တေဇနှင့် နှလုံးသားဒဏ်ရာ

တေဇနှင့် နှလုံးသားဒဏ်ရာ

တောင်တန်းလေးအတိုင်းဆင်းလာသည့် မြေနီလမ်းဘေးတစ်နေရာတွင် လှည်းတစ်စီးနှင့်အတူ မျက်နှာဖုံးစွပ်ထားသည့် လူခြောက်ယောက်ကား ဓားကိုယ်စီနှင့်။ ” ဟိုအဘွားကြီး လက်က လက်စွပ်တွေ ချွတ်စမ်း ” ” ကြာပါတယ် ကဲကွာ…. ဖြန်းးးးး အဘိုးကြီး ဆွဲကြိုးတွေ ချွတ် ဟိုကောင်မလေး နင့်ဘဝအရှက်တကွဲအကျိုးနဲမဖြစ်ချင်ရင် ပါလာတာတွေအသာတကြည်ပေးစမ်း ” ” ကိုင်း ဒီကောင် ဂျိုကြွနေတာ ကဲကွာ….. ဒုတ် ” ခေါင်းဆောင်လုပ်သူက ပေစောင်း​စောင်းလုပ်နေသော လူလတ်ပိုင်းတစ်ဦးအား ဓားနှောင့်နှင့်ထုလိုက်ပြီး ” ကဲ ပါလာတာတွေကုန်ရင် ငါတို့ပြန်ကြမယ် တိုင်လားတောလား လုပ်လို့ကတော့ ခင်ဗျားတို့ရွာပါ မီးတိုက်ပစ်မယ် နားလည်လား ” ဆိုကာ နေရာမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်ရာ ”

ဟမ် ငါ့ခြေထောက်တွေ လှုပ်မရပါလား ” ” ဆရာ ကျုပ်တို့ ခြေထောက်တွေကြွမရဘူး လုပ်ပါဦး ဘာဖြစ်တာလဲမသိဘူး ” ထိုစဥ် မလှမ်းမကမ်းမှ တေဇထွက်လာပြီး ဓားပြတွေကိုကြည့်ကာ ” လူအားကိုး လက်နက် အားကိုးနဲ့ အချောင်ရပြီးရောဆိုပြီး ဓားပြတိုက်တဲ့ အကောင်တွေ အခု မင်းတို့ဘာတတ်နိုင်သေးလဲ ကွ ” ဓားပြခေါင်းဆောင်က တေဇကိုကြည့်ကာ တောက်တစ်ချက်ခေါက်ပြီး ” မင်းက ဘယ်သူလဲ ဘာကိစ္စနဲ့ငါတို့ကို လာပြီးစွပ်ဖက်နေတာလဲ ” ” ငါက ကုန်းဆုံရွာက တေဇတဲ့ ဘာလို့မင်းတို့ကိုဝင်ပြောတာလဲဆိုတော့ ငါ့အရှေ့မှာ မတရားဖြစ်နေတာအမြင်မတော်လို့ ရှင်းပြီလား ”

ဓားပြခေါင်းဆောင်လည်း တေဇအကြောင်းကြားဖူးလေရာ လက်လျှော့သည့်ဟန်ဖြင့် ” ဒါဆိုမင်းက ဘာဖြစ်ချင်တာလဲ ငါတို့ဘာလုပ်ပေးရမှာလဲ ” ” မင်းတို့ရထားတဲ့ ပစ္စည်းတွေ ပြန်ပေးပြီး ဒီနေရာက အမြန်ထွက်သွားလိုက် မကြာခင် ရွာသားတွေရောက်လာရင် မင်းတို့အရိုးတခြားအသားတခြားဖြစ်သွားမယ် ” ” ဟေ့ကောင်တွေ ပစ္စည်းတွေပြန်ပေးလိုက် ” ဓားပြတွေလည်း ရထားတဲ့ပစ္စည်းတွေကို ပြန်ပေးပြီး နေရာကနေ အလုအယက်ပြေးသွားကြလေသည်။ တေဇကတော့ လာရာလမ်းအတိုင်း ပြန်လှည့်သွားလေတော့သည်။ ” ဒုန်းးးးး ဘာကွ တောက် ငါ့တပည့်တွေဖြစ်ပြီး အဲ့လောက်တောင် ညံ့ရလားကွ ” ”

