
ရွာသူလိုက်ခြင်း(စ/ဆုံး)
———————
လက်ပံတောရွာတဲ့……
လက်ပံတောရွာ နာမည်နဲ့လိုက်အောင်ချောင်းတောင်ခုံ၊ နံဘေးမှာ လက်ပံပင်၊ ကြီးငယ် ပေါက်ရောက် နေတာက အပေါသား။
ရွာကလေးက အိမ်ခြေ (၆၀)လောက်သာရှိသော
လူသူအရောက်၊ အပေါက်နဲပြီး ရိုးရိုးသားသား
လုပ်ကိုင်စားသောက်ကြတာရယ်၊ မရိုးမသား ရွာသူစုန်းမ
တွေလဲရှိတာပေါ့။
လက်ပံတောရွာ အနောက်ဖက်မှာက မှန်ကင်းတောင်(မင်းဝံတောင်)ရှိပီး အမဲလိုက် မုဆိုးတွေရဲ့ နေရာတစ်နေရာ။
မှန်ကင်းတောင်က ရာဇဝင် ရှိတယ်၊ ဝန်းသိုစော်ဘွားကြီး
ဦးအောင်မြတ် ဂျပန်တွေကို လူသူအင်အားမမျှလို့ စအိုကိုထုံးကွင်းပီး အမြှောက်လုပ်ပစ်ကာ နိုင်အောင်တိုက်ထုတ်ခဲ့တဲ့တောင်။
လက်ပံတောရွာ ကနေမျှော်ကြည့်လိုက်လျှင် မိုင်းညို့ညို့
တောင်တန်းကြီး တွေက တမျှော်တခေါ်….
မှန်ခင်းတောင်နှင့်လက်ပံတောကျေးရွာမှာ မေ့မရနိုင်နဲ့
ဖြစ်ရပ်ဆန်းလေးတစ်ခု ဖြစ်သွားခဲ့တယ်။
ပြောပြရရင်တော့…..
*****************
” တုံ..တုံ….တုံ..တုံ.. ”
မနက်အာရုဏ်ကျင်း လို့အလင်းကိုတောင်ဆောင်လေပြီ၊ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံများဆူညံလျှက်ရှိပြီး ရွာသူ၊ရွာသားများကလဲ ဆီမီးခွက် ကိုယ်စီထွန်းကာ မနက်အာရုံဆွမ်းကပ်လှုုရန် ဆွမ်းထချက်ကြလေပြီ…….
” ဟောဒီက ပဲပြုတ်၊ ပဲပြုတ်ပူပူလေး ”
မနက်တိုင်းကြားနေရသော ပဲပြုတ်သယ် ဒေါ်ထားရဲ့အသံက
မနက်ခင်း မှိုင်းပြပြ တောင်တန်းအောက်ဝယ် တည်ရှိနေသော ရွာလေးကို အသက်သွင်းပေးလိုက်သည့်အလား……
” ဒေါ်ထားရေ …ဒီလာပါအုံး ၂၀၀ဖိုးလောက် ”
” အေ၊ အေ ရမယ်တော်ရေ ”
” ဒါနဲ့ ညည်း ယောက်ျား မောင်ဆန်းကော တောပေါ်မတက်ဘူးလား ”
” တက်မယ်လို့တော့ ပြောတာဘဲ ဒေါ်ထားရယ်၊ ခုကသမီးလေးနေမကောင်းလို့မတက်ရသေးဘူးလေ ”
” ဩ အေးပါ ရော့ပါအေ အပိုရောထည့်ပေးလိုက်ပါတယ် ”
” ကျေးဇူးဘဲ ဒေါ်ထားရေ ”
” ကဲ ယောက်ျားရေ မနက်စာထမင်းရပီတော်ရေ ”
” အေး အေး ”
မောင်ဆန်းကထမင်းစားပီးလယ်ထဲဆင်းသွားတာ။
မိအေးကတော့ ခလေးတစ်ဖက်နဲ့အိမ်မှာကျန်ခဲ့လေရဲ့၊
” ဟူး …..သမီးလေး နေမကောင်းတာရိုးမှ့ရိုးရဲ့လားမသိဘူး ”
” ညနေ ဖွားရွှေကိုခေါ်ပီး ရွာစာချအုံးမှပါလေ၊ ဟိုဘွားတော်
က စရိတ်ပြတ်နေပြန်ပီ၊ လွန်ခဲ့တဲ့၅ရက်လောက်ကမှ့ မတင်အေး အိမ်ကရွှာစာချ၊ အစားအသောက်တွေပေးပြီး တောင်းပန်ထားတာ၊ အသက်ကလဲရှည်လိုက်တာ၊ သေလဲမသေနိုင်ဘူး ”
ဒေါ်ဝင်းတင်က အိမ်ထဲဝင်ချလာတာ
” မိအေး ညည်းစကားကြည့်ပြော၊ ပီးမှ့ငါ့အဆုံးမဆိုနဲ့ ..
