နှစ်ပတ်လည်(စ-ဆုံး)

နှစ်ပတ်လည်(စ-ဆုံး) သော်တာလမင်းစန္ဒာ https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe ခုရက်ပိုင်း ထူးပိုင် ရင်ထဲနေလို့မကောင်း‌ေချ။ ရင်ဘတ် တစ်ခုလုံးမီးမြိုက်ထားသလို ပူလောင်နေသည်။ စိတ်နှင့် ကိုယ်လည်းကပ်မရခဲ့။ မတင်မကျဖြစ်နေသောစိတ်ကကြီးစိုးနေပြီး အကြောင်း အရင်းမသိသောတစုံတရာကိုလည်း စိတ်ပူမိသည်။ ထို့ ကြောင့် အလုပ်ဆင်းသည့်အခါ အိမ်တန်းမပြန်ဖြစ်ဘဲ တိုက်ခန်းတစ်ခုဆီသို့ ကားကိုဦးတည်မောင်းနှင်လာခဲ့ မိတော့သည်။ ယနေ့အဖို့ ထိုတိုက်ခန်းသို့ရောက်ခဲ့သည်မှာ ( ၃ )ကြိမ် ရှိနေပြီ။ တွေ့ဆုံလိုသော သူကို …

နှစ်ပတ်လည်(စ-ဆုံး) Read More

ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး)

ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး) “ကို ဘယ်အချိန်လာမှာလဲ” တစ်ဖက်မှအသံကို သူမ နားစိုက်ထောင်နေလိုက်သည်။ “ကို အခုအလုပ်ကပြန်လာနေပြီ…အခန်းမှာ ရေမိုးချိုး..အဝတ်အစားလဲပြီးတာနဲ့ ချစ် ဆီ ဖုန်းပြန်ဆက်လိုက်မယ်လေ…” သူမ ကျေနပ်စွာပြုံးလိုက်မိပြီး… “အင်း..ဟုတ်ပြီလေ…ချစ်စောင့်နေမယ်နော်…ပြီးတော့…အရင်အခါတွေတုန်းကလို ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း ထပ်မကြားချင်တော့ဘူးနော်…ဒီတစ်ခါ အဲ့လို ထပ်ပြောလို့ကတော့ တကယ်ဝေးပြီမှတ်” “အင်းပါ…စိတ်ချ…ဒီတစ်ခါ ကို အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီ… အသက်တွေကလည်း မငယ်ကြတော့ဘူးလေ…အိုနေပြီမဟုတ်လား” ချစ်သူဖြစ်သူ၏ ရွှတ်နောက်နောက်စကားကြောင့် …

ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး) Read More

လောကငရဲ(စ/ဆုံး)

လောကငရဲ(စ/ဆုံး) “ဘကြီးထွန်းရေ.. ဘကြီးထွန်း” “ဟေ့… အရေးကြီးသုတ်ပြာနဲ့ အိမ်ရှေ့ကအော် နေတာ ဘယ်သူတုန်းကွ” “ဘကြီးထွန်း…ကျုပ်ဖိုးခွေးပါဗျ” “ဟေ့ကောင်ဖိုးခွေး..ဘယ်လိုဖြစ်လို့ ငါ့နာမည်တအား အော်ခေါ်နေရတာတုန်း” “ဘကြီးအိမ်ခဏလိုက်ခဲ့အုံး…..အိမ်မှာ အဖေနဲ့အမေ စကားများရန်ဖြစ်ပြီး…အဖေက အိမ်မီးရှိူ့မယ်လုပ်နေလို့” “ရေ…ဒီလိုဆိုမဖြစ်ဘူး…အမြန်သွားမှ….ဒီကောင် အရှုးထတာအရေးမကြီးဘူး…တစ်ရွာလုံး ဒုက္ခရောက်ကုန်တော့မှာဘဲ” ဘကြီးထွန်းက ရွာလူကြီးမဟုတ်ပေမယ့် ရွှေပြည်အေးရွာလေးမှာတော့ သြဇာရှိသူဖြစ်သည်။ဒါကြောင့်လည်း ရွာမှာ ဘာပြဿနာ၊ဘာအကြောင်းအရာဘဲ ဖြစ်ဖြစ် ဘကြီးထွန်းကို အားကိုးတကြီးနဲ့တိုင်ပင်ကြ။ အခုလဲ ရွာလယ်က …

လောကငရဲ(စ/ဆုံး) Read More

ပြန်မလာပါနဲ့မေမေ(စ/ဆုံး)