ကျွန်တော်တို့ ပစ္စည်းတွေအကုန်တိုက်ပြီးပါပြီ ပြန်လာဖို့အလုပ်မှာ ခြေထောက်တွေက မြေကြီးနဲ့ကပ်နေတာနဲ့ ” ” ဟေ့ကောင် တော်စမ်း မင်းအပေါက်ကိုပိတ်ထားလိုက် ဘာ မြေကြီးနဲ့ခြေထောက်ကပ်နေရအောင် ဘယ်ကောင် ကော်နဲ့ကပ်ထားလို့တုန်း ” ” ဒီလိုပါ ဆရာကြီး အဲ့ဒါက ပညာသည်တစ်ယောက်ကပညာနဲ့လုပ်လိုက်တာပါ ” ” ဘာ ပညာနဲ့လုပ်တာ ဟုတ်လား ” ” ဟုတ်ပါတယ် ဆရာကြီး သူ့နာမည်က တေဇတဲ့ ကုန်းဆုံရွာကပါ သူ့အကြောင်းကြားဖူးပါတယ် သူက လောကီပညာမှာဆရာတစ်ဆူလို့လည်း သိရပါတယ် ” ” ဪ ဒီလိုကိုး သဘောပေါက်ပြီ သဘောပေါက်ပြီ ဒါကြောင့် မင်းတို့ကိုပေးလိုက်တဲ့အဆောင်တွေက အသုံးမဝင်ခဲ့တာကိုး ” ခေါင်းဆောင်လုပ်သူက သူ့ဟာသူတွေးရင်း ပြုံးနေလေသည်။ ထို့နောက် ” မင်းတို့ ကိစ္စတစ်ခုလုပ်ရမယ် လာမဲ့လကွယ်ညပဲ အသင့်ပြင်ထားကြ ”

အဲ့လိုပြောပြီး အိမ်အိုကြီးထဲဝင်သွားလေသည်။ ထို့နောက် အိမ်တံခါးပိတ်ကာ မိန်းမကြီးတစ်ဦးထိုင်နေဟန် ထုထားသည့် ရုပ်တုကြီးရှေ့တွင်ဒူးထောက်ကာ ” မယ်တော်ကြီး သားတော်ကို ပညာဗူးပြန်သွင်းပေးပါလော့ သားတော် လက်သည်းဖွက်ထားတာအချိန်အတော်ကြာပါပြီ ပညာရပ်တွေလည်း အထွတ်အထိပ်ထိပေါက်မြောက်နေပါပြီ မယ်တော်ကြီး စိတ်ပူတော်မမူပါနဲ့ ဗူးပြန်သွင်းပေးပါ သားတော် တာဝန်ပြီးဆုံးတာနဲ့ အပျိုစင်စစ်စစ်ရဲ့သွေးနဲ့ပူဇော်ပါ့မယ် ” အဲ့လိုပြောလိုက်ချိန် ရုပ်တုကြီးရဲ့ မျက်လုံးနှစ်ခုကြားက အလင်းစက်တစ်ခု ထွက်လာပြီး ဒူးထောက်နေသူရဲ့ ပါးစပ်ထဲဝင်သွားလေသည်။

ဒူးထောက်နေသူလည်း အရှေ့တိုးကာ ဓားအသေးတစ်လက်ဖြင့် လက်ဝါးကို မွှန်းပြီး သွေးစက်များကို ခွက်ထဲခံထည့်ကာ ” မယ်တော်ကြီးကို သားတော်သွေးနဲ့ပူဇော်တာပါ သုံးဆောင်ပါ မယ်တော်ကြီး မကြာခင်မှာ မယ်တော်ကြီးကို ပူဇော်ပါ့မယ် ” လို့ပြောကာ ခွက်ကို အရှေ့တိုးပြီး ဓားမွှန်းထားသော လက်ကို ထဘီစဖြင့်စည်းလိုက်လေသည်။ ထို့နောက် အပြင်သို့ ပြန်ထွက်လာကာ သူ့တပည့်တွေကို ” မင်းတို့ ညကျရင် အမဲသားသုံးပိဿာရအောင်ရှာခဲ့ကြ ငါလုပ်စရာရှိတယ် ” ထို့နောက် အချို့ကိစ္စများကို တီးတိုးမှာနေလေသည်။ တိတ်ဆိတ်နေသော ရွာကလေးအား အမှောင်ထုနှင့်အတူ အအေးဓာတ်က လွှမ်းခြုံထားလေသည်။

