ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ်

ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ်နိုင်ငံတကာရုပ်ရှင်တွေထဲမှာ မြင်တွေ့ရတဲ့ ဒဏ္ဍာရီလာ သတ္တဝါဆန်းကြီးတွေနဲ့ လူသားစားငါးမန်းတွေ၊ မိကျောင်းတွေအကြောင်းကိုတော့ ကလေးလူကြီးမကျန် သဘောကျနှစ်သက်ကြပါတယ်။ ဒီလိုပဲ မြန်မာရာဇဝင်တွေထဲမှာလည်း တကယ်ပဲရှိခဲ့တာလား၊ ပါးစပ်ပြော ဒဏ္ဍာရီတွေပဲလားဆိုတာ ခွဲခြားမရ လောက်အောင် ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေနဲ့ ယှဉ်တွဲပါဝင်နေတဲ့ အကြောင်းအရာ အတော်များများ ရှိပါတယ်။ ထင်ရှားတဲ့ အကြောင်းအရာတစ်ခုကတော့ လူယောင်ဖန်ဆင်းနိုင်တဲ့ နတ်မိကျောင်းလို့ သိကြတဲ့ ‘ငမိုးရိပ်’ ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘုရင်က ကြိမ်စကြာ …

ဒဏ္ဍာရီလာ နတ်မိကျောင်းကြီး ငမိုးရိပ် Read More

မဆစ်ဆီ ပီယဆေး (စ/ဆုံး)

မဆစ်ဆီ ပီယဆေး (စ/ဆုံး)မူရင်းရေးသားသူ – ဆရာတာတေဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်းသေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာတာတုံး “” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးကတည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး “လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးကလမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။” …

မဆစ်ဆီ ပီယဆေး (စ/ဆုံး) Read More

ခေါင်းရိုက်သံ(စ/ဆုံး)

ခေါင်းရိုက်သံ(စ/ဆုံး)ရေးသားသူ…တာတေတပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိတယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ်ရွာလုံးမှာ အနည်းဆုံး ဆယ်ပွဲ၊ ဆယ့်ငါးပွဲလောက်ကို ရှိတာ။ ထမနဲထိုးတဲ့ ရက်တွေဆိုရင် တာတေတို့ ကာလသားတွေ မနက်လင်းအားကြီးမှပဲ အိမ်ပြန်ကြရတာဗျ။ တစ်အိမ်၊တစ်အိမ်ကို အနည်းဆုံးတော့ ဆယ်ဒယ်လောက်ထိုးကြတာ။ဘုန်းကြီးကျောင်းတွေပို့၊ အိမ်တွေလိုက်ဝေ၊ အနီးအနားရွာတွေ ပို့သဗျာ။ကျုပ်တို့ရွာမှာကလည်းထမနဲပွဲဆိုတာ ညရောက်မှ ထိုးကြတာဗျ။ နေ့ခင်းဘက်ကျတော့ ယာထဲဆင်းတဲ့ လူကဆင်း၊တောထဲ တောင်ထဲသွားတဲ့လူက သွားနဲ့ဆိုတော့ရွာမှာ …

ခေါင်းရိုက်သံ(စ/ဆုံး) Read More

မီးနေသည်_သရဲမ (စ-ဆုံး)