တောက်…….”
ပြောပြောဆိုဆိုနဲ့လှည့်ထွက်သွားခဲ့တယ်။
ဒေါ်ဝင်းတင်ကိုဘယ်သူကမှ့ အဖက်မလုပ်ကြမခေါ်ချင်ကြ
လူတစ်ကာကို လှည့်ပတ်ပြုစားကာ တောင်းစားနေသော
ရွှာသူ (စုန်းမ)ဖြစ်သောကြောင့်ပင်။
” ကိုမောင်ဆန်း ကိုထမင်းသွားပို့ရအုံးမှာဘဲ၊ ၁၂နာရီ ထိုးတော့မာ ”
ပြောပြောဆိုဆို မိအေးက အိမ်ပေါ်တက် ငှက်ပြောဖက်ထဲ
ဟင်းနှင့်ထမင်းတွေခူး၊ ခပ်ထည့်ပီးထွက်သွားတာ။
လယ်နှင့်အိမ်နဲ့ကသိပ်မဝေးသောကြောင့် မိအေးအမြန်ရောက်သွားတယ်၊
” ယောက်ျားရေ ဒီမှာထမင်းထုပ် ထားခဲ့ပီတော်ရေ ”
” အေး အေး ငါဒီတစ်ကြောင်း ထွန်လိုက်အုံးမယ်၊ ပီးရင်တက်ခဲ့မယ် ”
” မစောင့်တော့ဘူး ကိုဆန်း အိမ်မှာသမီးလေးတစ်ယောက်ထဲထားခဲ့တာ ”
” အေးပါ အဲ့တာဆိုလဲပြန်ချေတော့ ”
” တော်လဲ ဒီညနေစောစောပြန်ခဲ့နော့ အိမ်မှာလုပ်စရာရှိသေးတယ်၊ ဖွားရွှေ ကိုခေါ်ထားမယ် ”
မိအေးက ပြောပီးအိမ်ပြန်သွားတာ၊
ညနေရောက်တော့ မောင်ဆန်းက စောစော ပြန်ရောက်ခဲ့တယ်။
” ဟင် ဖွားရွှေလဲ ရောက်နေတာဘဲ ”
” အေး လာထိုင်၊ ညည်းသမီးကို ဒေါ်ဝင်းတင် ပြုစားထားပီ ”
” ဗျာ၊ တောက်….ထင်းခွေမကြုံ ရေခပ်ကြုံပေါ့ ဒေါ်ဝင်းတင်ရာ ခင်ဗျားကြီးရွှာမှာ ပတ်မွှေနေတာ တော်တော်များပီ ”
” စိတ်လိုက် မာန်ပါမလုပ်နဲ့ မောင်ဆန်း၊ သူ့အကုသိုလ်ကံက
ပြန်လုပ်သွားလိမ့်မယ်၊ ဖွားတို့လဲ ရွှာစာချ သူ့ကိုပေးကမ်းရုံကလွဲလို့ ဘာမှ့မလုပ်နိုင်ဘူးကွယ် ”
” ကဲမိအေး ပစ္စည်းတွေပြင်ထားပြီးပြီလား ”
” ပြင်ပြီး ပါပြီဖွား ”
” အေး ငါသွားတော့မယ်၊ ကလေးနားမှာနေကြ ”
ဖွားရွှေကစကောကို ခေါင်းကရွှက် ဓားမကို ထမ်းပီးရွှာနောက် လမ်းဆုံကိုထွက်သွားတယ်၊ ဖွားရွှေ ထွက်သွားပီး
ဘယ်လောက်ပါ့မကြာပါဘူး ကလေးကလဲအငိုတိပ်ပီးအ
ဖျားချက်ချင်း ကျသွားခဲ့တယ်။
” ကဲ မောင်ဆန်းရေ ကိစ္စလေးတွေတော့ပီးပီ၊ မနက်ဖြန် အသားခြောက်လေးတွေ နဲနဲပါးပါး သွားပေးလိုက်ကြပေါ့ ”
” ဟုတ်ကဲ့ဖွား ”
” တောက် …….. ”
” တော် တော် ယုတ်မာတဲ့ ဘွားတော် ငါနဲ့တွေ့ကြသေးတာ
ပေါ့ကွာ ”
မနက်ရောက်သော်….