အိမ်အိုကြီး တစ်လုံးအတွင်းမှ အသံအချို့ထွက်နေသည်။ ” ဟဲ့ ဘိုးညိုကြီး ကျွေးတာစား ခိုင်းတာလုပ် ငါ့အမိန့်အတိုင်းလုပ်ရမယ် ဟိုဗိုက်ပေါက်မ နင်ရော ငါကျွေးတာစား ခိုင်းတာလုပ်ရမယ် ကြားလား…. ” မီးဖိုဘေးတွင် နာနာအရုပ်မျိုးစုံနှင့်အတူ အမဲသားများထည့်ထားသည့် ဇကောကြီးက မီးဖိုရဲ့တစ်ဖက်တွင် ဗိုက်ဟောင်းလောင်းပွင့်နေသည့် သရဲမက ပေကပ်ကပ်နှင့်ပြန်ကြည့်နေရာ ” ဪ နင်က အကြောမသပ်ရသေးလို့ အကြောတင်းနေတာကိုးး ” လက်ဝါးကို မီးဖိုအရှေ့ဖြန့်ကာ နှုတ်မှဂါထာတစ်ပုဒ်ရွတ်လိုက်ရာ ” အီးအားးးးး ယားးးးးး ပူတယ် ပူတယ် ပူတယ် ငါမနေနိုင်တော့ဘူးးးး အားးးးး ” အချိန်အတော်ကြာ ရွတ်ပြီးနောက် ခွေလဲနေသော သရဲမကို ” နောက်ခါ ငါ့ကိုအာခံရင် ဒီထက်ဆိုးမယ် ကျန်တဲ့ကောင်တွေရော အကုန်နာမယ် ကြားကြလား ” လူကြီးရဲ့ကြိမ်းဝါးသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေရာ ငှက်အချို့ အိပ်တန်းမှ ပျံပြေးကုန်လေသည်။

ထို့နောက် လုပ်စရာရှိသည့်အလုပ်များလုပ်ကာ သိမ်းဆည်းကာ မလှုပ်မယှက်နဲ့မီးဖိုဘေးတွင်ထိုင်နေလေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ တေဇလည်း ဟိုဟိုဒီဒီတွေးတောနေစဥ် ဘေးတွင် ခင်လွှမ်းရောက်လာသဖြင့် အတွေးစကိုဖြတ်လိုက်ပြီး ” ခင်လွှမ်း မျက်နှာတစ်မျိုးဖြစ်နေပါလား ဘာဖြစ်လို့လဲ ” ” ဒီလို အကိုရဲ့ ဒီရက်ပိုင်းခင်လွှမ်းတို့နယ်တစ်ကြော မငြိမ်သက်ဘူး မွေးထားတဲ့အကောင်တွေလည်း အတိုက်ခံရလို့ တော်တော်လျှော့နေပြီ အာရုံခံကြည့်တော့လည်း ဘာမှမပေါ်ဘူး နယ်ချုပ်အစီအရင်တွေလည်း ခဏခဏပျက်နေလေရဲ့ ” ” ဟင် ဒါ ဘယ်လိုဖြစ်ရတာလဲ ခင်လွှမ်းအကောင်တွေကိုတောင် တိုက်ရဲတယ်ဆိုတော့ နည်းတဲ့အဆင့်မဟုတ်လောက်ဘူး ပြီးတော့ နယ်ချုပ်အစီအရင်က ” ” ဟုတ်တယ်အကို နယ်ချုပ်အစီအရင်ဆိုတာ မယ်တော်ကြီးလေးပါးကိုယ်တိုင် ချီးမြှင့်ပေးထားတဲ့အစီအရင်တွေ အခုလို ခဏခဏပျက်နေတာ တစ်ခုခုဖြစ်တော့မည့် လက္ခဏာပဲ ”

” အင်း အကို့ရဲ့အစောင့်တွေကလည်း သတိပေးနေတယ် ပြီးတော့ ဒီရက်ပိုင်း စိတ်တွေလေးနေတယ် ” ” ခင်လွှမ်းရော အတူတူပဲ စိတ်တွေအရမ်းလေးနေတာပဲ ” ခင်လွှမ်းက အဲ့လိုပြောလိုက်ရာ တေဇလည်း ခင်လွှမ်းလက်ဖဝါးနုနုလေးကို ဖွဖွလေးကိုင်ကာ ” ဘာမှ သိပ်ပြီး စိတ်ပူမနေပါနဲ့ခင်လွှမ်းရယ် အဆင်ပြေသွားမှာပါ ” ” ဟင်းးးးးးဟူးးးးးးးး ” ” ဟုတ်ပါတယ်လေ ဒါပေမဲ့ ဒီည အစီအရင်တွေပြန်လုပ်ရမယ် လိုတာတွေပြင်ပြီးသွားပြီ ” ” အကိုလည်း ကူမှာပေါ့ အခုတော့ နားလိုက်ပါဦး ဒီရက်ပိုင်း ခင်လွှမ်း အရမ်းပင်ပန်းနေပြီမို့လား ” ” ဟုတ်တယ်အကိုရယ် လုပ်ရမဲ့အလုပ်တွေများနေတာနဲ့ အနားယူဖို့တောင်မအားဘူး ” ဆိုကာ တေဇ ပခုံးပေါ်သို့ ခေါင်းမှီလိုက်လေသည်။

