စိတ်နှင့်တန်သော ဘဝတွေ(စ/ဆုံး)

စိတ်နှင့်တန်သော ဘဝတွေ(စ/ဆုံး) အိမ်ဘက်ရှိရာလမ်းချိုးလေးသို့အကွေ့တွင်.. ဖုန်တသောသောကြားမှ ပိုက်ဆံအိတ်အနီရဲရဲဖောင်းဖောင်းလေးအားယမုံတွေ့ရှိလိုက်လေသည်။ ယမုံသည် တစ်ခဏတော့..ယောင်တောင်ပေါင်တောင်ဖြင့်ပိုက်ဆံအိတ်လေးအားကျော်တက်သွားမိသေးလေသည်။ ထို့နောက် စိတ်ထဲမှနေ၍ ငါ့ပစ္စည်းမဟုတ်လို့ငါကမကောက်ယူမိရင် နောက်တစ်ယောက်ကတွေ့တဲ့အခါ၊ ငါလိုမကောက်ပဲကျော်တက်သွားမှာလား လူတိုင်းက ငါလိုမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ပိုင်ရှင်ပြန်လာရှာတဲ့အခါ ငါပြန်ပေးရမယ်။ ငါပဲကောက်သွားတော့မယ်။ ယမုံသည် အတွေးဝင်မိသည်နှင့်လက်ကတပြိုင်နက်ဆိုသလို ပိုက်ဆံအိတ်ကလေးကိုကောက်ယူလိုက်လေသည်။ ထိုစဥ် လမ်းချိုးလေးထဲကွေ့ဝင်လာသော စျေးဆွဲ ခြင်းတောင်းကိုင်ဆွဲလျှက် မခင်မာမြင့်ကို တွေ့လိုက်သည်။ မခင်မာမြင့်ကလည်းလျှပ်တစ်ပြက်အတွင်းယမုံကုန်းကောက်လိုက်တာကိုမြင်တွေ့သွားပုံရသည်။ မျက်နှာမှာ …

စိတ်နှင့်တန်သော ဘဝတွေ(စ/ဆုံး) Read More

ဖခင်တစ်ယောက်၏အတ္တ(စ/ဆုံး)

ဖခင်တစ်ယောက်၏အတ္တ(စ/ဆုံး) “စံပြ အထွေထွေရောဂါကုဆေးရုံကြီး” စံပြဆေးရုံဝန်းအတွင်းသို့ ကျွန်တော်မဝင်ချင်ဝင်ချင်ဖြင့် ကားကိုဖြည်းဖြည်းမောင်းကာဝင်လာခဲ့လေသည်။ဖြစ်နိုင်လျှင် ကျွန်တော်ဒီဆေးရုံထဲသို့လာကိုမလာချင်ပေ။သို့သော်မလာ ရင်မဖြစ်သည့်အကြောင်းတရားကလည်းရှိနေပြန်လေသည်။ ကားရပ်ရမည့်နေရာမှာရပ်ထားခဲ့ပြီး ဆေးရုံအဆောက်အ ဦးထဲသို့မဝင်သေးပဲ ကျွန်တော့်သူငယ်ချင်းဒေါက်တာ ရဲမြင့်သိန်းအားဖုန်းလှမ်းဆက်လိုက်လေသည်။ “ဟဲလို ရဲကြီး အေးငါဆေးရုံအဝမှာရောနေပြီ ဘယ်ကိုလာရမှာလဲ” ရဲမြင့်သိန်းကသူလာခေါ်မည်ဆိုသဖြင့် ထိုနေရာမှာပင် စောင့်နေလိုက်လေသည်။တစ်အောင့်ကြာတော့ ရဲမြင့်သိန်း ရောက်လာပြီးသူ့အား “ထွန်းထွန်း မင်းတစ်ယောက်ထဲလား သမီးသီရီ ကိုခေါ်မလာဘူးလား” သူခေါင်းရမ်းပြလိုက်ပြီး “သမီးကိုငါဘာမှမပြောရသေးဘူး မပြောချင်တာလဲပါ တယ်ကွာ …

