
ငါးလွှာမှာရှိနေသည်(စ/ဆုံး)
ကိုသူရသည် အထပ်ခြောက်ထပ်ရှိသော ဟိုတယ် အဆောက်အဦးကြီးကိုမော့ကြည့်လိုက်ရင်း ပြုံးလိုက် သည်။ ထိုနောက်ဟိုတယ်ထဲသို့ဝင်လာခဲ့၏။ ဟိုတယ် ၏လော်ဘီဟုခေါ်သော ဧည့်ခန်းမအတွင်းသို့ ရောက် သွားသည့်အခါ ဧည့်ကြိုကောင်တာတွင်တာဝန်ကျနေ သော သူငယ်ချင်းဖြစ်သူစိုင်းနေမျိုးအား တွေ့လိုက်ရ လေသည်။ ” လာဟေ့ သူငယ်ချင်း ငါမင်းကိုမျော်နေတာကွ ” ကိုသူရကိုမြင်သောအခါ စိုင်းနေမျိုးက ဆီးကြို၍ နှုတ်ဆက်လေသည်။
ထိုအခါကိုသူရကလည်း ပြန်၍ နှုတ်ဆက်စကားပြောဆိုလိုက်သည်။ ” ငါမင်းကို ငါးလွှာမှာရှိတဲ့ မင်းနေရမယ့် အခန်းဆီ လိုက်ပို့ပေးမယ်။ မင်း အဲဒီအခန်းထဲမှာ ကောင်လေး တစ်ယောက်နဲ့အတူနေရမယ် ” ထိုနောက်စိုင်းနေမျိုးက ကိုသူရ၏လက်ဂေ့စ်အိတ် ကိုယူ၍ ရှေ့ကဦးဆောင်သွားလေသည်။ သူတို့နှစ်ဦး သည်ဓါတ်လှေကားဖြင့်တက်လာခဲ့ရာ မကြာမီငါးလွှာ သို့ရောက်လာခဲ့၏။ ငါးလွှာသို့ရောက်သွားသည်အခါ ထိုအလွှာသည် ထမင်းစားခန်း (Dining Room) ဖြစ် မှန်းသိလိုက်ရသည်။ ထိုအခါထမင်းစားခန်း (Dining Room)နှင့်မီးဖိုချောင်တို့သည် အမြဲတမ်းတွဲထားလေ့ ရှိကြောင်းသတိရလာခဲ့သည်။
ငါးလွှာ၌ ဟောခန်းကျယ်ဖြစ်သော ထမင်းစားခန်း အပြင် အခန်းကျဥ်းနှစ်ခန်းလည်းရှိသေး၏။ တစ်ခန်း မှာ မီးဖိုချောင်ဖြစ်ပြီး အခြားတစ်ခန်းကတော့ ကိုသူရ နေထိုင်ရမည့်အခန်းဖြစ်သည်။ သူနေထိုင်ရမည့် အခန်းထဲဝင်ရန် အခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါ သူနံဘေးမှလေစိမ်းတစ်ချက် ဖြတ်တိုက်သွားသည်ကို သတိထားမိလိုက်သည်။ သို့သော်သာမန်မျှသာတွေး၍ အခန်းထဲသို့ဝင်လာ ခဲ့သည်။ သူနေထိုင်ရမည့်အခန်းသည် အတော်လေး ကျယ်ပြီး တောင်နှင့် မြောက် တစ်ဘက်တစ်ချက်တွင် ကပ်၍ထားသော ကုတင်နှစ်လုံးကိုတွေ့လိုက်ရသည်။ ကိုသူရသည် ကုတင်တစ်လုံးပေါ်တွင် ပစ္စည်းများ ကို ချထားလိုက်သည်။
ထိုနောက်သူငယ်ချင်းဖြစ်သူ စိုင်နေမျိုးနှင့်စကားစမြည်းပြောဆိုလေသည်။ ကိုသူရသည် ဤဟိုတယ်ကို စားဖိုမှူးတစ်ယောက် အဖြစ် ရောက်လာခဲ့ခြင်းဖြစ်၏။ ဟိုတယ်အကြောင်း ကိုတော့ စိုင်းနေမျိုးပြောပြထားသဖြင့် အတန်အတင့် သိနေပြီ။ သည်ဟိုတယ်ကို ရှမ်းသူဌေးတစ်ဦးက ပိုင်ဆိုင်ပြီး လွန်ခဲ့သည့်ဆယ်နှစ်လောက်က စတင်ဖွင့်ထားခဲ့ခြင်း ဖြစ်၏။ ယခင်ကဟိုတယ်တွင်လာရောက်တည်းခိုကြ သော ဧည့်သည်များကို မနက်စာ(breakfast) ကျွေး သော်လည်း လွန်ခဲ့သည့်တစ်နှစ်ခန့်ကစ၍ အကြောင်း အမျိုးမျိုးကြောင့်မကျွေးတော့ခြင်းဖြစ်သည်။ ထိုအကြောင်းရင်းများထဲတွင် ထိုနှစ်တွေတုန်းက စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သောဝန်ထမ်းတစ်ဦးသည် ငါးလွှာ၌ပင် အရက်ကြောင့်သေဆုံးသွားသည်လည်း ပါသည်။
ဟိုတယ်အတွင်း ကောင်းမှုကုသိုလ်ပြုလုပ် ကာ အမျှဝေပေးသော်လည်း ထိုစားဖိုမှူးသည် ကျွတ် လွတ်သွားခြင်းမရှိဘဲ ငါးလွှာမှာပင်နေထိုင်၍ အသစ် ရောက်လာသော စားဖိုမှူးများကို ခြောက်လှန့်နေသော ကြောင့်ဖြစ်သည်။ ကိုသူရသည် ဤကမ္ဘာလောက၌ ပရလောကရှိနေ သည်ကိုယုံကြည်ခြင်းမရှိပါ။ တစ္ဆေ၊သရဲ၊ပရလောက သားဟူသည် လူသားတို့က လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်များဖြစ်ကြသည်ဟုယုံကြည်ထားသည်။ သူတို့နှစ်ဦးစကားစမြည်ပြောဆိုနေကြချိန် သူနှင့် အတူမီးဖိုချောင်တွင်လုပ်ကိုင်ရမည်ဖြစ်ပြီး ဤအခန်း ထဲတွင် အတူနေထိုင်ရမည့် စာဖိုမှူးအကူကောင်လေး လည်းရောက်လာခဲ့သည်။
ထိုကောင်လေးရောက်လာ သောအခါ စိုင်းနေမျိုးက တာဝန်ချိန်မပြီးသေးသော ကြောင့် သူတို့နှစ်ဦးအား နှုတ်ဆက်ကာ အခန်းထဲက ထွက်သွားလေသည်။ ထိုအခါကိုသူရနှင့် ကောင်လေး သာကျန်ရစ်ခဲ့၏။ နှစ်ဦးစလုံးက ပြောဆိုဆက်ဆံရေး ကောင်းမွန်ကြသည်ဖြစ်ရာ သိပ်မကြာခင် သူတို့နှစ်ဦး သည်ရင်းနှီးသွားလေ၏။ ကောင်လေး၏နာမည်မှာ ကောင်းမြတ်ဖြစ်သည်။ ကောင်းမြတ်ကလည်း တစ္ဆေခြောက်သည့်အကြောင်း အတန်အတင့်သိထားဟန်တူသည်။ တစ္ဆေအကြောင်း ကိုသူကပင်စတင်ပြောဆိုလေ၏။ ” ဒီအလွှာမှာ သရဲခြောက်တာ အစ်ကိုသိလား ” ကိုသူရက သိထားကြောင်းခေါင်းငြိမ့်ပြလိုက်၏။
ထိုအခါကောင်းမြတ်က_ ” မကြောက်ဘူးလား ” ” မကြောက်ပါဘူးကွာ။ ဘာဖြစ်လို့လည်းဆိုတော့ သရဲ၊တစ္ဆေဆိုတာ တကယ်မှမရှိပဲ။ အမှန်တကယ်မရှိ တဲ့အရာကို အစ်ကိုကဘာလို့ကြောက်ရမှာလဲ ” ” ကျွန်တော်တော့ ကြောက်တယ်။ သရဲ၊တစ္ဆေတွေ ဟာ ဟောဒီလောကမှာအမှန်တကယ်ရှိတယ်လို့လည်း ယုံကြည်တယ်။ အလုပ်အကိုင်ရှားလို့သာ ဒီအလုပ်ကို ဝင်လုပ်တာ။ သရဲခြောက်တာခံရမှာတော့ တကယ့်ကို ကြောက်မိတယ် ” မနက်စာ(breakfast)အား နောက်နှစ်ရက်နေပြီးမှ စတင်ကျွေးမွေးမည်ဖြစ်သောကြောင့် မနက်ဖြန်ကျမှ စတင်အလုပ်ဆင်းရမည်ဖြစ်သည်။ ထိုကြောင့်သူတို့ နှစ်ဦးသည် အခန်းထဲမှာတစ်ခဏမျှအနားယူလိုက်ကြ ၏။ ညနေခင်းအချိန်သို့ရောက်သောအခါ စိုင်းနေမျိုး သည် တာဝန်ချိန်ပြီးသဖြင် ကိုသူရတို့ထံရောက်လာခဲ့ သည်။
