သားစားစုန်း(စ/ဆုံး)
—————-–-
ကျွန်တော့ မိန်းခလေး နာမယ်က ခင်လေးတဲ့ သူရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်ထင်တယ် သူ့ကို ကျွန်တော် မြင်မြင်ချင်း စိတ်ဝင်စားမိတာ သူက အသားဖြူဖြူ ၊ မျက်နာသွယ်သွယ်နဲ့ အရပ် ၅ပေ၅လက်မ လောက်ရှိတဲ့ လှပတဲ့ ကချင်မလေးပါ သူကို ကျွန်တော် ချစ်လွန်းလို့ ခင်လေး လို့တောင်မခေါ်ရက်ပဲ “ခင်”လို့ အဖျားစွတ် ခေါ်ပါတယ် သူကလဲ ကျွန်တော့ကို “ကို” တဲ့ သူထက် အသက်၃နှစ်လောက် ငယ်ပေမယ့် လူကြီးဆန်လွန်းတဲ့ ကျွန်တော့ကို “ကို” လို့ ခေါ်တာ မဆန်းပါဘူး ကျွန်တော်က ဆရာဝန်ပါ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နယ်မြို့လေးတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ဆရာဝန်ပေါ့ ခင်လေးနဲ့ကျွန်တော် ရည်းစားသက်တမ်း ၁နှစ်လောက်ကြာပြီးတော့ ကျွန်တော့တို့ မင်္ဂလာဆောင်ခဲ့ကြတယ် လင်မယား၂ယောက် သိပ်ချစ်ကြတာပေါ့ လက်ထပ်ပီးမကြာပါဘူး ကျွန်တော် ကချင်ပြည်နယ် ပူတာအိုဘက်က အရမ်းခေါင်တဲ့ ကျေးရွာလေးမှာ တာဝန်ကျပါတယ် ။
“ဟင် တကယ်လား ကို ။ ပူတာအိုမှာ တာဝန်ကျတာ တကယ်လားဟင်”
” တကယ်ပေါ့ ခင်ရဲ့ ”
“ပျော်လိုက်တာ ကိုရယ်။ ဖေတို့မေတို့နဲ့ တွေ့ရ တော့မယ် ”
” သိနေတယ်လေ ကို့ မိန်းမလေးပျော်နေမယ် ဆိုတာ သဘက်ခါကြရင် ကိုတို့ပြောင်းကြမယ် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားနော်ခင် ”
” အင်းပါ ကို ရဲ့ ”
သူက မြေရပ်မြေ ကချင်ပြည်နယ်ကို ပြန်ရတော့မယ် ဆိုတော့ ပျော်နေလေရဲ့
ဒါနဲ့ကျနော်က ရဲနောင်ပါ ကျနော်မိန်းမ ခင်လေးက သိပ်ထူးဆန်းတယ် လက်သည်းရှည်ကြီးတွေ ပိုင်ဆိုင်ထားပြီး ဘာဝတ်ဝတ် အနက်ရောင်ကိုမှ နှစ်သက်စွဲလန်းစွာဝတ်တတ်တယ်။ ဘာစားစား သူလက်သည်းရှည် ကြီးတွေနဲ့ ထိုးစိုက်ြပီး စားလေ့ရှိတယ်
” ခင် အဲ့လို့မစားရဘူးလေကွာ မစားကောင်းဘူး ခင်ရဲ့ ”
“အင်းပါ ကိုရယ် ခင်နောက်ဆင်ခြင်ပါမယ်”
အဲ့ဒါသူပြောနေကြစကား ပြောတုံးခဏ ပြီးရင် ပြန်လုပ်တာပဲ အဲ့လို့နဲ့ ကျွန်တော်တို့ လင်မယား ပူတာအိုဘက်က အဲ့ရွာလေးကို ရောက်ခဲ့တယ် ရွာလူကြီးနဲ့ တွေ့ပြီး ရွာစွန်လောက်မှာ နေရာချပေးတယ် ကျွန်တော်တို့အတွက် သစ်သားအိမ်ကလေးဆောက်ပြီးသားပါ ရောက်တဲ့ရက်မှာပဲ လင်မယား ၂ယောက်ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ် အိပ်လိုက်ကြတယ်။ နောက်တစ်ရက် ရောက်တော့ ရွာလူကြီးက လာခေါ်ပြီး ရွာဆေးပေးခန်းလေးကို ပြတယ် ။ သိပ်အကြီးကြီးလဲမဟုတ်သလို သိပ်သေးသေးလေးလဲမဟုတ်ပါဘူး။ ဆေးပေးခန်းမှာ သူနာပြုဆရာမလေး တစ်ယောက်နဲ့ ဆရာလေးတစ်ရောက်ရှိတယ် ။ ဖော်ရွေကြပါတယ် ။ ရွာသူရွာသားတွေကတော့ သိပ်ထူးဆန်းတာပဲ ။ စကားလဲမပြောကြဘူး ။ ကျွန်တော့ကို မခင်မင်သေးတော့ ရွံ့့နေတဲ့ပုံပါ။ အဲ့လို့နဲ့ တစ်ပတ်လောက်ကြာတော့ ခင်လေးက
“ကို ခင်တို့ မေမေတို့အိမ် သွားရအောင်လေ ကိုလဲ လိုက်ခဲ့ပေါ့”
ကျွန်တော် ကလဲ
“အင်း လိုက်ခဲ့ပါမယ်” လို့
ကတိပေးပြီး သူနာပြု ဆရာလေးနဲ့ ဆရာမလေးကို အစစလွှဲထားကာ လင်မယား ၂ယောက် မြစ်ကြီးနားက ယောက္ခမအိမ် ချီတက်ခဲ့ကြပါရော ။ ကျနော် ယောက္ခမကြီးလဲ သိပ်ထူးဆန်းတယ် ။ ခင်လေးလိုပဲ လက်သည်းရှည်ကြီးတွေနဲ့ ပြီးတော့ မဲနက်နေတာပဲ ။ ယောက္ခမတို့အိမ်မှာ ၂ရက်လောက်နေပြီးတော့ ။ ကျနော်တို့ ပြန်ခဲ့ကြတယ် ။ ရွာလေးက ခေါင်ပေမဲ့ သာယာလို့နေလို့ထိုင်လို့ သိပ်ကောင်းတယ် ။ တစ်ရက်ပေါ့ ကျနော် ဆေးပေးခန်းက အပြန် အိမ်ရောက်တော့ ကျနော် မိန်းမခင်လေး တစ်ယောက် အိမ်နောက်ဖေးမှာ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ။ ဘာလုပ်နေလဲ သွားကြည့်တော့ အမဲသားတွေ အစိမ်းလိုက် စားနေလေရဲ့ ။ ကျနော် မျက်လုံးပြူးသွားတယ်။ အံ့သြသွားပီး ရုတ်တရက် ဆွံအသွားတယ် ပြီးမှ ။
” ခင် ဘာလုပ်နေတာ လဲ ”
“အယ် ကို ပြန်လာတာစောတယ်နော် ။ ဒီမှာလေ ဗိုက်ဆာလို့ အမဲသားကို နှမ်းဆီလေးနဲ့ တို့စားနေတာ ကို ရဲ့”
သူကြည့်တော့လဲ ပြုံးပြုံးလေး ။
“အစိမ်းတွေ မစားရဘူးလေ ခင်ရဲ့ ။အစာမကြေဖစ်မှာပေါ့”
“အော် ကိုရယ် ခင်ငယ်ငယ်ထဲက စားတာ စားနေကြပါ ကိုရဲ့ ဘာမှမဖစ်ပါဘူး”
အဲ့တော့လဲ ကျွန်တော် အထွန့်တက်ခွင့်မရှိတော့
ကျွန်တော် တို့အိမ်ဘေးမှာ အမယ်အိုကြီး တစ်ယောက်နေတယ်။ သူလဲထူးဆန်းတယ် ရွာသားတွေနဲ့ ခပ်ကင်းကင်းနေသလို့ ရွာသူရွာသားတွေကလဲ သူကို မရှိသလိုပဲ သတ်မှတ်ထားကြတယ် ။ အဲ့ အမယ်ကြီး ဘုရား တရားအရမ်းလုပ်တယ် ထင်တယ် လက်မှာဆို အမြဲပုတီးအနက်ကြီးကိုင်လို့ ။ မနက် ညတွေဆို ဂါထာတွေ ရွတ်နေလား မသိ ။တိုင်းရင်းသားမို့လို့ စကားမပီလား မဆိုနိုင် ။ ကျနော်လဲ နားမလည်ဘူး။ သူက ကျွန်တော်တို့ လင်မယားနဲ့ မေးထူး ခေါ်ပြောယုံပါပဲ။
