တောကြီးတစ္ဆေ(စ/ဆုံး)
ရေးသားသူ…တာတေ
အောက်လမ်းတော့ အောက်လမ်းပဲဗျ၊ ဒါပေမဲ့ ဆရာစောရာမဆိုတဲ့လူကိုတော့ ကျုပ် ဘယ် တော့မှ မမေ့ဘူးဗျာ၊ ကျုပ် အောက်လမ်းဆရာ တွေကိုလည်း လိုက်ပြီးကူညီဖူးပါတယ်။ ဆရာ ကိုတက်ခါးတုန်းကဆိုရင် ကိုးကျင်းအောင်သွား ပေမယ့် အတောင်ပံနဲ့ သရဲကြီးက လည်ပင်းကို လိမ်ချိုးသတ်ပစ်လိုက်တာ။ ဆရာကိုတက်ခါးအကြောင်းကို ဖတ်ချင်ရင် တော့ ကျုပ်ရေးခဲ့တဲ့ ကိုယ်တွေ့မဖဲဝါ စာအုပ် ထဲက ‘ကိုးသင်္ချိုင်းကဝေ’မှာ ပြန်ဖတ်ကြည့်ပါ။ အဲဒီဆရာကိုတက်ခါးက နည်းနည်းကြွားချင် တယ်ဗျ။ ကျုပ်ကို သူတတ်တဲ့ပညာတွေ ပြ သေးတာ။ မိန်းမကိစ္စကလည်း မကင်းဘူး။
ဆရာစောရာမကတော့ ပညာသည်စစ်စစ်ဗျ။ ဘာပညာမှလည်း မပြဘူး။ ကြွားလည်း မကြွား ဘူး။ ထောင်ထောင်လွှားလွှားလည်း မလုပ်ဘူး ဗျ။ သူ့အစီအရင် ကောင်းဖို့ကိုပဲ အာရုံစိုက်နေ တာ။ ကျုပ်ကလည်း သူစီရင်မယ့် အစီအရင် ဟာ ဘာအစီအရင်ဆိုတာ မသိခဲ့ဘူးဗျ။ မဖဲဝါကို စီရင်တာမှန်း ကျုပ်လုံးဝမသိခဲ့တာ ပါ။ မဖဲဝါကို ကိုယ်တစ်ကိုယ်ခွဲခိုင်းတဲ့ ကိုယ်တူ ကိုယ်ခွဲ အစီအရင်ဆိုတာ သိရင် ကျုပ် ဘယ် ကူညီလိမ့်မတုံးဗျာ။ဘာဖြစ်လို့တုံးဆိုတော့ ခင် ဗျားတို့ သိတဲ့အတိုင်းပဲလေ။ကျုပ်နဲ့ သင်္ချိုင်းရှင် မကြီး မဖဲဝါနဲ့က တော်တော်ကို ခင်မင်ရင်းနှီး နေပြီလေဗျာ။ ကျုပ် အကူအညီလိုတိုင်း ကူညီ နေတာဗျ။ကျုပ်ဖြင့် ဆရာစောရာမကိစ္စမှာတုန်း က မဖဲဝါကို အားနာလိုက်တာ မပြောပါနဲ့တော့ ဗျာ။ ဆရာစောရာမ ဆိုတဲ့လူကလည်း ပညာ တွေ ထက်လိုက်တာဗျာ။ မဖဲဝါကိုတောင် နိုင်တဲ့လူဗျ။ မဖဲဝါက ဒီဆရာ ကို ဘယ်လိုမှ မယှဉ်နိုင်တာလို့ကို အရုပ်က လေးမှာအသက်သွင်းပေးလိုက်ရတာဗျို့။ ဒါပေမဲ့ ဆရာစောရာမက သူသိပ်အောင်ချင် တဲ့ အစီအရင်အောင်သွားလို့ ဝမ်းသာအားရ ဖြစ်သွားတာဟာ သူ့အမှားပဲဗျ။
စည်းတွေ တားထားဖို့ သူ သတိလစ်သွားပုံပဲဗျာ။ မဖဲဝါ က အောက်လမ်းဆရာလက်ထဲကို သူ့အ သက်သွင်းပေးလိုက်ရတဲ့ ကိုယ်တူကိုယ်ခွဲ အ ရုပ်ကလေးကို လုံးဝအပါမခံဘူးဗျ။ ဒီအရုပ်ကလေး ကျုပ်ဆီမှာရှိတာ ဘယ်သူမှ မသိကြဘူးဗျို့။ ကျုပ်ကလည်း မဖဲဝါ မှာတဲ့ အတိုင်း ဘယ်သူ့ကိုမှ မပြခဲ့ဘူး။ ပြဖို့နေနေ သာသာ ပြောကို မပြောတာဗျို့။ ကျုပ်မှာက ဘာအကြောင်းမှလည်း ခုချိန်အထိ မပေါ်ခဲ့ ပါဘူး။ ဒီအရုပ်ကလေးကို ကျုပ်တစ်ခါမှ ထုတ်မသုံးခဲ့ရပါဘူးဗျာ။ သစ်စုန်းဆေးတော် နဲ့ မျက်ကွင်းဆေးကို ကတ္တီပါအိတ်ရှုံ့အနီက လေးနဲ့ ထားတယ်။ မဖဲဝါအရုပ်ကလေးကိုတော့ ကတ္တီပါအိတ်ရှုံ့ အနက်ကလေးနဲ့ ထားတာဗျ။ ခင်ဗျားကိုတော့ ကျုပ် ပြောရဦးမယ်။ မဖဲဝါကိုယ်တိုင် အသက် သွင်းပေးထားရတဲ့ မဖဲဝါ ကိုယ်ခွဲအရုပ်ကလေး ကို ပထမဆုံး ကျုပ် ကြည့်ဖူးတုန်းက အံ့သြ လိုက်တာဗျာ။ မပြောနဲ့တော့။ဘာဖြစ်လို့တုံးဆို တော့ အရုပ်ကလေးက လေးလက်မခွဲရှိတယ်။ ကျုပ် အပြင်မှာ မြင်ဖူးတဲ့ မဖဲဝါရဲ့ပုံစံနဲ့ ထုထား တဲ့ အရုပ်ကလေးရဲ့ပုံစံက တစ်ထေရာတည်း ဖြစ်နေလို့ဗျို့။
ကျုပ်စိတ်ထင် ဆရာစောရာမ ဟာ မဖဲဝါကို ကောင်းကောင်းမြင်ဖူးပုံရတယ်ဗျ သူပြောတဲ့အတိုင်း ပန်းပုဆရာက ထုပေးရတာ ကိုး။ ပြီးတော့ ထုပေးတဲ့ ပန်းပုဆရာကလည်း အောင်စိန်တို့လို လက်ရာမြောက်တဲ့ ဆရာဖြစ် မယ်ဗျို့။ ချွတ်စွတ်ကို တူနေတာဗျ။ ဒါကြောင့် ဆရာစောရာမကို ကျုပ် အထင်မသေးတာဗျို့။ အောက်လမ်းပေမယ့် ဒီလူ ပေါ့သေးသေးလူ မဟုတ်ဘူးဗျ။ အဲ ခင်ဗျားကို ပြောရဦးမယ်။ ဆရာစောရာမ မသေခင်က ကျုပ်ကို ပေးခဲ့ တဲ့ ငွေဖို၊ ငွေမလေးတွေ ကျုပ်မှာ ရှိတယ် ဗျာ။ မတ်စေ့လေး နှစ်စေ့လေ။တာတေပဲဗျာ။ ပြောတိုင်း ယုံပါမလား။ ကျုပ် အဲဒီငွေဖို ငွေ မကို လက်တွေ့စမ်းသပ်ပြီးပြီဗျ။ စမ်းတာမှ တစ်ခါ မဟုတ်ဘူး၊ သုံးလေးခါ စမ်းတာဗျို့။ ငွေဖို ငွေမကို ကျုပ် သစ်သားသေတ္တာက လေးနဲ့ ထည့်ထားတယ်။ သေတ္တာထဲမှာက မျောက်လက်ကလေး အဆင်သင့်ပါပြီးသား ဆိုတော့ ကျုပ်သေတ္တာထဲမှာ ငွေဖို ငွေမ ထည့်ပြီး တစ်ဆယ်တန်ကလေး ဆယ်ရွက် ထည့်ထားတယ်။ သေတ္တာကို သော့ခလောက်သေးသေးလေး နဲ့ ခတ်ထားတယ်။ ကျုပ် မြို့သွားတုန်းက အဲ ဒီပိုက်ဆံတစ်ရာကို ယူသွားတယ်။