တစ်ဖက်တွင်လည်း ” ဆရာကြီး ဆရာကြီးမှာထားတဲ့ မီးနေသည်ထမီစနဲ့လုပ်ထားတဲ့ကွန်ရပြီ ” ” အေး ငါပြောသလို သေချာလုပ်ခဲ့ကြလား ” ” လုပ်ခဲ့ပါတယ် မီးနေသည်ထမီစတွေနဲ့သေချာ ချည်ထားတယ် ကွန်ကိုလည်း ရာသီသွေးနဲ့ဆရာကြီးပေးတဲ့ဆေးနဲ့ရောပြီး စိမ်ထားတယ် ဆရာကြီး ” ” အေး ငါ့တပည့်တွေ သိပ်တော်တယ် ဒီကိစ္စအောင်မြင်ရင် မင်းတို့ကို အောက်လမ်းပညာ စပြီး သင်ပေးမယ် ” ” တကယ်ပြောတာလားဆရာကြီး ပျော်လိုက်တာဗျာ ” ” အေး မင်းတို့လုပ်ထားတဲ့ကွန်နဲ့ ခပ်ဝေးဝေးကနေ လူကို အုပ်မိနိုင်အောင်လေ့ကျင့်ထားကြ မလွဲစေနဲ့နော် ” ” ဟုတ်ဆရာကြီး ဒါနဲ့မနက်ဖြန်ည လကွယ်ညပဲနော် ” ” အေး မင်းတို့ မနက်ဖြန်လုပ်ရမဲ့ဟာတွေကို ငါမှာထားမယ် မနက်ဖြန်မှလာခဲ့တော့ အခုပြန်လို့ရပြီ ” ” ဟုတ်ကဲ့ ဆရာကြီး ” ဆိုကာ ပြန်သွားကြလေတော့သည်။

ဆရာကြီးဆိုသူမှာ အောက်လမ်းပညာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းပြီး ပညာဗူးကို လိုအပ်ချိန်မှ ထည့်ပြီးအသုံးချသူ မည်သူမှ သတိမထားမိအောင်နေနိုင်ပြီး လူဆိုးလူမိုက်များကို ငွေပေးကာ လိုရာခိုင်းနေသူ။ တစ်ခါတရံ သူ့တပည့်များကို အစီအရင်လုပ်ပေးကာ ဓားပြတိုက်ခိုင်းသေး။ သူ့နာမည်က ဦးသက္ခ။ ” သက္ခ ကိစ္စကိုမှ လာရှုပ်ကြတာကိုး ဒီနယ်မှာ မင်းတို့မရှိမှ ငါလုပ်ချင်တာလုပ်ရလိမ့်မယ် ” ဦးသက္ခ ပြောသည့် အဓိပ္ပါယ်က သူ့လူတွေ ဓားပြတိုက်စဥ် တေဇဝင်ကူသဖြင့် မအောင်မြင်ခဲ့တာကိုဆိုလိုခြင်းပင်။ ထို့ကြောင့် တေဇရဲ့အညှာကို ကိုင်ဖို့ ခင်လွှမ်းရဲ့အစီအရင်တွေကိုထိပါးထားခြင်းဖြစ်သည်။

ယခုညမှာတော့ ခင်လွှမ်းက ငြိမ်မနေတော့ပဲ ပညာပြန်ပြနေလေသည်။ ” ဥုံ……. ” အင်းစာရွက်ကို အသက်သွင်းကာ မီးဖိုထဲပစ်ထည့်လိုက်ရာ ” ဝုန်းးးးး ” ဆိုတဲ့အသံနှင့်အတူ မီးများထတောက်လာလေသည်။ တစ်ဖက်က ပညာသည်က ပညာမြင့်သည်ဆိုတဲ့ အဓိပ္ပါယ်။ ” ပညာက မြင့်လာချည်လား ခင်လွှမ်းရေ ပုဏ္ဏကဇောက်ထိုးအင်းနဲ့ပြန်ချ ” ” အင်း အခုလုပ်မလို့ပဲ ” ဆိုကာ ပုဏ္ဏကဇောက်ထိုးအင်းကိုထုတ်ကာ လက်ဝါးဖြင့် အုပ်ပြီး ” ဥုံ ရာဇထိပ်ခေါင်…..” ဟုအစချီပြီးရွတ်လိုက်၏။ အပိတ်၌ ” သွားဟုံသွားဟ တိုက်စေ ကြေစေ ” ဟုဆိုလိုက်၏။ ” ဂျွတ် ” ” ဟင် ” ” အို ” ပုဏ္ဏကဇောက်ထိုးအင်းမှာ လေးပိုင်းပိုင်းသွားလေသည်။