ပြန်မလာပါနဲ့မေမေ(စ/ဆုံး) “နှင်းပွင့်လေးရေ…နှင်းပွင့်ရေ..” အိမ်ရှေ့ဆီမှ မေမေ့အသံကို အမှတ်မထင်ကြားလိုက်ရ၍ နှင်းပွင့်၏ရင်သည် ဒိန်းခနဲခုန်သွားသည်။ညီမလေးနှင့် ဆော့ကစားနေရင်း အယောင်ယောင်အမှားမှားဖြင့် ထိုင်ရမလို ထရမလို ဖြစ်သွားသည်။မေမေ့အသံကြောင့် အိမ်ရှေ့ခန်းသို့ထွက်လာသော တီတီမေ၏မျက်နှာသည် တင်းလွန်းလှသည်။ “နှင်းပွင့်ကိုခေါ်မလို့.. ဝင်လာပြီနော်” ခွင့်တောင်းစကားကို မချိုမချဥ် မျက်နှာပေးနှင့်ပြောရင်းမေမေသည် အိမ်ထဲသို့တစ်လှမ်းခြင်းလှမ်းဝင်လာသည်။ရှပ်အင်္ကျီလှလှလေးကိုစကပ်အတိုအကျပ်နှင့်တွဲဝတ်ထားသောမေမေသည် ယခင်ကကဲ့သို လှပဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ဆေးရောင်ပါးပါးထည့်ထားသောဆံပင်နှင့် လိုက်ဖက်စွာပြင်ဆင်ထားသောမျက်နှာသည် ကလေးတစ်ယောက်အမေဟုပင်ထင်ရက်စရာမရှိ။ဒေါက်ချွန်ချွန်ကိုစမတ်ကျကျစီးရင်း လှပသောခန္ဓာကိုယ်ပေါ်လွင်အောင် ကနွဲ့ကလျလည်း လမ်းလျှောက်တတ်​ပြန်သည်။ အိမ်ထဲသို့ဝင်လာသောမေမေ့အား တီတီမေသည် …

ပြန်မလာပါနဲ့မေမေ(စ/ဆုံး) Read More

အမှားတစ်ခု၏နိဂုံး ”

အမှားတစ်ခု၏နိဂုံး ” အိပ်ပျော်နေသည်ဟု ထင်မှတ်မှားရလောက်အောင် ငြိမ်သက်စွာလဲလျောင်းနေသည့် မမ၏အနီးတွင် ကျွန်မ၏ သောကမီးတို့ တငြီးငြီး လောင်ကျွမ်းလျက်ရှိသည်။ ” မမရယ် … မမ …အဟင့်ဟင့် … ညီမလေး ခေါ်နေတယ်လေ မမရဲ့။ ထ ကြည့်ပါဦးလား အီးဟီးး ” မဖြေနိုင်ပါ ။ ဖြေနိုင်စရာ အကြောင်းမရှိ ။ ဖြေသိမ့်စရာ စကားလည်း …

အမှားတစ်ခု၏နိဂုံး ” Read More

သားလှလူလေး(စ/ဆုံး)

သားလှလူလေး(စ/ဆုံး) “အတော်…ဘာတွေရောင်းလဲ နောက်ကျနေပြီပါး” “ချဉ်ပေါင်လေး ငရုတ်သီးလေး ၀ယ်ကြအုံးဟဲ့” ဦးမောင် ဘာပြောရမှန်းမသိ။ မနေ့ကမှ ကိုင်းက ခူးလာတဲ့ ငရုတ်သီးတွေ၊ ချဉ်ပေါင်တွေ အပြည့်။ ၀ယ်လိုက်ရင်လဲ အပိုဖြစ်မည်။ မ၀ယ်ပြန်ရင်လဲ ဒေါ်မပျိုကို သနားသည်။ “မိန်းမရေ လာအုံးဟေ့” “ဒီမှာ အတော်ဆီက ငရုတ်သီးလေး ၀ယ်ထားလိုက်အုံး” မိန်းမဖြစ်သူက ဦးမောင်ကို အံ့ဩသလိုကြည့်သည်။ ဦးမောင် ဒေါ်မပျိုကို …

သားလှလူလေး(စ/ဆုံး) Read More

အမွေ(စ/ဆုံး)