မြို့မှာ ကျုပ် လုံချည်ဝယ်တယ်။ စွပ်ကျယ်နှစ်ထည် ဝယ်တယ်။ အမေမှာလိုက်လို့ ဆီတို့၊ ငြုပ်သီး တို့ ဝယ်တယ်။ ပြောရရင်တော့ အဲဒီငွေတစ် ရာကို မကုန် ကုန်အောင်ကို ကျုပ် သုံးပစ်ခဲ့ တာဗျ။ ဆရာတော်ကို ဆွမ်းကပ်ဖို့ ဝက်သား နှစ်ပိဿာလည်း ကျုပ်ဝယ်ခဲ့တယ်။ အဘက တစ်ခါတစ်ခါ ဆေးတံဖွာတတ်တော့ အဘအတွက် ဆေးတံသောက်ဆေးဘူးလည်း ဝယ်လိုက်သေးတယ်ဗျ။ တိုတိုပြောရရင် ကျုပ် ယူသွားတဲ့ ငွေတစ်ရာကုန်ရော ဆိုပါတော့ဗျာ။ ကျုပ် ရွာပြန်ရောက်တော့ သော့ခတ်ထားတဲ့ သေတ္တာလေးကို ဖွင့်ပြီး ကြည့်လိုက်တယ်။ “ဟာ” ကျုပ်ဖြင့်ဗျာ၊ အံ့သြလွန်းလို့ ‘ဟာ’ကနဲတောင် ထအော်မိတယ်။ ငွေတစ်ရာဗျ။ ဆယ်တန်က လေး ဆယ်ရွက် ကျုပ်ယူသွားတဲ့ ပိုက်ဆံတွေ ဗျ။ တစ်ရွက်မှ မလွဲဘူးဗျို့။ သေတ္တာထဲ ပြန် ရောက်နေတာ။ လောကကြီး ဆန်းကြယ်လှ ချည်လားလို့ ကျုပ်စိတ်ထဲက ပြောလိုက်မိ တယ်။ ဒါကြောင့်လည်း ဒီလိုပညာမျိုးတွေကို လူတွေ လေ့လာလိုက်စားကြတာကိုး။ ဒါပေမဲ့ ဒီအကြောင်း ကျုပ် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး ဗျ။ ဆရာစောရာမက ဒီငွေဖို ငွေမကလေး တွေကို ကျုပ်ကို ပေးတုန်းက အနားမှာ ကို ဘညိုကြီး ရှိနေတာလေဗျာ။ဒီနောက်ပိုင်းမှာ ကိုဘညိုနဲ့ ကျုပ်နဲ့ တစ်ခါတစ်ခါ တွေ့သေး တာပဲ။
သူလည်း ဒီအကြောင်းကို တစ်ခါမှ မမေးပါဘူး။ သတိတောင် ရပုံမပေါ်ပါဘူးဗျာ။ ကျုပ်ဆိုတဲ့ ကောင်က ဘာမဆို သေချာမှ ကြိုက်တာဗျ။ နောက်တစ်ခါ ကျုပ် ထပ်စမ်းကြည့်တယ်။ ဒီ တစ်ခါတော့ ငွေငါးဆယ်ယူပြီး အကုန်သုံးပစ် လိုက်တယ်။ တစ်နေရာတည်းမှာ ငါးဆယ်ဖိုး မသုံးဘဲ ဆယ်နေရာလောက်ခွဲပြီး သုံးလိုက် တာဗျ။ညရောက်တော့ ကျုပ် သေတ္တာသော့ လေးကို ဖွင့်ကြည့်လိုက်တယ်။ “ဟာ” ပြန်ရောက်နေတာပဲဗျ။ တော်တော်ကိုစွမ်းတဲ့ ပညာပဲဗျာ။ ကျုပ်ဖြင့် တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ဒါမျိုး မြင်လည်း မမြင်ဖူးဘူး၊ ကြား လည်း မကြားဖူးဘူးဗျ။ ဒီအကြောင်းကို အိမ် က အဘနဲ့ အမေကိုတောင် ကျုပ်ပြောမပြ ဘူးဗျ။ နောက်တစ်ခါမှာတော့ ဆယ်တန် ဆယ်ရွက်စလုံး ယူပြီး နံပါတ်တွေ သေသေ ချာချာ မှတ်တယ်၊ ပြီးတော့ ပိုက်ဆံအရွယ် တိုင်းကို ခဲတံနဲ့ အမှတ်ကလေးတွေ လိုက် မှတ်ပြီးမှ ကျုပ်မြို့ကို ယူသွားတယ်။ ဒီတုန်းက ရွှေတစ်ကျပ်သားမှ သုံးရာ့ငါးဆယ် ပဲရှိတာ။
ကျုပ် ရွှေဆိုင်ကိုသွားပြီး တစ်မတ် သားရှိတဲ့ လက်စွပ်တစ်ကွင်း ဝယ်လိုက်တယ် အလျော့ တွက်ပေးရတာနဲ့ လက်ခပေးရတာ နဲ့ဆိုတော့ တစ်ရာကို နည်းနည်းတော့ ကျော် တာပေါ့ဗျာ။ရွာကို ပြန်တော့ ငွေဖို ငွေမ သေ တ္တာလေးကို ကျုပ် ဖွင့်ကြည့်လိုက်တယ်။ “အို” ပြန်ရောက်နေတာပဲဗျ။ ကျုပ် တစ်ဆယ်တန် တွေကို နံပါတ်တွေနဲ့ သေသေချာချာတိုက် ပြီး စစ်တယ်။ ကျုပ် မှတ်ထားတဲ့ အမှတ် တွေလည်း ပြန်စစ်တယ်။ ဆယ်ရွက်စလုံး ကျုပ်ပိုက်ဆံချည်းပါပဲဗျာ။ ဒီတုန်းက ဆယ် တန်ဆိုတာက အပြာရောင်ကလေးဗျ။ ဗိုလ်ချုပ်အောင်ဆန်းပုံတစ်ဖက်၊ ဒေါင်းပုံ တစ်ဖက်ဗျ။ ကျုပ်ဖြင့် လက်မှာဝတ်ထား တဲ့ လက်စွပ်ကို ပွတ်ကြည့်ရင်း ငိုင်သွား တယ်။ ကျုပ် မတရားလုပ်ရာ ရောက်နေ ပြီပေါ့ဗျာ။ ကျုပ်ပစ္စည်းတွေ သွားဝယ်တဲ့ ဆိုင်တွေက သက်သက်ဆုံးရှုံးရပြီပေါ့ဗျာ။ ငွေတွေက ကျုပ်ဆီကို အားလုံးပြန်ရောက် နေတယ်။ သူတို့ဆီက ဝယ်လာတဲ့ပစ္စည်း တွေကို ကျုပ်အလကားရတာပေါ့ဗျာ။ ဒါ ခိုးတာပဲလို့ ကျုပ်စိတ်ထဲမှာ ခံစားမိတယ်။ သေတ္တာထဲ ထည့်ထားတဲ့ ငွေတစ်ရာကို ကျုပ် ထုတ်ယူပြီး တခြားနေရာမှာ ထား လိုက်တယ်။ ငွေဖို ငွေမ မတ်စေ့လေး နှစ် စေ့ကို သေတ္တာထဲက ယူပြီး သေတ္တာလေး ကို ကျုပ် ကုတင်အောက်မှာ သိမ်းထား လိုက်တယ်။
ဝိုင်းထဲမှာ ပစ်ထားတဲ့ အုန်း မှုတ်ခွက်ကလေးတစ်ခွက်ကို ကောက်ယူ ပြီးတော့ ငွေဖို ငွေမကို ထည့်လိုက်တယ် “ဒီငွေဖို ငွေမမှာ အစောင့်ရှိတယ်ဆိုရင် ကျုပ်ကို သိသာအောင် ခုန်ပြပါ” လို့ ကျုပ်ပါးစပ်က ပြောလိုက်တယ်ဗျ၊ မကြာပါဘူးဗျာ။ “ချွင်၊ ချွင်၊ ချွင်၊ ချွင်” မတ်စေ့လေး နှစ်စေ့က အုန်းမှုတ်ခွက်ထဲမှာ ခုန်နေရောဗျို့။ ကျုပ် တော်တော်ကို စိတ်မ ကောင်းဖြစ်သွားတယ်။ ဆရာစောရာမက ဝိ ညာဉ်အဖိုနဲ့ ဝိညာဉ်အမကို အစီရင်လုပ်ပြီး ငွေကို ပြန်ယူခိုင်းတာဗျ။တာတေ ဒီပညာကို အရမ်းအံ့သြတယ်။ ဆရာစောရာမကိုလည်း တော်တော်ကို ချီးမွမ်းမိတယ်ဗျာ။ ဒါပေမဲ့ ဒီ ဝိညာဉ်တွေကို တာတေ လွှတ်ပေးရမယ်။ “ငွေဖို ငွေမမှာ ဆရာတစ်ယောက်ရဲ့အမိန့် ကြောင့် စောင့်နေကြရတဲ့ အသင်ဝိညာဉ်တို့၊ သင်တို့ကို စီရင်ခဲ့တဲ့ ဆရာဆိုတဲ့လူလည်း လ့ူ လောကမှာမရှိတော့ဘူး၊အဲဒီဆရာက သင်တို့ ကို ကျုပ်လက်ထဲ လွှဲပြောင်းပေးသွားတာဖြစ် လို့ သင်တို့ကို ကျုပ်ပိုင်တယ်။ ဒါကြောင့် အခု အချိန်ကစပြီး သင်တို့ကို ကျုပ်လွှတ်ပေးလိုက် ပြီ၊ သင်တို့ သွားလိုရာကို လွတ်လွတ်လပ်လပ် သွားကြပေတော့၊ သွားကြပေတော့” “ချွင်၊ ချွင်၊ ချွင်၊ ချွင် ဟာ မတ်စေ့လေးနှစ်စေ့က အုန်းမှုတ်ခွက်ထဲ မှာ ထပြီး တချွင်ချွင်နဲ့ ခုန်နေတယ်ဗျ။