တဖက်မှ အတိုက်များပြန်လာလေပြီ။ ဦးသက္ခက ” ဟဲ့ ငညိုကြီး သွားစမ်း မင့်တူနဲ့ထု စိစိညက်ညက်ကျေအောင်ထု ” ” ဒုန်းးးးး ” အသံကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဘိုးညိုကြီး ရုပ်တုမှာ ထပ်ခြမ်းကွဲသွားလေသည်။ တစ်ပြိုင်နက် ” အေ့ ဝေါ့……… ” ဦးသက္ခ ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ ထို့နောက် အင်းတစ်ချပ်ကိုမီးဖိိုထဲ ပစ်ပြီး ” ငါ့အကြောင်း မနက်ဖြန် သိစေရမယ် ” ………. ” ဟားဟားဟားဟား ” ” ဒီပညာနဲ့များ ငါနဲ့ယှဥ်ချင်သေးတယ် သေသွားမယ်ဟေ့ ” ” ဟုတ်ပါ့ကွာ မနက်ဖြန်ညကျ ပွဲကောင်းတစ်ပွဲကြုံပြီပေါ့ ခင်လွှမ်းရေ ” ” ဒါပေါ့လေ ကဲ အခုညတော့ အနားယူလိုက်တော့မယ် မနက်ဖြန်အတွက် အားမွေးရမယ် ” နောက်တစ်နေ့တွင် တေဇနှင့်ခင်လွှမ်းလည်း လိုအပ်သည့် အင်းများကို သေရှာစစ်ဆေးပြီး အင်းနှိုးထားကြလေသည်။

ဦးသက္ခကလည်း သူ့တပည့်များကို ခေါ်ကာ ” ဒီည ဟိုဘက်ရွာက သင်္ချိုင်းထဲမှာ ငါနဲ့တေဇတို့နဲ့ပညာပြိုင်ကြမှာ အဲ့တော့မင်းတို့လုပ်ရမှာက …… ” ” ဟုတ်ကဲ့ပါ ဆရာကြီး ” ” တေဇနဲ့ခင်လွှမ်း မင်းတို့ပညာ ဘယ်လောက်ကောင်းကောင်း ငါ့ကိုမှီပါ့မလားကွ ဟားဟားဟားဟားဟား ” ဒီလိုနဲ့ ညသန်းခေါင် လူခြေတိတ်ဆိတ်ချိန်တွင် သင်္ချိုင်းပျက်တစ်ခုထဲတွင် ” ဒီဇမ္ဗူတစ်လွှား ငါဆရာသက္ခအမိန့်ပေးတယ် နတ်စိမ်း နတ်မွဲ အောက်နတ်ပါမကျန် ငါမွေးထားတဲ့ သရဲသဘက် အစိမ်းသေတွေ ငါ့ဆီအခုလာစမ်း ” အမိန့်ပြန်ပြီးသည်နှင့် ရင်စည်းပတ် နတ်စိမ်းများ အရောင်အဝါညိုးမှိန်သောနတ်မွဲများ အောက်နတ်များ အစိမ်းသေများ သရဲသဘက်များ သက္ခရှိရာသို့ ရောက်လာကြလေသည်။ ထိုစဥ် ကောင်းကင်မှ အလင်းတန်း တစ်ခုကျလာပြီး ” ငါဟဲ့ နတ်ဘီလူးစစ်သူကြီး သုနန္ဒတေဇတဲ့ ” ဆိုကာ မြေကြီးကို ဖနှောင့်နှင့်ပေါက်ချလိုက်လေရာ မြေကြီးများ ကွဲအက်သွားလေသည်။

ထိုမြေအက်ကွဲကြောင်းထဲမှ ဘွားခနဲ တေဇခုန်ထွက်လာလေသည်။ ကောင်းကင်မှ စက်ကြိုးစီးကာ ခင်လွှမ်းလည်း ရောက်လာလေသည်။ ” ဟော… နတ်ဘီလူးစစ်သူကြီးကိုတောင် ခိုင်းစေနိုင်မှတော့ မင်းတို့ကမခေလှဘူးပဲ ” တေဇက ဦးသက္ခကိုကြည့်ပြီး မဲ့ပြုံးပြုံးကာ ” ခင်ဗျားလည်း ခေသူမဟုတ်ပါဘူး ” ” ကဲ စကားပြောဖို့အချိန်မရှိဘူး မင်းတို့ဘက်က စမှာလား ငါ့ဘက်ကစရမှာလား ” ” ခင်ဗျားဘက်ကစလိုက်လေ ” ” ဒါဆိုလည်း ငါ့ဘက်ကကောင်တွေကို မင်းတို့ထိန်းကြည့်စမ်း ငါ့ရဲ့အစေအပါးတွေ တိုက်ကြစမ်းးးးး ” ဦးသက္ခအမိန့်ပေးလိုက်သည်နှင့် ဦးသက်ခဘက်မှ ဘိုးညိုကြီးက တူကိုင်ကာ တေဇတို့ဆီပြေးသွားလေသည်။ အတွင်း၃၇မင်းနတ်များက ဦးသက်ခအမိန့်ကို အာမခံနိုင်သဖြင့် တေဇတို့ကို တိုက်ကြရသည်။