အဲ့လို့နဲ့ အဲ့ရွာလေးမှာနေတာ ၁နှစ်လောက်ကြာတော့ ခင်လေးမှာ ကိုယ်ဝန်ရှိလားရော ။ ကျနော်မှာ ပျေ်ာလိုက်တဲ့ ဖြစ်ခြင်း။ ခင်လေးလဲ အရမ်းပျော်နေတာ ။ ဘေးအိမ်က အမယ်ကြီးလဲ ခင်လေးကိုယ်ဝန်ရှိချိန်ကစပြီး ခင်လေး အနားက မခွာတော့ဘူး။ တကယ့်အမေအရင်းလို့ပဲ။ ပုတီးကြီးစိပ်လို့ ခင်လေးအတွက် ဆုတောင်းပေးနေတာ ထင်ပါတယ် ။ အဲ့မှာ ထူးဆန်းတာက ကျနော့် မိန်းမ ခင်လေး။ အမယ်ကြီး ကိုသိပ်သဘောမကျတဲ့ ပုံမျိုးပဲ။ ကျနော့မှာ အားနာလိုက်တာ အမယ်ကြီးကို။
“အမေ ကျနော်မိန်းမကိုယ်စား ကျနော်တောင်းပန်ပါတယ်နော် သူက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ တခါတလေ စိတ်နောက်တယ်ထင်ပါတယ် အမေရယ်”
“အော် ရပါတယ် သားရယ် အမေဗွေမယူပါဘူး”
အဲ့လို့မျိုးကျွန်တော့မှာ တောင်းပန်ရပါတယ်
အဲ့လိုနဲ့ ခင်လေး နေစေ့ လစေ့ ဖြစ်လာတဲ့ တစ်ရက် ရွာဆေးပေးခန်းလေးထဲမှာပဲ ကျတော်ကိုယ်တိုင် ကျနော့ သားလေးကို အောင်အောင်မြင်မြင်မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။ကျနော် အရမ်းပျော်နေပါတယ်။ အမယ်အိုကြီးလဲ အရမ်းပျော်နေပါတယ်။ ခလေးကို အမယ်အိုကြီးက ချီမယ်လုပ်တော့ ခင်လေးအတင်းပြန်တောင်းပါတယ် ။ သိပ်ထူးဆန်းတာပဲ။ အမယ်အိုကြီးကတော့ ပြုံးပြီးတော့ပဲ ပြန်သွားပါတယ်။ မနက်ပိုင်း အမယ်ကြီး ဘုရားရှိခိုးရင် ခင်လေး မခံနိုင်ဘူး ဟိုတွန့် ဒီတွန့်နဲ့ ။ ကျွန်တော် မင်္သကာတော့ပါ။
“ခင် ဘာဖစ်လို့လဲ နေမကောင်း ဘူးလား”
“မဟုတ်ပါဘူး ကို ရယ် ဘာဖြစ်လို့လဲမသိ တစ်ကိုယ်လုံးယားလာလို့ပါ”
“မတည့်တာတွေ စားမိလား ရေချိုးလိုက်ပါလား ခင်ရယ်”
“အင်း ချိုး လိုက်မယ်ကို”
“ပေးပေး ခလေး ကိုကိုယ်ကိုပေး။
“ဟင့်အင်း ဟင့်အင်း ခလေးပါခေါ်သွားမယ်
ကျွန်တော် အံသြရပြန်ပါသည်။ ခင်လေးသည် သားလေးကို မျက်စိအောက်က အပျောက်မခံပါ ။ကျနော် ခင့်ကို ကြောက်လာမိပါတော့သည်။ ကျနော့ ငယ်ငယ်က အမေတို့ ပြောပြဖူးသော သူများခလေးသာမက ကိုယ့်ခလေးပါ စားသောက်တတ်သော သားစားစုန်းမများ ခင်လေးဖြစ်နေမလား ။ မဖြစ်တော့ခြေ။