ဟော ရပ်သွားပြီ။ အခုန်ရပ်သွားပြီဗျ။ သူတို့ တချွင် ချွင်နဲ့ ခုန်ပြသွားတာ။ ဝမ်းသာအားရဖြစ်ပြီး ကျုပ်ကို နှုတ်ဆက်သွားကြတာ ထင်တယ် ဗျို့။ကျုပ်လည်း ယောကျ်ားခေါင်းခွံထဲက ယူ ထားတယ်ဆိုတဲ့ မတ်စေ့လေးနဲ့ မိန်းမ ခေါင်း ခွံထဲက ယူထားတယ်ဆိုတဲ့ မတ်စေ့လေးကို ယူပြီး ထနောင်းကုန်းသင်္ချိုင်းထဲမှာ လွှင့်ပစ် လိုက်တယ်။ရွာထဲတော့ ကျုပ် မပစ်ရဲဘူးဗျ။ ဆရာစောရာမရဲ့အစီအရင်က ဘာတွေဖြစ် လာမယ်ဆိုတာ ကျုပ်သိတာမဟုတ်ဘူးလေ။ ကျုပ်စိတ်ထဲမှာတော့ ပေါ့သွားတာပေါ့ဗျာ။ လက်မှာ ဝတ်ထားတဲ့ တစ်မတ်သား လက် စွပ်ကလေးကိုလည်း ချွတ်ပြီး အံဆွဲထဲ ပစ် ထည့်ထားလိုက်တယ်။ ကျုပ်တစ်သက်မှာ တော့ စောရာမဆိုတဲ့ အောက်လမ်းဆရာ ကြီးကို မေ့လို့ရမှာ မဟုတ်တော့ဘူးပေါ့ဗျာ။ မဖဲဝါကိုယ်တိုင် တာတေကို ထိန်းသိမ်းထား ဖို့ ပေးလိုက်တဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်က တော့ တာတေရဲ့ ကတ္တီပါအိတ်ရှုံ့အနက်က လေးထဲမှာ ငြိမ်ငြိမ်ကလေးပဲ အမြဲရှိနေတယ် ဗျ။
ဆရာစောရာမရဲ့ အဖြစ်အပျက်တွေ ဖြစ် ပျက်ပြီးလို့ ခြောက်လလောက် အကြာမှာ တော့ ကျုပ်တို့အညာမှာ နှမ်းတွေသိမ်းချိန် ရောက်ခဲ့တာပေါ့ဗျာ။ ကျုပ်တို့ ရွာသူရွာသား တွေ အပင်ပန်းဆုံးနဲ့ ငွေအရွှင်ဆုံးအချိန်ပေါ့ အဘနဲ့ ကျုပ်နဲ့ နှမ်းသိမ်းပြီးလို့ တစ်ပတ် လောက်အကြာမှာတော့ ကျုပ်လည်း ပျင်း နေတော့တာပေါ့ဗျာ။ ဒီနှစ် မိုးမှန်လို့ နှမ်း တော်တော်အောင်ကြတာဗျ။ ကျုပ်တို့ရွာ သားတွေလည်း ရွှင်ရွှင်လန်းလန်း ဖြစ်နေ ကြတာပေါ့ဗျာ။ ကျုပ်တို့ ရွာတင် မဟုတ် ပါဘူးဗျာ။ ကျုပ်တို့ တစ်နယ်လုံး နှမ်းအောင် ကြတာပါ။ ကျုပ်အဘနဲ့ အမေလည်း ပျော် နေကြတာပေါ့ဗျာ။ကျုပ်ကတော့ဗျို့။ဝိုင်းထဲ လုပ်စရာရှိတာတွေ လုပ်နေရတာပေါ့ဗျာ။ လှည်းတွေမှာ ချို့ယွင်းတာလေးတွေ ပြင်ရ ဆင်ရတယ်။ ရေစည်လှည်းကိုလည်း ပြန်ပြီး ပြင်ရ ဆင်ရတာပေါ့ဗျာ။ ကျုပ်တို့ တောင်သူ အလုပ်ဆိုတာ လုပ်စရာအလုပ်တွေက အ မြဲရှိနေတာဗျို့။ ရွှေမန်းတင်မောင်ပွဲထဲမှာ ပြောသလိုပေါ့ဗျာ။
လယ်သမားဘဝ တကယ်မအားရဘူးဆိုတဲ့ အတိုင်းပါပဲဗျာ။ ကျုပ် နွားတင်းကုတ်ထဲမှာ အလုပ်ရှုပ်နေတုန်း ဝိုင်းဝက မေးတဲ့အသံ ကြားလိုက်တယ်ဗျ။ “တာတေ ရှိလား အရီး” “ဟေ ဘယ်သူတုံး၊ လာလေ၊ တာတေ ရှိ တယ် ဝိုင်းထဲမှာ အလုပ် လုပ်လို့” “ယုန်တလင်းက စိန်မိုးပါ၊ အရီး၊ တာတေဆီ လာတာ” ပြောရင်းဆိုရင်း ဝိုင်းထဲဝင်လာတဲ့ ကိုစိန်မိုး ကို ကျုပ် နွားတင်းကုတ်ထဲကနေ လှမ်းကြည့် နေမိတယ်။ ယုန်တလင်းဆိုတာ ကျုပ်တို့ထ နောင်းနဲ့ ဝေးတယ်ဗျ။ အလယ်ရိုးမနားက ရွာ တွေထဲကပေါ့ဗျာ။ အဲဒီဘက်မှာက ယုန်တ လင်း၊ ထိန်ကုန်း၊ ဆင်မ၊ ကညင်စု၊ ထန်းညီ နောင် ဆိုတဲ့ ရွာတွေ ရှိတယ်ဗျ။ အဲဒီရွာတွေ က ရိုးမတောကြီးနားမှာ ရှိတာဆိုတော့ ယာ လုပ်ငန်းအပြင် သစ်ဝါးခုတ်ရောင်းတဲ့အလုပ်၊ ထင်းခုတ်ရောင်းတဲ့ အလုပ်တွေပါ လုပ်ကြ တာ။ “ကိုစိန်မိုး လာဗျို့၊ ကျုပ် ဒီမှာဗျ” “ဘာတွေလုပ်နေတာတုံးကွ၊ တာတေရ” “ရေစည်လှည်း နည်းနည်းပြင်နေတာဗျ၊ ကိုစိန်မိုးရ” ” အေး အေး ကောင်းတယ်၊ ပစ္စည်းဆိုတာ သိပ်မပျက်ခင်ပြင်တာ အကောင်းဆုံးပဲကွ၊ ငါလည်း လှည်းဘီပြင်စရာ ရှိသေးတယ်” “နို့ ကိုစိန်မိုး ဘယ်က လှည့်လာတာတုံး” “ဟာ ဘယ်ကမှ လှည့်မလာဘူးကွ၊ မင်းဆီ ကိုပဲ တန်းလာခဲ့တာ၊ ကိစ္စလေး နည်းနည်း ရှိနေလို့ကွ” ကျုပ်က ကိုစိန်မိုးကို နဂါးဆေးပေါ့လိပ်တစ် လိပ်နဲ့ မီးခတ်ကလေး ပေးလိုက်တယ်။
