*သိုက်ပြောင်းသည့်နေ့က မြင်ကွင်း*📖📖📖(စ/ဆုံး)

*သိုက်ပြောင်းသည့်နေ့က မြင်ကွင်း*📖📖📖(စ/ဆုံး)

ချောင်းရေပြင်သည် ကြည်လင်သန့်ရှင်း၍ နေ၏။ တောတောင်များ ပတ်လည်ဝိုင်းနေ သော ကြောင့် ကြည်လင်သော ချောင်း ရေပြင်၌ တောရိပ်တောင်ရိပ်များ ထင်ဟပ်၍ နေသည် ။ နွေရာသီ ဖြစ်သောကြောင့် ကြည်လင်သော ရေအောက်က ကျောက်တုံး ကျောက်ခဲများ နှင့် သဲမြေများ အထိ မြင်နေရ သည် ။

ငါးလေးများ လည်း ကူးခတ်၍ နေ ကြသည် ။ မယ်ခွေးသည် ရေအခြေအနေ၊ ရေထဲက ငါးပုစွန်များ ၏ အခြေအနေများကို အကဲခတ်နေရာ မှ သားကလေး ငပြည့်မောင် ဘက်ကို လှည့်ကြည့်မိပြန်သည် ။ ငပြည့် မောင်သည် သဲပြင်တွင် ပြေးလွှားရင်းကျောက်ခဲလေးများကို လိုက်ကောက်နေသည် ။ ချောင်းကမ်းနဖူးက ပန်းပွင့်ကလေး များကိုလည်း လိုက်ခူးနေသည် ။ နွေရာသီ ရေနည်းချိန်ဖြစ်၍ မယ်ခွေးတို့ ယက်သဲ့သမများ ငါးဖမ်း၍ အဆင်ပြေသည် ရေတိမ်တွင် ပြေးလွှားနေကြသော ငါး ကလေးများ အပြင် သဲထဲတွင် မြုပ်နေကြ သော ငါးသလဲထိုး လေးများ အထိ ဖမ်းယူ နိုင်လေသည် ။

ထို့ကြောင့် တစ်အိုးချက် တစ် နပ်စား ငါးရရှိရေးကို မည်သည့် အနား၊ မည် သည့်အိုင်တွင် ဖမ်းယူသည်ဖြစ်စေ အလွယ်တကူ ဖမ်းယူနိုင်သည် ။ မယ်ခွေးသည် … ရေအခြေအနေ၊ အခြေအနေများကို တစ်အောင့်လေး အကဲခတ်ကြည့် လိုက်ပြီးနောက် ထဘီကို ခပ်တိုတိုဝတ်လိုက်သည် ။ ခေါင်းပေါင်းကို မြဲ အောင်ပေါင်းသည် ။ ပလိုင်းကို ခါးမှာ ချည်သည် ။ ထို့နောက် ကျောက်တုံးမှာ ထောင်ထားသော ယက်သဲ့ကိုကိုင်ပြီး ရေအိုင် ထဲသို့ ဆင်းလိုက်သည် ငါးလေးများကို ချောင်ပိတ်မောင်းသွင်းပြီး တစ်ဖက်မှ ယက်သဲ့ဖြင့်ခံကာ လက်နှင့်လှုပ် ခတ် ၍ ကပျာကယာ ဆွဲဖော်လိုက်သည် ။ ငါး၊ သုံးလေးကောင်မျှသာ ပါလာ၏။

ငါး ကောင်ရေ အတော်များများကို ချောင်ပိတ် ဖမ်းသည့်တိုင်အောင် လေး၊ ငါးကောင်မျှသာ ပါလာ၍ နည်းသည် ဟု ယူဆကာ နောက် တစ်နည်းကို စဉ်းစားသည် ။ သိလိုက်ပြီ။ ယက်သဲ့က အသစ်ဖြစ်၍ ထင် ထင်ရှားရှား ပြောက်ပြောက်ကျားကျားကြီး မြင်နေရသောကြောင့် ငါးကလေးများ ယက်သဲ့ထဲသို့ မဝင်ဘဲ ရှောင်ထွက်ပြေးသွား ကြခြင်းပင် ဖြစ်ပေမည်။ ထို့ကြောင့် မယ်ခွေး သည် . နောက်တစ်နည်းကို … သုံးလိုက်၏။ ဦးစွာ ယက်သဲ့ထဲသို့ သစ်ရွက်၊ သစ်ခက်များ ကို ထည့်ထားလိုက်၏။ ထို့နောက် ငါး ကလေးများကို ယခင်ကအတိုင်း ချောင်ပိတ် လိုက်သွင်းပြီး ယက်သဲ့ဖြင့် ထောင်ဖမ်း ပြန်သည် ။

