ဘဝမလှတဲ့ မေသူ”(စ/ဆုံး)

ဘဝမလှတဲ့ မေသူ”(စ/ဆုံး) တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ဒီလို ညအချိန်ဆိုရင် အဆောင်ကျောင်းသူတွေအပြည့်နဲ့ အမြဲ ဆူညံနေခဲ့တာမို့ တိတ်ဆိတ်နေတော့လည်း မေသူ့စိတ်ထဲ တစ်ခုခု လိုနေသလိုလို ခံစားမိတယ်။ တခြားလူတွေ ရှိနေတော့ရော မေသူက သူတို့နဲ့ စကားပြောတာ မှတ်လို့ဆိုပြီး တွေးမိတော့ မေသူ ရယ်ဖြစ်သေးတယ်။ မေသူ မရယ်ဖြစ်တာ ကြာပါပြီ။တစ်ဆောင်လုံးမှာ သင်္ကြန်ပိတ်ရက် နယ် မပြန်တဲ့ သူဆိုလို့ …

ဘဝမလှတဲ့ မေသူ”(စ/ဆုံး) Read More

အမေ့စိန်နားကပ်

အမေ့စိန်နားကပ် အိမ်ရှေ့ခန်းဘုရားစင်ရှေ့ရှိ ဖျာကြမ်းတချပ်ပေါ် ဂွမ်းကပ်ခင်းထားသည့် အိပ်ယာထက်တွင် သေမင်းနှင့်စစ်ခင်းနေရသော ဒေါ်မြကြည်သည် စောင်ပါးကလေးအုပ်ကာ ပက်လက်လဲလျောင်း နေသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားထဲတွင် အားပြိုင်ရုန်းကန်နေရသော ဒေါ်မြကြည်၏ အသက်ဓါတ်သည် တဖြေးဖြေး အားလျော့လာဟန်တူသည်။ ဝင်သက်တစ်ချက်နှင့် ထွက်သက် တစ်ချက်ကြားအချိန်သည် ရှည်ကြာလွန်းလှလေ၏။ ဘဝ၏ နောက်ဆုံးအချိန်ကို ခက်ခဲစွာ ရုန်းကန်နေရမှန်း သိသာလွန်းသည်။ ယခင်နေ့များကလို လမ်းမဘက်သိုိ့ပင် စောင်းငဲ့မကြည့်နိင် ရှာတော့။ …

အမေ့စိန်နားကပ် Read More

ဗိုက်ကိုခွဲ၍ လက်စားချေသူ

ဗိုက်ကိုခွဲ၍ လက်စားချေသူ [“အိုး ဟိုး ဟိုး….မိုင်းဂေါ့ဒ် ကျွန်ုပ် အရောက်မြန်ပေလို့။ အလားလား…..ဒါညှပ်ဆွဲရမယ်၊ ညှပ်ဆွဲမှဖြစ်မယ်” ဟု ဇီ၀ကကြီး အသံဖြင့် ရေးကြီးသုတ်ဖျာ….. နောက်တော်ပါ စုတ်ချွန်းချွန်း ဆရာမကိုလည်း ညှပ်များပြင်ဆင်…..] ထွန်းစိန်တို့ အိမ်ပေါ်တုန်းကမူ ကျွန်တော်က စိတ်ဆိုးဆိုးနှင့် အော်တော့မည်အပြု ဖိုးကျော်က ကျွန်တော့်အား သူ့တတောင်ဆစ်နှင့်လည်း တွက်၊ မျက်စိလည်း မှိတ်ပြပြီး ငြိမ်နေခိုင်းသည်။ ယခုအိမ်ပြန်ရောက်ကြရာတွင်ကား …

ဗိုက်ကိုခွဲ၍ လက်စားချေသူ Read More

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး)