ကို စိန်မိုးက ကျုပ် အလုပ်လုပ်နေတဲ့ နေရာမှာ ဝင်ထိုင်တယ်ဗျ။ပြီးတော့ မီးခတ်ကလေးခတ် ပြီး ဆေးလိပ်ကို မီးညှိပြီး နှစ်ဖွာ သုံးဖွာဆက် တိုက်ဖွာနေတယ်။ကိုစိန်မိုးက အရပ်ရှည်ရှည်၊ ပိန်ပိန်ဗျ၊ နှုတ်ခမ်းမွေး ပြားပြားကြီးကလည်း ရှိသေးဗျ။ လူကတော့ လွှတ်ရိုးတာဗျို့။ “ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ ပြဿနာ လေး နည်းနည်းဖြစ်နေလို့ကွ၊ မင်းကို တိုင် ပင်ဖို့ လာခဲ့တာ” “ဟင် ဟုတ်လားဗျ ကိုစိန်မိုး၊ ဘယ်လို ပြဿနာများတုံးဗျ” “ဒီလိုဟေ့၊ ငါတို့ရွာထဲက ကိုစံရင် ဆိုတဲ့လူ တစ်ယောက်ဆုံးပါးသွားတယ်ကွ။ အဲဒီ ကိုစံ ရင် ဆိုတဲ့လူက အသက်သုံးဆယ်လောက်ရှိ ပြီ တာတေရ၊ အလုပ်လွှတ်ကြိုးစားတဲ့လူကွ” “နို့ ဘာရောဂါနဲ့ ဆုံးတာတုံး ကိုစိန်မိုးရဲ့” “ဘာရောဂါနဲ့မှ မဟုတ်ဘူးကွ ပိုးထိပြီးဆုံးတာ” “သြော် ဖြစ်ရလေဗျာ၊ အိမ်ထောင်တွေ ဘာ တွေရော ရှိသလား” “ရှိပါပြီကော တာတေရာ၊ သူ့မိန်းမက မခင် တဲ့၊ ရုပ်ရည်သနားကမားပဲကွ၊ သမီးလေးတစ် ယောက်လည်း ရှိတယ်၊ ငါးနှစ်သမီးလေးကွ” “သြော် ဖြစ်ရလေဗျာ၊ မိန်းမနဲ့ သမီးလေး တော့ ဒုက္ခရောက်တော့မှာပေါ့လေ” “အေး အဲဒါပေါ့ တာတေရာ၊ ကိုစံရင်က သူ့ မိန်းမနဲ့ သမီးလေးကို တော်တော်ချစ်တာကွ၊ သေတာကလည်း အစိမ်းသေ၊ ပြီးတော့ မိန်း မနဲ့ သမီးကိုစွဲတဲ့ စိတ်ကလည်း ရှိနေတော့ သူ့ခမျာ မကျွတ်ရှာဘူးကွ” “ဟင် ဟုတ်လား ကိုစိန်မိုးရဲ့” “အေး…အဲဒါ သူတို့အိမ်ထဲမှာပဲ သွားလာနေ တာတဲ့ဟေ့၊ ညဆိုရင်လည်း သူ့မိန်းမအိပ်တဲ့ ခြင်ထောင်ဘေးမှာ ငုတ်တုတ်ကြီး လာထိုင်နေ တာတဲ့ကွ၊ သူ့သမီးနဲ့ မိန်းမကိုပဲ ထိုင်ကြည့်နေ တာတဲ့၊ ဟိုတစ်ညကတော့ ကလေးက သူ့အ ဖေ ထိုင်နေတာကို မြင်သွားရောတဲ့ဟေ့၊ အ ဖေ၊ အဖေနဲ့ ခေါ်ပြီး အော်ငိုတော့တာတဲ့။
ဒီတော့မှ တစ်အိမ်လုံး နိုးလာကြပြီး ‘စံရင် နင် က ဘဝခြားသွားပြီ၊ နင်နဲ့ သက်ဆိုင်တဲ့နေရာ ကို သွားပေတော့၊ ကလေးကို မနှောင့်ယှက်နဲ့ လို့’ ကိုစံရင့်အမေက ပြောတယ်တဲ့။ အဲဒီမှာ တင် သူ့ကို နှင်ထုတ်ရပါ့မလားဆိုပြီး ကိုစံရင် က ထသောင်းကျန်းရောတဲ့ဟေ့။ ဟိုဟာ တွန်းချ၊ ဒီဟာ တွန်းချနဲ့ တစ်အိမ်လုံး ကို ဆူညံနေတာဆိုပဲ၊ ကိုယ့်အိမ်သားဆိုပေ မယ့်လည်း တစ္ဆေဆိုတော့ ကြောက်ကြတာ ပေါ့ကွာ၊ ဝိုင်းချင်းကပ်လျက်က လူတွေလည်း အသံတွေ ဆူညံနေတော့ လာကြည့်ကြတာ ပေါ့၊ အကောင်အထည်တော့ မမြင်ရဘူး၊ အိုးတွေ တွန်းချ၊ ပန်းကန်တွေ တွန်းချ၊ ဖျာ လိပ်တွေ လှဲချ လုပ်နေတာတွေ့တော့ မြင် နေ ကြားနေရတာပေါ့လေ၊ မနက်မိုးလင်း တော့ ဒီသတင်းက တစ်ရွာလုံးကို ပျံ့သွား တာပေါ့ကွာ။ ဟိုက သတင်းလာမေး၊ ဒီက သတင်းလာမေးနဲ့၊ ကာယကံရှင်တွေလည်း တော်တော်ကို စိတ်ညစ်ကြတာပေါ့။ ဒါနဲ့ပဲ ရွာဦးကျောင်းသွားပြီး ဆရာတော်ကို အကျိုးအကြောင်းလျှောက်တော့ ဆရာ တော်နဲ့ ဘုန်းကြီးတွေ ကြွလာပြီး ပရိတ် ရွတ်တယ်၊ ပြီးတော့ ကိုစံရင်ကို ရည်စူးပြီး တရားဟောတယ်ကွ။ ဘဝခြားသွားပြီးဆို တော့ ဒီမှာ စွဲလန်းမနေဘဲ ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာကို သွားဖို့တွေ ပြောတာပေါ့ကွာ။
အဲဒီမှာတင် အခြေအနေတွေက အရမ်း ဆိုးသွားတာဟေ့ တာတေရေ” “ဟင် ဘာလိုဖြစ်လို့တုံးဗျ” “ဟာ မပြောပါနဲ့တော့ကွာ၊ ထုတ်တန်းပေါ် ကနေ ကြမ်းပြင်ကို ခုန်ချလိုက်တာ ‘အုန်း’ ကနဲကို နေတာပဲဟေ့။ ဘုန်းကြီးတွေရော လူတွေရော လန့်ပြီး အိမ်ပေါ်က ဆင်းပြေး လိုက်တာ ကျွက်ကျွက်ကိုညံသွားတာဟေ့” “ဟာ တော်တော်ကို ဆိုးနေတာပဲဗျ” “အေး အဲဒီကတည်းက ဘယ်ဘုန်းကြီးမှ လည်း ပင့်လို့မရတော့ဘူးဟေ့” “အို…အဲဒီတော့ ဘာတွေ ထပ်ဖြစ်တုံးဗျ” “ကိုစံရင်တို့အိမ်သားတွေ အဲဒီမှာ မနေရဲ တော့ဘဲ တခြားအိမ်ကို ပြောင်းပြေးရ တာပေါ့ကွာ” “အဲဒီတော့ အေးသွားရောလားဗျ” “ဘယ်ကလာ အေးမှာတုံး တာတေရာ၊ ည ဆိုရင် သူ့မိန်းမနဲ့ ကလေးကို လိုက်ရှာနေပုံ ရတယ်ကွ၊ ရွာထဲမှာ ခွေးတွေ ထိုးထိုးဟောင် တဲ့အသံတွေ တစ်ရွာလုံး ကြားနေတယ်ကွ၊ ရွာထဲက လူတွေလည်း ကြောက်လန့်ကုန်တာ ပေါ့ကွာ၊ ကိုယ့်ဝိုင်းထဲမှာ ခွေးဟောင်သံကြား ရင် ဝိုင်းထဲကို တစ္ဆေရောက်နေပြီလားဆိုပြီး မအိပ်ရဲကြတော့ဘူးဟေ့” “ဟာ တစ်ရွာလုံးကို လျှောက်မွှေနေတော့ တာပေါ့ ကိုစိန်မိုးရာ” “အေးကွာ၊ လူတွေရဲ့ စွဲလန်းတဲ့စိတ်ဆိုတာ တယ်လည်း ကြောက်စရာကောင်းပါလား ကွာ၊