အမွေ(စ/ဆုံး) ဦးလှရွှေ ကွယ်လွန်သွားခဲ့ပါပြီ။ ရေဝေးတွင် မီးသင်္ဂြိုဟ်ကြသည်။ ထို့နောက် မိသားစုတွေ ကားဖြင့် သာကေတရှိ တိုက်ခန်းလေးကို ပြန်လာကြ သည်။ အိမ်ကိုပြန်ရောက်ကြပြီးနောက် မိခင်ကြီးက စိတ်ပန်းလူပန်းနှင့် ထိုင်နားနေစဉ် သားကြီးနှင့် သမီးလတ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့အမေရှေ့တွင် ထိုင်လိုက်ကြသည်။ “အမေ … အမေ့ကိုပြောစရာရှိတယ်” “ဘာပြောမလို့လဲ ပြော” “ဒီတိုက်ခန်းကိစ္စ” “အဲဒါကို ခုပြောမှဖြစ်မှာလားကွယ် … …

အမွေ(စ/ဆုံး) Read More

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး)

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး) လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုချိန်မှာ ခင်ပွန်းရဲ့ ချစ်သူက သူ့ရှေ့ခွဲစိတ်ခုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်းကို မုန်းခဲ့မိတယ်။ ၀တ်စုံဖြူ၀တ်နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။ ၂၀၀၂ ခုနှစ် နို၀င်ဘာလရဲ့ ဆောင်းညတစ်ညမှာ မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် …

ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး) Read More

သံယောဇဉ်အိမ်(စ/ဆုံး)

သံယောဇဉ်အိမ်(စ/ဆုံး) မောင် တစ်ကယ်ပဲဆုံးဖြတ်ပြီးသွားပြီလား” ခြောက်ကပ်ကပ် ထွက်လာသော သူ၏အသံက နှစ်ဦးသားတိတ်ဆိတ်နေမှုအား ဖြိုခွဲလိုက်သည်။ ” ဆုံးဖြတ်ပြီးပြီ မာ၊ ကျွန်တော်သေချာဆုံးဖြတ်ပြီးသွားပြီ” မာ၏ တင်းစေ့နေသော နှုတ်ခမ်းက ပြုံးမိသည်လား မဲ့မိသည်လားမပြောတတ်၊ သို့သော်သေချာသည်က မာ၏မျက်၀န်းက ရစ်ဝေ့တက်လာသော မျက်ရည်များကြောင့် မောင့်ကိုကြည့်နေရင်း အမြင်အာရုံက ဝေဝါးလာခဲ့သည်။ သူ့၏မျက်၀န်းကို အလျှင်စလိုပုတ်ခတ်ပစ်လိုက်သည်။ ဟုတ်သည်လေ သူ၊ မောင့်ရှေ့မှာ မျက်ရည်ကျလို့မဖြစ်၊ …

သံယောဇဉ်အိမ်(စ/ဆုံး) Read More

တတိယလူ(စ/ဆုံး)

တတိယလူ(စ/ဆုံး) ဒီနေ့ သားသား လေးမွေးနေ့ပါ.. ကျမတို့မိသားစုသုံးယောက်ရွှေတိဂုံဘုရားဖူးကြတယ်.. ကစားကွင်းလိုက်ပို့တယ်.. အပြန်မှာတော့ ရွှေတောင်တန်းကစကားဝါမှာ ကြေးအိုးဝင်သောက်တယ်.. မောင်က ကျမနဲ့သားသားကိုသူ့အရိပ်လေးလိုသဘောထားတယ်.. အလုပ်ပြီးလို့အိမ်ပြန်ရင်စားစရာတစ်ခုခုတော့ဝယ်လာစမြဲပါ.. အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေးတယ်. . ” ထွေးနေကောင်းလား သားကောဘယ်မှာလဲ..” စတဲ့စကားတွေနဲ့ ဦးစွာ နှုတ်ဆက်တတ်သူပါ.. . မောင်ပြန်လာတဲ့အချိန်ကတခါတရံမိုးချုပ်တတ်ပါတယ်.. ကျမနဲ့သားက ညစာကိုစောစွာစားတယ်.. ဒါပေမဲ့လည်း သူထမင်းစားတဲ့အချိန်မှာတော့ သူ့ဘေးမှာထိုင်ပေးရတယ်.. ကျမကလဲမောင့်အတွက် ဟင်းတခွက်ပေါ့.. အိမ်ထောင်စပြီးကျကတည်းကကျမ …

တတိယလူ(စ/ဆုံး) Read More