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး) “ဒုန်း” “ဟာ…သွားပြီ” ကျွန်တော် ဘရိတ်အမြန်နင်းလိုက်ပေမယ့် မမှီတော့ပါဘူး။ “ဆိုဖီယာ..သမီးလေး” အိမ်ထဲကပြေးထွက်လာတဲ့ ကောင်မလေး ပွေ့ချီလိုက်ချိန်မှာ သူ့ခွေးလေး အသက်မရှိတော့ပါဘူး။ကောင်မလေးငိုနေတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီအချိန်မှာ အိမ်ထဲက အန်တီကြီးတစ်ယောက်ထွက်လာပါတယ်။ “ဖြစ်မှဖြစ်ရလေ၊ တံခါးဖွင့်တာနဲ့ ပြေး..ပြေး ထွက်တာ၊ ခုတော့ ကားတိုက်ခံရပြီပေါ့” “တောင်းပန်ပါတယ်အန်တီ၊ ကျွန်တော်တကယ်မမြင်လို့ပါ” “ရပါတယ်ကွယ်၊ ကဲ..သမီး…ထ..ထ ၊ အင်္ကျီမှာသွေးတွေပေကုန်ပြီ၊သွားလဲရအောင်” “ဟင့်အင်း..ဆိုဖီယာကို မခွဲနိုင်ဘူးမာမီ” …

နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး) Read More

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး)

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) သူရိုက်လိုက်သည့်အရှိန်ကြောင့်ချုံပုတ်ကြီးတစ်ခုလုံးလှုပ်ခါသွားကာချုံပ်အတွင်မှဒေါသတကြီးအော်မြည်လိုက်သောမြွေသံများကိုအမှတ်မထင်ကြားလိုက်ရသည်။ ဟိုက်မမျှော်လင့်ဘဲမုတ်ဆိတ်ပျားဆွဲတယ်ဆိုတာဒါမျိုးထင်ပါရဲ့ကိုင်းအလုပ်စမှတော်ရော့မယ် ကနဦးနှစ်ခွတုတ်ဖြင့်ချုံပုတ်အတွင်းထိုးဖယ်လိုက်ရာလက်ကောက်ဝတ်ခန့်မြွေဟောက်တစ်ကောင်ကပါးပျဉ်းထောင်ရင်းလျှောခနဲထွက်လာခဲ့သည်။ အံ့ထူးကလျင်သည်ဆိုရမည်။ထိုမြွေ၏ဇက်ပိုင်းကိုလက်တဖက်မှမှိန်းဖြင့်ဖျတ်ခနဲထိုးစိုက်ပြီးဖြစ်နေသည်။ အလေ့အကျင့်နှင့်အတွေ့အကြုံကသူ့ကိုအထောက်အကူပြုပြီးဖြစ်နေသည်။ ဝုန်း ဗျန်းဗျန်း ရွှီရွှီ နာကျင်လွန်းလှသောကြောင့်မြွေဟောက်ကြီးကအမြီးဖြင့်တွန့်လိမ့်ရိုက်ပုတ်ရာချုံု ပုတ်မှာတဗျန်းဗျန်းလှုပ်ခါလျက်ရှိနေလေ၏။ ယင်းအခိုက်မှာပင်နောက်ထပ်လုံးတူရွယ်တူမြွေတစ်ကောင်ကရှဲခနဲချုံပုတ်အတွင်းမှထပ်မံတိုးထွက်လာလျက်အံ့ထူးကိုသွက်လက်စွာပေါက်တော့သည်။ သို့သော်အံ့ထူးကခြေလှမ်းအဆုတ်အတက်၊ကိုယ်ကိုယို့၍ရှောင်တိမ်းပြီးနောက်၊မြွေကြီးမောလာပုံရသည်တွင်အံ့ထူးကလက်ထဲမှဖိညှပ်သောတုတ်ဖြင့်ချက်ကောင်းဖြစ်သည့်မြွေကြီးဇက်ကိုလှမ်းဖိထားလိုက်သည်။ ထို့နောက်မြေပြင်မှခဲတစ်လုံးကိုကောက်ယူကာမလှုပ်နိုင်အောင်မိနေသည့်မြွေနှစ်ကောင်ဦးခေါင်းကိုထုခြေရိုက်သတ်လက်စသတ်လိုက်တော့သည်။ သေနေပြီဖြစ်သောမြွေနှစ်ကောင်ကိုပခြုပ်အတွင်းထည့်နေစဉ်ချုံပုတ်အတွင်းလှမ်းကြည့်မိကာသဘောအကျကြီးကျသွားရသည်။ သြအဟဲဟဲဟဲ အဘယ်ကြောင့်ဆိုသောချုံပုတ်အတွင်း၌မြွေဥအချို့ကိုတွေ့လိုက်ရသောကြောင့်ဖြစ်ပေသည်။ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe ထို့ကြောင့်မြွေဥများကိုပါပခြုပ်ထဲကောက်ထည့်လျက်လေကလေးတချွန်ချွန်ရိုးမတောကြီးအတွင်းခြေလှမ်းသွက်သွက်နှင့်ထွက်ခွာလာခဲ့သည်။ ရိုးမတောကြီးမှထွက်ခွာလာပြီးနောက်အတန်လှမ်းလှမ်းသို့ရောက်သောအခါမည်သို့ဖြစ်စေမသိအောင်ပင်ရိုးမတောကြီးအတွင်းမှဆူသံညံသံအော်သံဟစ်သံငိုယိုသံတို့ထွက်ပေါ်လာရုံမျှမကသစ်ပင်ကြီးငယ်တို့မှာလည်းလေတိုက်ခတ်ခြင်းမရှိမှာဘဲလျက်တဝုန်းဝုန်းတဗြုန်းဗြုန်းလှုပ်ယမ်းယိမ်းခါနေသည်ကိုအံသြစဖွယ်တွေ့မြင်ရသည်။ ဟိုက်ထူးထူးစန်းစန်းပါလား၊လေမတိုက်ပဲသစ်ပင်တွေလှုပ်ယမ်းနေလို့၊တောထဲကဆူညံသံတွေ၊အော်ဟစ်သံတွေမြည်ဟည်းနေတာ၊ဧကန္တနာနာဘဝဆိုတာတွေများလားမသိပါဘူး။ဘာပဲဖြစ်ဖြစ်မြွေသားချက်ချိန်အမီအိမ်ပြန်မှ ပြောပြောဆိုဆိုတောအုပ်ကိုကျောခိုင်းကာအံထူးတစ်ယောက်ရွာဘက်သို့ခြေလှမ်းများကိုရွေ့လျားစေလိုက်သည်။ ထိုခဏ၌တောအုပ်ကြီးမှာတိတ်ဆိတ်လျက်အပ်ကျသံကိုပင်ကြားရမတတ်ဖြစ်သွားပြန်ေြာင်းအံ့ထူးသတိပြုလိုက်မိ၏။ တောချောက်တာလား၊ဘာလား၊ဘာပဲဖြစ်ဖြစ်၊အံ့ထူးတို့ကကြောက်လိမ့်မယ်မထင်နဲ့ဟေ့၊ဘာကိုမှမမှုဘူးဟမှတ်ထားသည်သို့ဆိုကာအံ့ထူးကပခြုပ်ကိုကျကျနနပြင်ဆင်လွယ်ပိုးပြီးနောက်ခြေလှမ်းမှန်မှန်နဲ့သူ့ရွာဘက်ကိုလျှောက်ခဲ့တော့သည်။အင်းမောမောနဲ့ဘကြီးဖိုးသာရဲ့ထန်းတဲဝင်ပြီးထန်းရည်တအိုးလောက်တော့မှသောက်ဦးမှ သူ့အတွေးတွင်အရသာရှိလှသောမြွေသားမွှေးမွှေးကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်သာ။

