်တဲ့ ဟာမ ခွေး မ သူလဲ ေ သ ရမယ် အဲ့ကောင်ကိုလည်း သ တ်မယ် ” အဖေဟာ ပြောရင်း ခေါက်ခနဲ ခွေကျသည် ။ အစ်မကြီးဟာ အဖေ့ကို အော် ခေါ်ရင်း ငယ်သံပါအောင်ဟစ် ငိုလေတော့သည်။ “သမီး အဲ့အောက်တန်းစားနဲ့ ကွာရှင်းမယ် ပြီးရင် ထိုင်းမှာပဲ သမီးလေးနဲ့ အခြေချတော့မယ် အမေ ဒီပတ်ဝန်းကျင်မှာ သမီးမနေချင်ဘူး မျက်နှာလည်း မပြဝံ့ဘူး သမီးရှက်တယ် …” အဖေ့ ဆွမ်းသွပ် မှာ အစ်မကြီးက ငို၍ ပြောလေသည် ။ အစ်မလတ်ဟာ အိမ်အဝမှာ အရူးတစ်ယောက်လို ထိုင်နေသည် ။ အိမ်ထဲကိုလည်း ဝင်မလာရဲပါ ။
ထောင်ထားသောအဖေ့ဓာတ်ပုံကို ကြည့်ကာသာ တအီအီ ငိုကြွေးနေလေသည်။ ဘယ်လိုပင်ဖုံးဖုံးဖိဖိ မူလအကောင်းပကတိရှိေနသည့် မိသားစုကနေ ကသောင်ကနင်းဖြစ်သွားသည့် ကျွန်မတို့ မိသားစုအခြေအနေကို ပတ်ဝန်းကျင်က ရိပ်မိကြလေသည် ။ အစ်မလတ်နှင့် ခဲအိုတို့ဟာ လူတကာ၏ တံတွေးခွက်မှာ ပက်လက်မျောကြရသည် ။ အိမ်ထောင်ရေးဖောက်ပြန်သူများအဖြစ် ရွံရှာစွာ ဖယ်ကြဉ်ခံရသည်။ အဖေ့ဆွမ်းသွပ်မှာ အစ်မလတ်ကိုတွေ့သည့်အခါ လူတကာက စက်ဆုပ်သော မျက်လုံးများနှင့် စောင်းမြောင်းကြည့်သွားကြသည် ။ ” အစ်မယောက်ျားနဲ့ဖောက်ပြန်တဲ့ ကောင်မ” ဟု တချို့က ကြားအောင်ပြောကြသည်။ “သူမလို့ မျက်နှာလာပြရဲသေးတယ် ရှက်တတ်ရင်ကိုယ့်ကိုယ်ကို သ တ် ေ သဖို့ကောင်းတယ် ” ” ခဲအိုနဲ့ ခွေးဇာတ်ခင်းရဲတာ တော်ရုံ သောက်ရှက်နဲ့တော့မရဘူးဟေ့ ” ” ဟို အကောင်လည်း ခွေး မျိုးပဲ ကိုယ့်မယားနဲ့ သားသမီးကိုမှ မငဲ့အေ မယားရဲ့ ညီမနဲ့မှလို့ပဲ ထွီ ” ပတ်ဝန်းကျင်၏ စကားပေါင်းသောင်းခြောက်ထောင်ကြားမှာ အမေ့ကိုတော့ ကျွန်မသနားမိသည် ။ မမကြီးဟာ ဒီပတ်ဝန်းကျင်နှင့်လွတ်ကင်းသည့် ထိုင်းကို တူမနှင့်အတူ ထွက်သွားခဲ့လေသည်။ အဖေ့ဆွမ်းသွပ်အပြီးမှာ အစ်မလတ်နှင့် ခဲအိုတို့လည်း ပျောက်သွားခဲ့ကြသည်။သူတို့ အမေ့ကိုပင် နှုတ်မဆက်ခဲ့ကြတော့ပေ။ အမေကလည်း သူတို့နှင့် ပတ်သက်သမျှကို မျက်နှာလွှဲခဲ့လေသည် ။
” ငါ့အတွက် အလတ်မဟာ ေ သပြီ ” ဟု စိတ်နာစွာ ပြောလေ၏။ ကျွန်မနှင့်အမေသည် ဒီနိုင်ငံ ဒီမြို့၏ ရပ်ကွက်ကျဉ်းကျဉ်းလေးထဲ ပတ်ဝန်းကျင်နှင့် ကင်းရှင်းစွာ တိတ်တဆိတ်နေထိုင်ခဲ့ရသည်။ ပတ်ဝန်းကျင်နှင့် မသက်ဆိုင်သူများအဖြစ် အသက်ရှင်ခဲ့ရလေသည်။ အစ်မကြီးသည် အိမ်ကိုတစ်ခါမျှပင်ပြန်မလာခဲ့တော့သလို အစ်မလတ်သည်လည်း ေ သ လူလို သတင်းအစအနပင်မကြားရသည်အထိ ပျောက်နေခဲ့လေသည် ။ အိမ်ထောင်ရေးဖောက်ပြန်မှုသည် လူမှုရေးပြစ်ချက်များထဲမှ အဆိုးဆုံး အယုတ်ညံ့ဆုံး နှင့် ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး ပြစ်ချက်တစ်ခုပင် ဖြစ်ေပေတာ့သည် ။ ထိုပြစ်ချက်ကိုမှ အဆိုးတကာ့အဆိုးဆုံး ကျူးလွန်ခဲ့သည့် အစ်မလတ်နှင့် ခဲအို တို့ဟာလည်း ဤသို့ ပြစ်ဒဏ်ခံရသည်မှာ ထိုက်တန်သည်ဟုပင် ကျွန်မသ တ်မှတ်ခဲ့မိသည်။
ပြီးပါပြီ။ #JoJo