ဖခင်တစ်ယောက်၏အတ္တ(စ/ဆုံး) Read More

အပျိုစင်နှလုံးသား

အပျိုစင်နှလုံးသား စာရေးသူ- လူချော ⁽ᴴᵃⁿᵈˢᵒᵐᵉ⁾ ဇူလိုင်လရဲ့ ညနေခင်းဟာ ပုံမှန်ထက် ပိုပြီး အုံ့မှိုင်းနေခဲ့တယ်။ ရန်ကုန်ရဲ့ မိုးစက်တွေက ပြတင်းပေါက် မှန်သားပြင်ပေါ်မှာ လိပ်ခဲတည်းခဲ စီးကျနေပြီး လမ်းမပေါ်က ကားဟွန်းသံတွေဟာ ဝေးလွင့်လို့နေတယ်။ တက္ကသိုလ်စာကြည့်တိုက်ရဲ့ အေးစက်တဲ့ လေထုထဲမှာ “နှင်း” တစ်ယောက်တည်း ထောင့်ကျကျ စားပွဲဝိုင်းလေးမှာ ထိုင်နေမိတယ်။ သူမရှေ့မှာ ဖွင့်ထားတဲ့ စာအုပ်ထဲက စာလုံးတွေဟာ …

အပျိုစင်နှလုံးသား Read More

အဖေ

အဖေ မိုးဖွဲဖွဲကျနေသော ညနေခင်းတစ်ခုတွင် ကျွန်တော် အိမ်ဟောင်းလေးသို့ ပြန်ရောက်လာခဲ့သည်။ ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်စဉ် ထွက်ပေါ်လာသော ကျွိကျွိမြည်သံက ကျွန်တော့်နှလုံးသားကို ခပ်နာနာလေး လာပွတ်ဆွဲသလို ခံစားရသည်။ အိမ်ရှေ့ဝရန်တာရှိ ဖိနပ်စင်ဟောင်းလေးပေါ်တွင် ဖုန်တွေတက်နေသော ညှပ်ဖိနပ်အိုတစ်စုံရှိနေဆဲ။ အဖေ့ဖိနပ်။ အောက်ခံသားတွေ ပါးလွှာပြီး ဘေးသားတွေ ပဲ့ထွက်နေပြီဖြစ်သော်လည်း အဖေကတော့ ဒါကိုပဲ စွဲစွဲမြဲမြဲ စီးခဲ့တာ။ ကျွန်တော်က အသစ်ဝယ်ပေးတိုင်း “အကောင်းကြီးရှိသေးတာပဲ …

အဖေ Read More

အိုစာမင်းစာ(စ/ဆုံး)

အိုစာမင်းစာ(စ/ဆုံး) “မေကြည်ရေ၊သွားတာလာတာ သတိနဲ့သွားနော်၊တလောက ဆရာမလေးတစ်ယောက် ကျောင်းသွားရင်း လမ်းမှာ မုဒိန်းကျင့်ခံရပြီး ဘဝဆုံးသွားတာ ဖတ်လိုက်ရလို့ပါ မိန်းမရယ်” “သြော်ကိုဆက်နောင်ရယ်၊ကျွန်မကို ဘယ်လိုလူက ဘာလုပ်ရဲမှာလဲ၊ကျွန်မ ဗလကိုကြည့်ပြီး ကပ်ရဲမှာတောင်မဟုတ်ဘူး၊ပြီးတော့ကျွန်မက အသက်ခြောက်ဆယ်နားနီးတဲ့ အဖွားကြီးပါ” “ဘာဖြစ်ဖြစ်၊သတင်းဖတ်ပြီး စိုးရိမ်လို့ပါမိန်းမရယ်၊ဟင်းဟင်းဟင်း” ကိုဆက်နောင်ကပြောပြီးတဟင်းဟင်းရယ်နေသည်။ “ကဲ၊အပြောလေးလျှော့ပြီး အလုပ်နဲ့သက်သေပြလိုက်ပါအုံး ယောင်္ကျားရေ” ဒေါ်မေမေကြည်က ဘေစင်ပေါ်မှာ ထပ်နေပြီဖြစ် သော ပန်းကန်များကို မျက်စပျစ်ပြတော့ “အေးပါကွာ” …

အိုစာမင်းစာ(စ/ဆုံး) Read More

“အမေကိုစားတဲ့သမီး”(စ/ဆုံး)

“အမေကိုစားတဲ့သမီး”(စ/ဆုံး) ထန်းစုရွာလေးဟာ နေဝင်ရီတရောအချိန်ရဲ့ နေရောင် အောက် အေးချမ်းစွာ ရှိ နေတယ်။ ရွာလေးရဲ့ အစွန် လယ်ကွင်းပြင်တွေ မှာ တော့ လယ်သမားတစ်စုနဲ့ ကောက်စိုက်မတွေ ဟာ ရွာပြန်ဖို့အတွက် ဆူဆူညံညံ ပြင်ဆင်နေကြတယ်။ ဒီအချိန်မှာ ပဲ လူကြီးတစ်ဦးဟာ လယ်ကွင်းတွေ ဆီကို အသည်းအသန်ပြေးလာပြီး …… “ဟေ့ … သာရင် ဘယ်မလဲ၊ …