တစ္ဆေဘဝကို ရောက်တဲ့အထိကို စွဲ လန်းကြတာကလား တာတေရာ” “နောက်ဆုံးတော့ တောကြီးတစ္ဆေကို တင် မြှောက်ပြီး သွားခိုင်းရတာပေါ့ဗျာ” “ဗျာ…ဘယ်လို၊ ဘယ်လို ကိုစိန်မိုး၊ တောကြီး တစ္ဆေ ဟုတ်လားကွ၊ ဘယ်လိုဟာတုံးဗျ” “သြော် မင်းက တို့ရွာတွေရဲ့ ဓလေ့ကို မသိ သေးဘူးကိုကွ” “ပြောပါဦး ကိုစိန်မိုးရဲ့၊ ခင်ဗျားပြောတဲ့ တော ကြီးတစ္ဆေအကြောင်း” “ငါတို့ရွာတွေက ရိုးမတောကြီးတွေနားမှာ ရှိ နေတာဆိုတော့ တောတက်တဲ့အခါ တော ကြီးထဲမှာနေတဲ့ တစ္ဆေသရဲတွေရဲ့ ခြောက် တာလှန့်တာ မကြာခဏ ခံကြရတာကွ တာ တေရဲ့” “ဟင် ဟုတ်လား ကိုစိန်မိုး” “ဟာ ဟုတ်ပါပြီလား တာတေရာ၊ တော ခြောက်တယ်ဆိုတာ လွှတ်ကြောက်စရာ ကောင်းတာကွ၊ တောထဲမှာ ကြောက်စရာ ကောင်းတဲ့ အသံကြီးတွေ ဟိုကပေါ်လာ၊ ဒီကပေါ်လာကွ၊ တောတက်တဲ့ လူတွေဆို တာ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိတော့ တာ၊ ဒီတော့ တောမတက်ခင် တောထဲက တစ္ဆေတွေကို အုပ်ချုပ်တဲ့ တစ္ဆေကြီးကို ပင့် ဖိတ်ပြီး တင်မြှောက်ကြတယ်။ တောထဲဝင် ပြီး အလုပ်လုပ်တဲ့ အချိန်မှာ အန္တရာယ်မရှိ အောင် ကာကွယ်ပေးဖို့၊ တစ္ဆေ သရဲတွေရဲ့ ခြောက်တာ လှန့်တာကို ကာကွယ်ပေးဖို့ ပေါ့ကွာ။ အဲဒီလို တင်မြှောက်ပြီးမှ တော တက်ရင် ဘာအန္တရာယ်မှ မကြုံဘဲ ပျော် ပျော်ပါးပါး အလုပ်လုပ်လို့ ရကြတယ်ဆိုပဲ။
အဲဒီလူတွေ တင်ကြ မြှောက်ကြတဲ့ တစ္ဆေ အချုပ်ကြီးကို တောကြီးတစ္ဆေလို့ ခေါ်ကြ တာကြ” “သြော် ဒီလိုလား” “အေး နောက်ကျတော့ ရပ်ထဲရွာထဲမှာ တ စ္ဆေ သရဲ ခြောက်တာ လှန့်တာရှိရင် တောထဲ ဝင်ပြီး တောကြီးတစ္ဆေကို ပင့်ဖိတ်ပြီး အကျိုး အကြောင်းတွေ ပြောပြလိုက်ရင် တောကြီး တစ္ဆေက ရွာထဲဝင်ပြီး ခြောက်လှန့်နေတဲ့ တ စ္ဆေကို တောထဲ ခေါ်သွားတာကွ” “ဟင် ဟုတ်လား ကိုစိန်မိုး၊ ဒါဆိုရင် ခင် ဗျားတို့ ရွာတွေမှာ တောကြီးတစ္ဆေက တော်တော်ကို အရေးပါတဲ့နေရာမှာ ရှိ တာပေါ့” “လူတစ်ယောက်သေလို့ မကျွတ်မလွတ်ဘဲ အိမ်မှာ ခြောက်လှန့်နေရင် တောကြီးတစ္ဆေ ကို သွားပြီး တင်ကြမြှောက်ကြ လုပ်လိုက်ရင် အိမ်မှာ ခြောက်လှန့်နေတဲ့ တစ္ဆေပျောက် သွားရောဟေ့” “တောကြီးတစ္ဆေ ခေါ်သွားတယ်လို့ ပြော ကြမှာပေါ့ဗျာ” “အေးပေါ့ တာတေရ၊ ဟုတ်လည်း ဟုတ် လောက်တယ်ကွ၊ မင်းနှယ် တစ်ခါတလေ များဆိုရင် ရွာထဲက တစ္ဆေက တောကြီးတ စ္ဆေနောက်ကို ကောင်းကောင်းလိုက်မသွား ဘဲ ရွာထဲမှာ လှည့်ပတ်ပုန်းနေတာကွ၊ အဲ ဒီလို အခါဆိုရင် တောကြီးတစ္ဆေကလိုက်၊ ဟိုတစ္ဆေကပြေးနဲ့ ရွာထဲမှာ ခွေးတွေက လိုက်ပြီးဟောင်ကြတာ တကယ်ကို ခြောက် ခြားစရာကြီးကွာ၊နောက်တော့လည်း ပါသွား ရော ထင်ပါရဲ့၊ တိတ်သွားတာပါပဲ” “နို့ နေပါဦး ကိုစိန်မိုးရဲ့၊ ကိုစိန်ရင်က သူ့သ မီးနဲ့ မယားစွဲလန်းပြီး တစ္ဆေဖြစ်နေတာ ဘုန်း ကြီးတွေနဲ့ နှင်လို့လည်း မရတော့ဘူးဆိုတော့ တောကြီးတစ္ဆေကို မခေါ်ခိုင်းဘူးလားဗျ” “အေး…ဒီလိုကွ တာတေရ၊ ပထမတော့ ဒါ မျိုးဖြစ်လာရင် ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ် ကြတာပေါ့ကွာ၊ သိမ်သိမ်မွေ့မွေ့ချောမော့ ပြီး နှင်ထုတ်ကြည့်ကြတာပေါ့၊ အဲဒီအဆင့် မှာ တော်တော်များများက ကျွတ်သွားကြ တာပါပဲ၊ တစ်ယောက်တလေသာ အခုလို ကြုံရတာပါ၊ အစွဲအလန်း သိပ်ကြီးလွန်းလို့ ထင်ပါရဲ့ကွာ။
တောကြီးတစ္ဆေကတော့ ရိုက်ပုတ်ပြီး ခေါ်သွားတာဆိုတော့ ဘယ်လို လုပ်လို့မှ မရတဲ့အဆုံးမှာ လုပ်ရတာကွ။ ကိုယ့်အိမ်သားတစ်ယောက်ကို တောကြီး တစ္ဆေလက်ကို ဘယ်သူမှ မအပ်ချင်ကြဘူး၊ မဖြစ်တော့တဲ့အဆုံးကျမှ အပ်ရတာ” “ဒါဆိုရင် ကိုစံရင်တစ္ဆေကို တောကြီးတစ္ဆေ ဆီ မအပ်သေးဘူးပေါ့” “ဟာ အပ်ပြီးပြီကွ၊ တောကြီးတစ္ဆေ ပင့်နေ ကျ အဘိုးကြီးတစ်ယောက်တို့ရွာမှာ ရှိတယ်၊ ဒီဘိုးတော်က တောကြီးတစ္ဆေပင့်တာ လွှတ် တော်တာကွ၊ သူပင့်ရင် တောကြီးတစ္ဆေက တန်းကြွေတာကွ။ ပြီးတော့ … သူ့ကို တင် မြှောက်တဲ့ အရက်နဲ့ ကြက်ကြော်ကိုလည်း ကုန်အောင်စားတာဆိုပဲ။ အခု အဲဒီဘိုးတော် ကြီးကိုယ်တိုင် အရက်နဲ့ ကြက်ကြော် တင် မြှောက်ပြီး တောကြီးတစ္ဆေကိုပင့်ပြီး ကိုစံရင် တစ္ဆေကို အပ်တာပဲကွ” “အဲဒီတော့ ငြိမ်မသွားဘူးလား ကိုစိန်မိုးရဲ့” “အဲဒါကြောင့် မင်းဆီ လာတိုင်ပင်ရတာပေါ့ တာတေရ” “ဟင် ဘယ်လိုဖြစ်လို့တုံးဗျ” “တောကြီးတစ္ဆေ ပင့်လိုက်မှ ပိုဆိုးနေလို့ဟေ့” “ညညဆိုရင် ကိုစံရင်တို့အိမ်မှာ ဝုန်းဒိုင်းကို ကြဲနေတာဟေ့၊ အိမ်ဆိုတာ သွက်သွက်ကို ခါနေတာ၊ ဘာတွေဖြစ်နေလဲတော့ မသိဘူး ကွ၊ အရင်တုန်းက ဒါမျိုး တို့ရွာမှာ မဖြစ်ဖူးပါ ဘူးကွာ၊ ရွာထဲမှာလည်း ခွေးတွေအူတာ ည တိုင်းပါပဲကွာ၊ ကိုစံရင်တို့အိမ်မှာလည်း လူ မနေဝံ့တော့ တံခါးပိတ်ထားရတာ၊ အဲဒါကို အိမ်ကြီးသွက်သွက်ခါအောင် တဝုန်းဝုန်း တဒိုင်းဒိုင်း ဖြစ်နေတာကွ” “ဟာ ဘာတွေ ဖြစ်နေပါလိမ့်” “အေး ငါတို့လည်း ဘာမှမလုပ်တတ်ကြတော့ ဘူးကွ၊ ဒါကြောင့် မင်းနဲ့ လာပြီးတိုင်ပင်တာကွ” “ဒီအတိုင်းဆိုရင်တော့ ကိုစိန်မိုးရေ၊ ခင် ဗျားပြောတဲ့ ကိစ္စက