သူ့လက်ထဲတွင် သော့တွဲတစ်ခုကိုကိုင်ဆောင် ထားလေသည်။ ထိုသော့များထဲတွင် မီးဖိုချောင်သော့ လည်းပါသည်။ စိုင်းနေမျိုးရောက်လာသည့်အခါ မီးဖိုချောင်အား ကြည့်ရှုရန်အတွက် မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့ ၏။ မီးဖိုချောင်ဆီသို့ရောက်သောအခါ ကိုသူရသည် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများထလာခဲ့ ၏။ ထိုကြောင့်မီးဖိုချောင်ပတ်ပတ်လည်ကို လိုက်လံ ကြည့်ရှုလေသည်။ သူထင်သည့်အတိုင်းပင် လေဝင် ပေါက်တစ်ခုကိုတွေ့လိုက်ရသဖြင့်ကျေနပ်သွားသည်။ စိတ်ထဲမှလည်း_ ” သရဲဆိုတာတကယ်မရှိပါဘူးကွာ။ လေအေးတွေ ဝင်နေလို့ ကြက်သီးထလာပါ “ဆိုလိုက်မိသည်။
အသုံးမပြုသည်မှာ တစ်နှစ်ခန့်ကြာနေပြီဖြစ်သော ကြောင့် မီးဖိုချောင်ထဲတွင် လိုအပ်တာတွေအများကြီး ရှိနေသည်။ မနက်ဖြန်မှလိုအပ်သည်များကို မန်နေဂျာ အား တင်ပြကာဝယ်ယူခိုင်းမည်ဟုတွေး၍ မီးဖိုချောင် အနှံ့ကိုစိတ်ကျေနပ်အောင် လိုက်လံကြည့်ရှုပြီးသည် နောက် အခန်းဆီသို့ပြန်လာခဲ့ကြသည်။ စားဖိုမှူးတို့မည်သည်ခွဲစိတ်ခန်းဝင်မည့်ဆရာဝန်နှင့် ခပ်ဆင်ဆင်တူသည်။ လူနာကို ခွဲစိတ်ကုသတော့မည့် ဆရာဝန်၏အနားတွင် ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာ များအား စုံလင်စွာထားရှိရန်လိုအပ်ပါသည်။ သို့မှသာ လူနာများကို အောင်မြင်စွာခွဲစိတ်ကုသနိုင်မည်ဖြစ်ပါ သည်။ စာဖိုမှူးတို့သည်လည်း မီးဖိုချောင်ထဲတွင် ပစ္စည်း အစုံအလင်ရှိနေပါမှ အရသာရှိသောဟင်းတစ်ခွက်ကို ချက်ပြုတ်နိုင်မည်ဖြစ်သည်။
အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ကောင်းမြတ်က မီးဖိုချောင်ထဲသို့ဝင်သွားသည့်အချိန်မှစ၍ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြက်သီးမွေးညင်းများထလာခဲ့ကြောင်း ပြောဆိုလေ၏။ ထိုအခါစိုင်းနေမျိုးက ရယ်မော၍ပင် ဤသို့ပြောဆိုလေသည်။ ” နောက်ဆိုရိုးသွားမှာပါကွာ ” နောက်တစ်နေ့နံနက်တွင်တော့လိုအပ်သည်များကို ဝယ်ယူရန်အတွက် စတိုးဆိုင်တစ်ခုဆီသို့သွားကြလေ သည်။ ထိုနောက်ပြန်ရောက်သည့်အခါ မီးဖိုချောင်ကို သန့်ရှင်းရေးပြုလုပ်ကြလေ၏။ မီးဖိုချောင်တွင်းလိုအပ်သည်များကို ဖြည့်တင်ပြီး သည့်နောက် မနက်စာအားစတင်ချက်ပြုတ်ရလေ၏။ ထိုအချိန်ထိငါးလွှာတွင်နေထိုင်သော ကိုသူရတို့နှစ်ဦး သည် ထူးဆန်းမှုတစ်စုံတစ်ရာမျှမှ ကြံတွေ့ရခြင်းမရှိ သေးချေ။ သို့ဖြစ်ရာကိုသူရ၏ယုံကြည်ချက်က ပို၍ ခိုင်မာလာခဲ့၏။
ကောင်းမြတ်ပင်လျှင် ကြောက်လန့် ခြင်းမရှိတော့ချေ။ ယခင်နေ့တွေတုန်းကဆိုလျှင် မီးဖိုချောင်တွင်းသို့ ကိုသူရပါမှသာ ဝင်ထွက်သွားလာရဲသည်။ ယခုတော့ သူတစ်ယောက်တည်း ဝင်ထွက်သွားလာရဲနေပြီ။ မကြာခင်သူတို့နှစ်ဦးသည် အခြားဌာနမှ ဝန်ထမ်း များနှင့်လည်း ရင်နှီးခင်မင်သွားလေ၏။ ကိုသူရသည် အရက်သောက်ခြင်းကို စွဲစွဲလမ်းလမ်းမရှိသော်လည်း မကြာခဏသောက်စားပျော်ပါးလေ့ရှိသည်။ ဟိုတယ်သို့ရောက်လာပြီးမကြာခင် ကိုသူရသည် အခြားဌာနမှဝန်ထမ်းများ နေထိုင်သည့် အဆောင်သို့ သွားရောက်၍ သူငယ်ချင်းဖြစ်သူစိုင်းနေမျိုးနှင့်အတူ သောက်စားလေ့ရှိသည်။
တစ်ခါတစ်လေအရက်ဝိုင်း တွင် သောက်တတ်စားတတ်သောအခြားဝန်ထမ်းများ လည်း ဝင်ရောက်သောက်စားလေ့ရှိပါသည်။ ထိုအခါ မျိုးတွင်အရက်ဝိုင်းမှာ ဆူဆူညံညံနှင့် စည်ကားသွား လေ၏။ ” တကယ်ပဲစားဖိုမှူးသရဲက အစ်ကိုတို့ကိုမခြောက် ဘူးလား ” ကိုသူရတို့နှစ်ဦးသည် ငါးလွှာတွင်နေထိုင်သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ ခြောက်လန့်ခြင်းမခံရသေးသောကြောင့် ဧည့်ကြိုဌာန ရှိ ဝန်ထမ်းတစ်ဦးက ဤသို့မေးမြန်းလေ၏။ ထိုအခါ ကိုသူရက_ ” သရဲ၊တစ္ဆေဆိုတာ တကယ်မှမရှိတာ။ ဘယ်လို လုပ်ပြီးခြောက်လန့်ခံရမှာလဲ ” ဟုရယ်မော၍ပင် ပြော ဆိုလိုက်၏။