“အမေကိုစားတဲ့သမီး”(စ/ဆုံး) Read More

ခိုနားရာ(စ/ဆုံး)

ခိုနားရာ(စ/ဆုံး) မောင်သာလိ၏မိဘများသည်၊ဝမ်းထမ်းများဖြစ်ကြပါသည်။ဖခင်ကနယ်စုံနေရာစုံ၊ဟိုပြည်နယ်ပြောင်းဒီတိုင်းပြောင်းနေရာစုံပြောင်းနေခဲ့ရသော၊ပြည်ထောင်စုသားတို့၏၊အထက်တန်းပြကျောင်းဆရာကြီး၊မိခင်မှာမောင်ခေါ်ရာလိုက်ခဲ့ရသော၊မှတ်ပုံတင်စကားနှင့်ပြောရလျှင်မှီခိုဖြစ်ပါ၏။ မွေးရပ်မြေရှိခဲ့လို့သာ၊အခြေချနေထိုင်နိုင်ပေမဲ့၊စီးပွားဥစ္စာ အဖတ်မတင်ပါ။ ပြောလိုသည်မှာ၊သားသမီးသုံးယောက်တော့မွေး၏။ ဥစ္စာမစုမိပါ။သို့သော်လည်း၊အမအလတ်ကိုဘွဲ့ရသည်အထိ၊ကျောင်းထားနိုင်ခဲ့ပြီး၊အကိုကြီးကိုဘတုတ်နှင့် အငယ်ဆုံးမောင်သာလိကိုတော့၊ဆယ်တန်းအောင်သည်အထိကျောင်းထားပေးနိုင်ခဲ့ပါသည်။ မောင်သာလိက၊ကိုယ်အားကိုယ်ကိုးပြီး၊ပြင်ပဝိဇ္ဇာ ဖြေခဲ့လို့ ဘွဲ့ရခဲ့ပါသည်။သို့သော်ဝန်ထမ်းတော့မဖြစ်ခဲ့ပါ။ ဘဝအခြေခံအစက၊ပန်းခင်းသောလမ်းမဟုတ်သည်တော့သေချာပါသည်။အရင်းအနှိးမရှိကိုယ်လက်ကိုယ်ခြေကိုသာအားကိုးပြီး ဘဝအခြေစခဲ့ရသည်။ သို့သော်အကိုကြီးက ကံကောင်းပါသည်။ လုပ်ငန်းရှင်၏၊သမီးကညာနှင်အိမ်ထောင်ကျပြီး၊ အခုဆိုရင်လုပ်ငန်းရှင်ဖြစ်၍၊တောင်ငူမြို့တွင်၊ မုန့်ဟင်းခါးအခြောက်လုပ်ငန်းလုပ်ကိုင်၊အောင်မြင်နေသူဖြစ်၍၊သူဌေးကိုဘတုတ် ဆိုလျင်မသိသူမရှိပါ။ အမလတ်၏အမျိုးသားက၊ရဲမှူးဖြစ်၍၊ဘွဲ့ရပညာတတ်ဖြစ်သောအမလတ်ပင်လျှင်၊မှီခိုဖြစ်၍၊ရဲမှူးသွားရာ တမြို့ပြီးတမြို့ပြောင်းရွှေ့နေထိုင်ရသဖြင့်အခြေမကျ၊ အိုးအိမ်အတည်တကျမရှိသေးပါ။ သားငယ်မောင်သာလိ၊ကျွန်တောကတော့ ပြင်ဦးလွင်မြို့တွင်ပန်းစိုက်ရင်း၊ရှမ်းမလေး နန်းထွေးခမ်းနှင့်အိမ်ထောင်ကျပြီး၊အခုဆိုလျှင်အငယ်ဆုံးသမီးလေးမှတပါး၊အကြီးနှစ်ယောက်တောင်အိမ်ထောင်ကျသွားပါပြီ။ ရွာပေါင်းတရာကျော်ဖြင့်ဖွဲ့စည်းထားသော ပြင်ဦးလွင်မြို့ကား၊ရွာတိုင်းလိုလို၊ယာနှင့်အိမ်တစပ်ထည်းရှိနေကြသည်။ဆိုလိုသည်မှာယာခင်းထဲတွင် အိမ်များဆောက်ထားကြပါသည်။ မောင်သာလိတို့အိမ်သည်လည်း၊ပြင်ဦးလွင်စတိုင်၊ အုတ်ပွဖြင့်တည်ဆောက်ထားသောခေါင်ပြန့်ပြန့်၊ တထပ်အိမ်ကလေးသာဖြစ်ပါသည်။သို့သော် …

