မရွာပါနဲ့မိုးရယ်(စ/ဆုံး)
မရွာပါနဲ့မိုးရယ်(စ/ဆုံး) မနက်တိုင်း ကျွန်တော်လမ်းလျှောက်သည့် လမ်းမကြီးတစ်ခုဘေးတွင်း ဆောက်လုပ်ရန် ပြင်ဆင်နေသည့် တိုက်တစ်တိုက်ရှိသည်။ တိုက်က ဖောင်ဒေးရှင်းချရုံသာရှိသေးသည်။ တိုက်ရှေ့တွင် တဲလေးတစ်လုံးရှိသည်။ အစောင့်တဲလေးဖြစ်သည်။ ကျွန်တော် ဤတိုက်ရှေ့သို့ရောက်လျှင် အစောင့်တဲထဲမှ အဘိုးကြီးတစ်ယောက်က အမှိုက်တွေထွက်လှည်း နေတတ်သည်။ တဲဘေးမှ သရက်ပင်ကြီးက အရွက်တွေကို သူကောက်သည်။ စုပြီးတော့ မီးရှို့နေတတ်သည်။ သူ့အစောင့်တဲလေးဝန်းကျင်က ပြောင်ရှင်းနေတတ်သည်။ “ဆရာ…ဒီနေ့နောက်ကျတယ်” သူက ကျွန်တော့်ကို တွေ့တိုင်း …
မရွာပါနဲ့မိုးရယ်(စ/ဆုံး) Read More