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) Read More

သမီးပြည့်တန်ဆာ

သမီးပြည့်တန်ဆာ -ထက်မြတ်နိုင်ဇင် ပစ္စည်းကို ဘယ်လာပို့ရမလဲတဲ့။ သြော်…ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကို ငါ့ သမီးဟာ လူမဟုတ်တော့ဘူး ပစ္စည်း တစ်ခု ဖြစ်သွားပြီပေါ့။ ဟုတ်တယ် သက်ရှိ ယောင်္ကျားတွေရဲ့ တဏှာ ရမ္မက် အညစ်အကြေးတွေကို အန်ထုတ်မယ့် ထွေးခံလို ပစ္စည်းပေါ့။ (၂) ကျွန်မက ကိုထွန်းခိုင်ရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ပူနေတုန်းပဲ ရှိသေးတယ်။ အဖျား …

သမီးပြည့်တန်ဆာ Read More

သားဆိုးမိခင်(စ/ဆုံး)

သားဆိုးမိခင်(စ/ဆုံး) “ဘယ်ကောင်မှဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင်ထွက်ခဲ့စမ်း။ လှစိန်အကြောင်းကောင်းကောင်း သိသွားမယ် ” တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်အား အမူးသမားလှစိန်၏အသံကဖုံးလွှမ်း သွားသည်။ “ဝုတ် ဝုတ် ဝုတ်” “အံမယ်…ဒီခွေးကငါ့ကိုမခန့်လေးစားနဲ့ လာဟောင်နေသေးတယ်” “ကဲကြာ…” “ဂိန် ကိန် ကိန်” ခဲဖြင့်ကောက်ထုလိုက်သဖြင့် ခွေးလည်းနာကျင်ကာအော်ရင်းထွက် ပြေးသွားတော့သည်။ “ဘွားတော် တံခါးလာဖွင့်” “ဘုံး ဘုံးဘုံး” “ဟ…အိမ်ထဲကဘွားတော် တံခါးလာဖွင့်လို့ပြောနေတယ် မျကားဘူးလား” “လာပြီ လာပြီ …

သားဆိုးမိခင်(စ/ဆုံး) Read More

ပိုင်းလုံးမ (စ/ဆုံး)

ပိုင်းလုံးမ (စ/ဆုံး) ကျွန်မအဖေက ပြည်ကြီးပေါက်တရုတ်စစ်စစ်။ကျွန်မအမေကမွန်။ ကျွန်မတို့မောင်နှမတွေကတော့ တရုတ်သွေး၅မူးပါသည့်တရုတ်မွန်မလေးတွေပေါ့။ တရုတ်သွေးနဲ့မွန်သွေးရောထားလို့ ကျွန်မတို့အသားအရေလှချက် 9* အဲဒီထဲကမှ ကျွန်မက ပြိုင်စံရှား အလှဆုံး။(မောင်နှမလေးယောက်) ပြိုင်စံရှားလို့ပြောရချင်းကတော့ မျက်လုံး မျက်ခုံးနှာတံ နှုတ်ခမ်း မျက်နှာကျ ဟာ မိန်းကလေးပေါင်းမြောက်မြားစွာထဲမှာမှ ကျွန်မမျက်နှာမြင်ရသူတွေဟာ အကြည့်မှင်သက် လွှဲဖယ်မသွားရက် ရူပါရုံမှာကျဆုံး အရှုံးပေးသွားကြသူတွေ အများသားဆို ယုံကြမလားမသိ။ ကျွန်မရဲ့ လက်ခြေထောက်တွေဟာ ရှေးစာဆိုတွေဖွဲ့နွဲ့ရေးသားခဲ့ကြသလို …

ပိုင်းလုံးမ (စ/ဆုံး) Read More

တူသောအကျိုး (စ/ဆုံး)

တူသောအကျိုး (စ/ဆုံး) “ဟာ…မိန်းမ မင်းကလည်းကွာ လုပ်လာပြန်ပြီမင်းမှာလည်းဗိုက်ကြီးကြီးနဲ့ကို ရေတွေဆွဲနေရတယ်လို့ကွာ။ ဗိုက်ထဲကကလေးတစ်ခုခုဖြစ်သွားမှဖြင့်” “အမယ်လေး ကိုသန့်ဇင်ရယ် ဒီလောက်ကတော့မိနွယ်တို့ကအေးဆေးပါ။ ရှင်အကဲပိုမနေနဲ့ ” “ဟ…ငါကအကဲပိုနေတာမဟုတ်ဘူးကွ။ မတော်လို့မင်းနဲ့ဗိုက်ထဲကကလေးတစ်ခုခု ဖြစ်မှာစိုးလို့ပြောနေတာကွ။ ပေးပေး ရေပုံး” ကိုသန့်ဇင်လည်းမမိနွယ်လက်ထဲမှ ရေပုံးအားဆွဲယူလိုက်ပြီးကျောက်ခွက်ထဲသို့ ထည့်လိုက်လေသည်။ ကိုသန့်ဇင်နှင့်မမိနွယ်တို့ရဲ့ ပထမဆုံး ရင်သွေးလေးမို့ကိုသန့်ဇင်ကအထူးဂရုစိုက် သလောက်မမိနွယ်ကတော့ ကိုသန့်ဇင်အားအကဲပိုလွန်းသည်ဟု ထင်နေမိသည်။ မမိနွယ်ကနည်းနည်းခေါင်းမာတတ်သူ ဖြစ်သည့်အတွက်ကိုသန့်ဇင်နှင့်မကြာခဏ ဆိုသလိုစကားများတတ်ကြလေသည်။ အဲ့သလိုစကားများတိုင်းကိုသန့်ဇင်ကပဲ …

တူသောအကျိုး (စ/ဆုံး) Read More