သိပ်တော့လွယ်မယ် မထင်ဘူးဗျ” “ဘာဖြစ်လို့တုံး တာတေရ” “ကိုစိန်မိုး စဉ်းစာလေဗျာ၊ဘုန်းကြီးတွေလည်း ဟောပြောပြီး ပရိတ်တွေ ရွတ်ပြီးပြီ၊ ခင်ဗျား တို့နယ်က တင်မြှောက်နေကြတဲ့ တောကြီး တစ္ဆေကိုလည်း ပင့်ဖိတ်ပြီး ခေါ်သွားခိုင်းပြီးပြီ အခြေအနေက ပိုပိုဆိုးလာနေတယ်မို့လားဗျ” “အေး ဟုတ်တော့ ဟုတ်သားကွ၊ ဒါဆိုရင် မင်း ဘယ်လို သဘောရတုံး တာတေ” “အဲဒါကို ကျုပ် စဉ်းစားနေတာပဲ ကိုစိန်မိုးရ” “အေး ငါ့သဘောပြောရရင်တော့ မင်းကို ပင့်သွားချင်တာကွ” “ဗျာ ကျုပ်ကို ပင့်သွားမယ်၊ ဟာ မဟုတ်တာ ကိုစိန်မိုးရယ်၊ ကျုပ်က ဆရာမှ မဟုတ်တာ၊ ခေါ်သွားချင်တယ်လို့ ပြောပါဗျာ” “မင်းကသာ ဆရာမဟုတ်ဘူး ငြင်းနေ တာ၊ ဒီနယ်တစ်ဝိုက်မှာတော့ မင်းကို မဖဲဝါ စောင့်ရှောက်တဲ့သတင်းက ကျော်ထွက်နေ ပါ့ မောင်ရာ” “ကျုပ်ကိုက လူတွေကို ကူညီချင်တာကိုး ကိုစိန်မိုးရဲ့၊ ဒီကိစ္စအားလုံးဟာ အဲဒီက စ ခဲ့တာပါပဲဗျာ” “အခုလည်း ငါနဲ့ ရွာကို လိုက်နိုင်ရင် သိပ် ကောင်းမှာပေါ့ တာတေရာ” ကျုပ် စဉ်းစားတယ်။
ယုန်တလင်းကိုလိုက်ရင် တစ်ညကတော့ အိပ်ရမှာဗျ။ ပြီးတော့ သူတို့ ရွာတွေက ကျုပ်အရောက်အပေါက်နည်းတဲ့ ရွာတွေဗျ။ ကျုပ်နဲ့စိမ်းတယ်။ကိုစိန်မိုးကလည်း အဝေး ကြီးကနေ အားကိုးတကြီး လာခဲ့ရှာတာ။ နောက်တစ်ခုကတော့ မဖဲဝါရဲ့ကိုယ်တူ ကိုယ်ခွဲ အရုပ်ကလေးကို စမ်းပြီးသုံးကြည့် ချင်နေတာဗျို့။ “ကဲ ကိုစိန်မိုး၊ ကျုပ် လိုက်ခဲ့မယ်ဗျာ။ ခင် ဗျားတို့ ရွာကို ကုန်းကြောင်းသွားရင် ဘယ် လောက်လျှောက်ရမှာတုံးဗျ” “ဟ တာတေ၊ ကုန်းကြောင်းလျှောက်ဖို့ မလိုဘူးလေကွာ၊ ငါ့မှာ လှည်းပါလာတယ်” “ဟင် ဘယ်မှာတုံး၊ ခင်ဗျားလှည်း” “မင်း ရှိလား၊ မရှိလား မသိလို့ လှည်းကို ဘန့်ဘွေးကုန်းက ငါ့တို့ဘထွေး ဦးစံပအိမ် မှာ ထားခဲ့တာကွ” “သြော် ဒီလိုလား၊ ဒါဆိုရင် ဒီက ထမင်းစားပြီး လောက် သွားကြတာပေါ့ဗျာ” “ဟာ ခုမှ မနက်ကိုးနာရီပဲ ရှိသေးတာ၊ ဟို ရောက်မှ စားပါကွ တာတေရ၊ ငါ့အမေက မင်းတစ်ပါတည်း ပါလာရင် စားဖို့ဆိုပြီး ချက် ပြုတ်ထားမှာကွ၊ မွန်းတည့်လောက်ဆိုရင် ငါ တို့ရွာရောက်မှာပဲ” “ကဲ ဒါဆိုလည်း ကျုပ်အဘနဲ့ အမေ့ကို သွား ပြောလိုက်ဦးမယ်၊ ပြီးတော့ ကျုပ် ယူစရာက လေးတွေလည်း ယူလိုက်ဦးမယ်” “အေး အေး ယူပါ၊ ယူပါ၊ ငါ ဒီကပဲ စောင့်နေ ပါ့မယ်” ကိုစိန်မိုးက အဘတို့ အမေတို့နဲ့ မသိဘူးဗျ။ ကျုပ်နဲ့သာ သိတာ။
ကျုပ်တို့ရွာ ရွှေတောင်ဦး ဘုရားပွဲဆိုရင် လာနေကျဗျ။ ကိုးနာရီခွဲတော့ ဘန့်ဘွေးကုန်းကနေ လှည်းစထွက်လာပြီဗျ။ ကိုစိန်မိုးက လှည်းမောင်း တော်တော် ကောင်းတဲ့လူပဲဗျာ “ဟဲ့နွား၊ တယ် ဒီနွား၊ ဟဲ့ ဘယ်ကပ်ဆွဲနေပြန် တာတုံး၊ ဟာ ဟိုနညိုကြီး၊ တောက်” လှည်းဆိုတာ ရိပ်ကနဲ ရိပ်ကနဲနေအောင် ပြေးတာဗျို့။ မွန်းတည့်တာနဲ့ ယုန်တလင်း ရောက်ရောဗျာ။ ကိုစိန်မိုးက သူတို့ဝိုင်းထဲ တန်းဝင်တာဗျ။ “ဟာ စိန်မိုးတောင် ပြန်လာပြီဟေ့၊ တာတေ လည်း ပါလာတာပဲ၊ ဟဲ့ ပုကြည်တို့ ထမင်းပွဲ ပြင်ကြဟဲ့၊ အချိန်တောင် အတော်ရှိနေပြီ၊ နင့် အစ်ကိုကြီးရော ဧည့်သည်ရော ဆာလှရော့ မယ်၊လှည်းလည်း တစ်လမ်းလုံး ခုန်နေတာဟဲ့” ကိုစိန်မိုး လှည်းရပ်လိုက်တာနဲ့ သူ့ညီ စိန်တိုး က နွားစာစဉ်းနေရာကနေ ပြေးထွက်လာပြီး လှည်းကြိုး ဆွဲတယ်ဗျ။
“ကိုတာတေ ပါမှလာပါ့မလားလို့ ကျုပ်က ပူနေတာဗျ” “အခုရက်က အလုပ်တွေ ပြီးသွားပြီကွ၊ စိန် တိုးရ၊ ငါအားနေတာ တစ်ပတ်လောက် ရှိပြီ လေ” “တော်သေးရောဗျာ၊ ဒီရွာမှာကတော့ ညည ဆိုရင် ဗြောင်းဆန်နေတာဗျို့။ တောကြီးတ စ္ဆေတောင် မနိုင်သလို ဖြစ်နေတာဗျ” “ကဲ စိန်တိုး၊ နွားတွေ မင်းပဲဖြုတ်လိုက်တော့၊ ငါတာတေ့ကို ထမင်းကျွေးလိုက်ဦးမယ်၊ ငါ လည်း ဆာတာ အူလိမ်နေပြီကွ” “သွား သွား၊ ကိုကြီးစိန်မိုး၊ ကျုပ် လုပ်လိုက် မယ်” ကျုပ်အိမ်ပေါ်ရောက်တော့ ကိုစိန်မိုး အဘ ရော အမေရောက ကျုပ်ကို လှိုက်လှိုက်လှဲ လှဲကို နေရာထိုင်ခင်းပေးကြတာဗျို့။ “မောင်တာတေဆိုတာ အငယ်ကလေး ရှိ သေးတာကိုး” ကိုစိန်မိုးအဘက ကျုပ်ကို သေသေချာချာ ကြည့်ပြီး ပြောတယ်ဗျ။ “လူသာ ငယ်တာ ကိုရင်ရေ၊ မောင်တာတေ က ပညာတော့ တော်တော်ထက်တာ၊ သူ့သ တင်းတွေ ကျုပ်တို့ ကြားနေတာ ကြာပေါ့၊ အ ခုမှသာလူကိုမြင်ဖူးတာ၊ ကိုရင့်သား စိန်မိုးတို့ စိန်တိုးတို့နဲ့ မောင်တာတေနဲ့က လူခင်တွေ တော့၊ ဒါကြောင့် စိန်မိုးက မောင်တာတေ ဆီကို တန်းပြေးတော့တာ ကိုရင်ရေ” “သြော် ဒီလိုလား၊ အေး အေး၊ မောင်တာ တေရဲ့၊ ကျုပ်တို့လည်း ဒါမျိုး တစ်ခါမှ မ ကြုံဖူးပါဘူးကွယ်၊ ရွာထဲမယ် မကျွတ်မ လွတ်တဲ့သူမျိုးရှိရင် အလှူအတန်း လုပ် ပေးတာပါပဲ၊ အဲဒါမှ မရရင်တော့ တော ကြီးတစ္ဆေပင့်ပြီး အပ်လိုက်ကြတာပေါ့ ကွာ၊အခုဟာက ဘာလုပ်လို့မှကို မရတာ ကွဲ့၊ ကျုပ်က တွေးကြည့်တယ်၊ သူတို့ ထင်သလို စံရင်တစ္ဆေရော ဟုတ်ရဲ့လား လို့ပေါ့၊