သည် အကြိမ်တွင် ပထမအကြိမ် ထက် သုံးဆခန့်ပို၍ ငါးကလေးများကို ဖမ်းမိ၏။ ထို့ကြောင့် သည် နည်းမဆိုးဘူးဟု မယ်ခွေး သိလိုက်သည် ။ ယက်သဲ့ဖြင့် ငါး ဖမ်းခြင်း၏ လျှို့ဝှက်နည်းကလေးတစ်ခုပင် ဖြစ်သည် ။ သည် ပတ်ဝန်းကျင်ကို တော်ရုံမိန်းမများ ငါးဖမ်းရန် မလာရဲကြပေ။ အုပ်စုဖွဲ့ပြီးလာ လျှင် လည်း ငါးဖမ်းနယ်က ကျဉ်းမြောင်း သွားရပြန်သည် ထို့ကြောင့် လူနှင့်ငါး အားချင်းမမျှ၍ အုပ်စုဖွဲ့ ပြီးလည်း မလာကြ သလို တစ်ယောက်တည်းလည်း ဆိုခဲ့သည့် အတိုင်း မလာရဲကြသဖြင့် ဤနေရာ လေး တွင် ငါးပေါခြင်း ဖြစ်သည် ။ ဤနေရာနှင့် . အနီးအနားတွင် သိုက်ရှိ သည် ဟု နားလည်ကြသည် ။

သိုက်ရှိသည် ဟု လူတိုင်း သိထားကြသလို တချို့က သိုက် စောင့်များကိုပါ မြင်ဖူးကြသည် ။ တချို့က လည်း အသံဗလံများကို ကြားဖူးကြသည် ။ မယ်ခွေးလည်း သိုက်ရှိသည် ဟု ကြားဖူးရုံမျှ တော့ ရှိသည် ။ ထိုထက် သိုက်စောင့်များကို ကိုယ်တိုင်မမြင်ဖူးသလို သိုက်စောင့်များ ၏ အသံဗလံကိုလည်း မကြားဘူးပေ။ သို့သော် မယ်ခွေးလည်း သည် နေရာကို တစ်ယောက်တည်း လာရဲသည် တော့ မဟုတ်ပေ။ ထို့ကြောင့်လည်း တစ်ယောက်တည်း မလာရဲသောကြောင့် သားကလေးကို အဖော်ခေါ်လာခြင်း ဖြစ်သည် ။ သားကလေးက အသက် (၇) နှစ် မျှသာရှိသေး၍ အားကိုးရသည် ။ မရသည် ထား အဖော် အဖြစ်ဖြင့် အားရှိသည် ကတော့ အမှန်။ သားကလေးဆိုမှ မယ်ခွေး သတိရသွားပြီး ဆတ်ခနဲ ခေါင်းမော့ကာ သားကလေးကိုရှာ ကြည့်သည် ။

