ကျားမာယာ �“ကိုယ်တို့လမ်းခွဲကြရအောင်တေး…” “ရှင်…” ဘယ်တုန်းကမှကြားရလိမ့်မယ်လို့အိပ်မက်တောင်မမက်ဖူးတဲ့စကား ကို့နှုတ်ဖျားကထွက်ကျလာတော့ တေးဝေဖြာ အံ့ဩမှင်သက်သွားရသလို ဗယ်ဘက်ရင်အုံဆီကစူးအောင့်လှိုက်တက်လာခဲ့ရသည်။ “ဘယ်လို.. ဘယ်လိုပြောလိုက်တာလဲကို….�တေးတို့ဘာကိစ္စကြောင့်လမ်းခွဲရမှာလဲ…�တေးကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာသိရဲ့သားနဲ့ကိုဘာဖြစ်လို့ဒီလိုစကားမျိုးပြောထွက်ရတာလဲဟင်…ပြောပါဦး.. ပြောပါဦးလို့…” စိတ်မြန်လက်မြန်ရှိလှသောတေးသည် စိုးရိမ်ပူပန်စိတ်ကြောင့်တထိတ်ထိတ်အခုန်မြန်နေသောရင်ဖြင့်ပါးစပ်ကလည်းပြောရင်း၊ လက်ကလည်း ကိုရဲ့လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်လှုပ်ရမ်းနေခဲ့မိသည်။ ကိုကမျက်မှောင်ကြုတ်ကာ ပါးစပ်က”ကျွတ်”ကနဲမြည်အောင်အသံပြုရင်း တေးကိုစိတ်ပျက်သလိုစိုက်လို့ကြည့်နေခဲ့ပါသည်။ မထုံတက်တေးကိုရဲ့ပုံစံသည် တေးရဲ့သိချင်စိတ်ကိုပိုပြီးမရိုးမရွဖြစ်စေလာတာကြောင့်ဆွဲထားမိသောလက်မောင်းကိုတဖတ်ဖတ်ရိုက်နေမိခဲ့တော့သည်။ ကိုကသူ့ကိုယ်ကိုအနောက်ဘက်ရို့ကာ တေးရဲ့လက်တွေကိုရှောင်ရင်းကာရင်းက… “တေးဝေဖြာ… တစ်ခုခုဆိုလက်ပါခြေပါလုပ်တတ်တဲ့မင်းအကျင့်ကို ငါစိတ်ကုန်နေတာအတော်ကြာပြီဆိုတာသိရဲ့လား… အေး… ငါဘာကြောင့်လမ်းခွဲရချင်တာလဲဆိုတော့ ချစ်တာတစ်ခုတည်းသိပြီး၊�တစ်ဘက်သားရဲ့ခံစားချက်ကိုဘယ်တုန်းကမှထည့်မတွက်တတ်ခဲ့တဲ့၊ ကိုယ့်အတ္တကိုပဲအမြဲရှေ့တန်း တင်တတ်တဲ့မင်းနဲ့တစ်ဘဝလုံးရှေ့ဆက်ဖို့တွေးလိုက်မိရင်ကိုမွန်းကြပ်လွန်းလို့ကွ… …
ကျားမာယာ Read More