ထိုအခါဟိုတယ်အခန်းစောင့်(Bell boy) အောင်ကိုဦးက_ ” သရဲဆိုတာ အမှန်တကယ်ရှိတယ်ဗျ။ ကျွန်တော် ကိုယ်တိုင်လည်း အခြောက်အလန့်ခံခဲ့ရဖူးတယ် ” ဟု ဆိုကာ ငါးလွှာတွင်သူကြုံတွေ့ခဲ့ရသောအဖြစ်အပျက် ကို ကိုသူရအားပြောပြလေတော့သည်။ အခန်း (၂) ထိုညက သုံးလွှာရှိအခန်းတစ်ခန်းတွင် တည်းခိုနေ သောဧည်သည့်များက ပန်းကန်နှင့် ဇွန်း ခရင်းများကို ငှားရမ်းသဖြင့် ဟိုတယ်အခန်းစောင့် တာဝန်ကျသော အောင်ကိုဦးသည် ပန်းကန်နှင့်ဇွန်း၊ခရင်းများကိုယူရန် အတွက် ငါးလွှာသို့တက်လာခဲ့သည်။ ထိုအရာများကို ထမင်းစားခန်းဖြစ်သည့်ငါးလွှာ၌ ထားရှိသောကြောင့် ဖြစ်သည်။ ဤဟိုတယ်တွင် ဟိုတယ်ဝန်ထမ်းအဖြစ် လုပ်ကိုင် နေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ငါးလွှာ ကအကြောင်းကို သိနေပြီးဖြစ်၏။ သရဲခြောက်သည့်အကြောင်းကို သိထားကြသဖြင့် ဌာနအသီးသီးရှိဝန်ထမ်းတိုင်း ငါးလွှာသို့ တစ်ယောက် တည်းမသွားရဲကြချေ။ အဖော်ပါမှသာသွားရဲကြ၏။
စားဖိုမှူးသရဲသည် တစ်ယောက်တည်းရှိမှခြောက်လန့် တတ်သောကြောင့်ဖြစ်သည်။ ထိုညတွင်ဧည့်သည်များသောကြောင့် သူနှင့်အတူ တာဝန်ကျသောဝန်ထမ်းက အဖော်အဖြစ်လိုက်ပါနိုင် ခြင်းမရှိချေ။ ထိုကြောင့်အောင်ကိုဦးသည် ငါးလွှာသို့ တစ်ယောက်တည်း မသွားချင်သော်လည်းသွားရလေ တော့၏။ ဓါတ်လှေကားဖြင့်တက်လာခဲ့ရာ ငါးလွှာသို့ ရောက်၍ တံခါးပွင့်သွားသည့်အခါ မှောင်မဲနေသော ထမင်းစားခန်းကိုတွေ့လိုက်ရလေ၏။ မီတာခချွေတာ နိုင်ရန် အသုံးမပြုသောအခန်းများကို မီးဖွင့်ထားခြင်း မရှိသဖြင့် မှောင်မဲနေခြင်းဖြစ်သည်။ အောင်ကိုဦးသည် မီးဖွင့်ရန်စိတ်ကူးမိသော်လည်း မီးခလုတ်များက ခပ်လှမ်းလှမ်းမှာ ရှိနေသောကြောင့် ဖုန်းမီးကိုသာအသုံးပြု၍ ပန်းကန်ခွက်ယောက်များကို သိမ်းထားသည့်နေရာဆီသို့လျှောက်လာခဲ့သည်။
ထိုနေရာဆီသို့ရောက်သောအခါ ပန်းကန်အချို့နှင့် ဇွန်း၊ခရင်းအချို့ကို ရှာဖွေနေသည့်အချိန် ” ဒုန်းခနဲ ” မြည်သံတစ်ချက်ကိုကြားလိုက်ရလေသည်။ ထိုအသံ သည် တံခါးပေါက်အား ကြမ်းတမ်းစွာတွန်းပိတ်လိုက် ခြင်းဖြစ်မှန်းသူသိသည်။ အဆိုပါတံခါးပိတ်သံကို မီးဖိုချောင်ရှိရာဘက်တွင် ကြားလိုက်ရခြင်းဖြစ်သည်။ လူမနေသောအလွှာတွင် တံခါးပိတ်သည့်အသံအားကြားလိုက်သဖြင့် ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသော်လည်း မီးဖိုချောင်တံခါးပေါက် သို့ဖုန်းမီးဖြင့်ထိုးကြည့်လိုက်သည်။ ဖုန်းမီး၏အလင်း ရောင်သည် မလင်းသော်လည်း ကောင်းစွာမြင်နေ၏။သော့ခတ်ထားသောမီးဖိုချောင်တံခါးသည် ပုံစံမပျက် ရှိနေ၏။ ထိုကြောင့်လေတိုက်သောကြောင့်အသံမြည် သွားခြင်းဖြစ်လိမ့်မည်ဟု အကြောက်ပြေသွားအောင် တွေးလိုက်ကာ ဇွန်းခရင်းများကို ဆက်လက်ရှာဖွေနေ ၏။ ထိုနောက်ပန်းကန်နှင့် ဇွန်း၊ခရင်းများကို ယူဆောင် ကာ ဓါတ်လှေကားဆီသို့လျှောက်လာခဲ့၏။
ထိုအချိန် စားပွဲခုံတစ်လုံးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော မဲမဲသဏ္ဍာန်အရိပ်တစ်ခုကိုမြင်တွေ့လိုက်ရလေသည်။ အခြေအနေကိုရိပ်မိနေပြီဖြစ်သော်လည်း ရုတ်တရက် ကြောင်အံ့သွားသောကြောင့် ထိုအရိပ်မည်းရှိနေသော စားပွဲခုံဆီသို့ ဖုန်းမီးဖြင့်ထိုးကြည့်လိုက်သည်။ ထိုအချိန်တွေ့လိုက်ရသောမြင်ကွင်းက သူ့ကိုသွေး ပျက်သွားစေလောက်သည်။ လွန်ခဲ့သည် ကိုးလခန့်က အရက်အမူးလွန်ပြီး သတိမေ့လဲကျကာ နောက်ဆုံး၌ အသက်ထွက်သွားသော စားဖိုမှူးကြီးကိုထွန်းဝေအား မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ဖုန်းမီး၏အလင်းရောင်အောက်တွင် မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး မျက်လုံးတို့ကနီရဲနေသည်။ မျက်နှာပေါ်တွင် ဝမ်းနည်းသောအမူအယာကို တွေ့နေ ရ၏။ အောင်ကိုဦးသည် ကိုထွန်းဝေနှင့်ခင်မင်ရင်းနှီး ပါသည်။ အတူတူလည်းသောက်စားခဲ့ဖူးသည်။ သို့သော်ဘဝချင်းခြားသွားခဲ့ပြီ။ ကိုထွန်းဝေသည် လွန်ခဲ့သည့်ကိုးလကေသဆုံးသွားပြီဖြစ်၏။
လူသား တို့သည် သေဆုံးသွားပြီးနောက် ကျွတ်လွတ်ခြင်းမရှိ လျှင်မူ တစ္ဆေ၊ သရဲ ပရလောကသားများဖြစ်သွားကြ လေ၏။ ထိုနောက်လူသားတို့ကို ခြောက်လန့်အနှောင့် အယှက်ပေးတတ်လေ၏။ သရဲခြောက်တာခံရသဖြင့် အကြောက်လွန်၍ ေသဆုံးသွားသူများလည်းရှိ၏။ ထိုကြောင့်ဘယ်လောက်ပင်ရင်းနှီးခဲ့ပါစေ။ တစ္ဆေ၊ သရဲဖြစ်နေသောကိုထွန်းဝေကိုတော့ သူသိပ်ကြောက် သည်။ အောင်ကိုဦးသည် ကိုထွန်းဝေ၏မျက်နှာအား ကြောင်၍ငေးကြည့်နေရာမှ ရုတ်တရက်သတိပြန်ဝင် လာခဲ့ပြီး ထွက်ပြေးရန်ကြိုးစားမိလေသည်။ ဓါတ်လှေကားဆီရောက်သောအခါ အခြားသူများ အသုံးပြုထားသဖြင့် အောက်ဆုံးအထပ်သို့ရောက်နေ သည်။ ထိုကြောင့်တံခါးကအတော်နှင့်ပွင့်မလာခဲ့ချေ။ တံခါးပွင့်လာမည့်အချိန်ကိုစောင့်နေရင်း အောင်ကိုဦး သည် ကိုထွန်းဝေထိုင်နေသည့်နေရာဆီသို့လှမ်းကြည့် လိုက်သည်။ သွေးမရှိတော့သဖြင့် ဖြူဖတ်ဖြူရော်ဖြစ်နေသော တစ္ဆေကြီးကိုထွန်းဝေသည်ကုလားထိုင်ပေါ်မှာထိုင်နေ ဆဲပင်။ တံခါးပေါက်သည်အတော်နှင့်ပွင့်မလာသဖြင့် အကြောက်လွန်ကာ သေးများပင်ထွက်လာလာခဲ့လေ သည်။
