ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော အောက်စုရွာမှကဝေညီအစ်မ

April 9, 2025 admin 0

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော အောက်စုရွာမှကဝေညီအစ်မ ဒေါ်နော်ခမ်းသည် သူ၏ချည်လွယ်အိတ်ကြီးကို လွယ်ကာ သောင်ထွန်းရွာထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာခဲ့သည်။ “ဟော…အလည်လာတာလား” ဒေါ်နော်ခမ်းကို သောင်ထွန်းတစ်ရွာလုံးက သိနေကြပြီဖြစ်၍ လမ်း၌တွေ့သူတိုင်းလိုလိုကပင် ဒေါ်နော်ခမ်းကို နှုတ်ဆက်ကြလေသည်။ ဒေါ်နော်ခမ်းကတော့ပြုံး၍ပြလိုက်…ခေါင်းကို ညိတ်ပြလိုက်ဖြင့် ဆက်၍လျှောက်လာခဲ့သည်။ ဘွားမယ်စိန်၏အိမ်ဆီသို့ ဒေါ်နော်ခမ်းတန်းမတ်စွာ ရောက်လာခဲ့သည်။ “အမေကြီး…” ထိုသို့ခေါ်ပြီး ခြံဝိုင်းထဲသို့ဒေါ်နော်ခမ်းဝင်လာခဲ့၏။ အိမ်၌လည်း […]

ဘွားမယ်စိန်နှင့် အတုံ့အလှည့် စ….ဆုံး “

April 9, 2025 admin 0

ဘွားမယ်စိန်နှင့် အတုံ့အလှည့် စ….ဆုံး ” အမေ..ဒီနေ့ငှက်ပျောဖူးသုပ်မယ်နော်…” “အေး…ကောင်းတာပေါ့အေ…သုပ်…သုပ်…..” ဒေါ်ဝင်းသည်မနက်စာအတွက် မီးဖိုအတွင်းပြင်ဆင်နေရင်း မိခင်ဖြစ်သော ဘွားမယ်စိန်ကြားစေရန်အော်ပြောလေသည်။ ခြံနောက်ဖေး၌ ပုတီးစိပ်ရင်းလမ်းလျောက်နေသော ဘွားမယ်စိန်သည်လည်း သမီးဖြစ်သူစကားကိုလက်ခံလေသည်။ ထိုသို့ဖြင့် ဒေါ်ဝင်းသည် ငှက်ပျောဖူးကိုပြုတ်၍ မြေပဲဆန်များထောင်းကာ သုပ်ဖို့ပြင်ဆင်လေသည်။ ထိုအချိန်… နန်းကြိုင်တစ်ယောက်အိမ်၌ရှိမနေပေ။ အကြောင်းကားသူ၏အဖော်များနှင့်ရွာထဲဆီသို့ အလည်ထွက်သွားသောကြောင့်ဖြစ်သည်။ “အရီးဝင်းရေ…ဘွားရှိလား………..” “အေး…သိန်းနုလား…ရှိတယ် […]

အောင်မြတ်သာနှင့်မြေမနင်းထားသောဝိဉာဉ်

April 8, 2025 admin 0

အောင်မြတ်သာနှင့်မြေမနင်းထားသောဝိဉာဉ် ” အူဝူး…….” တိတ်ဆိတ်တဲ့ညသန်းခေါင်အချိန် ထွက်ပေါ်လာတဲ့ ခွေးအူသံကြောင့် ဝါးထရံကာထားတဲ့ အိမ်တစ်အိမ်ထဲကနေ မီးအလင်းရောင်မှိန်ပြပြတစ်ခုပေါ်ထွက်လာခဲ့တယ်။ ” ဆရာကြီး… ဆရာကြီး…” ” အေး ဘယ်သူလဲကွ … ဒီအချိန်ကြီး” ” ကျွန်တော်… ဖိုးတေပါ”အိမ်ထဲကနေ ထွက်လာတဲ့အသံကြောင့် ပုဆိုးတိုတိုဝတ်ထားတဲ့လူက တံခါးကိုအသာဆွဲဖွင့်ပြီးဝင်လာခဲ့လိုက်တယ်။ ” ဆရာကြီး […]

