ခမည်းခမက်(စ/ဆုံး) “သိန်းငါးရာတောင်ပေးလိုက်ရတယ်ဟုတ်လား၊တော်တော်ဆိုးတာပဲ၊အခုသူတို့ မင်းတို့အိမ်ကို ပြောင်းလာနေကြလား” “သူတို့အိမ်ကို သိန်းရှစ်ရာနဲ့ရောင်းပြီး ပိုတဲ့သုံးရာကို စျေးပေါပေါတိုက်ခန်းတစ်ခန်းကိုဝယ်လိုက်တယ်၊အဲဒီတိုက်ခန်းမှာ သူ့သမီးတွေ နေနေကြတယ်၊မိုးမိုးမိဘတွေကတော့ လောလောဆယ် ကျွန်တော်တို့နဲ့လာနေပါတယ် အမေ” ကျွန်တော့်စကားအဆုံးမှာ အမေသက်ပြင်းရှည်ကြီးချသည်။ “ငါပြောသားပဲ၊သူတို့မျိုးရိုးကိုက လောင်းကစားမျိုးရိုးပါဆိုတာကို၊မိုးမိုးအဖိုးအဖွားတွေခေတ်ကလည်း မြို့တကာလယ်ပြီး ဖဲရိုက်စားတာ၊အခုလည်းကြည့် မိုးမိုးအမေ နှစ်လုံးထီသိန်းငါးရာဖိုးရှုံးလို့ အိမ်ရောင်းပြီးကြွေးဆပ်ရတာ၊မိုးမိုးကရော ဘယ်ခါဗွေဖောက်လာမလဲ မသိဘူး” အမေကတော့ပျစ်ပျစ်နှစ်နှစ်ဝေဖန်နေသည်။ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe မိုးမိုးအဖေနဲ့အမေ ကျွန်တော့်အိမ်မှာ ရောက်လာနေကထဲက အမေကလုံးဝမကြည်လင်ပါ။ …
ခမည်းခမက်(စ/ဆုံး) Read More