ခိုနားရာ(စ/ဆုံး) Read More

လင်ရှိဇနီး၏ နောက်ဆုံးအမှား

လင်ရှိဇနီး၏ နောက်ဆုံးအမှား စာရေးသူ-ကိုလူအေး ဧရာဝတီမြစ်ကမ်းဘေးက “ညောင်ပင်သာ” ဆိုတဲ့ ရွာကလေးဟာ မိုးရာသီမှာ စိမ်းစိုပြီး သာယာလွန်းလှပါတယ်။ သုတဟာ သူရေးလက်စ ဝတ္ထုအတွက် စိတ်ကူးသစ်တွေ ရှာဖွေဖို့ ဒီရွာလေးကို ရောက်ရှိလာခဲ့တာပါ။ တစ်နေ့ညနေမှာတော့ မြစ်ကမ်းဘေးက ညောင်ပင်ကြီးအောက်မှာ မိုးခိုနေရင်း ထီးတစ်ချောင်းနဲ့ လျှောက်လာတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမကတော့ မေ ပါ။ သူမရဲ့ မျက်နှာက …

လင်ရှိဇနီး၏ နောက်ဆုံးအမှား Read More

တဏှာရဲ့သားကောင်

တဏှာရဲ့သားကောင် စာရေးသူ-ကိုလူအေး ရှမ်းပြည်နယ်တောင်ပိုင်းက ဝေးလံသီခေါင်တဲ့ “ပန်ဆန်း” ဆိုတဲ့ တောင်ပေါ်မြို့လေးဟာ ဆောင်းဦးပေါက်ချိန်ဆိုရင် နှင်းမြူတွေနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ ဒီမြို့လေးရဲ့ အစွန်အဖျားမှာ တစ်ယောက်တည်း နေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးမြတ်သိန်း ဟာ အငြိမ်းစား သစ်တောဝန်ထမ်းဟောင်းတစ်ဦးပါ။ သူဟာ ဇနီးနဲ့ သားသမီးမရှိဘဲ အေးအေးဆေးဆေး နေထိုင်တတ်သူ ဖြစ်ပေမယ့် သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ တစ်ခါတစ်ရံ …

တဏှာရဲ့သားကောင် Read More

ဖောက်ပြန်သူ၏ဝဋ်ကြွေး

ဖောက်ပြန်သူ၏ဝဋ်ကြွေး ” ဆရာ….သမီးကိုဒီတစ်ခုတော့ဖြစ်အောင်ကူညီပေးပါ….နောက်လည်းအပေးအယူမျှစေရမယ်….” ” ကျုပ်ကလည်း မပိုင်ရင်ခြင်တောင်မရိုက်ဘူး….ကျုပ်အလုပ်ကျုပ်လုပ်မယ်….. မင်းသာဂတိတည်ပါစေ….ဟားဟား…. ” ” သေတော့မသေစေနဲ့နော်ဆရာ…. သေတာထက်စာရင်ဒီတိုင်းလေးကပိုပြီး ကျေနပ်စရာကောင်းလားလို့ပါ….အိမ်ထောင်ကွဲအောင်လုပ်ပေး…” ” အေးပါငါသိပါတယ်….ကဲအဲကောင်မရဲ့ပုံရယ်၊နာမည်ရယ်နေ့နံရယ်ဘဲ ငါ့ကိုတိတိကျကျပြော….” ” မြတ်ဖူးစုံတဲ့…. ကြာသပတေးသမီး….” ” အေးရပြီ….တစ်လလောက်စောင့်ကြည့်နေလိုက်…. ဟိုကောင်မအကောင်းတိုင်းရှိနေသေးရင် ငါ့လည်လာဖြတ်လှည့်….အေးနင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီနင်ကျေနပ်ပြီဆိုရင်တော့ …ဟင်းဟင်း….” ” အေးပါ…ဖြစ်အောင်သာလုပ်စမ်းပါ….ငါပြန်ပြီဒါဘဲ….” ” ဟင်းဟင်းဟင်း…..” နွယ်ရုံက လူအိုကြီးကိုမျက်စောင်းထိုးလိုက်ပြီး ကပိုကရိုဖြစ်နေသောဆံပင်နှင့်အဝတ်အစားများကို …

ဖောက်ပြန်သူ၏ဝဋ်ကြွေး Read More