မီးနေသည်_သရဲမ (စ-ဆုံး) မိုးကလဲတစ်ဖွဲဖွဲလေးကျနေတယ်….. အချိန်ကတော့ညနေစောင်းနေ၀င်ရီတရောနွားရိုင်းသွင်းချိန်ပေါ့… ခြေလှမ်းကိုပုံမှန်လှမ်းရင်း…သူ့အိမ်ရှိရာကိုတန်းတန်းမတ်မတ်ကလေးပြန်လာတာပေါ့…. လူကလဲသောက်တတ်စားတတ်ဆိုတော့ဒီအချိန်ဆိုရင်လူကမှန်နေပြီလေ… “ဝုတြ…ဝုတြ…ဝုတြ….ဝူးးးအူးးးးးးးးးးအူးးးးး” “အာ….ဒီသောက်ခွေးတွေကလဲဒီနေရာမှာဘာလို့အ သေလာအူနေရတာတုန်း” ပြောရင်းပုံမှန်ပဲလမ်းဆက်လျှောက်လာခဲ့တယ်…ရှေ့နားရောက်တော့ခိုးလိုးခုလုနဲ့ ဘာလေးမှန်းမသိဘူးသူတက်နင်းမိလို့ကောက်ကိုင်ကြည့်လိုက်တော့မိန်းမရုပ်ကလေး လက်ရာကတော့အတော်ကောင်းတယ် ဒါနဲ့အိတ်ကပ်ထဲကောက်ထည့်ပြီးဆက်လျှောက်လာတယ် နောက်က ခွေးသုံးကောင်ကတော့တောက်လျှောက်ကိုကပ်လိုက်လာပြီးဆွဲဆွဲငင်ငင် အူလိုက်ဟောင်လိုက်ကိုလုပ်နေတော့တာပဲ ဒါလဲဂရုမစိုက်ဘူးသူအိမ်ကိုပြန်ရောက်အောင်ပြန်လာခဲ့လိုက်တယ် သူအိမ်ရှေ့ရောက်တဲ့အထိခွေးတွေကလိုက်ဟောင်နေတုန်းပဲ…. “ကိုအောင်လှရှင်ပြန်လာပြီလား” မိန်းမဖြစ်သူကလှမ်းမေးတယ်သားလေးနဲ့သမီးလေးကတော့ ညစာကြည့်ချိန်စာကြည့်နေတာပေါ့ “အေးပြန်လာပြီ ဒီနေ့လဲပင်ပန်းတယ်ကွာအလုပ်က” “ရှင်အလုပ်လားဖဲဝိုင်းလား…” “အေးနှစ်ခုလုံးပဲ…” ပြောရင်း၀တ်ထားတဲ့တိုက်ပုံအနက်ကလေးကိုတန်းမှာလွှားလိုက်ပြီးထမင်း၀င်စားလိုက်တယ် မိန်းမမတင်ကြည်ကတော့ဘုရားရှိခိုးဖို့ဘုရားစင်ရှေ့ထိုင်ပြီးဘုရားရှိခိုးနေတာတွေ့လိုက်တယ် လူကလဲနည်းနည်းလေးထွေနေပြီဖြစ်တော့အိပ်ချင်တာနဲ့တစ်ခါတည်းပဲအိပ်ယာ၀င်လိုက်တယ် ညအိပ်နေရင်းကအိမ်မက်လိုလို တကယ်လိုလိုနဲ့မိန်းမတစ်ယောက်ကိုအောင်လှအနားရောက်လာတယ် …

မီးနေသည်_သရဲမ (စ-ဆုံး) Read More

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း “ ဗွမ်း… ဗွမ်း… ဗွမ်း” တရားထိုင်နေရင်း ကြားလိုက်ရတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့အမြင်ထဲမှာလည်း နဂါးလေးကောင် ကမ်းစပ်တစ်နေရာမှာ ကူးခတ်နေတဲ့ပုံရိပ်ပေါ်လာခဲ့တယ်။ နဂါးလေးကောင်က ရေထဲမှာ အတန်ကြာဆော့ကစားနေရင်း ရေထဲကိုငုံ့လျှိုးပြီး ပြန်တက်လာချိန်မှာတော့ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားနှစ်ယောက်၊ မိန်းမနှစ်ယောက်အသွင်ဖြစ်နေတာကိုလဲ မြင်တွေ့လိုက်ရတယ်။ အဆိုပါလူလေးယောက်က အောင်မြတ်သာရှိတဲ့အရပ်ကို လှမ်းကြည့်ပြီး “ ဒီအရပ်ဒေသကို မကြာခင် သာသနာပြုမယ့် ရဟန်းတစ်ပါးရောက်လာလိမ့်မယ်၊၊ သူလာမှ ဒီအရပ်ဒေသက …