” ဒေါ်ဝင်းတင် ….ဒေါ်ဝင်းတင်…ဒီမှာခင်ဗျားစားဖို့ အသားခြောက် လေးတွေ လာပေးတာ ”
“ ဩ အေ ပေးတော့လဲ ယူရမှာပေါ့အေ၊ ဟင်… ဒါလေးဘဲ လား ”
” ဒါလေးဘဲ ပေါ့ဟ ငါ့အိမ်မှာရှိတာ ဒါအကုန်ဘဲ ”
” အေးပါ ငါမင့်ကိုတော့ကြောက်ပါတယ် မောင်ဆန်းရယ် ဒါ
လေးဘဲ ယူထားလိုက်ပါ့မယ်၊ ဒါပေမဲ့ မင်းတို့တောတက်ပီး အမဲပစ် ထွက်ရင် ငါ့သားကိုခေါ်သွားစမ်းပါ ”
” အေ သွားဖြစ်ရင် ခေါ်သွားမယ်၊ ကျုပ်ပြန်ပီ ”
မောင်ဆန်းကလှည့်ပြန်သွားတယ်၊ အိပ်ရောက်သော် သူ့ယောက်ဖ ဆန်းဝင်းက အိမ်မှာစောင့်ကြိုလျှက်…..
” ယောက်ဖ အဆင်ပြေရဲ့လား ”
” အေး ပြေပါတယ်ကွာ ဒီဘွားတော်ကြီးကကို ငတ်ကြီး ကျ
လွန်းတာ၊ ခုလဲငါတို့ တောက်တက်ရင် သူ့သားကိုခေါ်သွားပါတဲ့ ငါဆိုတဲ့ကောင်က ခေါ်မှာ ဒီတသက်မျှော်…. ”
” ထင်းခွေမကြုံ ရေခပ်ကြုံပေါ့ ယောက်ဖရာ၊ အသာနေပါ ”
ဆန်းဝင်းကထပ်ပီးပြောတယ်
” ယောက်ဖ တောပစ်တက်ရအောင်ကွာ၊ ညနေ ”
” အေး တိတ်တိတ်တက်ကြတာပေါ့ကွာ၊ အောင်မင်းကိုရောခေါ်ခဲ့ ”
” အေးယောက်ဖ အဲ့တာဆို ငါပြန်လိုက်အုံးမယ်၊ ပို့ရမ်း လှော်ထားအုံး၊ နားရမ်းနဲ့စရိတ်ကျည်၊ ကျည်မကြီးတွေက ငါ့
ဆီရှိတယ် ”
” အေ အေ ယောက်ဖ ”
” ညနေ ရွာပြင်က ကျေးကွဲပင်ကြီး အောက်မှာဆုံရအောင် ”
မောင်ဆန်းက တောတက်စရာအတွက်ပြင်ဆင်တယ်၊ ပို့ရမ်း
မီးသွေးခဲကို အမှုန့်ကြိတ် ပြီး နားရန်းလေးနဲနဲထည့် အိုးကင်းနဲ့ထည့်လှော်တယ်။
ညနေရောက်တော့ မောင်ဆန်းကရွာပြင် သရက်ပင်ကြီးအောက်ကို တိတ်တိတ်ထွက်လာခဲ့တယ်၊ ဆန်းဝင်းတို့ကတော့ မရောက်သေး…….