သားကလေးသည် ယခင်နေရာ တွင် မရှိတော့ပေ။ ထို့ကြောင့် မယ်ခွေးစိတ်ပူ သွား၏။ ယက်သဲ့ကို မြေမှာ ထောက်ပြီး ခါး ဆန့်ကာ သက်မတစ်ချက်ကို ရှူရှိုက်လိုက် သည် ။ “အစ်မ၊ အစ်မ” သားကလေး ငပြည့်မောင်၏ အသံကို ကမ်းပါးထိပ်ဆီက ကြားလိုက်ရ၍ စိတ်အေး သွား၏။ သားလေးကို မမြင်ရဘဲ အသံကိုမျှ ကြားရသော်လည်း ကမ်းပါးထိပ်ဆီကိုသာ ရောက်နေ၍ စိတ်ချ သည် ။ ချောင်းထဲ လျှောက်သွားနေလျှင် ရေနစ်မည်ကို စိုးရိမ်ရ သည် ။ “အစ်မရေ၊ အစ်မ၊ အစ်မ” “ဟဲ့ တစ်မတည်း မ နေတာပဲ” ဟု မယ် ခွေးက လှမ်းအော်ပြောလိုက်သည် ။ “ဒီညနေ ရွာထဲမှာ ဇာတ်ကမယ်ထင်တယ် အစ်မရဲ့ ” မယ်ခွေး ပြုံးမိ၏။ “ဒီကလေး တောပြောတောင်ပြောနဲ့ ဘာ များ လျှောက်ပြောနေပါလိမ့်” ဟု လည်း တွေးလိုက်မိသည် ။

သားလေးကား ယခု အချိန်ထိ ကမ်းပါးထိပ်မှ ဆင်းမလာသေးပေ။ “ဇာတ်သမားတွေ သွားကြပြီဗျ သိလား အစ်မ” “ဘယ်က ဇာတ်သမားတုန်း” ဟု မယ်ခွေး က ယက်သဲ့ထဲမှ ငါးကလေးများကို ပလိုင်း ထဲသို့ စောင့်ထည့်ရင်း ပြောလိုက်သည် ။ “ဘယ်က ဇာတ်သမားတွေလဲတော့ မသိ ဘူးဗျ။ မင်းသား မင်းသမီးတွေအပြင် ရှင်ဘုရင် တွေရော နတ်သိကြားတွေပါ အများကြီးပဲ။ ဆင်တွေလည်း ပါတယ်။ ဆင် ပေါ်မှာ ရွာသူကြီးမိန်းမ ဆွမ်းပို့တဲ့ အုပ်လို ရွှေအုပ် သုံးလေးလုံးတင်ထားတယ်။ နွား လှည်း၊ မြင်းလှည်းတွေပေါ်မှာ တင်ထား တဲ့ သေတ္တာကြီးတွေဟာလည်း ရွှေရောင် တဖိတ်ဖိတ်တောက်နေတယ်။ ဆိုင်းဝိုင်းကြီး ကလည်း မြိုင်မှ မြိုင်ပဲ” သားလေးငပြည့်မောင်က စီကာပတ်ကုံး ပြောပြနေ၍ မယ်ခွေး၏ မျက်လုံး အနည်းငယ် ကျယ်လာ၏။

ထို့နောက် မေး လိုက်သည် ။ “သားလေး မင်းတကယ် ပြောနေတာ များ လား” မိခင်မျက်လုံးပြူးနေသည် ကိုမြင်၍ သား လေးသည် ချက်ချင်းမပြောဘဲ မိခင်၏ မျက်နှာကို သာ စိုက်ကြည့်နေ၏။ ထိုအခိုက် မှာ ပင် မယ်ခွေးကိုယ်တိုင် ငြိမ့်ညောင်းသော ကြားလိုက်ရလေသည် တူရိယာသံကို တူရိယာသံသည် … ခပေါင်းချောင်းအထက် ဘက် တောင်ကြောတန်းတစ်ခု အတိုင်း ခုန် ဆင်းလာသံမျိုး ဖြစ်၏။ မယ်ခွေးကိုယ်တိုင် သားကလေး ငပြည့် မောင်နှင့်အတူ ကြည့်သော်လည်း တူရိယာ သံကိုသာ ကြားရပြီး ငပြည့်မောင်ပြောသော ဇာတ်အဖွဲ့ကြီးကို မမြင်ရပေ။ ထို့ကြောင့် မယ်ခွေးကြောက်လာ မိ၏။ ဇာတ်အဖွဲ့ကြီးကို ကလေးသာမြင်ပြီး လူကြီးမမြင် ဆို ကတည်းက အရမ်းထူးဆန်းနေသည် ။ တွေးရင်းက မယ်ခွေး၏ … မျက်လုံးများ ကျယ်လာပြန်ပြီး သားကလေးကို လက်ဆွဲ၍ ရွာဘက်ကို လှည့်ပြေးလေသည် ။ သည် နေရာသည် တောလည်း အတော်အတန် နက်၊ သိုက်ရှိသည် ဟု လည်း နာမည်ကြီး နေ၍ လျှော့တွက်ရန် မသင့်ပေ။ ဒုက္ခ တစ်စုံတစ်ရာ ဖြစ်မလာဟု မပြောနိုင်။ တွေး ရင်းက မယ်ခွေး ရွာကိုရောက်အောင် ပြေး လေသည် ။