မကြာမင်ဓါတ်လှေကားတံခါးသည် ပွင့်လာခဲ့ ၏။ ထိုကြောင့်အောင်ကိုဦးသည် ဓါတ်လှေကားထဲသို့ အမြန်ပြေးဝင်၍ ဧည့်ကြိုဌာနရှိသောမြေညီထပ်ဆီသို့ ဆင်းလာခဲ့သည်။ ဧည့်ကြိုဌာနသို့ ရောက်သောအခါ အောင်ကိုဦးမှာတစ်ကိုယ်လုံးတုန်ရီနေချေပြီ။ အခန်း (၃) အကြောက်လွန်၍ သေးများပင်ထွက်ကျလာသည် ဆိုသောစကားကြောင့် ကိုသူရသည် ရယ်ချင်မိသော် လည်းမရယ်ခဲ့ပါ။ အောင်ကိုဦးမှာ မျက်နှာသူငယ်ဖြင့် ပြောပြနေသောကြောင့်ပါ။ အောင်ကိုဦး၏ ဇာတ်လမ်းသည် ဝန်ထမ်းအားလုံး ပေါင်း၍အသစ်ရောက်လာသောသူတို့ကို စနောက်ရန် ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်သာဖြစ်လိမ့်မည် ဟုမှတ်ချက်ချလိုက်၏။ စိတ်ထဲ၌လည်း ” သူတို့တွေ ဘယ်လိုပဲ စနောက်ခြောက်လန့်ပါစေ မကြောက်ဘူး ” ဟုဆိုလိုက်လေသည်။
ကိုသူရတို့နှစ်ဦးသည် ဆယ့်ငါးရက်မြောက်သော နေ့အထိအနှောင့်အယှက်တစ်စုံတစ်ရာကြုံတွေ့ရခြင်း မရှိချေ။ တစ်ဆယ့်ခြောက်မြောက်သော ညတွင်တော့ ထူးဆန်းမှုများကို စတင်ကြုံတွေ့ရလေတော့သည်။ ထိုညတွင် ကိုသူရသည် အိပ်မပျော်သဖြင့် ကုတင် ပေါ်မှာလှဲ၍ ဖုန်းအသုံးပြုနေ၏။ ဤသို့ဖြင့်ဆယ်နာရီ ထိုးခါနီးအချိန်သို့ရောက်သောအခါ အပြင်ဘက်တွင် ခြေသံများကို ကြားလိုက်ရလေ၏။ ခြေသံများသည် ထမင်းစားခန်းထဲတွင် ကြားနေခြင်းဖြစ်သောကြောင့် ဟိုတယ်အခန်းစောင့်တစ်ဦးဦးက ပန်းကန်၊ဇွန်း၊ခရင်း များကိုလာယူနေခြင်းဖြစ်မည်ဟုတွေးသာ ဖုန်းကိုသာ ဆက်သုံးနေ၏။ ခြေသံများသည် အချိန်အတော်ကြာ သည်အထိပျောက်မသွားခဲ့ပါ။ ဇွန်းသံ၊ခွက်သံများကို လည်းမကြားရသဖြင့် စိတ်ထဲ၌ မတင်မကျဖြစ်လာခဲ့ သည်။
ထိုကြောင့်အခန်းပြင်ထွက်ကြည့်ရန် စိတ်ကူး မိသည်။ အခန်းထဲကမထွက်မီ ကောင်းမြတ်ဘက်သို့ လှမ်းကြည့်လိုက်ရာ တစ်နေ့လုံး ပင်ပင်ပန်းပန်းလုပ်ခဲ့ ရသဖြင့် ကောင်လေးမှာအိပ်ပျော်နေချေပြီ။ ကိုသူရသည် ဖုန်းမီး၏အကူအညီဖြင့် အခန်းပြင် သို့ထွက်လာခဲ့သည်။ အခန်းပြင်သို့ရောက်သောအခါ မီးခလုတ်များကိုလျင်မြန်စွာဖွင့်လိုက်သည်။ မီးရောင် များလင်းထိန်သွားချိန် ထမင်းစားခန်းပတ်ပတ်လည် ကို သေချာကြည့်ရှုလိုက်သည်။ အခန်းကျယ်ကြီးထဲ၌ မည်သူတစ်ဦးတစ်ယောက် မှရှိမနေပါ။ သေချာသွားအောင်မိနစ်အနည်းငယ်ကြာ သည်အထိ အခန်းတစ်ပတ် ပတ်၍ရှာဖွေကြည့်သည်။ သို့သော်လူနှင့်တူသောအရာဟူ၍ ဘာတစ်ခုမှမတွေ့ရ ပါ။ ထိုကြောင့်ဝန်ထမ်းတစ်ဦးဦးသာ ဖြစ်လိမ့်မည်ဟု တွေး၍အခန်းထဲသို့သာပြန်ဝင်လာခဲ့သည်။
ထိုနောက် ဘာသံမှမကြားရတော့ချေ။ နောက်တစ်နေ့နံနက်သို့ရောက်သောအခါ ဟိုတယ် အခန်းစောင့်ဝန်ထမ်းများအား ငါးလွှာသို့တက်လာကြ သေးလားဟုမေးမြန်းကြည့်သည်။ထိုအခါအားလုံးက ခေါင်းခါပြသည်။ သို့သော်ကိုသူရသည် သရဲခြောက် သည်ဟုမသတ်မှတ်ဘဲ အခြားဌာနက ဝန်ထမ်းတစ်ဦး ဦးသာဖြစ်လိမ့်မည်ဟုတွေးကာ ထိုအဖြစ်အပျက်ကို မေ့ပျောက်ရန်ကြိုးစားလိုက်သည်။ နောက်တစ်နေ့ညတွင်တော့အဖြစ်အပျက်တစ်မျိုး ကိုထပ်မံ၍ကြုံတွေ့ရလေသည်။ အချိန်ကား ရှစ်နာရီ ခန့်သာရှိသေး၏။ ကောင်းမြတ်သည် ဝန်ထမ်းဆောင် သို့ သွားရောက်လည်ပတ်နေသောကြောင့် အခန်းထဲ တွင် ကိုသူရတစ်ယောက်တည်းသာရှိ၏။ အခန်းထဲတွင်တစ်ယောက်တည်းရှိနေသည့်အချိန် ကိုသူရသည် ယူကျူ့ပေါ်တွင် ချက်ပြုတ်နည်းများကို ရှာဖွေကြည့်ရှုနေ၏။
နိုင်ငံခြားသားတစ်ဦးချက်ပြုတ် နေသောဟင်းလျာတစ်မျိုးကို စိတ်ဝင်စားစွာ ကြည့်ရှု နေသည့်အချိန် ရေချိုးခန်းဆီမှ ရေပန်းကျသံများကို ကြားလိုက်ရလေသည်။ ကိုသူရတို့နေထိုင်ရသည့်အခန်းသည် ရေချိုးခန်း၊ အိမ်သာနှင့် ကပ်လျက်တည်ရှိ၏။ သူတို့နှစ်ဦးသည် ထိုရေချိုးခန်းနှင့် အိမ်သာကိုပင်အသုံးပြုကြလေ၏။ ရေကျသံကိုကြားရသဖြင့် ကောင်းမြတ်တစ်ယောက် ဝန်ထမ်းဆောင်မှ ပြန်လာပြီးနောက် ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးနေခြင်းဖြစ်မည်ဟုတွေးမိသည်။ ထိုကြောင့်ယူကျူ့ကိုသာ ဆက်၍ကြည့်ရှုနေလေ သည်။ ရေကျသံသည် အတော်နှင့်ပျောက်မသွားပါ။ ကောင်းမြတ်သည် ရေချိုးလျှင်ကြာတတ်မှန်း သူသိ သည်။
သို့သော်ထူးဆန်းသည်က သူရေချိုးချိန်တိုင်း ဆိုလေ့ရှိသောသီချင်းသံအားမကြားရခြင်းဖြစ်သည်။ မကြာမီတံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ ကောင်း မြတ်ဝင်လာခဲ့၏။ထိုအချိန်ရေကျသံကိုလည်း မကြား ရတော့ချေ။ ကောင်းမြတ်အား မြင်တွေ့လိုက်ရသော ကိုသူရှည် အံ့ဩမှင်သက်သွားလေ၏။ အကြောင်းမှာ ကောင်းမြတ်၏ဆံပင်မှာ ရေစိုနေခြင်းမရှိ။ တစ်ကိုယ် လုံးမှာလည်း စိုစွတ်သည့်နေရာကိုမတွေ့။ ထိုကြောင့် ကိုသူရကကောင်းခန့်အားဤသို့မေးမြန်းလိုက်သည်။ ” ညီလေး ခဏတုန်းကမင်းရေချိုးနေတာ မဟုတ် လား။ ဆံပင်တွေလည်း ရေမစိုဘူးကော ” ” ဟာ ဒီလောက်ထိချမ်းအေးနေတာကို ဘာဖြစ်လို့ ရေချိုးရမှာလဲ အစ်ကိုရာ ” ကိုသူရသည် ကောင်းမြတ်၏စကားကို မယုံကြည် နိုင်ဟန်ဖြင့် အခန်းထဲက လျင်မြန်စွာပြေးထွက်လာခဲ့ ၏။