တေဇတို့ဘက်ကလည်း ” ငါ့ရဲ့စစ်သည်တော်တွေ လာရောက်တိုက်ခိုက်ကြစမ်း ငါရဲ့အမိန့်တော် နာခံကြစေ ” သုနန္ဒတေဇကလည်းအမိန့်ပြန်လိုက်ရာ ချက်ချင်းပင် ဓားကိုင် တင်းပုတ်ကိုင် နတ်ဘီလူးကြီးများ ရောက်လာပြီး ရှေ့ဆုံးမှ ဘိုးညိုကြီးကို ရိုက်ချလိုက်လေသည်။ တေဇကလည်း ” ငါ့ရဲ့နတ်ဆိုးတွေ အခုလာတိုက်စမ်း နတ်ဘီလူးတွေကို မထိခိုက်စေနဲ့ ” ခင်လွှမ်းကလည်း သူ့ရဲ့ မြေဘုတ်ဘီလူးများကိုဆင့်ခေါ်ပြီး တိုက်ခိုင်းလေသည်။ သင်္ချိုင်းပျက်ကြီးထဲတွင် ဝုန်းဒိုင်းကြဲတိုက်ခိုက်နေကြသည့် အသံများ ဆူညံနေသည်။

တဖြေးဖြေးနှင့် ဦးသက်ခဘက်မှ အကောင်များ အားနည်းကာ နောက်ပြန်ပြေးပြီး ပျောက်ကွယ်သွားလေတော့သည်။ ဦးသက်ခလည်း အကြီးအကျယ်ဒေါသထွက်ကာ ” ဒီလောက်လေးတောင်မနိုင်ကြဘူး စောက်သုံးမကျကြဘူး တောက် ” သုနန္ဒတေဇက ဦးသက်ခကို တင်းပုတ်နှင့်ထုခါနီးတွင် တေဇက ” သုနန္ဒတေဇ ရပ်စမ်း အနောက်မှာပဲနေ နတ်ဆိုးတွေ ကိုယ့်နေရာကိုပြန်ကြ ” တေဇစကားဆုံးသည်နှင့် နတ်ဆိုးများနှင့်နတ်ဘီလူးများပျောက်ကွယ်သွားကြလေသည်။ တေဇက ” ကဲ ခင်ဗျားရဲ့စက်တွေထုတ်ပြီးတိုက်လို့ရပြီ ” ” ဟားဟားဟား ငါ့ရဲ့အစေအပါးတွေကိုနိုင်ရုံနဲ့မရဘူးကွ ငါ့ရဲ့စက်ကိုမြည်းကြည့်ပေတော့ ” ဆိုကာ အမဲရောင်စက်ကိုထုတ်ကာ တေဇကိုပစ်လေသည်။ တေဇက လက်နှင့်ပုတ်ချပြီးကာလိုက်ရာ အုတ်ဂူတစ်လုံးကိုထိပြီး ” ဝုန်းးးးးး ” ဆိုတဲ့အသံနှင့်အတူ ဂူအကျိုးအပဲ့များ လွင့်ထွက်သွားလေသည်။ ခင်လွှမ်းက ” အကို သတိထား သူ့ပညာ အရမ်းမြင့်တယ် ” တေဇက အနက်ရောင်အခိုးအငွေ့များနှင့် ပြန်ပစ်လေရာ ဦးသက်ခက ကာချိန်မရပဲ အခိုးအငွေ့များထိကာ အနောက်သို့လွင့်သွားလေသည်။