အိမ်ခြေဆယ့်ငါးလုံးမျှသာရှိပြီး မယ်ခွေးတို့ ၏ ရေလယ်ခုံရွာကလေးသည် လူဦးရေ ခြောက် ဆယ်ခန့် ရှိသည် ။ အနောက်မှ အရှေ့ဘက်ကိုစီးသည့် ပဲခူးရိုးမကြီးကို မြစ်ဖျားခံသော ခပေါင်းချောင်း ကြီး၏ လက်ဝဲဘက် ကမ်းနဖူးတွင် တည်သည် ယခင်က ကျွန်းသဖွယ်ရှိ၍ ရေပတ်လည်ဝိုင်း နေခဲ့ ဖူးသောကြောင့် ရေလယ်ခုံရွာဟု တွင် သည် ။ တောင်ငူမြို့မှ မိုင်နှစ်ဆယ်ခန့်လှမ်းသည် ခပေါင်းချောင်းရိုးအတိုင်း ဆန်တက်လျှင် တောင်ဘက်တွင် အုတ်တွင်းမြို့ရှိပြီး မြောက် ဘက်တွင် ရွာစဉ် ဆယ်ရွာခန့်ရှိသည် ။ တောင်ယာ၊ ကိုင်းခင်း၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးကြသည် ။ ပဲခူးရိုးမကြီးကိုရော ခပေါင်းချောင်းကြီးကိုပါ အမှီရသဖြင့် လုပ်ခင်းလည်း ပေါသည် ။ တောလုပ်သား ရွာသူ၊ ရွာသားတို့ ၏ ဘဝကို ကောင်းစွာ ဖြေ ရှင်းပေးနိုင်ကြသည် ။ ထို့ကြောင့် မယ်ခွေးတို့ ရွာကလေးသည် ငယ်ပင်ငယ်သော်လည်း တောသူတောင်သား တို့ ၏ လုပ်ခင်းလယ်ယာများကို လုပ်ကိုင် စားသောက်ရသဖြင့် တောသဘာဝအတိုင်း မ ပူမပင် စားသောက် နေထိုင်ကြရသည် ။

ညနေ ထမင်းစား၍ အပြီးတွင် သားလေးင ပြည့်မောင်က ဖခင်ဖြစ်သူ ကိုမဲတူအား နေ့ခင်းက သူ့မိခင် မယ်ခွေးနှင့် ငါးသွားဖမ်း ဇာတ်အဖွဲ့ ရင်း … သူတွေ့ကြုံခဲ့ရသော အကြောင်းကို ပြောပြလေသည် ။ ကြားရစ တွင် ကိုမဲတူလည်း အံ့ဩမလို ဖြစ်သွား၏။ ထို့နောက်မှ အကြောင်းခြင်း ရာကို ပြောပြ လေသည် ။ “ဇာတ်အဖွဲ့ကြီးကို မြင်လိုက်ရတော့ သား လေး ကြောက်သွားသလား” ဟု အစချီသည် “မကြောက်ပါဘူး အဖေရဲ့ ။ သားတို့ ဆရာတော်ကြီးက ဘာကိုမှ မကြောက်ရဘူး။ ဘယ်လို အခက်အခဲနဲ့ တွေ့ပါစေ ကြောက်တဲ့ စိတ်ဝင်မသွားအောင် ထိန်းထားရမယ်။ တစ် ကြောက်သွား မိရင် နောက်လည်း ကြောက်စိတ်တွေ တစ်မျိုးပြီးတစ်မျိုး ဝင်လာ တတ်တယ်တဲ့ ။ ကြောက်တဲ့ စိတ်နဲ့ လုပ်ရင် လည်း ဘာမှ မအောင်မြင်ဘူးတဲ့ ။ ပြီးတော့ သားက ဇာတ်အဖွဲ့ကြီးကိုမြင်လိုက်ရတော့ ကြောက်တဲ့ အပြင် ညနေဇာတ်ကြည့်ရမယ် လို့ ထင်ပြီး ပျော်တောင်မှ ပျော်နေသေး တယ်” ကိုမဲတူသည် သားလေး ငပြည့်မောင် ပြော ပြသည် ကို သဘောကျပြီး တဟားဟားဖြင့် ရယ်လေသည် ။ ထို့နောက် ပြောပြသည် ။ “အဲဒါက ဇာတ်အဖွဲ့ မဟုတ်ဘူး ကွယ့် သားရဲ့ ။