ထိုနောက်ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ရေစက်များကိုမတွေ့ရ သဖြင့် ပို၍အံ့ဩသွားသည်။ ထိုအချိန်ကောင်းမြတ် ကလည်းအခန်းထဲကထွက်လာခဲ့သည်။ ” အစ်ကိုသူရ ဘာဖြစ်လို့လဲ ” ကိုသူရသည် လွန်ခဲ့သည့်မိနစ်အနည်းငယ်တုန်းက ရေချိုးထဲမှာ ရေကျသံကိုကြားနေရသည့်အကြောင်း ကောင်းမြတ်အား ပြောပြရန်စိတ်ကူးလိုက်ပြီးမှ စိတ် ပြောင်းသွားကာ_ ” ဘာမှမဟုတ်ပါဘူးကွာ။ အစ်ကိုမျက်နှာသစ်မလို့ ပါ ” ဟုလိမ်ညာပြောဆိုလိုက်၏။ ကောင်းမြတ်သည် တစ္ဆေ၊သရဲတကယ်ရှိသည်ဟု ယုံကြည်နေပြီး အလွန် လည်းကြောက်တတ်သည်။ ထိုအကြောင်းကို ပြောပြ လိုက်မည်ဆိုလျှင် ကောင်းမြတ်တစ်ယောက် ရေချိုး ခန်းထဲကိုပင် ဝင်ရဲတော့မည်မဟုတ်ချေ။ ထိုကြောင့် လိမ်ညာပြောဆိုလိုက်ခြင်းဖြစ်သည်။
သူကိုယ်တိုင်က လည်း ကောင်းမြတ်ရေချိုးသည့်အချိန်တိုင်း ရေကျ သံများကိုကြားနေရသဖြင့် စိတ်ထဲစွဲ၍ကြားနေရခြင်း ဖြစ်မည်ဟုတွေးကာ မျက်နှာသစ်ပြီးနောက် အခန်းထဲ သို့ပြန်ဝင်လာခဲ့သည်။ အခန်းထဲသို့ပြန်ရောက်ချိန် ကိုသူရသည် ကုတင် ပေါ်၌ လှဲအိပ်ရန်ပြင်လိုက်စဥ်မှာပင် တံခါးပေါက်အား ” ဝုန်းခနဲ “တွန်းဖွင့်လိုက်သောအသံအား ကြားလိုက်ရ လေ၏။ ထိုအသံသည်မီးဖိုချောင်ဘက်မှ ကြားလိုက် ရခြင်းဖြစ်သည်။ ထိုနောက်ကြမ်းပြင်ပေါ်သို့ အိုးခွက်၊ ပန်းကန်ခွက် လွတ်ကျသည့်အသံကို ကြားလိုက်ရပြန် သည်။ သူတို့နှစ်ဦးသည် အလုပ်ပြီးသည့်အချိန်တိုင်း မီးဖို ချောင်တံခါးကို သော့ခတ်ကာ ပိတ်ထားလေ့ရှိသည်။ တံခါးသော့သည်လည်း သူတို့အခန်းထဲမှာပင်ရှိသည်။ သို့ဖြစ်ရာမီးဖိုချောင်တံခါးကို အခြားဝန်ထမ်းတစ်ဦး ဦးကလာရောက်တွန်းဖွင့်ခြင်းမဖြစ်နိုင်ပါ။ ထိုအသံကို ကောင်းမြတ်လည်း ကြားလိုက်ရဟန်တူသည်။
ကောင်းမြတ်သည် ၎င်းကို သင်္ချာတွက်စာတစ်ပုဒ် ၏အဖြေကို ပြောပြတော့မည့်ဆရာမအား ကြည့်ရှုနေ သောအကြည့်ဖြင့်ကြည့်ရှုနေ၏။ ” ဒီအချိန်ကြီး ဘယ်သူလည်းမသိဘူး။ အစ်ကိုတို့ သွားကြည့်ကြမလား။ မီးဖိုချောင်ထဲမှာ ပစ္စည်းတစ်ခု ခုပျောက်သွားရင် အစ်ကိုတို့တာဝန်မကင်းဘူး ” ထိုအခါကောင်းမြတ်က ကိုသူရကား ခေါင်းငြိမ့်ပြ လေသည်။ ထိုကြောင့်နံရံပေါ်တွင် ချိတ်ဆွဲထားသော မီးဖိုချောင်သော့အားယူ၍ အခန်းထဲကထွက်လာခဲ့ကြ သည်။ မီးဖိုချောင်နှင့် သူတို့နေထိုင်သောအခန်းသည် ခြေလှမ်းအနည်းငယ်သာဝေး၏။ ထိုကြောင့်ပန်းကန် ခွက်ပြုတ်ကျသံကို ကောင်းမွန်စွာ ကြားနေရခြင်းဖြစ် သည်။ မီးဖိုးချောင်ရှေ့သို့ရောက်သွားချိန်မှာတော့ တံခါး ပေါက်သည် ပိတ်လျက်သားပင်ရှိနေ၏။ ထိုကြောင့် သော့ကိုင်လာသောကောင်းမြတ်က တံခါးပေါက်အား ဖွင့်လိုက်သည်။ သို့သော်ကောင်းမြတ်မှာ အထဲဝင်ရန် မဝံ့ရဲသဖြင့် ကိုသူရကပင်ဦးဆောင်၍ဝင်လာခဲ့သည်။
ဤတွင်မီးဖိုချောင်အတွင်း အသုံးအဆောင်ပစ္စည်း ထားသိုပုံကို ဦးစွာတင်ပြရပေလိမ့်မည်။ အရှေ့ဘက် တွင် ဂတ်စ်မီးဖိုကြီးရှိပြီး လေဝင်ပေါက်တစ်ခုလည်း ရှိသည်။ အနောက်ဘက်တွင် မီးဖိုချောင်သုံး အိုးခွက်၊ ပန်းကန်များထားသည့်ခုနှစ်ပေခန့်အမြင့်ရှိသောစတီး စင်ရှိသည်။ မြောက်ဘက်တွင် ပန်းကန်ဆေးဘေစင် နှစ်ခုရှိပြီး တောင်ဘက်တွင်တော့ရေခဲသေတ္တာနှစ်လုံး ရှိသည်။ အလယ်၌ စတီးဖြင့်ပြုလုပ်ထားသောစားပွဲ ခုံရှည်တစ်လုံးရှိသည်။ ကိုသူရတို့သည် မန်နေဂျာ၏အမိန့်ကြောင့် အလုပ် ပြီးချိန်တိုင်း မီးခလုတ်အားလုံးကိုပိတ်ထားခဲ့ရသည်။ ထိုကြောင့်မီးဖိုချောင်ထဲတွင်အမှောင်ထုကလွမ်းမိုးနေ ၏။ တံခါးပေါက်အားတွန်းဖွင့်၍ အထဲသို့ဝင်လာသည့် အချိန် စတီးစားပွဲခုံရှည်ပေါ်မှာ ထိုင်နေသောအမည်း ရောင်သတ္တဝါတစ်ကောင်ကို အမှောင်ထဲတွင်မြင်တွေ့ လိုက်ရလေသည်။ထိုသတ္တဝါသည် လူနှင့်ခပ်ဆင်ဆင် တူသည်။ လူသားတစ်ဦးသာလျှင်ဖြစ်လိမ့်မည်။
ကိုသူရသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အချိန် ကောင်းမြတ်မှာ အခန်းပြင်၌သာရှိနေသေး၏။ ကိုသူရသည် စားပွဲခုံရှည်ပေါ်မှာထိုင်နေသောသူသည် မည်သူမှန်းသိလိုသဖြင့် တံခါးပေါက်နံဘေးမှာရှိသော မီးခလုတ်အားလျင်မြန်စွာဖွင့်လိုက်သည်။ မီးရောင်များလင်းထိန်သွားသည့်အခါ စားပွဲခုံရှည် ပေါ်တွင်ထိုင်နေသောသူသည် ကွယ်ပျောက်သွားလေ ပြီဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ပန်းကန်ခွက်များကို ရှာကြည့်လိုက်ရာ ညနေတုန်းက သူကိုယ်တိုင် စားပွဲခုံ ရှည်ပေါ်မှာတင်ထားခဲ့သော စတီးပန်းကန်တစ်လုံးကို တွေ့လိုက်ရလေသည်။ ” ဘာတွေ့သလဲ အစ်ကို ” မီးဖိုချောင်ထဲသို့ဝင်ရန်မဝံ့ရဲသဖြင့် တံခါးပေါက်ဝ မှာရပ်နေသောကောင်းမြတ်က ဤသို့မေးမြန်းလေရာ ကိုသူရက_ ” ညနေတုန်းက စားပွဲခုံပေါ်မှာတင်ထားခဲ့တဲ့ စတီး ပန်းကန်ပြုတ်ကျသွားတာပါကွာ။