တခြားက အကောင်တစ်ကောင် ကောင်များ ရောက်နေတာလားလို့ပေါ့ ကွယ်” “ကိုရင်ရယ် အတွေးကလည်း တယ်လွန် တာကိုး၊ စံရင်မှ စံရင်ပါတော်၊သူ့သမီးလေး မျက်စိနဲ့ကို တပ်အပ်မြင်တာတဲ့တော်၊ က လေးက ‘အဖေ၊ အဖေ’ဆိုပြီး ထလိုက်လို့ မယ်ခ ခမျာ မနည်းကို ဆွဲထားရတယ်ဆို ပဲတော့ ” ကိုစိန်မိုးရဲ့အဘက အသားညိုညို အရပ် ရှည်ရှည် နှုတ်ခမ်းမွေးကြီးနဲ့ဗျ။ လူပုံက တော့ တော်တော်ကို ရိုးမယ့်ပုံပါဗျာ။ကိုစိန် မိုး အမေကတော့ အရပ်ပုပု၊ အသားလတ် လတ်ဗျ။နှစ်ယောက်စလုံး အသက်ခြောက် ဆယ်ဝန်းကျင်လောက် ရှိရော့မယ်။နာမည် တွေတော့ ကျုပ်မသိဘူးဗျ။ “ကဲ လာဟေ့ တာတေ၊ ထမင်းပွဲ ပြင်ပြီးပြီကွ” ကိုစိန်မိုးရော ကျုပ်ရော ဆာဆာနဲ့ စားလိုက် ကြတာဗျာ။ ကြက်သားလေး ချက်ထားတာ ကလည်း ကောင်းပါ့ဗျာ။ ငြုပ်ပွသီးကို ခရမ်း ချဉ်သီးနဲ့ စိမ်းစားငါးပိလေးရောပြီး ထောင်း ထားတာကလည်း တော်တော်စားကောင်း တာဗျို့။ထမင်းစားပြီးတော့ ကျုပ်က ပါလာ တဲ့ နဂါးဆေးပေါ့လိပ်ကလေး ထိုင်ဖွာနေ တယ်ဗျ။
ကိုစိန်မိုးကတော့ ရေနွေးကြမ်း သောက်နေတယ်။ထန်းလျက်ခဲရော၊ လက် ဖက်သုတ်ရော၊ အမဲခြောက်ဖုတ် ဆီဆမ်း ရော မြည်းစရာကလည်း အစုံဗျာ။ “ကိုတာတေ၊ ဒီမှာ ကိုတာတေကို တွေ့ချင် လို့တဲ့ဗျို့” စိန်တိုးက ဝိုင်းထဲက လှမ်းအော်ပြောတယ်။ “ဘယ်သူတွေတုံးကွ၊ အိမ်ပေါ်တက်ခဲ့ကြ လေ” အသက်ခြောက်ဆယ်ကျော်၊ဘိုးတော်တစ် ယောက်နဲ့ ဘွားတော်တစ်ယောက်ဗျ။ သူ တို့နောက်က အသက်သုံးဆယ်လောက် အမျိုးသမီး တစ်ယောက်နဲ့ အသက်ငါးနှစ် လောက်ရှိတဲ့ ကလေးမတစ်ယောက်ဗျ။ “ဟာ လာကြ၊ လာကြ၊ ဘထွေး ဖိုးကွန်းတို့ အရီးမြတို့ ” ကိုစိန်မိုးက ခရီးဦးကြိုပြုတယ်ဗျ။ “မောင်တာတေ ဒါ စံရင်ရဲ့ အဖေနဲ့ အမေပဲ ကွဲ့၊ ဟိုက စံရင်ရဲ့ မိန်းမနဲ့ သမီးကွ” “သြော် ဟုတ်လား၊ ကျုပ်က ထနောင်းကုန်း ကပါ၊ တာတေပါဗျာ၊ ကျုပ်က ဆရာ မဟုတ် ပါဘူးအထက်လမ်းတို့ အောက်လမ်းတို့ ဘာ ပညာမှ ကျုပ် မတတ်ပါဘူးဗျာ၊ ဒါပေမဲ့ ဒီကိ စ္စမျိုးတွေမှာ ကျုပ်ကူညီနိုင်ပါတယ်” “ဝမ်းသာလိုက်တာ လူလေးရယ်၊ အရီးတို့ လည်း အိမ်မှာ နေလို့ မရအောင်ကို ဖြစ်နေ တာပါကွယ်၊ ဒီလိုအချိန်ဆိုရင် ဘာမှ မဖြစ် သလို ငြိမ်နေတာကွဲ့၊ ည ညဉ့်နက်တော့မှ ဝုန်းဒိုင်းဆန်နေတော့တာ၊ ဘာတွေဖြစ်နေ မှန်းကို မသိတော့တာပါ မောင်တာတေရယ်” “ကျုပ် ဒီည လုပ်ပေးပါ့မယ် အရီး၊ ဒီကိစ္စပြီး ရင်တော့ ကိုစံရင်ကို ဆွမ်းတစ်ကြိမ် ထပ် သွတ်ပေးလိုက်ပါဗျာ” “ဟာ လုပ်ပေးပါ့မယ်ကွယ် လုပ်ပေးပါမယ်” ကိုစံရင်ရဲ့ အဖေက ဝင်ပြောတာဗျ။ ညနေ စောင်းလောက်ကျမှ သူတို့မိသားစုတွေ ပြန် သွားကြတာဗျို့။
လောလောဆယ်တော့ ရွာ တောင်ပိုင်းက အမျိုးတွေအိမ်မှာ တက်နေ ကွရတာဆိုပဲ။ ညဆယ့်နှစ်နာရီလောက်ရောက်တော့ ကိုစိန်မိုးညီ စိန်တိုး ဝိုင်းထဲကို ပြေးဝင် လာတယ်။ “ကိုတာတေရေ၊ ဟိုအိမ်ကြီးမှာတော့ ဝုန်း ဆန်နေပြီဗျို့” “ဟေ ဟုတ်လားကွ၊ စိန်တိုး၊ ကဲ ဒါဆိုရင် သွားကြစို့ ကိုစိန်မိုးရေ” ကျုပ်က မျက်ကွင်းဆေးကို အဆင်သင့် ကွင်းပြီးသားဗျ။ ကျုပ်မှာ လွယ်အိတ်တစ် လုံးကို စလွယ်သိုင်းလွယ်ထားတယ်။ ယုန် တလင်းက ရွာတော့ ကြီးသားဗျ။ ရွာရှေ့ ကိုရောက်တယ်ဆိုကတည်းက အသံတွေ ကြားနေတော့တာပါပဲဗျာ။ “ဝုန်း၊ ဘုန်း၊ ဘုန်း၊ ဝုန်း” ကျုပ်တို့ဝိုင်းထဲရောက်တော့ သေသေချာ ချာ တွေ့ရပြီပေါ့ဗျာ။ “ကျွိ၊ ကျွိ၊ ကျွိ၊ ကျွိ၊ ဝုန်း” ဟာ အိမ်ကြီးပါ လှုပ်ခါနေပါလား။ ကျုပ် တောင် လန့်သွားတယ်ဗျာ။ “ကဲ ကိုစိန်မိုးတို့ ဒီမှာနေခဲ့ကြ၊ ကျုပ် အိမ် ထဲကို ဝင်ကြည့်လိုက်မယ်” ကျုပ်က ပြောပြောဆိုဆို စိန်တိုးလက်ထဲက ဓါတ်မီးကို ဆွဲယူပြီး အိမ်ပေါ်တက်ခဲ့တယ်ဗျ။ “ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ၊ ကျွိ” အိုး ကြမ်းပြင်ကို ခြေထောက်နဲ့ ဆောင့်နင်း တဲ့အသံဗျ။ အိမ်ကို သွက်သွက်ခါသွားတာ၊ အိမ်ပေါ်ထပ်ကလာတဲ့ အသံတွေဗျ။
