ဘဝမမေ့သူ
ဘဝမမေ့သူ ထိုစဉ်ကတည်းက မီးသည် မကြာခဏပြတ်သည်။ လျှပ်စစ်ဒယ်အိုးလေးကို အားကိုးနေရသောကြောင့် မီးသွေး မီးဖိုလည်း မရှိ။ ထမင်းချက်တော့လည်း လျှပ်စစ်ပေါင်းအိုးသာ။ ထို့ကြောင့် အရာရာကို လျှပ်စစ်မီးအပေါ် ယုံကြည် အားကိုးလွန်းသူ ကျွန်တော့်မှာ မီးမလာလျှင် သောကပွေရတော့သည်။ ကြက်ဥကြော်မည်ဟုပြင်စဉ် ဒယ်နီအိုးက မပူတော့။ ပျက်ပြန်ပြီ။ ဒယ်နီအိုးကို အိတ်ထဲတွင်ထည့်ကာ ပြင်နိုင်သည့် အာလူးအိမ်ကို သွားရတော့သည်။ အာလူး၏ တဲရှေ့တွင် …
ဘဝမမေ့သူ Read More