လေတိုက်ကြမ်းလို့ ဖြစ်ပါလိမ့်မယ်။ တံခါးပေါက် အသံမြည်သွားတာက လည်း လေကြောင့်ပဲဖြစ်မှာပါ ” ကိုသူရသည် ကောင်းမြတ် အကြောက်ပြေစေရန် အကြောင်းရှာပြောဆိုလိုက်သော်လည်း သူကိုယ်တိုင် ကတော့ ရင်တထိတ်ထိတ်ဖြစ်နေချေပြီ။ သရဲ၊ တစ္ဆေ တွေကို အယုံအကြည်မရှိသော်လည်း ထူးဆန်းမှုများ နှင့်ခဏခဏကြုံတွေ့လာရသဖြင့် အနည်းငယ်ယုံချင် လာသည်။ သို့သော်ကိုယ်လုံးကိုယ်ထည် မတွေ့မချင်း တော့ ငါးလွှာတွင်သရဲခြောက်သည်ဟူသော သူတို့၏ စကားကိုမယုံဘူးဟု ဆုံးဖြတ်ချက်ချထားလေသည်။ အခန်းသို့ ပြန်ရောက်သွားချိန်မှာတော့ ထူးဆန်းမှုများ ကို ထပ်မံ၍ကြုံတွေ့ရခြင်းမရှိတော့ဘဲ အိပ်ပျော်သွား လေတော့သည်။ ထိုညမှစ၍တစ်ညလျှင်တစ်မျိုး ထူးဆန်းမှုများကို ကြုံတွေ့ရလေသည်။
အလုပ်ဝင်ပြီးတစ်လတိတိပြည့် သောအချိန်မှာတော့ အောင်ကိုဦးလိုမျိုး သေးမထွက် ကျသော်လည်း အသည်းနှလုံးတို့ပျက်သွားလုမတတ် ကြောက်မက်ဖွက်ကောင်းသော အဖြစ်အပျက်များကို ငါးလွှာတွင်နေသောသူတို့နှစ်ဦးစလုံးရင်ဆိုင်ကြုံတွေ့ လိုက်ရလေသည်။ ပထမဆုံးကြုံတွေ့ရသူမှာ ကောင်းမြတ်ဖြစ်သည်။ ထိုညကဂတ်စ်ဘားအား ပိတ်ရန်မေ့ခဲ့သဖြင့် ပြန်သွား ပိတ်ရန် ကောင်းမြတ်သည် မီးဖိုချောင်သို့ထွက်လာခဲ့ သည်။ကောင်းမြတ်သည် ကိုသူရနှင့်အနေများသဖြင့် ပရလောကတစ္ဆေ၊သရဲများကို သိပ်ကြောက်လန့်ခြင်း မရှိတော့ချေ။ ကြောက်နေသေးသည် ဆိုသော်လည်း အလွန်အကျူးတော့မဟုတ်ပါ။ ထိုညကကောင်းမြတ် သည် တစ်နှစ်ကျော်ပိုးပမ်းခဲ့ရသော သူ့ကောင်မလေး ဆီက အဖြေရသဖြင့် မြူတူးပျော်ရွှင်နေ၏။ မြူးတူး ပျော်ရွှင်နေသောကောင်းမြတ်သည် ကိုသူရကအဖော် အဖြစ်လိုက်ခဲ့ပေးမည်ဟုဆိုသော်လည်း တစ်ယောက် တည်းသွားရဲသည်ဟုဆိုကာ နံရံပေါ်တွင်ချိတ်ဆွဲထား မီးဖိုချောင်သော့အား ယူဆောင်၍ မြူးတူးပျော်ရွှင်စွာ ထွက်သွားလေသည်။
အလန့်တကြားအော်ဟစ်သံနှင့်အတူ အခန်းထဲသို့ ပြန်ရောက်လာချိန်မှာတော့အသွားတုန်းကလိုမြူးတူး ပျော်ရွှင်ခြင်းမရှိတော့ပါ။ မျက်နှာပေါ်တွင် ထိတ်လန့် ဖွယ်ရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရဟန် မှင်သေသေ ဖြစ်နေ၏။ နှုတ်မှလည်း ” သရဲ သရဲ” ဟုသာရေရွတ် ပြောဆိုနေ၏။ ကိုသူရရှေ့ကို ရောက်လာချိန်မှာတော့ သတိလစ်ကာ လဲကျသွားလေသည်။ မီးဖိုချောင်တွင်ဘာကိုတွေ့ခဲ့ရမှန်းမသိပါ။ ကိုသူရ သည် သတိမေ့လဲကျသွားသောကောင်းမြတ်ကိုကြည့် ၍ အတော်စိတ်ပူသွားသည်။ ထိုကြောင့်ကောင်းမြတ် ၏ခန္ဓာကိုယ်အား ပခုံးပေါ်မှာထမ်းပိုး၍ အောက်ထပ် သို့ပြေးဆင်းလာခဲ့သည်။
အလောတကြီးဖြစ်သောကြောင့် ဓါတ်လှေကားကို အသုံးပြုရန်မေ့သွားခဲ့ပြီး လှေကားဖြင့် သာဆင်းလာ ခဲ့၏။ဧည့်ကြိုကောင်တာဆီသို့ရောက်သွားသည့်အခါ တာဝန်ကျနေသောသူငယ်ချင်းဖြစ်သူစိုင်းနေမျိုးအား အကျိုးအကြောင်းပြောပြကာ အနီးအနားတွင်ရှိသော ဆေးခန်းဆီသို့လိုက်ပို့ပေးရန်ပြောဆိုလိုက်သည်။ ထိုအခါစိုင်းနေမျိုးက ကိုသူရကို အရင်ဦးဆုံး စိတ် အေးအေးထားရန်ပြောဆိုလေသည်။ ထိုနောက်တွင်မှ ကောင်းမြတ်သည် အကြောက်လွန်ကာ သတိမေ့သွား ခြင်းဖြစ်ပြီး ဆေးခန်းသို့ခေါ်သွားရန်မလိုအပ်ကြောင်း ပြောဆိုလေ၏။ထိုနောက်ဧည့်ကြိုကောင်တာအတွင်း ရှိ ဘုရားစင်ပေါ်မှာတင်ထားသော ရေမန်းပုလင်းအား သွားယူလေသည်။ စိုင်းနေမျိုးသည် ရေမန်းပုလင်းထဲ မှာရှိသောရေမန်းဖြင့် ကောင်းမြတ်၏ခန္ဓာကိုယ်အား ပက်ဖြန်းပေးလေသည်။ ထိုနောက်မှတ်မိသမျှ ဘုရား စာများကိုရွတ်ဆိုနေ၏။ မိနစ်အနည်းငယ်ကြာသောအခါ သတိမေ့နေသော ကောင်းမြတ်သည် သတိပြန်လည်လာခဲ့၏။
သို့သော် စကားပြောဆိုနိုင်ခြင်းတော့မရှိသေးပါ။စိုင်းနေမျိုးက တိုက်တွန်းသဖြင့် ကိုသူရသည် သတိပြန်ရလာသော ကောင်းမြတ်အား ငါးလွှာသို့ခေါ်တက်မသွားတော့ဘဲ ဝန်ထမ်းဆောင်သို့သာခေါ်သွား၍ စိုင်းနေမျိုးနေသော အခန်းမှာသာ အိပ်စက်လိုက်ရလေတော့၏။ ကိုသူရ သည် တစ်ညလုံးငြီးသွားနေသော ကောင်းမြတ်အား ကြည့်ရှုနေရသဖြင့် အိပ်ရေးပျက်ရလေသည်။ မနက်ခင်းသို့ရောက်ချိန်မှာတော့ မနက်စာပြင်ဆင် ရဦးမည်ဖြစ်ရာ ကောင်းမြတ်အား တာဝန်ချိန်ပြီးသွား သောစိုင်းနေမျိုးထံမှာအပ်နှံခဲ့ကာငါးလွှာသို့တက်လာ ခဲ့သည်။ ကိုသူရသည် မနက်စာအတွက်ချက်ပြုတ်နေ ရသော်လည်းယခင်လိုစိတ်မပါ။ ကောင်းမြတ်ဆီသာ စိတ်ရောက်နေ၏။ မနက်ကိုးနာရီထိုး၍ တာဝန်ချိန်ပြီးသွားသည့်အခါ အဝတ်အစားအမြန်လဲ၍ ဝန်ထမ်းဆောင်သို့ဆင်းလာ ခဲ့သည်။ ဝန်ထမ်းဆောင်သို့ရောက်သောအခါ တာဝန် ချိန်မဟုတ်သော ဝန်ထမ်းများ၏အလယ်တွင် ထိုင်နေ သော ကောင်းမြတ်အားတွေ့လိုက်ရသည်။ ၎င်းသည် အခြားသောဝန်ထမ်းများအား ညကကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ပြန်ပြောပြနေခြင်းဖြစ်သည်။