” ဒီကောင်တွေကလဲ ကြာလိုက်တာကွာ၊ ခုထိရောက်မလာသေးဘူး ”
” ဩ ယောက်ဖ ရောက်နေပီလား၊ ဒေါ်ဝင်းတင်ကြီးကွာ အိမ်ရောက်နေလို့ တောက်….ဒီဘွားတော်ကြီးတော်တော် စပ်စုတာ၊ ငါကဒီနားတင်ဆိုပီး ပြောလို့ထွက်လာတာ ”
” အေး အဲ့တာဆို သွားကြရအောင် ”
” အောင်မင်းက ရမ်းတစ်ခါထဲထောင်းထား၊ စရိတ်ကို၅ခဲလောက်
ထည့်ပီးဖက်ရွက်ဆို့ထား ကျည်မကြီးကိုက ပါးစပ်ထဲငုံထား ”
” ဟုတ် အကို့ ”
၃ယောက်သား စကားတစ်ပြောပြောနှင့်တက်လာခဲ့တာ တောင်တစ်ဝက်တောင်ရောက်လေပြီ။
” ယောက်ဖ ရစ် သွားထွန်းမလား ကြောင်သွားထွန်းမလား ”
” အေ မသိသေးဘူးကွ ”
” အကို့ ရေပြေတုန်းဘက်သွားမလား၊ မနေ့က အဲ့ဘက်မှာကြောင်ခြေရာတွေ တွေ့ထားခဲ့တာတဲ့ ”
” အေး သွားကြတာပေါ့ ”
ထိုစဉ်…..
” ရှပ်…. ရှပ်…… ရှပ်…..ရှပ်……”
” ဟာ …..”
” ယောက်ဖ အနောက်က လူလိုက်လာတယ်ဟ ”
” အေး ငါစောနက ကြီးနဲ့ကြားတယ်၊ မင်းတို့ကြောက်မှာကြောင့် မပြောတာ ”
” အဟင့်…အဟင့်..ဟီးဟီး ခစ်ခစ်… ”
” ကို..ကို ..ကိုဆန်းဝင်း၊ အ..အ..အရှေ့က အသံတွေကြားလား ”
” အေး ကြားပါတယ်ဟ၊ ဘာမှ့မကြောက်နဲ့ ဘာကောင်လာလာပစ်တာပစ် ကြားလား ”
” တောက်…ဒါ ရွာသူ လိုက်တာဘဲ.. ”
” ဟီး…ဟီး…ဟီး .. ”
၃ယောက်သားပြောနေတုန်း ရယ်သံကြီးက ထပ်မံထွက်ပေါ်လာပြန်တယ်၊ ဆန်းဝင်းက စိတ်မရှည်ဟန်ဖြင့်
” ယောက်ဖ ကြာတယ်ကွာ သွားကြည့်ကြရအောင် ”
” အေ..သွားမယ် ”
” သားကောင်မရလဲ၊ အဲ့စုန်းမကို ရအောင်သတ်မယ်ကွာ ”
မောင်ဆန်းရဲ့ မကျေမနပ်ပြောလာတဲ့စကားသံ…
” ယောက်ဖ သဘောထား အသံကရှေ့နားက လာတာ ”
” ခစ် ခစ် ခစ် ”
” ဟီး ဟီး ဟီး ”
” အာ…. ကြာပါတယ်ကွာ ပစ်ထည့်လိုက် ”
ဒိန်း…
ဒိန်း…
ဒိန်း…
ဆန်းဝင်းရဲ့စကားသံ အဆုံးမှာ ၃ယောက်သားပြိုင်တူ
ပစ်လိုက်တဲ့ သေနတ်သံကြောင့် တောကြီးတစ်ခုလုံး
ပဲ့တင်ထပ်သံ ဆူညံသွားတယ်။
” ဆန်းဝင်း သွားကြည့်ကွာ ”
” ဝါးရုံကြီးကတော့ မွကြေသွားတာဘဲ၊ ဘာမှ့
မရှိဘူးယောက်ဖ ”
” တောက် …ဒီတစ်ခါ တွေ့စမ်းကွာ၊ အရေခွံပါ ဆုတ်ပစ်မယ်”
” အပေါ်ဘက်နားတက်ပီး မျောက်လောက်ခေါက် ပင်မှာ
ကြောင်ထွန်းရအောင်ကွာ၊ အဲ့ဘေးနား ခပ်အောင်းပင်လဲ
ရှိတယ် ”
” အောင်မင်း ကျည်မကြီးထည့်ထားနော် တစ်ခါတည်း ”
” အေး အေး ”
” ဝေါ ..ဖရော ..ရှောင်း.. ဘုတ် ”
” ခွီး …ခွီး …”
” ကိုမောင်ဆန်း ဟိုမှာ ခုန်ချပြေးပီ ”
” လိုက် လိုက် ”
” ဟို ဘက်က တစ်ယောက်ဝိုက် ”
ဟာ….