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း Read More

”ရုပ်ပြောင်းကဝေ” (စ-ဆုံး)

”ရုပ်ပြောင်းကဝေ” (စ-ဆုံး) ရေးသားသူ-ဆရာတာတေ တန်ဆောင်မုန်းလရောက်ကတည်းက ကျုပ်တို့အညာမှာ တော်တော်လေးအေးနေပြီဗျ။ အရင်နှစ်တုန်းကတော့ နတ်တော်ရောက်မှ အေးတာပါ။ ခုတော့ တန်ဆောင်မုန်းဝင်တာနဲ့ အနွေးထည်တွေဝတ်နေ ကြရပြီဗျို့။ ဘိုးလူပေနဲ့ကျုပ်နဲ့က ရန်ကုန်ကပြန်လာကြတာဗျ။ ရန်ကုန်မှာကိစ္စ တစ်ခုရှိတာနဲ့ သွားကြရတာ။ ရက်နှစ်ဆယ်လောက်တော့ကြာသွားတယ်။ ဒီနေ့မနက်ပဲ အညာကိုပြန်ရောက်တယ်။ မြို့ပြန်ရောက်တော့ ဘိုးလူပေက သူတည်းနေကြ ဆရာတော်ကျောင်းကိုသွားတယ်။ ကျုပ်က ဘိုးလူပေကို ဘုန်းကြီးကျောင်းလိုက်ပို့ပြီးရင် ဘကြီးအိမ်ကိုသွားမယ်။ တစ်ရက်နှစ်ရက် …

”ရုပ်ပြောင်းကဝေ” (စ-ဆုံး) Read More

ပဉ္ဇ္စလက်မှော် – ( စ / ဆုံး)

ပဉ္ဇ္စလက်မှော် – ( စ / ဆုံး) မူရင်းရေးသူ _ ဆရာတာတေ ဘိုးလူပေ လာခေါ်လို့ ကျုပ်လိုက်ခဲ့တာဗျ။ မြစ်ဝကျွန်းပေါ်က မြို့ကလေးတစ်မြို့ကို ကျုပ်ဒို့ ရောက်လာခဲ့တယ်။ဧရာဝတီသင်္ဘောကြီးစီးပြီး ရန်ကုန်ကတစ်ဆင့် လာခဲ့တာဗျ။ ဘိုးလူပေကို လာပင့်တာက အဲဒီမြို့ကလေးမှာနေတဲ့ ဘိုးလူပေရဲ့ မိတ်ဆွေ ဦးဘဝင်းတဲ့ဗျ။ ဦးဘဝင်းကလည်း ဆရာပဲဗျ။ဘိုးလူပေကို မွေးစားတဲ့ ပထမံဆရာပွါးကြီး ထွက်ရပ်မကြွခင်တုန်းက ဆရာပွားကြီးဆီမှာ …

ပဉ္ဇ္စလက်မှော် – ( စ / ဆုံး) Read More

ကဝေစက်(စ/ဆုံး)

ကဝေစက်(စ/ဆုံး) ရေးသားသူ…ဧကန်မင်း “ဟေ့ …မောင်အေးဝင်း မင်းကို ဆရာကြီး ခေါ်နေတယ် ” “ဆရာကြီးက ဘယ်မှာလဲ …ဘကြီး ” “ဦးစန္ဒိမာကျောင်းမှာ ” “ဟုတ်ကဲ့ …ကျနော် ခဏနေရင် သွားလိုက်မယ် ” ဆရာကြီးက ဂန္ဓာရီပညာရပ်များ လေ့လာလိုက်စားနေသည်။ ထိုပညာ၏ လမ်းစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းဖြစ်သည်။ ထိုပညာစခန်း မပြီးဆုံးခင် …

ကဝေစက်(စ/ဆုံး) Read More

ကိုးသင်္ချိုင်းကဝေ (စ/ဆုံး)