သူအနားသို့ ကိုသူရရောက်လာသည့်အခါ ကိုသူရ ကိုလည်း ညကသူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်ကို ပြန်ပြောပြလေ၏။ ညတုန်းကသူကြုံတွေ့ခဲ့ရသည်မှာ ဤသို့ဖြစ်သည်။ ကောင်းမြတ်သည် မီးဖိုချောင်သို့ မြူးတူးပျော်ရွှင် စွာဖြင့် လျှောက်လာခဲ့၏။ မီးဖိုချောင်ဆီရောက်သော အခါ သော့ဖွင့်၍အထဲသို့ဝင်လာခဲ့၏။ ထိုအချိန် စတီး စားပွဲခုံရှည်ပေါ်တွင်ထိုင်နေသော မဲမဲသဏ္ဍာန်သတ္တဝါ တစ်ကောင်အားမြင်တွေ့လိုက်ရ၏။ ပျော်ရွှင်နေသော အရှိန်ကြောင့် ကြောက်ရလန့်ရမှန်းသတိမရပါ။ ထိုမဲမဲသဏ္ဍာန်သတ္တဝါသည် ဘာကောင်မှန်းသိလို သဖြင့် မီးခလုတ်အားဖွင့်လိုက်သည့်အချိန် မြင်လိုက် ရသောမြင်ကွင်းကြောင့် ကောင်းမြတ်သည် အသည်း ပျက်လုမတတ်ဖြစ်သွားလေသည်။ စတီးစားပွဲခုံရှည် ပေါ်တွင်ထိုင်နေသောသတ္တဝါသည် တစ္ဆေတစ်ကောင် ဖြစ်နေ၏။
မျက်လုံးသည် လွန်စွာမှနီရဲတောက်နေပြီး မျက်နှာပေါ်တွင် ကျောက်ပေါက်ရာကဲ့သို့အပေါက်ရာ များကမျက်နှာတစ်ခုလုံးပြည့်နှက်နေသည်။ ဦးခေါင်း ပေါ်တွင် ဆံပင်တို့က ကျိုးတိုကျဲတဲသာပေါက်နေပြီး ပြဲကျယ်သောပါးစပ်တွင်း၌ သွားတို့ကလည်း ကျိုးတို ကျဲတဲသာတွေ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင် ကိုတွေ့လိုက်ရသဖြင့် မှင်သက်နေသော ကောင်းမြတ် အား တစ္ဆေကြီးက တစ်ခဏအတွင်းမှာ ပုံစံအမျိုးမျိုး ပြောင်း၍ခြောက်လန့်လေသည်။ နောက်ဆုံး၌မှင်သက်နေသော ကောင်းမြတ်သည် တစ်စုံတစ်ဦးက အနီးကပ်သတိပေးနေသည့်အသံကို ကြားလိုက်ရပြီး သတိပြန်ဝင်လာခဲ့သည်။ ထိုကြောင့် မီးဖိုချောင်ထဲက လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။ ထိုနောက်ကိုသူရရှေ့သို့ရောက်သွားသည်။ထိုအချိန်မှ စ၍ဘာကိုမှမမှတ်မိတော့ချေ။
အခန်း (၄) ကောင်းမြတ်သည် စားဖိုမှူးကိုထွန်းဝေ၏ ခြောက် လန့်ခြင်းကိုခံရပြီးသည့်နောက် ထိုနေ့ညနေခင်းမှာပင် ငါးလွှာကအခန်းတွင်ရှိနေသောသူ၏အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို အခြားဝန်ထမ်းများကို သွားရောက်သိမ်းဆည်းယူဆောင်ခိုင်းကာ အပြီးတိုင် အလုပ်ထွက်၍ အိမ်ပြန်သွားလေသည်။ သို့ဖြစ်ရာငါးလွှာကအခန်း၌ ကိုသူရတစ်ဦးတည်း သာကျန်တော့၏။ ကိုသူရလုပ်နေသောဟိုတယ်သည် ဧည့်သည်များကို မနက်စာသာကျွေးသဖြင့် မနက်ပိုင်း သာပင်ပန်းသည်။ မနက်လေးနာရီခွဲမှာ အိပ်ယာထပြီး မနက်စာအတွက်ပြင်ဆင်ရ၏။ မနက်စာကျွေးချိန်မှာ မနက်ကိုးနာရီအထိသာဖြစ်လေရာ ကိုးနာရီထိုးသည် နှင့်တစ်ပြိုင်နက် မီးဖိုချောင်ထဲမှာအသုံးပြုထားသော အိုးခွက်၊ပန်းကန်များကို ဆေးကြောသန့်စင်ရလေ၏။
ခါတိုင်းနေ့များတွင်တော့ ကောင်းမြတ်က တာဝန်ယူရ သည်။ ယခုမူကောင်းမြတ်သည် အလုပ်ထွက်သွားပြီ ဖြစ်ရာ ကိုသူရကသာအားလုံးကိုသိမ်းဆည်းလုပ်ကိုင် ရလေသည်။ ကောင်းမြတ်ပြန်သွားသည့်ညတွင် စိုင်းနေမျိုးက အတူလာအိပ်ပေးသဖြင့် ကိုသူရတစ်ယောက် အဖော် ရသွားလေ၏။နောက်တစ်နေ့ညတွင်တော့စိုင်းနေမျိုး က ညအချိန်တာဝန်ကျသဖြင့်အတူလာမအိပ်နိုင်ချေ။ အခြားဝန်ထမ်းများကလည်း ငါးလွှာတွင်အိပ်စက်ရန် မဝံ့ရဲကြ။ ထိုကြောင့်ကိုသူရသည် တစ်ယောက်တည်း အိပ်ရတော့မည်ဖြစ်သည်။ ကိုသူရသည် ငါးလွှာတွင် စားဖိုမှူးတစ္ဆေရှိနေသည်ကို ယုံကြည်သွားပြီဖြစ်သော် လည်း ကြောက်လန့်ခြင်းတော့မရှိပါ။ ထိုကြောင့်တစ်ယောက်တည်းလည်း အိပ်ရဲသည်။ ထိုနေ့ညနေခင်းတွင် ကိုသူရသည် ဝန်ထမ်းဆောင်မှာ အရက်သွားသောက်လေသည်။ ထိုအချိန်သူနှင့်အတူ သောက်နေသောဝန်ထမ်းများက ဝန်ထမ်းဆောင်တွင် သာ အိပ်ရန်ပြောဆိုကြသော်လည်း မနက်အစောကြီး ထရဦးမည်ဖြစ်သောကြောင့် ငါးလွှာတွင်သာ ပြန်အိပ် မည်ဟုပြောဆိုလိုက်သည်။ အရက်သောက်ပြီးသည့် အခါ ကိုသူရသည်အဖော်များကိုနှုတ်ဆက်၍ ငါးလွှာ သို့တက်လာခဲ့သည်။အခန်းထဲပြန်ရောက်သည့်အချိန် ဖုန်းထဲကနာရီကိုကြည့်ရှုလိုက်ရာ ကိုးနာရီကျော်နေပြီ ဖြစ်သည်။ ထိုကြောင့်ကိုသူရသည် ခါတိုင်းနေများလို ဖုန်းအသုံးမပြုတော့ဘဲ ချက်ချင်းပင်အိပ်လိုက်သည်။ အရက်၏အရှိန်ကြောင့် မကြာမီအိပ်ပျော်သွားသည်။