ဟိုး … ရှေးရှေးတုန်းက အခုရှင်ပင် ကျောက် ဆောင် ဘုရားတည်တဲ့ နေရာမှာ ဧရာမကျောက်တုံးကြီးတစ်တုံး ရှိခဲ့ဖူးသတဲ့ ။ ခပေါင်းချောင်းကြီးက မိုးတွင်းတောင်ကျ ရေလွှမ်းချိန်မှာ … အဲဒီကျောက်တုံးကြီးအထိ ရေရောက်သတဲ့ ။ ကြက်ရိုးပင်ရဲ့ အနောက် ဘက်ခြမ်းမှာ လည်း မြို့တည်ပြီး အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးရှိသတဲ့ အဲဒီဘုရင်မှာ အင်မတန် ချောမောလှပခန့်ညားတဲ့ မယ်တော်ကြီးတစ်ပါးလည်း ရှိသတဲ့ ” “နေ့ခင်းက ဇာတ်အဖွဲ့မှာ မြင်လိုက်ရတဲ့ ဘုရင်ကြီးများ လား အဖေ” ဟု သားလေးက ဖောက်မေးလိုက်၍ ငြိမ်ပြီးနားထောင်နေ သော မယ်ခွေးက အသံတိတ်ဖြင့်ရယ်ကာ ကို မဲတူအား လှမ်းပုတ်လိုက်ပြီး … “ဟုတ်တယ်လို့ ပြောလိုက်။ မဟုတ်ရင် နောက်လည်း မေးနေလိမ့်မယ်။ ဒီအကြောင်း ကို ကျုပ်လည်း ဟိုတစ်ခွန်း ဒီတစ်ခွန်းပဲ ကြားဖူးတယ်။

ဒါကြောင့် အပြည့်အစုံသိ ရအောင် ဆက်ပြော” ဟု တိုးတိုးလေး ပြော၏။ “အေးပေါ့ကွာ၊ အဲဒီဘုရင်နှင့် မယ်တော် ကြီးပေါ့။ ပြီးတော့ မယ်တော်ကြီးဟာ နန်းတော်မှာ မပျော်ဘဲ တောထဲမှာ တရား ဘာဝနာပွားများ ချင်တယ်ဆိုလို့ ဘုရင် ကိုယ်တော်တိုင် မင်းခမ်းမင်းနား နဲ့ ဖောင်ဖွဲ့ ပြီး ခပေါင်းချောင်းဖျားကို ဆန်တက်သတဲ့ ဒါပေမဲ့ နွေရာသီဖြစ်လို့ ရေနည်းတဲ့ အတွက် ရှင်ပင်ကျောက်ဆောင် ဘုရားနားမှာ ခေတ္တ နားပြီး မိုးတွင်းရေများ ချိန်ကို ရောက်အောင် စောင့်ကြရ သတဲ့ ။ ရေစောင့်ရင်းနဲ့ သုံးနှစ် သုံးမိုးတိုင်အောင် ကြာသွားသတဲ့ ကြောင့် မယ်တော်ကြီးက ရှေ့ကို ဆက်သွားဖို့ ရာကို ဆန္ဒမရှိ။