တော်ပါသေးရဲ့

April 6, 2025 admin 0

တော်ပါသေးရဲ့ ကမ်းပါးယံစောင်းတွင် ပေါက်နေသည့် နီရဲရဲ ကြက်ခြမ်းသီးကို နှုတ်သီးဖြင့် ပေါက်ယူစားနေသည့် တောကြက်မတစ်ကောင်ကို မြင်သည်နှင့် တောကြီးမြွေဟောက်တစ်ကောင်သည် ထိုအနီးတွင် ပေါက်နေသည့် မြရာပင်ငယ်ကိုင်းဖျားတစ်ခုမှ လျှပ်တစ်ပြက် လျှောခနဲဆင်းလာကာ ထိုတောကြက်မကြီး၏ ပေါင်ရင်းကို ပေါက်ကိုက်ဆွဲယမ်းလေတော့သည်ကြောင့် တောကြက်မသည် တောင်ပံတဖျပ်ဖျပ် အော်ဟစ်ရုန်းကန်နေငြား မြွေ၏ ငုံခဲကိုက်ထားခြင်းမှ ရုန်းမထွက်သာခဲ့ချေ။ “အော့ […]

အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ

April 5, 2025 admin 0

အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ လူသူအရောက်ပေါက်နည်းတဲ့ မဟာဝန်တောကြီးထဲမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေက စိတ်ထင်တိုင်းကြီးမားနေကြတယ်။ တစ်ချက်တစ်ချက် တောကောင်ကြီးများရဲ့ ဟိန်းဟောက်သံ၊ တောကောင်ငယ်လေးများရဲ့ မြည်တွန်သံတွေက မဟာဝန်တောကြီးထဲက ထွက်ပေါ်လာခဲ့တယ်။ တောတွင်းတစ်နေရာမှာတော့ တောင်ဝှေးတစ်ချောင်းနဲ့ နေရာအမှတ်အသားတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိနေတယ်ဆိုတာ သာမန်လူတွေဘယ်လိုမှ မသိရှိနိုင်ခဲ့ဘူး။ ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ မဟာဝန်တောကြီးထဲမှာ စိတ်ဝင်စားဖွယ်ရာကောင်းလှတဲ့ သဘာဝဖြစ်ရပ်ဆန်းတွေများစွာဖြစ်ခဲ့ဖူးတယ်။ ရှေးအစဉ်အဆက် […]

အောင်မြတ်သာနှင့်ဆရာမနိုင်နှစ်ဆောင်ပြိုင်(စ/ဆုံး)

April 5, 2025 admin 0

အောင်မြတ်သာနှင့်ဆရာမနိုင်နှစ်ဆောင်ပြိုင်(စ/ဆုံး) အိမ်ကနေထွက်လာခဲ့တဲ့ သက်ခိုင်တစ်ယောက် ဆရာသခင်စောင့်နေမယ့် ကြံတိုင်းအောင်စေတီသို့ ပြန်လာခဲ့တယ် စေတီပေါ်ရောက်တော့ တနင်္ဂနွေထောင့်မှာ တရားထိုင်နေတဲ့ ဆရာသခင်ကို လှမ်းတွေ့လိုက်တော့ သက်ခိုင် ပြုံးလိုက်မိတယ် သက်ခိုင်လဲ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ မိမိနေ့နံဖြစ်တဲ့ သောကြာထောင့်မှာထိုင်ပြီး လက်စွဲတော်စိပ်ပုတီးကို စိပ်နေလိုက်တယ် အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး စေတီမှာချိတ်ဆွဲထားတဲ့ ခေါင်လောင်းသံမြည်တော့မှ သက်ခိုင် သတိပြန်ဝင်ပြီး ပုတီစိပ်ခြင်းအမှုကို […]