ကျုပ် အိမ်ပေါ်ထပ်ကို တက်လာခဲ့တယ်။ ဟာ တွေ့ပြီဗျို့၊ ဓါတ်မီးက အလင်းရောင် အောက်မှာ တောကြီးတစ္ဆေ ဆိုတာကို ကျုပ် တွေ့ပြီဗျို့၊ ဘုရား၊ ဘုရား။ နည်းတဲ့အကောင် ကြီးမှ မဟုတ်တာဗျာ။တစ်ကိုယ်လုံး မည်းနက် နေတာဗျ။ ဘာအဝတ်အစားမှ မပါဘူး။အမွေး အမျှင်တွေ တစ်ကိုယ်လုံးမှာ ဖုံးနေတာ။ နားရွက်ကြီး တစ်ဖက် တစ်ဖက်က ဆင်နား ရွက်ကြီးတွေလိုပဲဗျ။ တဖျတ်ဖျတ်ခတ်နေတာ၊ ကိုယ်လုံးကြီးတွေကလည်း ရေတိုင်ကီ သုံးလုံး စာလောက်ရှိတယ်။ ခြေထောက်ကြီးတွေ က လည်း အကြီးကြီးတွေပါဗျာ။ နီရဲတဲ့ မျက်လုံး ကြီးတွေက လက်ဖက်ရည် ပန်းကန်ပြားအဝိုင်း လောက်ရှိတယ်။ နီရဲနေတာဗျို့။ တစ္ဆေကိုစံရင် အိမ်လယ်တိုင်ကို ဖက်ထားတာဗျို့။ နည်းနည်းမှကို မလွှတ်ဘူးဗျ။ တောကြီးတစ္ဆေ က တစ္ဆေကိုစံရင်ကို အတင်းဆွဲပြီး ခေါ်နေတာ ဗျ။ ဘယ်လိုခေါ်လို့မှ မရဘူး။ တစ္ဆေကိုစံရင်က တိုင်ကို ဖက်ထားတဲ့ လက်နှစ်ဖက်ကို တောကြီး တစ္ဆေ ဖြည်လို့ကို မရတာဗျ။ တစ္ဆေကိုစံရင်ကို တောကြီးတစ္ဆေက ခြေထောက်နဲ့ ကန်တယ်။ ကျောကုန်းကို သူ့လက်ကြီးနဲ့ ရိုက်တယ်။ အိမ် ကြီးဆိုတာ သိမ့်သိမ့်ခါနေတာဗျို့။ ဒါပေမဲ့ တ စ္ဆေကိုစံရင်က ဘာမှမဖြစ်သလိုပဲဗျ။ ကျုပ်ချက် ချင်းသဘောပေါက်တယ်။
ကိုစံရင် ပြုခဲ့တဲ့ ကု သိုလ်ကံတွေကြောင့် တောကြီးတစ္ဆေ လုပ်လို့ မရ ဖြစ်နေတာဗျ။ ကိုစံရင်က သူ့သမီးနဲ့မိန်းမ က ို စွဲလန်းသွားလို့သာ တစ္ဆေဖြစ်နေတာဖြစ် မယ်။ တောကြီးတစ္ဆေက ကျုပ်ကို မျက်လုံးနီ နီကြီးတွေနဲ့ စိုတ်ကြည့်နေတယ်။ တစ္ဆေကိုစံရင်ကလည်း တိုင်ကို ဖက်ထား လျက်နဲ့ ကျုပ်ကို လှမ်းကြည့်တယ်။ ကျုပ် က ကတ္တီပါအိတ်အနက်ကလေးထဲက မဖဲဝါ ရဲ့ကိုယ်တူကိုယ်ခွဲ ရုပ်ကလေးကို ထုတ်ယူ ပြီး မဖဲဝါကို ပင့်လိုက်တယ်။ “သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ တာတေက ပင့်ပါ တယ်၊ အခုချက်ချင်း ကြွပါခင်ဗျာ” ဟော လှုပ်တယ်ဗျို့။ လှုပ်တယ်။ ကျုပ်လက် ထဲက မဖဲဝါရဲ့ ပုံစံတူ ကိုယ်ခွဲရုပ်ကလေးက လှုပ်နေတယ်။ ကျုပ်က မဖဲဝါရဲ့ ရုပ်ကလေး ကို တောကြီးတစ္ဆေမြင်အောင် ပြလိုက်တယ်။ ဟာ အံ့သြစရာဗျာ။ တောကြီးတစ္ဆေလို့ခေါ် တဲ့ တစ္ဆေရိုင်းကြီးက ချက်ချင်း ကြမ်းပြင်မှာ ဒူးထောက်လိုက်တယ်ဗျ။ဟာ တစ္ဆေ ကိုစံရင် လည်း ဒူးထောက်နေတယ်ဗျို့။
“တောကြီးတစ္ဆေ ဒီတစ္ဆေကိုစံရင်ဟာ သား မယားကိုစွဲတဲ့ စိတ်ကြောင့် မေ့လျော့ပြီး တ စ္ဆေဖြစ်နေတာ၊ သူပြုခဲ့တဲ့ကံက သင့်ထက် မြင့်တယ်၊ ဒါကြောင့် သူ့ကို သင် ဘယ်လိုမှ နှိပ်စက်လို့ မရနိုင်တာ၊ သင်္ချိုင်းရှင်မ မဖဲဝါရဲ့ အမိန့်၊ သင် အခုချက်ချင်း ဒီနေရာကနေ သင်နေတဲ့ တောထဲကို ပြန်ပေတော့၊ ဒီတ စ္ဆေကိစ္စကို ကျုပ်တာဝန်ယူတယ် ဒါဟာ မဖဲဝါရဲ့အမိန့်” ဟာ အစွမ်းထက်လှချည်လားဗျာ။ ကြောက် စရာကောင်းတဲ့ တောကြီးတစ္ဆေကောင်ကြီး က ဆံပင်ဖားလျားကြီးနဲ့ လှေကားက ဆင်း သွားလေရဲ့။ “ဒုန်း၊ ဒုန်း၊ ဒုန်း” ခြေသံကြီးကို အတိုင်းသား ကြားနေရတယ်ဗျ။ “ကဲ ကိုစံရင် ခင်ဗျားက သေပြီးသွားပြီ၊ ဘ ဝခြားသွားပြီ။ ခင်ဗျား သားမယားအပေါ်မှာ ထားတဲ့ သံယောဇဉ်ကို ဖြတ်ပြီး ခင်ဗျား ဘဝကူးရတော့မယ်” ကျုပ်ပြောတာကို တစ္ဆေကိုစံရင်က ခေါင်း ညိတ်လိုက်တယ်ဗျ။ မျက်ရည်တွေလည်း ကျလို့ဗျာ။ သူကတော့ ရုပ်ပျက်ဆင်းပျက် မဟုတ်ဘူးဗျ။
အဝတ်အစားနဲ့ လူပုံအတိုင်း ပါပဲ။ “ဒီတော့ ခင်ဗျား နားထောင်ပါ၊ ဒီအိမ်ထဲက နေ အခုချက်ချင်း ထွက်သွားပါ၊ ဝိုင်းထဲက အပင်တစ်ပင်မှာ ခဏနေ၊ ခင်ဗျား မိသားစု က ခင်ဗျားကို ရည်စူးပြီး ဆွမ်းထပ်သွတ်ကြ လိမ့်မယ်၊ တရား သေသေချာချာနာ၊ အမျှ ဝေရင် သေသေချာချာ သာဓုခေါ်ပါ” ဟော ခေါင်းညိတ်ပြတယ်ဗျို့။ ခေါင်းညိတ် ပြတယ်။ တစ္ဆေကိုစံရင် ကျုပ်ကို သေသေ ချာချာ ခေါင်းညိတ်ပြတာဗျ။ “ကဲ ဒါဆိုရင် အခုသွားတော့ ဒါဟာ သင်္ချိုင်း ရှင်မ မဖဲဝါရဲ့အမိန့်” ဟော သွားပြီဗျို့။ တစ္ဆေကိုစံရင် အိမ်ပေါ် က ဆင်းသွားပြီ၊ ကျုပ် ဝိုင်းထဲရောက်တော့ အပင်တွေကို မော့ကြည့်တယ်။ တွေ့ပြီ။ တွေ့ပြီ၊ ဝိုင်းထဲက သရက်ပင်ကြီးပေါ်မှာ တစ္ဆေကိုစံရင် ထိုင်လို့ဗျ။ ကျုပ်လည်း ညတွင်းချင်းပဲ ကိုစံရင်ရဲ့ မိ သားစုကို အကျိုးအကြောင်း ပြောပြလိုက် တယ်။ သူတို့လည်း မနက်ဖြန် မြို့သွားပြီး သင်္ကန်းတွေ ဘာတွေ ဝယ်ဖို့ ဆွမ်းထပ် သွတ်ဖို့ ပြင်ဆင်ကြလေရဲ့။ ကျုပ်ကတော့ နောက်တစ်နေ့မှာပဲ ရွာကို ပြန်ခဲ့တာပေါ့ဗျာ။ မူရင်းရေးသူ ဆရာ တာတေ