ဘုရားတည်ရန်ကိုသာ သား တော်ဘုရင်အား ပြောကြားလို့ မယ်တော် စေတီငယ်ကို စပြီး တည်ကြသတဲ့ ။ ပြီးတော့ ဒါ နောင်တော်စေတီ၊ ညီတော်စေတီ များကိုပါ တည်ကြသတဲ့ ပြီးတော့မှ ဘုရင်က မယ်တော်ကြီးအတွက် တပ်တော် အချို့ကိုခွဲ ထားခဲ့ပြီး နန်းတော်ကိုပြန်သတဲ့ ” “ဒါဆို အဖေ၊ မယ်တော်ကြီးက ရှေ့ကို ဆက်မသွားဘဲ ရှင်ပင်ဘုရားနေရာမှာ နေရစ်ခဲ့ သလား” “ဟုတ်တယ်။ မယ်တော်ကြီးဟာ နောက်ပါ ခြွေရံသင်းပင်းတွေနဲ့ အတူတကွ တရားဓမ္မ ကိုလည်း ပွားများ ၊ လုပ်ခင်းလယ်ယာများကို လည်း ဖန်တီးလုပ်ကိုင်စားသောက်ရင်း ငါး နှစ်ကြာတဲ့ တပေါင်းလပြည့်တော် (၁၄) ရက် နေ့မှာ နတ်ရွာစံသတဲ့ ။ ဒါကြောင့် ဘုရင် ကိုယ်တော်တိုင် ဦးစီးပြီး ရွှေဖောင်တော် ဆယ်စီးကို ပြုလုပ်တည်ဖန်ကာ မင်းခမ်းမင်းနားနဲ့ တကွ ခြိမ့်ခြိမ့်သဲ သင်္ဂြိုဟ် ကြသတဲ့ ။

မယ်တော်ကြီး သက်တော် ထင်ရှားရှိစဉ်ကပင် ဘုရားကို လှူဒါန်းပူဇော် ထားခဲ့တဲ့ ရွှေငွေရတနာ၊ ကျောက်သံပတ္တမြားတွေကိုလည်း ဘုရား အနီးက … မယ်တော်ကြီး တရားဘာဝနာ ပွားများ ခဲ့တဲ့ ဂူထဲထည့်ပိတ်လိုက်ကြလို့ များ ပြားလှတဲ့ ရတနာတွေကိုစွဲပြီး မယ်တော်ကြီး ဟာ နတ်ဘီလူးမကြီး ဖြစ်သွားသတဲ့ ။ ဒါ ကြောင့် မယ်တော်ကြီးဟာ သူ့ရတနာတွေကို မသမာတဲ့ လူတွေ လက်ထဲကို မရောက်နိုင် စေရန်အတွက် … သူ့ပေါင်းဖော်သဟာတွေနဲ့ ငါးနှစ်တစ်ကြိမ် နေရာ ပြောင်းလေ့ရှိလို့ နေ့ခင်းက သားမြင်လိုက်ရတဲ့ ဇာတ်အဖွဲ့ဆို တာကို သားပြောကတည်းက အဖေ သိလိုက် တယ်။

ဘာဇာတ်အဖွဲ့မှ မဟုတ်ဘူး မယ်တော်ကြီးနဲ့ အဖွဲ့တို့ သိုက်ပြောင်းကြတာ ကွယ့်” မယ်တော်ကြီးနှင့်အဖွဲ့များ . သိုက်ပြောင်းကြ သည် ကို ထိုပတ်ဝန်းကျင်၌ နေထိုင်ကြသော လူများ ငါးနှစ်တစ်ကြိမ် ကြုံကြကြားကြရမြဲ ဖြစ်၏။ တပေါင်းလဆန်း (၁၄) ရက်၊ နေ့ခင်း (၁၂) နာရီ သို့တည်းမဟုတ် တပေါင်းလပြည့်ည (၁၂) နာရီ အချိန်များ တွင် မယ်တော်ကြီးနှင့် အဖွဲ့တို့ သိုက်ပြောင်းလေ့ရှိသည် ဟူ၏။ ထွန်းတောက် သူရဇ္ဇမဂ္ဂဇင်း

Be the first to comment

Leave a Reply

Your email address will not be published.


*