ပြီးမှပြန်ထလာကာ ” ဘယ်ဆိုးလို့လဲဟ မင်းရဲ့စက်က အခု ငါ့အလှည့်ပဲ မင်းပြန်ကာနိုင်မလားကြည့်ရသေးတာပေါ့ ” ဆိုကာ ငရဲမီးတောက်စက်ကိုထုတ်ပြီး တေဇကိုပစ်လေသည်။ တေဇကလည်း ငရဲမီးတောက်စက်ဖြင့်ပြန်ကာထားလေရာ စက်နှစ်ခု ထိပ်တိုက်တွေ့ကာ ” ဝုန်းးး အားးးးး အင့်….. ” နှစ်ယောက်လုံး စက်ကြိုးပျက်သည့်အရှိန်နှင့် အနောက်သို့ ဆုတ်သွားကြလေသည်။ ဦးသက်ခက သူ့လွယ်အိတ်ထဲမှ အင်းတစ်ချပ်နှင့် တေဇကိုပစ်ပြန်သည်။ တေဇက လက်နှင့်ပုတ်ပြီးကာသည်။ ဦးသက်ခက အရှေ့သို့တဖြေးဖြေးတိုးလာပြီး ” ကဲကွာ နဂါးပတ်ကျော့ကွင်း ” ဆိုကာ တေဇကို ချည်မန်းကွင်းနှင့်ပစ်လိုက်လေသည်။ သုနန္ဒတေဇက အရှေ့မှဘွားခနဲပေါ်လာပြီး တေဇကိုကာပြီး နဂါးပတ်ကျော့ကွင်းဖြင့် အပတ်ခံလိုက်ရသည်။ သို့ပေမဲ့ သုနန္ဒတေဇက မလှုပ်မယှက်ပဲနေလေသည်။ ခင်လွှမ်းက အရှေ့ထပ်တိုးလာပြီး အပြာရောင်စက်ဖြင့် ဦးသက်ခကိုပစ်လေသည်။

တေဇကလည်း စက်ဖြင့်ပစ်လေသည်။ ဦးသက်ခ အားနည်းလာပြီး စက်ထိမှန်သွားကာ ဒူးထောက်လဲသွားလေသည်။ တေဇက အရှေ့ကိုတစ်လှမ်းချင်းတိုးလာရင်း ” ကဲ အခု ခင်ဗျားရှုံးပြီ ခင်ဗျားပညာတွေစွန့်မလား အသေခံမလား ” ” ငါ့နာမည်သက်ခ ဘယ်တော့မှ အရှုံးမပေးဘူးကွ ကဲ ပစ်ကြတော့ဟေ့ ” ဦးသက်ခက အဲ့လိုအော်လိုက်ရာ သူ့တပည့်တွေက ပုန်းနေရာကနေ မီးနေသည်ထမီဖြင့်လုပ်ထားသော ကွန်ဖြင့် တေဇကိုပစ်အုပ်လိုက်လေသည်။ တေဇလည်း ကြောင်ပြီးကြည့်နေစဥ် ကွန်ဖြင့်အုပ်မိသွားလေသည်။ ရုတ်တရက် ဦးသက်ခက ပြန်ထပြီး ” ငါ့ရဲ့ကိုးရောင်စက်ကိုခံနိုင်အောင်ခံပေတော့ ” ဆိုကာ အရောင်ကိုးရောင်ပါသောစက်ကြိုးဖြင့် တေဇနှင့်ခင်လွှမ်းကိုပစ်လေသည်။ တေဇက မကာနိုင်သေးပေ။ ကွန်နှင့်အုပ်မိကာ တင်းကြပ်နေသောကြောင့်ဖြစ်လေသည်။ ခင်လွှမ်းကသာ ပြန်ကာထားနိုင်လေသည်။ စက်အားကောင်းလှသဖြင့် ခင်လွှမ်းလည်းအရှိန်မဆွဲတော့ပဲ ပြန်စောင့်တွန်းလိုက်ရာ စက်ကြိုးက ရင်ညွှန့်ဆီ ထိုးဖောက်ဝင်သွားလေသည်။ ကိုယ်ခံကောင်းသဖြင့် ဘာမှသိပ်မဖြစ်သော်လည်း ချက်ချင်းပြန်မတိုက်နိုင်သေးပဲ ပညာဖြင့်ပြန်ဖြေနေရသည်။

” သေနတ်ကျည်ကိုတော့ ခံနိုင်မှာလား တေဇရာ ဟားဟားဟား ကဲ ငရဲပြည်ကိုကြွပေတော့ ” ဆိုကာ ခါးကြားမှ ခြောက်လုံးပြူးသေနတ်ကိုထုတ်ကာ တေဇဆီထိုးချိန်လိုက်လေသည်။ ခင်လွှမ်းလည်း ချက်ချင်းထပြေးကာ တေဇအရှေ့မှ ကာလိုက်ရာ ” ဒိုင်းး ဒိုင်းး ဒိုင်းး ချလောက် ဂျောက် ” သေနတ်ပြောင်းဝမှ ကျည်ဆံသုံးတောင့်ထွက်သွားပြီး ခင်လွှမ်းကိုထိမှန်သွားလေသည်။ တေဇလည်း ဇွတ်အတင်းရုန်းလိုက်ရာ ပိုက်ကွန်ထဲမှာ လွတ်လာပြီး ခင်လွှမ်းကို ပွေ့ထားကာ ” ခင်လွှမ်း ရရဲ့လား သတိထားပါဦးနော် ” ” အ….အကို… အကို့ကို နောက်ဘဝမှာ ပြန်လာရှာ…….မယ်…….ချစ်….ချစ်…..အော့ဝေါ့ ” ခင်လွှမ်း ပါးစပ်ထဲမှသွေးများ ပွက်ခနဲ့အန်ထွက်လာပြီး ပျော့ကျသွားလေသည်။ ” ခင်လွှမ်း ခင်လွှမ်းးးးးးးးးးး ” တေဇ ခင်လွှမ်းရဲ့ခန္ဓာကိုယ်လေးကိုဖက်ကာ အော်ဟစ်တမ်းတလိုက်လေသည်။