ကျနော့်သည် အရေးကြီးသော ကိစ္စအားလုပ်ရပေတော့မယ်။ ထမင်းစားသော အချိန် ခင်လေး မသိစဉ်တွင် သူမသောက်သော ရေခွက်ထဲသို့ အိပ်ဆေးခတ်ပါတော့သည်။ ကျနော့် မိန်းမသည် ထမင်းစားပြီးသည်နှင့် ခလေးအား ဖက်၍ အိပ်ပါတော့သည်။ ကျနောလဲ ခင်လေး အားကြိုးဖြင့် တုတ်ထားခဲ့ပြီး သားလေးအား ဘေးအိမ်ရှိ ဘုရားတရားအမြဲလုပ်၍ ခင်လေးကြောက်သော အမယ်အိုကြီးထံ ခလေးကိုအပ်ပါတယ် ။ အမယ်အိုကြီးက ပြုံးပြလျက်သူ စောင့်ရှောက်ထားမည်ဖြစ်ကြောင်း ပြောပြီး တံခါးကို ပိတ်လိုက်ပါတော့သည်။ ကျနော်လဲ အိမ်ရှိရာသို့ပြန်လာပြီး ခင်လေးအား အမှန်အတိုင်း ပြောရန် နိုးရပါသည် ။ ခင်လေးနိုးလာသော အခါ ခလေးကို အရင်မေးပါသည်။
“မညာနဲ့တော့ ခင်ရယ် သားလေးကို ချမ်းသာပေးပါ ။ စားချင်လျင် ကိုကိုသာ စားပါတော့ ခင်ရယ် နော်”
“ကို ဘာတွေပြောနေတာလဲ သားလေးရောလို့”
“သားလေးကို အဘွားအိမ်ကို ပို့လိုက်ပီ ကဲ ခင်ကို ကိုသတ်ပါတော့” ဟူ၍
မျက်စီမှိတ်သောအခါ ခင်လေးမှာ အသဲအသန် အော်ငိုလျက်
“ကိုယ်ကျိုးနဲပါပီ ကိုရယ်။ အမလေး သားလေးရဲ့ ငါ့သားလေး အသက်မှ ရှိပါအုံးမလား ။ ကို ခင် တောင်းပန်ပါတယ် ကိုရယ် သားလေးကိုပြန် သွားခေါ်ပေးပါနော်”
ကျနော် ကြောင်သွားပါတယ် ကျွန်တော် ရူးတော့မယ် ခင်လေး ဘာတွေပြောနေလဲ ကျွန်တော် နားမလည်ပါ။ ဝမ်းနည်းစွာ ရင်ကွဲပက်လက် ငိုကြွေးနေသော ချစ်ဇနီး အားသနားလာသလို သားလေးအားလဲ သူစိမ်းတစ်ယောက် လက်ထဲတွင် ထားခဲ့ရသည်ကို စိတ်ပူပန်မိ လာပါတော့သည်။ ချက်ချင်းပင် ဇနီးသည် လက်မှ ကြိုးကို ဖြတ်ကာ အမယ်အိုကြီးအိမ်ရှိရာသို့ လင်မယား၂ယောက် ပြေးလာမိပါတော့သည်။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပီ ။ အမယ်အိုကြီးမှာ မရှိတော့ပါ။ ဦးခေါင်းမှ လွဲ၍ ကိုယ်ခန္ဓာ တစ်ခုလုံး အသားမကျန်ပဲ အရိုးသာဖြစ်နေသော သားငယ်လေး၏ အလောင်းကိုသာ တွေ့မြင်ရပါတော့သည်။ ကျနော့ ခြေများ မခိုင်ချင်တော့ပါ။ ကျနော့ဇနီးမှာမူ အရုပ်ကြိုးပျက်လဲကျပီး
“အဲ့ အဘွားကြီးပေါ့ အိမ်မက်ထဲ အထိလာတောင်းတာ အဲ့ အဖွားကြီးပေါ့ အောင်မလေး သားလေးရဲ့” ဟု ဆိုကာ
အသက်ပါသွားတော့သည်။ အသက်ဝိညာဉ်ကင်မဲ့နေသော ချစ်ဇနီး၏ အလောင်းကိုထွေးပိုက်ရင်း ကျနော့ အမှားတစ်ခုအတွက် ဘယ်သောအခါမှ ပြန်မရနိုင်တော့သော အရာများ အားတွေးတောက ကျနော်သည် သားရဲတစ်ကောင်လို အော်ဟစ် ငိုကြေးမိပါတော့သည်။
ပြီးပါပြီး ခဗျာ။
သားစားစုန်း(စ/ဆုံး)