ကိုးသင်္ချိုင်းကဝေ (စ/ဆုံး)မူရင်း _ဆရာတာတေလွှတ်ပြီးကတိတည်တဲ့လူဗျာ။ကျုပ်ဆရာကြီးစိုင်းနွံဖကို ပြောတာပါ။ကျုပ်ရအောင်ယူပေးတဲ့ သစ်စုန်းပင်ကိုပုဗ္ဗာရုံကျောင်းမှာပဲ တောင်ဝှေးလုပ်တယ်။ဆေးတောင်ဝှေးသုံးချောင်းထွက်တယ်ဗျ။သစ်ရွက်၊ သစ်မြစ်တွေကိုတော့။အခြောက်လှမ်း၊ အမှုန့်ထောင်းပြီး ဆေးတောင့်တွေလုပ်တယ်။ ဆေးတောင်ဝှေးတို့ကို ပန်းပုဆရာနဲ့ နဂါးခေါင်းလက်ကိုင်တွေထုတယ်ဗျ။ ပြီးတော့မှ ပေါ်လစ်တင်တယ်။နဂါးခေါင်းကိုတော့ ရွှေပိန်းချတာဗျ။သစ်စုန်းဆိုတာ တော်တော်ကိုထူတဲ့ သစ်သားပဲဗျ။အားလုံးလုပ်ကိုင်ပြီးတော့ ဆရာတော်ကိုသစ်စုန်းဆေးတော်တစ်တောင့်နဲ့ နဂါးတောင်ဝှေးတစ်ချောင်းလှူတယ်။ကျုပ်ကိုတော့ သစ်စုန်းဆေးတော်တစ်တောင့်နဲ့မျက်ကွင်းဆေးတစ်တောင့်ပေးတယ်။ဖြေဆေးဥပါပေးတယ်ဗျ။သီလသမာဓိရှိသလောက် ကတိလည်းအင်မတန်တည်တဲ့ ဆရာကြီးပါပဲဗျာ။ဆရာကြီး စိုင်းနွံဖပြန်သွားပြီး တစ်နှစ်လောက်ရှိတော့ ဘန့်ဘွေးကုန်းကိုလူတစ်ယောက်ရောက်လာတယ်ဗျ။ဒီလူကကဝဆေိုပဲ။ကျုပ်လည်း မသိပါဘူးဗျာ။တစ်ရက်ကျုပ်ဆီကို ဘန့်ဘွေးကုန်းက ကျောက်နီဆိုတဲ့ကောင် ရောက်လာပြီးပြောလို့သိတာဗျ“ဟာ ဟေ့ကောင် …

ကိုးသင်္ချိုင်းကဝေ (စ/ဆုံး) Read More

မှောင်ထဲက ရယ်သံ (စ/ဆုံး)

မှောင်ထဲက ရယ်သံ (စ/ဆုံး) ရေးသားသူ…တာတေ ကျုပ်တို့ အညာနွားဆိုတာ အားကြီးသနားဖို့ကောင်းတာဗျ။ ယာထဲလည်း လုပ်ရတယ်။ ရေစည်လည်း တိုက်ရတယ်။ ဆီဆုံလည်း ကြိတ်ရတယ်။ ကုန်ပစ္စည်းလည်း သယ်ရ၊ ဟိုနား ဒီနားသွားတော့လည်း လှည်းဆွဲရနဲ့ ဒင်းတို့ခမျာ နားရတယ်ကို မရှိရှာတာဗျ။ လူက ဂရုစိုက်ပါမှ။ အစာမှန်မှန်ကျွေး ။ ရေမှန်မှန်တိုက်။ ရေချိုးချိန်ချိုးပေး။ နေထိုင်မကောင်းတော့လည်း ဆေးလေးဝါးလေး ဂရုစိုက်တိုက်ပေးရတာပေါ့ဗျာ။ …

မှောင်ထဲက ရယ်သံ (စ/ဆုံး) Read More