ထို့နောက် ခင်လွှမ်းကို အသာအယာချထားပြီး ” ဒီနေ့ ကမ္ဘာကြီးပျက်ရင်တောင် မင်းကိုငါသတ်မယ် သက္ခ ” ဖနှောင့်တစ်ချက်ပေါက်ပြီး မျက်စိတ်စုံမှိတ်ကာဂါဌာတစ်ပုဒ်ရွာလိုက်ရာ ဧရာမ နတ်ဆိုးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားလေသည်။ ကောင်းကင်၌လျှပ်စီးများ တလက်လက်ထလာကာ မိုးကြိုးများ တဂျိမ်းဂျိမ်းပစ်နေလေတော့သည်။ ” ဂရားးးးးးးးး ” လက်ညိုးအရှေ့သို့ထိုးလိုက်ရာ လက်ညိုးမှ လျှပ်စီးကြောင်းများ ထွက်လာကာ ဦးသက်ခကို ထိမှန်သွားလေတော့သည်။ ပြီးနောက် ဦးသက်ခကို ဆွဲရမ်းကာ သစ်ပင်နှင့်ဆွဲရိုက်ကာ ခြေလက်များကိုဆဲဖြုတ်ပြီး ခေါင်းကိုနင်းချေပစ်လိုက်လေသည်။

ကျန်သည့် ဦးသက်ခ တပြည့်များကိုလည်း ဆွဲကိုင်ပေါက်ကာ ဖနှောင့်နှင့်နင်းချေပစ်လေသည်။ နတ်ဆိုးအသွင်လုံးဝ ပြောင်းသွားကာ စိတ်လွတ်ပြီး သောင်းကျန်းနေလေတော့သည်။ ” ဟေ့ ကမ္ဘာမြေကြီးကို တိုက်ခိုက်သိမ်းပိုက်ကြဟေ့ ” နတ်ဆိုးများ ပေါ်ထွက်လာကာ လူ့လောကကို သိမ်းပိုက်ဖို့ကြံရွယ်လာကြလေသည်။ ” သား တေဇ စိတ်ထိန်းစမ်းး မင့်ကြောင့် လူ့လောကကြီးပျက်ဆီးလိမ့်မယ် စိတ်ကိုထိန်း ” ဘိုးလူ ရောက်လာပြီး ဖျောင်းဖြမှ တဖြည်းဖြည်းနဲ့ငြိမ်သက်ကာ တေဇအဖြစ်ပြန်ပြောင်းသွားလေသည်။ ခင်လွှမ်းရဲ့ကိုယ်ကိုပွေ့ဖက်ထားကာ ငိုကြွေးနေလေတော့သည်။ ” နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာရှိတဲ့ခင်လွှမ်းရေ အခုတော့ အကို့နှလုံးသားကိုအနက်ရှိုင်းဆုံးနေရာကနောက် ဖောက်ခွဲပြီး ထွက်သွားခဲ့ပြီပေါ့ ” လို့ပြောကာ ခင်လွှမ်းနှဖူးလေးကို ဖိနမ်းလိုက်လေသည်။

တဖြည်းဖြည်းနဲ့ခင်လွှမ်း ခန္ဓာကိုယ်က အငွေ့များအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ လွင့်တက်သွားလေတော့သည်။ တေဇလည်း ညတွင်းချင်းပင် ပင်းတယမှထွက်လာကာ နောက်သို့တစ်ချက်လှည့်ကြည့်ရင်း ” သွားနှင့်ပေတော့ ခင်လွှမ်းရေ နောက်ဘဝမှာ အကို့ကိုပြန်လာရှာပါ အကိုစောင့်နေပါ့မယ် သံသရာတစ်ကွေ့မှာ ပြန်ဆုံနိုင်မယ်လို့အကိုယုံကြည်နေမိတယ်ခင်လွှမ်းရယ် အခုတော့…. ” ဆိုကာ မျက်ရည်များစီးကျလာလေသည်။ ထို့နောက် ရှင်လျက်နှင့်သေနေသူတစ်ဦး ခြေဦးတည့်ရာသို့ ထွက်ခွာလာခဲ့လေတော့သည်။ လေးစားစွာဖြင့်

စာရေးသူ = လင်းတေဇ

Be the first to comment

Leave a Reply

Your email address will not be published.


*