အောင်မြတ်သာနှင့်မှော်သမန်းကျား

April 5, 2025 admin 0

အောင်မြတ်သာနှင့်မှော်သမန်းကျား နှင်းစက်တွေတစ်ဖျောက်ဖျောက်ကျနေပြီး မြူခိုးမြူမှုန်တွေမှိုင်းညို့နေတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကြီးက ရောက်လာသူတွေကို လွမ်းမောအောင်တမင်တကာပြုလုပ်နေခဲ့တယ်။ ဒီလိုအချိန်အခါက ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ နေထိုင်ကြတဲ့ထမံသီလူမျိုးတွေရဲ့ အမဲလိုက်ရာသီလဲဖြစ်တယ်။ ထမံသီလူမျိုးအများစုက အမဲလိုက်တဲ့အခါ လေးနဲ့မြှားကိုအသုံးပြုပြီး သားကောင်တွေကိုဖမ်းဆီးကြတယ်။ တောကောင်အကြီးတွေဖမ်းနိုင်တဲ့သူကိုတော့ ရပ်ရွာရဲ့စံပြသူရဲကောင်းအဖြစ်လဲ ဂုဏ်ပြုတတ်ကြသေးတယ်။ ဒါကြောင့် ရပ်ရွာထဲမှာရှိတဲ့ သွေးကြွတဲ့လူငယ်အများစုက အမဲလိုက်ရာသီရောက်တဲ့အခါ ရပ်ရွာရဲ့စံပြသူရဲကောင်းဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့ကြတယ်။ ‌ ‌” […]

ပါးစပ်စီးတဲ့ မကပ်စေး

April 5, 2025 admin 0

ပါးစပ်စီးတဲ့ မကပ်စေး ကျုပ်တို့ရွာမှာ မကပ်စေးလို့ပြောလိုက်ရင်တော့ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပုပု၀၀မိန်းမကြီးတစ်ယောက်ကို ပြောတာပဲဗျာ၊ မကပ်စေးက အသက်က သုံးဆယ့်ငါးလောက်ရှိသဗျ၊ အညာသူအသားအရေအတိုင်း ညိုမည်းမည်းပဲပေါ့ဗျာ၊ ဈေးဆိုင်ဖွင့်ပြီး မိုးလင်းမိုးချုပ် ဈေးထိုင်ရောင်းနေရတာဆိုတော့ လူကလည်း အဆီပိတ်ပြီး ဝလာတာပေါ့ဗျာ၊ အရပ်ကလည်း ခပ်ပုပုကိုးဗျ၊ မကပ်စေးက တခြားနေရာမှာသာ ကပ်စေးနဲတတ်ပေမယ့် သူစားဖို့အတွက်ကျတော့ […]

ရေစက်(စ/ဆုံး)

April 5, 2025 admin 0

ရေစက်(စ/ဆုံး) ——— “အန် … အန်တီ …” နှင်းဆီပင်တွေ ရေဖျန်းနေရာက အသံကြားလို့ ဒေါ်ခင်တင့် လှည့်ကြည့်လိုက်မိတယ်။ ခေါ်တဲ့သူကို မြင် တော့ အလိုမကျစိတ်နဲ့ တစ်ချက် မျက်မှောင်တွန့်လိုက်မိပြန်တယ်။ “ရေ … ရေလေး တစ်ခွက်လောက် သောက် … သောက်ချင်လို့ပါ” “ဪ… […]

သေမင်းနေတဲ့ရွာ မယ်ဝဏ္ဏ

April 4, 2025 admin 0

သေမင်းနေတဲ့ရွာ မယ်ဝဏ္ဏ အကြောင်းပါပြီ မွေးထား တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီအစ်ကိုဆိုရင် အ ဖေရဲ့အစွမ်းနဲ့ အမေရဲ့အစွမ်းပေါင်းပြီး လူစွမ်း ကောင်းတွေ ဖြစ်ကုန်ကြတယ်လို့ ရာဇဝင်မှာ ပါတယ်ကွ” “ကိုကြီးပုက ရာဇဝင်ထဲပါတာပြောတာ၊ ကျုပ် က ဇော်ဂျီဖိုဝင်သား စားထားတဲ့လူကို ကိုယ် တိုင်တွေ့ခဲ့ဖူးတာဗျ” ဘိုးရုံက […]