ဟင်….
ဟို…
” ယောက်ဖ ကြောင်မဟုတ်ဘူး၊ ရှည့်ညာဏ်ဂျယ် ဖြစ်သွားပီဟ ”
တစ်တင်ဂ အချိန်အတွင်းတော့ သုံးယောက်စလုံး ကြောင်
အမ်းသွားကြတယ်၊ အပင်ပေါ်က ခုန်ချပီးအောက်ရောက်တော့မှ့ နုတ်ခမ်းမွေးသပ် နေသော ရှည့်တစ်ကောင်ကို မြင်
တွေ့လိုက်ရသောကြောင့်ပင်။
” ယောက်ဖ ဘာကြည့်နေတာလဲ ပစ်ဟ ”
” ဒိန်း… ဒိန်း… ဖောင်း ”
” ကိုင်းကွာ ဒီတစ်ခါတော့ မောင်ဆန်းတဲ့ကွ ဘာမှတ်လဲ ”
သေနတ်ကျည် အစိတ်စိတ် အမွှာမွှာ မှန်ထားတာတောင် ရှည့်ကတော်တော် နဲ့မသေ သေး၊ မောင်ဆန်းက နှလုံးတည့်တည့်ကို ဓားဦးနဲ့ ဖောက်ထုတ်လိုက်ချိန် ….
” အား…… ”
ဘယ်ကမှန်းမသိတဲ့ အသံနက် ကြီးနဲ့အော်သံ ပေါ်ထွက်လာခဲ့တယ်။
” ယောက်ဖ ရွာပြန်ကြစို့ကွာ၊ မိုးလဲ လင်းတော့မာ ”
” အေ ပြန်ရအောင်၊ အောင်မင််းက ရမ်းပြန်ထောင်းထား ”
” အေ အေ ”
မောင်ဆန်းတို့ ရွာကိုပြန်ရောက်တော့မိုးတောင်လင်းနေချေပြီ၊ ရွာလယ်ခေါင် အရောက်တွင်တော့ ဟိုနားတစ်စုဒီနားတစ်
စု ပြောနေကြပြီ။
အကြောင်းကား မနက်မိုးလင်းခါနီး ဒေါ်ဝင်းတင် အသံနက်ကြီးဖြင့် ” အား…”ဟုတစ်လုံးထဲအော်ကာ သေဆုံးသွားခြင်းပင်။
မောင်ဆန်းက အိမ်ပြန်ရောက်ပီး ရေမိုးချိုး ထမင်းစားပီး
အသုဘအိမ်ဘက်သို့ ထွက်လာခဲ့တယ်၊ တစ်ချို့လူတွေကလဲ ပျော်နေကြတာပေါ့။
” ဒေါ်ဝင်းတင်က ပညာပြိုင်ရင်းနဲ့ ဂန့်သွားတာပါအေ ”
ပဲပြုတ်သယ်ဒေါ်ထားရဲ့ပြောစကား….
” အေ သေသွားတော့လဲ ရွှာအေးတာပေါ့ ”
” ဟုတ်ပါ့ ဟုတ်ပါ့ ”
” သူပြုတဲ့ကံ သူပြန်ခံသွားတာပါအေ ”
” သေပြီးမှ့တော့ ဘာတပ်နိုင်ပါ့မလဲအေ၊ မြေချရုံပေါ့ ”
အသုဘအိမ်၌ တိုးတိုး တိပ်တိပ် ပြောနေကြသော ကောလဟာဟ စကားများကလဲ အများသား၊ ဒေါ်ဝင်းတင်တင်
သေဆုံးရသည့် အကြောင်းအရင်းကို ဆန်းဝင်း၊ မောင်ဆန်း၊ အောင်မင်း တို့ သုံးယောက်အပြင် မည်သူမျှ့ မသိ။
#ပြီးပါပြီ
စာရေးသူ-ငမိုး(ရွှေဝန်းမြေ)
Leave a Reply