အိပ်ပျော်သွားပြီးနောက် သိပ်မကြာမီကိုသူရသည် အိပ်မက်လား၊အပြင်မှာအမှန်တကယ်ဖြစ်နေတာလား မသဲကွဲသောအဖြစ်အပျက်တစ်ခုအား ကြုံတွေ့ရလေ ၏။သူအိပ်နေသောကုတင်ခြေရင်းတွင် ကြောက်မက် ဖွယ်အဆင်းရှိသောတစ္ဆေတစ်ကောင်သည် ကိုသူရကို ရပ်ကြည့်နေ၏။ ထိုနောက်သူ၏ခြေထောက်ကိုဆွဲ၍ ကုတင်အောက်သို့ဆွဲချလေသည်။ အဆိုပါတစ္ဆေကြီးသည် သူ၏ခြေထောက်နှစ်ဖက် ကို ကြမ်းတမ်းစွာဆောင့်ဆွဲလိုက်သဖြင့် ကိုသူရသည် ကုတင်အောက်သို့ပြုတ်ကျသွားလေသည်။ ထိုအချိန် ကိုသူရသည်အိပ်ပျော်နေရာမှလန့်နိုးလာခဲ့၏။ လန့်နိုး လာသည့်အချိန်မှာတော့အဖြစ်အပျက်သည် အိပ်မက် တစ်ခုမဟုတ်ဘဲအပြင်မှာတကယ်ဖြစ်နေမှန်းသိလိုက် ရလေ၏။ အိပ်ပျော်နေရာမှ လန့်နိုးလာသောကိုသူရ သည် ကုတင်အောက်မှာရောက်နေ၏။
ထိုအတူသူ၏နံဘေးတွင်လည်း တစ္ဆေတစ်ကောင် ရပ်ကြည့်နေ၏။ တစ္ဆေတစ်ကောင်ဟု ပြောဆိုရခြင်း မှာ ကျောက်ပေါက်ရာကဲ့သို့ဖြစ်နေသော အပေါက်ရာ များကမျက်နှာတစ်ခုလုံးပြည့်နှက်နေသည်။ ဦးခေါင်း ပေါ်မှာလည်း ဆံပင်တို့ကကျိုးတိုကျဲတဲသာပေါက်နေ သည်။ ထိုတစ္ဆေကြီးသည် စားဖိုမှူးဟောင်းတစ္ဆေဖြစ်မှန်း သိလိုက်သည်။ တစ္ဆေကြီးသည် ပြဲကျယ်သောပါးစပ် အား ကျိုးတိုကျဲတဲဖြစ်နေသော သွားများအားလုံးကို မြင်ရလောက်သည်အထိ ဖြဲ၍ရယ်မောနေသည်။ ” ဟား ဟား ဟား ငါ့မီးဖိုချောင်ထဲမှာလုပ်ချင်တိုင်း လုပ်နေတာ မင်းလားကွာ။ မင်းကိုဘယ်သူခွင့်ပြုထား လို့လဲ ” စားဖိုးမှူးတစ္ဆေသည် ရင်ခေါင်းသံဖြင့် ပြောဆိုကာ ကြမ်းပြင်ပေါ်တွင်လဲနေသော ကိုသူရအား လည်ပင်း ညစ်လေတော့၏။ကိုသူရသည် စားဖိုမှူးတစ္ဆေကြီး၏ အေးစစ်နေသောလက်နှစ်ဖက်ကို သူ၏လက်နှစ်ဖက် ဖြင့်ဖိကိုင်၍အတင်းရုန်းကန်သော်လည်း အတော်ကြာ သည်အထိ စားဖိုမှူးတစ္ဆေ၏လက်မှရုန်းထွက်နိုင်ခြင်း မရှိချေ။ အချိန်ကြာလာသည့်အခါသူရသည် အသက် ရှူကြပ်လာခဲ့၏။ ဤသို့သာလည်ပင်းကိုဆက်ညစ်နေ ဦးမည်ဆိုလျှင်အသက်ရှူကြပ်၍သေရချေတော့မည်။ သေလုမျောပါးဖြစ်နေသောကိုသူရသည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား သတိရလာခဲ့သည်။
ထိုအခါဘုရားရှင် ကိုစိတ်တွင်ရည်မှန်းကန်တော့ကာ မှတ်မိသမျှ ဘုရား ရှိခိုးစာများကိုစိတ်ထဲကရွတ်ဆိုလိုက်သည်။ ကိုသူရသည် ဘုရားစာအား စိတ်ထဲကရွတ်ဆိုနေ ခဲ့ရာ သူ၏လည်ပင်းအားတင်းကြပ်စွာညစ်ထားသော တစ္ဆေကြီး၏ လက်နှစ်ဖက်သည် တဖြည်းဖြည်းချင်း ပြေလျော့သွားလေ၏။ နောက်ဆုံးတွင် တစ္ဆေကြီး၏ လက်နှစ်ဖက်မှာ လည်ပင်းပေါ်မှ ပြုတ်ထွက်သွားလေ ၏။ ထိုအတူစားဖိုမှူးတစ္ဆေလည်း ပျောက်ကွယ်သွား လေသည်။ စားဖိုမှူးတစ္ဆေကြီး ပျောက်ကွယ်သွားပြီး သွားပြီးနောက် အချိန်အတော်ကြာသည်အထိ ကိုသူရ သည် ကြမ်းပြင်ပေါ်မှပြန်ထနိုင်ခြင်းမရှိသေးချေ။ အပြင်းအထန်ရုန်းကန်ခဲ့ရသဖြင့် အားအင်ကုန်ခမ်း သွားသောကြောင့်ဖြစ်ပါသည်။ ကြမ်းပြင်ပေါ်မှပြန်ထ လာနိုင်သည့်အချိန်တွင်ကိုသူရသည် ထွေးထွေးထူထူ စဥ်းစားမနေတော့ဘဲ သူအိပ်မပျော်ခင်အချိန်တုန်းက ကုတင်ဘေးကစားပွဲခုံပေါ်မှာတင်ထားခဲ့သော ဖုန်းကို သွားယူ၍ မြေညီထပ်မှာရှိသောဧည့်ကြိုကောင်တာဆီ ပြေးဆင်းလာခဲ့သည်။
ဟိုတယ်လော်ဘီမှာရှိသော ဧည့်ကြိုကောင်တာသို့ ရောက်သွားသည့်အခါ စိုင်းနေမျိုးအားအဖြစ်အပျက် အလုံးစုံကိုပြောပြလိုက်လေသည်။ထိုအခါစိုင်းနေမျိုး သည်အလွန်စိတ်မကောင်းဖြစ်သွားလေ၏။ ၎င်း၏အလုပ်ကိုစွဲလမ်းကာ မကျွတ်မလွတ်သော စားဖိုမှူးကိုထွန်းဝေသည် သူေသပြီးနောက် အသစ် ရောက်လာသောစားဖိုမှူးတစ်ဦးကို အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည်အထိ ခြောက်လန့်ခဲ့ဖူးမှန်းသိ သော်လည်း သူငယ်ချင်းဖြစ်သူကိုသူရအား စားဖိုမှူး အဖြစ် သည်ဟိုတယ်သို့ခေါ်လာမိသောကြောင့်ဖြစ်ပါ သည်။ ကိုသူရသည် မိမိအား အသက်အန္တရာယ်ဖြစ် စေသည်အထိခြောက်လန့်နှောင့်ယှက်ခဲ့သော စားဖိုမှူး တစ္ဆေကြီးရှိရာ ဤဟိုတယ်တွင်ဆက်မလုပ်လိုတော့။ ထိုကြောင့်မနက်လင်းသည်နှင့်ဟိုတယ်မန်နေဂျာအား အကြောင်းစုံပြောပြကာ အလုပ်ထွက်လိုက်လေတော့ သည်။
စာကြွင်း_စားဖိုမှူးကိုထွန်းဝေသည် ဟိုတယ်အတွင်း၌ ဘုန်းကြီးပင့်၍ တရားနာကာအကြိမ်ကြိမ်အမျှဝေပေး သော်လည်း ကျွတ်လွတ်ခြင်းမရှိဘဲအသစ်ရောက်လာ စားဖိုမှူးတို့ကို နည်းအမျိုးမျိုးဖြင့်ခြောက်လန့်နေသေး ကြောင့်သိရလေ၏။ သို့သော်ကိုသူရကို ခြောက်လန့် ခဲ့သလိုတော့ အသက်အန္တရာယ်ဖြစ်စေလောက်သည် အထိခြောက်လန့်ခြင်းမရှိတော့ပါ။ မိမိ၏အလုပ်ကိုစွဲလမ်းစိတ်ကြောင့် မကျွတ်လွတ် နိုင်သေးသောကိုထွန်းဝေတစ်ယောက် ကောင်းမွန်ရာ ဘဝတစ်ခုသို့ အမြန်ဆုံးရောက်နိုင်ပါစေလို့ ဤနေရာ က စုတောင်းပေးလိုက်ပါသည်။ ပြီး ဆက်လက်ကြိုးစားပါဦးမည်။
#အယ်လ်နိုင်း
Leave a Reply